Friday, October 14, 2011

ကတုံးႀကီး (၂)





သူ့ကို အမြီးလာနှံ့တဲ့ခွေးက
သူ့ကို ဟောင်ခဲ့တဲ့ခွေး။

သူ့ကိုဆန့်ကျင်တဲ့ အာဏာရှင်ဆိုတာ
သူကဆန့်ကျင်တဲ့ အာဏာရှင်ပေါ့။

သူ့ကိုထောင်ကပြန်လွှတ်တဲ့ အစိုးရက
သူ့ကိုထောင်ချခဲ့တဲ့ အစိုးရ။

သူ့ပါးစပ်ကိုပိတ်တဲ့လက်ဆိုတာ
သူ့အလံကို တလူလူလွှင့်ပေးတဲ့လက်ပေါ့ ။

သူ့ကို လွတ်လပ်စေတဲ့ခေတ်က
သူ့ကိုချုပ်နှောင်ခဲ့တဲ့ခေတ်။

သူ့လည်ကုပ်ပေါ်မိုးထားတဲ့ဓားဆိုတာ
သူ့ကြောက်စိတ်ကို ခုတ်ထွင်ပစ်တဲ့ဓားပေါ့။ ။

(ကိုဇာဂနာသို့ ဂုဏ်ပြုလျက်)

အောင်ဝေး (ခေတ္တ - မစ်ရှီဂန်)
အောက်တိုဘာ ၁၄၊ ၂၀၁၁

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၆၀) မိသွယ် နီကိုရဲ မိန်းမနဲ့ သားလေး တွေ့သေးလား ဒီနေ့ ငါ သတိရနေမိတယ် ၄၂ နှစ်နဲ့ ဘဝကို အနိုင်ပိုင်းသွားတဲ့ ကောင်တွေကိုလေ။ ။ အောင်ဝေး (၉-၁၉-၁၉) ## ခ် စ္ လ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၆ ၄ ) မဝိုင်း ရေ တို့ တိုင်းပြည်မှာ ကျေးဇူး အရှိဆုံးကလည်း သူ ဒီ တိုင်းပြည်မှာ ကျေးဇူး အကန်းခံရဆုံးကလည်း သူ "အောင်ဆန်း" အောင်ဝေး (၉-၃၀-၁၉) ခ် စ္ လွ စြ ာ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၆ ၃ ) လေပြေသုန် ကိုခင်ဝမ်းက "ရေစုန်မှာ ဆန်ကာ ပြန်ခဲ့ပြီ" တဲ့ မင်းကတော့ လေစုန်မှာ ဆန်ကာ ပျံသွားတာပဲ ညီလေး။ ။ အောင်ဝေး (စက်တာင်ဘာ ၂၇၊ ၂၀၁၉) ခ် စ္ လွ စြ ာ … Read More
  • ချစ်လှစွာသောပြည်ပြေး (၆၁) တစ်ဆောင်း သစ်ပြန်ပြီ ငှက်ရေ တစ်ကြောင်းခြစ်၊ နှစ်ကြောင်းခြစ်နဲ့ ပြည်ပြေး ဆယ့်တစ်နှစ် ငါ့နာမည်နဲ့မြစ် ဘယ်မှာလဲကွာ။ ။ အောင်ဝေး (စက်တင်ဘာ ၂၃၊ ၂၀၁၉) FI… Read More
  • OUR BELOVED EXILE (62) Dear Kim, Legend never dies History made of pains and tears Aung San loves Aung Sans. AUNG WAY (Sept 25, 2019) … Read More

0 comments: