Monday, February 26, 2018

ချစ်လို့ရေးတဲ့ကဗျာ (၅)


အချစ်မှာ ရန်သူမျိုးငါးပါးရှိတယ် ခင်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံ
၂။
၃။ သေနာပတိပျက်လူတန်းစား
၎။ အမျိုးသားရေးအစွန်းရောက်
၅။ လူသတ်ဝါဒ
အချစ်ဆိုတာ
နွေဦးမှာ
ပုရစ်ဖူးလေးတွေ ထွက်လာသလို
သူ့အလိုလို ဖြစ်လာတဲ့အရာ။
အချစ်ဆိုတာ
သစ်ရွက်ကလေးတွေစိမ်းနေဖို့
အမြစ်က အမှောင်ထဲ
ဒုက္ခခပ်သိမ်းရင်ဆိုင်သလိုပေါ့ ။
အချစ်ဆိုတာ
မြစ်ကို ခြေဆုံးခေါင်းဖျား
အရိပ်တကြည့်ကြည့် စောင့်ရှောက်ရတာမျိုးပါ။
ခေတ် မကောင်းတော့
အချစ်လည်း
မကောင်းရှာဘူးပေါ့ ။
ပိတောက်မပွင့်မီစပ်ကြား
အချစ်လည်း
နိုင်ငံရေးလက်အောက်ခံ။
ချစ်တော့ ချစ်ပါ
နိုင်ငံရေးကိုလည်းကြည့်။
ချစ်တော့ချစ်
ခေတ်ကို မျက်ခြည်မပြတ်စေနဲ့။
အချိန်မရွေး
ဗုံးတွေ ထပေါက်နိုင်တယ်။
အချိန်မရွေး
လက်မှတ်ရအရူးတွေနဲ့တွေ့နိုင်တယ်။
အချိန်မရွေး
အလွမ်းပင်လယ်ဝေသွားနိုင်တယ်။
စစ်က
ရင်တွင်းမှာ အမြဲဖြစ်နေတဲ့
ရင်တွင်းစစ် ခေတ်ကြီးလေ။
“အချစ်နဲ့စစ်မှာ
မတရားတာမရှိ”
ရမ်းမဖြီးပါနဲ့ ကွီးရယ်။
အချစ်နဲ့စစ်မှာ
တရားတာလည်း မရှိပါဘူး။
အချစ်တို့
စစ်တို့ဆိုတာ
အတ္တပဲ ရှိတာပါ။
မြစ်ဆိုတာ ကွေ့မှလှသတဲ့
မြစ်ကလည်း
သူ့အတ္တနဲ့သူ ကွေ့မြဲ။
ကဲ- ဘယ်အတ္တကို
အက်ႌခ်ဳပ္ဝတ္ရမွာလဲ။ ။

ေ အ ာ င္ ေ ဝ း
(ေဖေဖာ္ဝါရီ ၂၅- ၂၀၁၈)

Sunday, February 11, 2018

ခ် စ္ လို ့ ေ ရ း တဲ့ က ဗ် ာ ( ၄ )




 
အချစ်အတွက်
ဆုတွေ မလိုပါဘူး။
ချစ်နေဖို့ဆို
စု ပဲ လိုတယ်။
ပြည်ထောင်စု၊ လူမျိုးစု
ကြယ်စင်စု၊ တပ်ပေါင်းစု
အချစ်ဟာ
စုစည်းညီညွတ်မှု။
ဆယ်စု၊ ရာစု
ထောင်စု၊ ရာဇ၀င်စု
အချစ်မှာ
စည်းရုံးစုစည်းကာနေ။
ဆုတွေ မလိုပါဘူး
ပြည်သူကချစ်နေရင်
အဲဒါ စု ပဲ။
စတော့ဟုမ်းက
ဒဗ္ဗလင်က
အောက်စဖို့ဒ်က
ပေးမှ
စု မဟုတ်ပါဘူး။
စလေက
ဒေါပုံက
အိမ်မဲက
ပေးတဲ့အချစ်တွေကလည်း
ဆု ပါပဲ။
နယူးယောက် စီးတီးက
မော်စကိုက
တောင်အာဖရိကက
အသိအမှတ်ပြုမှ
စု မဟုတ်ပါဘူး။
နွားထိုးကြီးက
မော်လမြိုင်က
တောင်ဥက္ကလာပက
အသိအမှတ်ပြုလည်း
ဆု ပါပဲ။
ပြည်သူကချစ်နေရင်
အဲဒါ စု ပဲ။
ပြည်သူတွေ စုစည်းညီညွတ်နေရင်
အဲဒါ ဆု ပဲ။
စု အတွက်
ဆု တွေ မလို
တို့ပြည်သူတွေပဲ လိုတယ်လေ။ ။


(ဖေဖော်ဝါရီ ၁၀- ၂၀၁၈)