Monday, January 19, 2015
ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့ 
( ၁ )
သြော် … မင်္ဂလာအပေါင်းတွေနဲ့ 
အစဉ်အလာဒေါင်းတွေလားကွဲ့ 
သြောင်း … ဓားသွေးကြ
မြားရွေးကြ
အားမွေးကြ
ဒေါင်းတရားတေးဓမ္မနဲ့ 
ဆွေးတသသ
ဖေးတမမ
ကလေးကအစ
ခွေးကအစ
အေး … ရရင်ရ
မရရင်ချ
ဘ၀က အသိကိုပြဋ္ဌာန်း
(ရန်သူက တိုက်ပွဲပုံသဏ္ဍာန်ကိုပြဋ္ဌာန်း)
အဓိပတိလမ်းပေါ်ကလည်း
“ဆန်း” နဲ့ ”ဟိန်း” ကို
ရမ်းရော် မှန်းမျှော်မိပါရဲ့ 
ကြမ်းကြမ်းထော်ထော် စတေးခဲ့ရတဲ့
သွေးနဲ့ မျက်ရည်ကိုလည်း
ခွေးကတက်ကနေ ရောင်းမစားခဲ့ကြတဲ့
အကောင်းစား ကျောင်းသားလေးတွေကိုဖြင့်
အားပေးမဟဲ့
အားပေးလိုက်မဟဲ့လို့ 
အားဆေးတွေ မျိုမျိုပြီး
ဟောဒီ ကဗျာအိုကြီးအိုမကောင်
အောင်ဝေး ကလည်း
မောင်ကလေးတို့ ကို
ယခေါင်ရှေးက “မှိုင်း” အလေးပြုသလို
ကိုင်း … အရေးဂရုပြုလိုက်ပါရဲ့ 
တိုက်ရဲသူသာ အောင်ပွဲခံစတမ်း
တစ်သွေးတစ်သံတစ်မိန့် နဲ့ 
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
သံမဏိထက်မာတဲ့ အသည်းနှလုံးတွေက
ခရီးအဆုံးအထိ
စည်းရုံးစုစည်းကာ နေ … ။    ။
(ဆက်ရန်)
ေ အာ င်ေ ၀း
ဇန် ၁၉-၂၀၁၅။ 
Related Posts:
  • စ စ် ( ၆ )မခင်ပန်းကလေးစစ်က ကြမ်းတော့အလင်းနှစ်တစ်သန်း အကွာကလွမ်းဆိုလည်း လွမ်းပါ့မယ်။အရေးကြီးတာကထပ်ပြီး မဝေးအောင်ကပ်ဘေးရှောင်ဂါထာ ရွတ်ကြမယ်။"Stay Home. Stay Safe.… Read More
  • စ စ် ( ၅ )ကပ်ကြီးဖြစ်၍အချစ် တစ်လမ်း၊ စစ် တစ်လမ်း။စစ်လမ်းကျ၍ ... ။ရုရှားက နှင်းဆီပန်းတွေလည်းကြေရ နွမ်းရ။ဟော်လန်က လီလီပန်းတွေလည်းကြေရ နွမ်းရ။ဝါရှင်တန်၊ ဒီ၊ စီ က ခ… Read More
  • စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀) ## စ စ္ ( ၄ )ဟိုကအတြ… Read More
  • စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀)## စ စ္ ( ၄ ) ဟိုကအတ… Read More
0 comments: