Wednesday, February 20, 2013

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို ့ ( ၄ )


 
ရဲဘော်တို့ -
တချို့ က
လက်တွန်းလှည်းလေးတွန်းပြီး
ငရဲပြည် သွားနေတယ်။
ခိုင်ထူးရေ…
တချို့ တွေ နေနိုင်လွန်းတယ်။
ရဲဘော်တို့ သွားနေတာ
အနာဂတ်ကိုလား။
(အကယ်၍ ဒါကို အနာဂတ်လို့ 
ခေါ်လို့ ရရင်ပေါ့ လေ)
ရဲဘော်တို့ သွားနေတာ
စစ်ပွဲတစ်ခုဆီကိုလား။
စစ်ဆိုတာ
ဘယ်သူမှ မတူးချင်တဲ့ ကတုတ်ကျင်း။
စစ်ဟာ
ဘယ်သူမှ မပို့ ချင်တဲ့ ဈာပနပဲ။
စစ်ကိုဆန့် ကျင်ကြ
စစ်အာဏာရှင်တွေကိုရှုတ်ချကြ။
စစ်များလွန်လျှင်
ငြိမ်းချမ်းရေးကိုမြင်မယ်။
ရဲဘော်တို့ ဆက်လျှောက်။
မဟတ္တမဂန္ဒီလည်း လျှောက်ခဲ့တယ်
သခင်ဖိုးလှကြီးလည်း လျှောက်ခဲ့တယ်
မာတင်လူသာကင်းလည်း လျှောက်ခဲ့တယ်။
ရဲဘော်တို့ ဆက်လျှောက်။
လွတ်လပ်မှုအတွက်
တရားမျှတမှုအတွက်
ငြိမ်းချမ်းမှုအတွက်။
ဆက်လျှောက်
ရဲဘော်တို့ ဆက်လျှောက်။
ဧရာဝတီမြစ်ကို
အနောက်ဘက်က လျှောက်လျှောက်
ဧရာဝတီမြစ်ကို
အရှေ့ ဘက်က လျှောက်လျှောက်
ပန်းတိုင်ရောက်ဖို့ ပဲလိုတယ်။
ရန်ကုန်က လာလာ
မုံရွာက လာလာ
မြင်းခြံက လာလာ
(ဘယ်နေရာက လာလာ)
လိုင်ဇာမှာ
တပ်ပေါင်းစုံမယ်။
ပင်လုံမှာ
အချစ်မကုန်
မြစ်ဆုံမှာ
တစ်ခေတ်လှုံမယ်။
ရင်ခုန်ရင်
ဒဂုန်တာရာနဲ့ လည်း
ငြိမ်းချမ်းညစာ အတူစားမယ်။
ဆက်လျှောက် ရဲဘော်တို့ 
ဆက်လျှောက်။
နွေဦးက
ငါတို့ ကိုခေါ်နေပြီ။
ဒီလမ်း
လင်းယုန်စောင့်တဲ့လမ်း။
ဒီလမ်း
သခင်ကိုယ်တော်မှိုင်းလမ်း။
ဒီလမ်း
ထာဝရငြိမ်းချမ်းရေးလမ်း။
ဒီလမ်း
အို … မြောက်ပိုင်းလမ်း။      ။
အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
ဖေဖော်ဝါရီ ၁၈-၂၀၁၃။ 

Related Posts:

  • အေ ၀း တ ည် က န် ေ ဘ ာ မ် ာ း    ( ၁ ) မုန့် ပျားသလက်ကို မပူသည့် အပိုင်း ပါးသည့် အပိုင်းမှ တဖြည်းဖြည်းဖဲ့၍စားသကဲ့သို့ ။ ရန်သူကိုလည်း ဖဲ့ရာ၏။ မဟာမိတ်ကိုလည်း ဖွဲ့ ရာ၏။ ။ (… Read More
  • အ လွ တ် တ ည် က န် ေ ဘ ာ မ် ာ း ( ၉ ) အောင်မှိုင်းဆန်း။ ခံရတဲ့ဘက်ကချည်း အမြဲနေတယ်။ အဖိနှိပ်ခံရတယ် အစော်ကားခံရတယ်။ အမေ့ခံရတယ် အထင်သေးခံရတယ်။ အကြမ်းဖက်ခံရတယ် အဖမ်းခံရတယ်။ အခု အစာငတ်ခံနေတ… Read More
  •ေ ခ တ် ပျ က် ကြီး ထဲေ ကာ င်း ကော င်း ည ည်း တွား မိ တဲ့ အသံ   ဒီနေ့ အဖို့  ငါ့ အတောင်ပံတွေ ကြိုးဖြေ လေနဲ့ ချည်ထားလိုက်။ လှောင်ချိုင့်ထဲ နှင်းဆီရဲရဲပွင့်။ မာယာအင်ဂျလို သေသွားတာမကြာသေးဘူး။ မမြင်ရတဲ့မြစ်က… Read More
  • အေ ၀း တ ည် က န် ေ ဘ ာ မ် ာ း ( ၃ နဲ့ ၄ ) ( ၃ ) ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်မယ်၂၀၂၀။ နာယက နှစ်ဦးထားမယ်မဟတ္တမဂန္ဒီ နဲ့ ချေဂွေဗားရား။ ဥက္ကဋ္ဌကငုယင်ဗန်ထရွိုင်းအထွေထွေအတွင်းရေးမှူးကဂျိမ်းဖွန… Read More
  • အ သ ည်း ကွဲ သူ ပု န် ကြီး ဟုတ်တယ် ကိုပေါက် ခင်ဗျားဟာ တကယ့်ကို အသည်းကွဲသူပုန်ကြီးပါ။ ခုတော့ အသည်းကွဲသူပုန်ကြီးက ကျနော်တို့ ကို ထားခဲ့ပြီပေါ့ ။ မကြည်ရေ … Read More

0 comments: