Sunday, March 15, 2015

တ ေ ပါ င္ း ေ ခၚ သံ

၂ ၀ ၁ ၅ – ေ က် ာ င္ း သ ာ း အ ေ ရ း ေ တာ် ပုံ သ စ်
 

သြော် … တောလှန့် တောင်လှန့် 
မုန်တိုင်းလှန့် ၍
ကံ့ကော်ကျောင်းမှာ
ဒေါင်းလည်း မတွန်မကနိုင်
တပေါင်းလည်း မချွန်မမြနိုင်။

ခေတ်မသန့် လို့ 
ကံ့ကော်တွေလည်း နီခဲ့ပြီ။

ခေတ်မကောင်းလို့ 
ကဒေါင်းတွေလည်း ခွပ်ခဲ့ပြီ။

ခေတ်ကိုပြောင်းဖို့ 
စစ်ကြောင်းလည်းချီ၊ သပိတ်ညီခဲ့
အောင်စည်အောင်မောင်း၊ အို တပေါင်းငဲ့
ခွပ်ဒေါင်းနီနီ၊ ကံ့ကော်နီနှင့်
နီနီနွေဦး ဇာတ်ဝင်ခန်း။

လက်ပံတောင်းနီ
လက်ပံတန်းနီ
တစ်ပြည်လုံးနီ
သပိတ်ချီကြ။

ပြည်သူ ကျောင်းသား၊ သံမှုန့် စားလော့
စွမ်းအားရှင်ဓား တုံးလတ္တံ့ ။

သပိတ်ချီကြ
တစ်ပြည်လုံးနီ
လက်ပံတန်းနီ
လက်ပံတောင်းနီ။

ကျောင်းသား ပြည်သူ၊ သံဃာကူလော့
ရန်သူရူးရဲ ရှုံးလတ္တံ့ ။

တုံးမောင်းခေါက်၍
မကြောက်မလန့် ၊ ခြောက်ကြလှန့် ကြ။

အုံးမောင်းခေါက်၍
မိုးသောက်တစ်ကန့် ၊ အရုဏ်သန့် မှ
ကံ့ကော် ၀ါရွှေ၊ ဒေါင်း အိုးဝေ၍
နွေဦးမွန်မြတ်၊ အနာဂတ်မှာ
စစ်ဇာတ်ကျွန်ဇာတ် သိမ်းလတ္တံ့ ။

ဗဟိန်းသေလို့  ၀င်စားလေသလော
အောင်ဆန်းသေလို့  ၀င်စားလေသလော
အောင်ကျော်သေလို့  ၀င်စားလေသလော
ကျောင်းသား ကျောင်းသား
တို့ ကျောင်းသားဟေ့
ကျောင်းသားသမိုင်း၊ ဘယ်မရိုင်းခဲ့
သတ်တိုင်းမသေသောရာဇ၀င်။

ရာဇ၀င်သန့် ၊ နွေဦးသန့် ၍
ကံ့ကော်ကျောင်းမှာ
ဒေါင်းလည်း တွန်စေကစေသော။

တိုက်ပွဲခေါ်၍
ကံ့ကော်ကျောင်းမှာ
တပေါင်းလည်း ချွန်စေမြစေနော။    ။

(တိုက်ပွဲဝင်သပိတ်မှောက်ကျောင်းသားပြည်သူများသို့ )

ေ အ ာ င္ ေ ၀ း

မတ် ၇ – ၂၀၁၅။

Related Posts:

  • ၂ ၀ ၂ ၀ ( ၂ ၅ ) မိုးရွာတုန်း ရေခံပါလှေနစ်တော့မှ ရေ မခံပါနှင့်။လသာတုန်း ဗိုင်းငင်ပါမီးလောင်တော့မှ ဗိုင်း မငင်ပါနှင့်။လေလာတုန်း ရွက်ဖွင့်ပါမုန်တိုင်းတိုက်တော့မှ ရ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၃ ) သူကငါတို့ ရင်အုံက လှံကိုနုတ်ပေးခဲ့။ငါတို့ကသူ့နောက်ကျော စိုက်နေတဲ့ဓားကိုမေ့လို့။ကျေးဇူးတရား ဆိုတာခမ်းနားတဲ့ လရောင်။နောက်ဖေးလမ်းကြားကခွေးတွေကတော့ဟောင်နေ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၆ )ပေါင်း ၆၆၄ မှာ၁၆၆ နေရာအကျောပေး တိုက်ရတဲ့ တိုက်ပွဲ။တိုက်ရင် အနိုင်တိုက်ရမယ်ငါတို့ဘက်က၃၃၃ နေရာ ရမှဖြစ်မယ်။ဒီခေတ်မှာပညာတတ်တယ်ဆိုရင်ဒီ သင်္ချာလောက်တော့ တွ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၇ )အိမ်ကြီး မီးဝင်ရှို့သွားတယ်ဝိုင်းဝန်း ငြှိမ်းသတ်မှ ဖြစ်မယ်။မြောင်းထဲက ညစ်ပတ်နေတဲ့ရေနဲ့ ပက်ပက်။ကျွဲလူးကန်ထဲက နံစော်နေတဲ့ရေနဲ့ ပက်ပက်။အရေးကြီးတာကအမြန်ငြ… Read More
  • ၂ ၀ ၂ ၀ ( ၂ ၄ ) တရားသဖြင့်လွမ်းခွင့် ရှိမှပန်း ပွင့်ရသတဲ့။လမ်းကလေးညီညာသော၊ ခိုင်မာသော ခြေလှမ်းတွေသူ ထမ်းခဲ့။လမ်းကလေးခြေလှမ်းတိုင်းသစ္စာရှိသောနွေဦးဆီ ဦးတည်ခဲ့။လမ… Read More

0 comments: