Wednesday, January 21, 2015
ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့ (၂)
( ၂ )
“အရေးတော်ပုံ အောင်ပါစေ”
“အရေးတော်ပုံ အောင်ပါစေ”
တောတောင်ရေမြေ
လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်
သံလွင် စစ်တောင်း၊ ပေါင်းလောင်းမချန်
သပိတ်တပ်ပေါင်း၊ ချွေးချောင်းစီးသံ
ရန်ကုန်ကြောင်း၊ ခွပ်ဒေါင်းချီကြပြန်ပကွဲ့ 
ဂီတသံ တော်လှန်သီချင်းတွေနဲ့ 
တိုက်ပွဲခေါ်သံ အော်သံပြင်းချေပေါ့ 
မြွေမှန်ရင် တွင်းဝင်ဖြောင့်မှာပဲ
တို့ အသည်းကယုံကြည်
ကျောင်းသားပြည်သူ စုံညီ
မန္တလာ- ဒဂုံ ချီကြ
ကန္တာ ၀သုန်ဆီက
ဥုံ … နီနီ ဒေါင်းအလံ တလူလူနဲ့ 
ဗုံ ညီညီ မောင်းသံ တဆူဆူပေါ့ 
ဘယ်သူ တားမလဲ
ဘယ်သူ တားရဲသလဲ
တရားလည်းစောင့်
မြားလည်းဖြောင့်
လောကအမှောင့်
ကြိုးဝိုင်းထောင့်မှာ
ညာဖြောင့်လက်သီး
ဝှီးကနဲ ၀င်လာသလို
အစဉ်အလာကိုထောက်
အို … ဘာကိုကြောက်ရမလဲ
မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်မှာပဲ
သွေးသောက်ရယ် စုံစုံညီနဲ့ 
ကဲ … ဒီမှာလည်း
ထားဝယ်- ရန်ကုန် ချီကြပြန်သနဲ့ 
အဆန်ကြောင်း
အစုန်ကြောင်း
အကုန်ပေါင်းရင်တောင်
အပ်တိုတစ်ချောင်း မပါလေတော့
မောင်းပြန်ပစ်စရာ မရှိတာမို့ 
သြောင်း … အရဟံ သစ္စာကတိတွေနဲ့ 
ဒေါင်း သရဏံ ဂစ္ဆာမိကြပေတော့
အမိအာဂ တရားမြေသီလာမှာ
အတိဇာတသားတွေ ညီညာလိုက်ပုံက
အကုန်ရရင်ရ
မရရင် ဘာမှမလိုချင်ဘူးတဲ့
(အောင်သောင်းဦးရေ … )
တပ်ဦးမှာ အောင်လံတွေဝဲပြန်ပေါ့ 
ရဲတဲ့ အိုးဝေ။    ။
ေ အ ာ င္ ေ ၀ း
ဇန္န၀ါရီ ၂၁- ၂၀၁၅
(ဆ က် ရ န် )
(ဓာတ်ပုံ – ကျော်စွာမြင့် ဖေ့စ်ဘွတ်)
Related Posts:
  • စ စ် ( ၂ ၀ ) (နိဂုံး)သေခြင်းရဲ့ ရနံ့။ဝေသာလီမှာမဟုတ်ပါဘူး။ဝေဘာဂီမှာလည်းမဟုတ်ပါဘူး။မစ်ရှီဂန်မှာပါအမေရိကန်မဲဇာမှာပါ။တစ်နေ့ လူ သုံးထောင်(၃၀၀၀) သေတစ္ဆေတွေ နေတဲ့ အရပ်မှာပါ။ကပ်ကြ… Read More
  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၃ ) ဂျေလို က မလှပါဘူး ညီမလေး က လှတာပါ။ ဂျိုလီ ကို မချစ်ပါဘူး ညီမလေး ကိုပဲ ချစ်တာပါ။ ညီမလေး မလိုက်ရင် အိုးထရက်ဖို့တ် လည်း မသွားပါဘူး။ ညီမလေး မကြိုက်ရင်… Read More
  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၄ )ည မထွက်ရ အမိန့်ပဲ ရှိတယ်ည မမက်ရ အမိန့် မရှိဘူး။အိပ်မက် အတူ မက်ကြစို့မနက် မလင်းခင်။နေဝင် မီးငြိမ်း ... တဲ့။အလွမ်းက နေ မဝင်ပါဘူးအလွမ်းမီးက ငြိမ်းမသွားပါ… Read More
  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၂ )ရဂုံအလယ်မှာ မဟုတ်ပါဘူးလူပုံ အလယ် မှာပါ။ဝရန်တာ တစ်ခု ကနေဝရန်တာ တစ်ခုကို လွမ်း။ပြတင်းပေါက် တစ်ခု ကနေပြတင်းပေါက် တစ်ခုကို လွမ်း။အိပ်မက် တစ်ခု ကနေအိပ်မက် … Read More
  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ းကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူးကိန္နရာ ... ၆ ပေ ခြားတာပါ။ ။အောင်ဝေး(၅၊ ၁၄၊ ၂၀)##ကိ နၷ ရ ာ ... ၆ ေ ပ ျခ ာ းကိႏၷရာ ချောင်းခြားတာ မဟုတ်ပါဘူးကိန္နရာ ... ၆… Read More
0 comments: