Saturday, December 27, 2014
အ ေ ထြ ေ ထြ သ ပိ တ် ကြီး သို့  တ မ်း ချ င်း
အဖိနှိပ်ခံ ဘ၀ဆိုတာ
တိုက်ပွဲ။
တိုက်ပွဲဆိုတာ
ပထမတော့ ရှုံးမှာပဲ။
(မရှုံးဖူးတဲ့ တိုက်ပွဲမရှိ)
ရှုံးလည်း ဆက်တိုက်
တိုက်ရင်း နိုင်မှာ ဘ၀ပဲ။
ရုန်းထကြဟေ့
ပွင့်အာကြဟေ့။
ရှင်သန်ကြဟေ့
ထမြောက်ကြဟေ့။
မီးပွားကလေးက
တောမီးကြီး ဖြစ်တာပဲ။
သစ်စေ့ကလေးက
တောအုပ်ကြီး ဖြစ်တာပဲ။
မျိုးစေ့ကလေးက
ပန်းတောကြီး ဖြစ်တာပဲ။
ရုန်းထကြဟေ့
ပွင့်အာကြဟေ့။
ဒေါ်ခင်ဝင်းက
မီးပွားတစ်စ။
ထင်လင်းဦးက
သစ်စေ့တစ်စ။
မိကျောင်းကန်က
မျိုးစေ့တစ်စ။
ရှင်သန်ကြဟေ့
ထမြောက်ကြဟေ့။
၎ ၃ ၆ က
မီးပွားတစ်စ။
လေးပွင့်ဆိုင်က
သစ်စေ့တစ်စ။
ရွေးကောက်ပွဲက
မျိုးစေ့တစ်စ။
ရုန်းကန်ကြဟေ့
ပွင့်အာကြဟေ့။
ရှစ်ဆယ့်ရှစ်က
မီးပွားတစ်စ။
ဗ က သ (တ က သ) က
သစ်စေ့တစ်စ။
အဲန် အယ်လ် ဒီ က
မျိုးစေ့တစ်စ။
ရှင်သန်ကြဟေ့
ထမြောက်ကြဟေ့။
လယ်သိမ်း၊ မြေသိမ်း
တောသိမ်း၊ တောင်သိမ်း
သာသနာသိမ်း၊ အာဏာသိမ်း
လင်သိမ်း၊ မယားသိမ်း
အားလုံးသိမ်း။
သူတို့  မသိမ်းနိုင်တာ
ငါတို့ စိတ်ဓာတ်ပဲ။
တိုက်ပွဲဟာ
ဒီစိတ်ဓာတ်နဲ့ စရမှာပဲ။
တိုက်ပွဲရှိမှ
စည်းကမ်းရှိမယ်။
စည်းကမ်းရှိတော့ 
ညီညွတ်ကြပြီ။
စည်းကမ်းရှိ
ညီညွတ်တာဟာ
အမှန်တရား။
အမှန်တရားဆိုတာ
တကယ့်အင်အား။
တို့ အင်အားတွေ
စုစည်းထားကြ။
အထွေထွေအဖိနှိပ်ခံရရင်
အထွေထွေသပိတ်ဆင်ကြ။
ရုန်းထကြဟေ့
ပွင့်အာကြဟေ့။
ရှင်သန်ကြဟေ့
ထမြောက်ကြဟေ့။
အထွေထွေအဖိနှိပ်ခံရရင်
အထွေထွေသပိတ်ဆင်ကြ။
အထွေထွေသပိတ်ကြီးအစ
မီးပွားကလေးက။
အထွေထွေသပိတ်ကြီးအစ
သစ်စေ့ကလေးက။
အထွေထွေသပိတ်ကြီးအစ
မျိုးစေ့ကလေးက။     ။
(မိုးသီးဇွန်သို့ …..)
ေ အ ာ င္ ေ ၀ း
ဒီဇင္ဘာ ၂၇- ၂၀၁၄။
Related Posts:
  • New normal? Statues toppled People not social distancing U S. leaving W.H.O Fears of second wave. (Source: U S. nears 3 million covid-19 cases, over 131,000 … Read More
  • From Michigan with mask (2) The mask. You may think this is uncomfortable. When it comes to COVID-19, comfort is not as important as saving lives. … Read More
  • AMERICA IN TURMOIL  O! double trouble Unrest in a pandemic Can I return home? AUNG WAY June 2, 2020… Read More
  • After ... After storm. Roots worry. Will leaves come back? After coronavirus? … Read More
0 comments: