Thursday, February 7, 2013

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က်ေ န သူ များ သို့  ( ၂ )


MARCH FOR PEACE
OUR JOURNEY IS NOT COMPLETE

ရဲဘော်တို့ -

ဆက် လျှောက်။

ငါတို့ နောက်မှာ
ငါတို့ ဟာ
တောင်ကိုလည်း
မုန်းသူတို့ ဘေးရန်က
ခုခံ နေရ။
ထောင်ကိုလည်း
ရည်းစားဦးလို မုန်းလို့ မရကြ။

ငါတို့ ခေတ်မှာ
ငါတို့ ဟာ
မြစ် ဆိုရင်လည်း
အချစ်စိတ်နဲ့ ကာကွယ်နေရ။
စစ်ဆိုရင်လည်း
မချစ်ဘဲ တိုက်နေကြရ။

ငါတို့ နှလုံးသား
ပန်းများပွင့်စေ
ကျည်ဆန်တွေအစား
စစ်ပွဲများ ရပ်ပစ်။

ဓားအိမ်ထဲက ဓားများ
ထယ်သွားအဖြစ် ပြောင်းပစ်။

ငါတို့ ခေတ်မှာ
ငါတို့ ဟာ
ဝန်တင်လိပ်ပြာတွေပါ။

ရဲဘော်တို့ 
ငြိမ်းချမ်းရေးကို သယ်ပိုးနေကြရ။

ရဲဘော်တို့ 
လမ်းလျှောက်နေကြရ။

လမ်းတိုင်းဟာ
လိုင်ဇာ ကို ဦးတည်နေတယ်။

လွမ်း ...။

မန္တလေး အက်ဖ် အမ် က
အလှပဂေး ရေ...
ခင်မောင်တိုးရဲ့
“ကြိုးကြာသံ“ သီချင်း ဖွင့်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၇-၂၀၁၃။

Related Posts:

  • ချစ်လှစွာသောပြည်ပြေး ( ၈ ၇ ) အိုင် စီ ဂျေ * ဝံပုလွေ တော။ (မုဆိုးမ တစ်ယောက်) မကြောက် တရား၊ ဓားထက် ထက်သော။ ။ အောင်ဝေး (၁၁-၂၄-၁၉) * I C J - International Court of Justice ခ် စ္ လ… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၈ ) အချစ်၊ ငြိမ်းချမ်းရေး၊ အလှတရား လမ်းတိုင်းဟာ နယ်သာလန် * ကို ဦးတည်နေတယ် လမ်းဆုံးတော့ အမှန်တရား တွေ့ကြပြီပေါ့။ ။ အောင်ဝေး (၁၁-၂၇-၁၉) * The Hague, Net… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၁ ) "ရန်သူ မရှိ၊ မိတ်ဆွေသာ ရှိ" * ဖန်ခွက်ချင်း တိုက်၊ စစ် မတိုက်နဲ့ ဖန်ခွက်ထဲက၊ အိပ်မက် လှိုင်းခတ်သံ သေနတ်သံ ထက် ချိုမြိန်တယ်။ ။ အောင်ဝေး   (… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၉ ၀ ) အဝေးနှင်းဆီ တိုင်းပြည်က စွန့်ခွာလို့ ရတယ် ဒါပေမဲ့ တိုင်းပြည်ကို စွန့်ပစ်လို့တော့ မရဘူး။ ။ အောင်ဝေး   (ဒီဇင်ဘာ ၃၊ ၂၀၁၉) ချ စ် လှ စွာ ေ သ … Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၉ ) ခေတ်ကြီး တစ်လျှောက်၊ အချစ် စည်းဖောက် စစ်မီး တောက်နေမှဖြင့် (သိမ်းတင်သား ရေ ... ) ငါ့နှလုံးသား အစိမ်း ကင်စား လိုက်ပေတော့။ ။ အောင်ဝေး   (၁၁… Read More

0 comments: