Friday, December 26, 2014

မု ဆို း မ ဆု ေ တ ာ င်း (POEM FOR DAW KHIN WIN)

 

ဥုံ အရဟံ သစ္စာကတိတွေနှင့်
ဂဠုန် သရဏံ ဂစ္ဆာမိပါ ဘုရား။

လက်ပတောင်းက
ခြောင်းခြောင်း ဒေါသ၊ မျက်ရည်ကျ။

လိပ်ခွံတောင်ခြေ
သွေးတွေ သွေးတွေ၊ မြစ်မရေ။

သိန်းစိန်ရေ …
နင်သတ်လို့ ငါမသေ။

တောစိမ်း တောင်စို
တောင်စို တောစိမ်း၊ နင်တို့ သိမ်းကြ။

တောစို တောင်စိမ်း
တောင်စိမ်း တောစို၊ နင်တို့ ဖြိုကြ။

သိန်းစိန်ရေ …
နင်သတ်လို့ ငါမသေ။

ကြေးနီရောင်အို
စိမ်းပြာညိုမှောင်၊ တောင်ဖြို လယ်သိမ်း
ဘိန်းစားအစိုးရ။

စိမ်းပြာညိုမှောင်
ကြေးနီရောင်အို၊ တောဖြို ယာလု
သူ့ ကျွန်အစိုးရ။

သိန်းစိန်ရေ …
နင်သတ်လို့ ငါ မသေ။

ငါ့မြေ ငါစောင့်
နင်လာနှောင့်လည်း၊ ဆူးငြှောင့်ခလုတ်
တရုတ်ကန်သင်း၊ တစ်နေ့ ရှင်းမည်
ချင်းတွင်း ရေဆန် စီးစေသတည်း။

ငါ့ကိုနင်သတ်
ငါမသတ်လည်း၊ နင့်ဇာတ်နိဂုံး
ကျဆုံးတစ်ခန်း၊ လုတ်တိုင်းလမ်းမှာ
ငရဲပန်းများ ပွင့်စေသတည်း။       ။

(မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်းသို့ )

ေ အ ာ င္ ေ ၀ း
ဒီဇင္ဘာ ၂၆- ၂၀၁၄။ 

Related Posts:

  • ခြင်္သေ့အခြေနေတွေကြားမှာ စိတ်အာရုံမရတာနဲ့ အချိန်မရတာနဲ့ စာအသစ်မရေးဖြစ်ပါဘူး။ ဆရာအောင်ဝေးရဲ့ ကဗျာတစ်ပုဒ်ကို ကြိုက်လွန်းလို့ ကူးယူဖော်ပြလိုက်ပါတယ်။ ကော်ပီရိုက် … Read More
  • လှောင်အိမ်စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။စိတ်က လွမ်းနေတော့အရောင်တွေလည်း လွမ်းတာပေါ့။စိတ်က မှိုင်းနေတော့အရောင်တွေလည်း မှိုင်းတာပေါ့။စိတ်က ဆွေးနေတော့အရောင်တွေလည်း… Read More
  • သူမနှင်း ဆီ က နီ ဆဲအ ၀ါ ရောင် အ ခန်း ကျဉ်း ထဲဧ ရာ လည်း စီး မြဲ ။ ။အောင်ဝေး (မြန်မာနိုင်ငံကဗျာဆရာ)(မူရင်း - ဟစ်တိုင် )… Read More
  • အထီးကျန်တောင်ကုန်းဒီမြစ်မှာမှ လကသာနေတော့ရဲ့အိပ်တန်းပျောက်၊ ငှက်တစ်ကောင်တောင်ပံခတ်ငိုနေသလားဘယ့်နှယ့်၊ ညရဲ့အရည်တွေ တရွှဲ ရွှဲငါ့ကိုယ်ပေါ် စီးဆင်းနေလိုက်ကြတာပင်လယ်မင်္ဂလာဆောင်က… Read More
  • ... မိကွန်ထော ဖတ်ဖို့ ကဗျာတစ်ပုဒ် ... ငှက်... မြေကြီးကို ဘယ်သူဖွင့်ကြည့်ရဲသလဲ... ငှက်ငှက်... ငါသည် အာလဖဖြစ်၍ ငါသည် သြမေဂလည်း ဖြစ်သည် တဲ့... ငှက်ငှက်... အိမ်မက်ထဲ၌ အသက်ရှင်သူ အိပ်မက်၌ပင် အ… Read More

0 comments: