တိုင်းပြည်က ရိုင်းတော့
ပိတောက်တောင်
မုန်တိုင်းနဲ့မှ ပွင့်တယ်။
ပြည်တွင်းစစ်
အနှစ် ၅၀
၆၀
၇၀။
“သွားသစ်လဲစ၊ ကျောင်းနေစဟု
လောကနံရံ၊ ငါ၏မှန်တွင်
ကျောက်တံငယ်နှင့်
ရေးခြယ်လိုက်ရာ၊ ခြစ်လိုက်ရာ
ပီကာဆို၏ဂွာယာနီးကား ပန်းချီကား”
(တင်မိုး)
စပိန်ဂစ်တာတစ်လက်
ချိုးဖြူငှက်တစ်ကောင်
ပျိုလေးတို့ အိမ်မိုးခေါင်
လရောင်ဘယ်တော့ထိုးပါ့မယ်။
မလေးဘယ်သို့ လွမ်းရမယ်။
လမ်းကန္တာရ
ညစုံနံ့ သာမှာ
ဒဂုန်တာရာ ၉၄
(မင်ဒဲလား ၉၄)
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
… … … ။
မွန်းအောင်ရေ …
ပန်းမပွင့်တဲ့ နွေဦးတွေ
လွန်ပါစေ။ ။
0 comments:
Post a Comment