Monday, February 11, 2013

ငြိ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၃ )

LONG WALK TO PEACE
OUR JOURNEY IS NOT COMPLETE

 

ရဲဘော်တို့ -

ခြေထောက်တွေကို ရွက်လွှင့်
ဇော်ဝင်းထွဋ်လို ရွက်လွှင့်။

ကျည်ဆန်များအစား
ပန်းများပွင့်စေ။

သေနတ်သံဆိတ်
သူငယ်အိပ်စေ။

ငါတို့ ခေတ်မှာ
ငါတို့ ဟာ
အတိတ်သားကောင်တွေလား။

ငါတို့ ဟာ
ပစ္စုပ္ဖန်ဓားစာခံတွေလား။

ငါတို့ ဟာ
ငါတို့ ခေတ်မှာ
အနှစ်တစ်ရာ မြေဇာပင်ဖြစ်နေတာလား။

မိတ်ဆွေတို့ 
လက်သီးကိုဆုပ်
အလွမ်းဇာတ်ထုပ် သိမ်းမယ်။

အနာဂတ်
ဖြတ်သာသွားမယ်
မရပ်နား။

တစ်နေ့  တစ်လံ
ပုဂံ ဘယ်ပြေးမလဲ။

ဆက်လျှောက်
ဆက်လျှောက်။

လွတ်မြောက်တဲ့ကြယ်
အမှောင် မကြောက်။

လမ်းတစ်လျှောက်
ကြောက်ရမယ့်ရန်
ပဉ္စမံတပ်သားတွေ။

သတိထား
နွားကွဲရင်
ကျား ဆွဲလိမ့်မယ်။

ကိုယ့်လမ်း ကိုယ်လျှောက်
ပန်းတိုင် မပျောက်နဲ့ ။

ခံဝန်လက်မှတ်
တစ်ခါထိုးရတိုင်း
ဒီမင်း ဒီစိုး ဒီသူခိုးတွေကို
တစ်ခါနာကြည်းပါ။

သူ့ အရပ်
သူ့ ဇာတ်နဲ့ သင့်မြတ်စေ။

ရက်ဘတ်တလာ တွေနဲ့ 
မပေါင်းနဲ့ ။

ခရိုနီပေးတာ
မယူနဲ့ ။

ညစ်ပေတဲ့လက်တွေနဲ့ 
တို့ အိပ်မက်
အပျက်မခံနိုင်။

ရဲဘော်တို့  ဆက်လျှောက်။

တစ်နေ့ တစ်မိုင်
လိုင်ဇာ ဘယ်ပြေးမလဲ။

သွေးမကွဲနဲ့ 
သွေးကွဲရင်
ခွေး ဆွဲမယ်။

“ဝေး“ ပြောတာယုံ
ဘေးပြောတာ မယုံနဲ့ ။       ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၁၁-၂၀၁၃။

Related Posts:

  • Insein Prison - Our Next Boycott Headquarter Normal 0 false false false MicrosoftInternetExplorer4 !-- /* Font Definitions */ @font-face… Read More
  • Aung Way - 31st July31st JULYBlack FridayOrBloody Friday.Let's strike.It must be" Fightday".Aung Way (July 30th 2009)… Read More
  • poem for May 18, 2009 ၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်အင်းစိန် အကျဉ်းထောင်ရှေ့ တွင်မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်အထူးကဗျာအောင်ဝေးဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂မတရားတဲ့ ဥ… Read More
  • Aung Way - Justiceတရား အောင်ဝေး ဇွန် ၁၈၊ ၂၀၀၉ မတရား မပြောနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်ဘယ်သူမဆို ဘာလုပ်လုပ်တရားတယ်။သမတကြီး ဒေါ်အောင်ဆန်းစုကြည်နာယကကြီး ဒေါ်အောင်ဆန်းစြု… Read More
  • Aung Way - Special Poem 3ပျားအုံခံစားမှု အထူးကဗျာ - ၃ အောင်ဝေး မေ ၂၆၊ ၂၀၀၉ ဟေ့ကောင်သွေးကြောင်နေတဲ့ ကောင်ဘေးရှောင်။အခုအချိန်လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ ထမင်းမြိန်… Read More

0 comments: