မြင်ကွင်း။ ။ လက်ပံတန်းမြို့ နယ်တရားရုံး
မတ် ၂၅- ၂၀၁၅။
ဒုတိယကမ္ဘာစစ်ကြီးတုန်းက
ပိုလန်က ကလေးတွေ အမေပျောက်တော့
ကလေးချင်းစုပြီး
အမေပျောက်ရှာတဲ့အကြောင်း
ခင်ဗျားရေးခဲ့တယ် ဗားတော့ဗရက်။
ခင်ဗျားက ဟစ်တာလာကိုဆန့် ကျင်တဲ့
ဂျာမန်ပြဇာတ်ဆရာ၊ ကဗျာဆရာ။
ကျနော်က စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်တဲ့
မြန်မာကဗျာဆရာ။
ဗားတော့ဗရက်ရယ်
အခုပြဇာတ်ကတော့
ဗမာပြည် ဖက်ဆစ်သံဖနောင့်
မတရားမှုတွေအောက်
သမီးငယ်ကလေးတစ်ယောက်
အဖေပျောက်စဉ်ကပေါ့ ။
အပြစ်ကင်းစင်တဲ့
မျက်လုံးကလေးတွေနဲ့ 
ကလေးသူငယ်တွေနဲ့ ဘယ်လိုမှမပတ်သက်တဲ့
တရားရုံး(အမှန်က မတရားရုံး)တစ်ခုရှေ့ မှာပေါ့ ။
ဗားတော့ဗရက်ရယ်
ကလေးလက်ထဲမှာလည်း
နှင်းဆီပန်းတွေတစ်ပွေ့ တစ်ပိုက်နဲ့ ပေါ့ ။
ကလေးရဲ့ မျက်လုံးတွေထဲမှာလည်း
မျှော်လင့်ချက်တွေ တလက်လက်နဲ့ ပေါ့ ။
ကျနော်က အမေရိကမှာနေတာပါ
ကလေးက လက်ပံတန်းတရားရုံးရှေ့ မှာပါ
မစ္စတာဗားတော့ဗရက်။
ကျနော်နဲ့ ကလေး
စိတ်ချင်းဆက်သွယ်
အမေး- အဖြေ လုပ်လိုက်ကြတယ်။
ကျနော်။ ။ နှင်းဆီပန်းတွေက ဘယ်သူ့ အတွက်လဲ။
ကလေး။ ။ ဖေဖေ့အတွက်။
- ဖေဖေက ဘာလဲ။
- ဖေဖေက ခွပ်ဒေါင်း
ဖေဖေက သူရဲကောင်း။
- နှင်းဆီနီတွေနဲ့ ဘာလုပ်ဖို့ လဲ။
- ဆုတောင်းဖို့ ။
- ဘာတွေဆုတောင်းဖို့ လဲ။
- ခွပ်ဒေါင်းတွေလွတ်မြောက်ဖို့ 
သူရဲကောင်းတွေလွတ်မြောက်ဖို့ ။
- ဘယ်မြို့ ကလဲ၊ ဘယ်သူ့ သမီးလဲ။
- တောင်ငူက၊
တော်လှန်တဲ့ကဗျာဆရာကြီး
ကေတုဘုန်းမော်ရဲ့ မြေး။
အို ... မစ္စတာဗားတော့ဗရက်
ဒါဟာ ခင်ဗျားအတွက်ပြဇာတ်တစ်ပုဒ်။
တစ်မနက်
အိပ်မက်မဟုတ်တဲ့အိပ်မက်ထဲ
ကလေးနဲ့ ကျနော်
ရဲဘော်တွေဖြစ်ခဲ့ကြတယ်လေ။ ။
ရဲဘော်အောင်ထက်သမီးငယ်လေး ဆောင်းထက်ဝင့်သို့ ။
ေ အ ာ င္ ေ ၀ း
(မြန်မာနိုင်ငံကဗျာဆရာ)
0 comments:
Post a Comment