Sunday, February 11, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၄ )




 
အချစ်အတွက်
ဆုတွေ မလိုပါဘူး။
ချစ်နေဖို့ဆို
စု ပဲ လိုတယ်။
ပြည်ထောင်စု၊ လူမျိုးစု
ကြယ်စင်စု၊ တပ်ပေါင်းစု
အချစ်ဟာ
စုစည်းညီညွတ်မှု။
ဆယ်စု၊ ရာစု
ထောင်စု၊ ရာဇ၀င်စု
အချစ်မှာ
စည်းရုံးစုစည်းကာနေ။
ဆုတွေ မလိုပါဘူး
ပြည်သူကချစ်နေရင်
အဲဒါ စု ပဲ။
စတော့ဟုမ်းက
ဒဗ္ဗလင်က
အောက်စဖို့ဒ်က
ပေးမှ
စု မဟုတ်ပါဘူး။
စလေက
ဒေါပုံက
အိမ်မဲက
ပေးတဲ့အချစ်တွေကလည်း
ဆု ပါပဲ။
နယူးယောက် စီးတီးက
မော်စကိုက
တောင်အာဖရိကက
အသိအမှတ်ပြုမှ
စု မဟုတ်ပါဘူး။
နွားထိုးကြီးက
မော်လမြိုင်က
တောင်ဥက္ကလာပက
အသိအမှတ်ပြုလည်း
ဆု ပါပဲ။
ပြည်သူကချစ်နေရင်
အဲဒါ စု ပဲ။
ပြည်သူတွေ စုစည်းညီညွတ်နေရင်
အဲဒါ ဆု ပဲ။
စု အတွက်
ဆု တွေ မလို
တို့ပြည်သူတွေပဲ လိုတယ်လေ။ ။


(ဖေဖော်ဝါရီ ၁၀- ၂၀၁၈)

Related Posts:

  • ချိုးကူသံ လမ်းကလေး (၂) ဒီလမ်းမှာကံ့ကော်ပွင့်တယ်ငုဝါပွင့်တယ်စိန်ပန်းပွင့်တယ်။ဒီလမ်းမှာသေပန်းလည်း ပွင့်ခဲ့တယ်။ဒီလမ်းကို ခွာကြည့်ရင်သွေးစီးသံကြားမယ်။သင်တို့ သစ္စာကြီးရင်မြေကြီး… Read More
  • သူငယ်ချင်း မြတ်ခိုင်ငါ မသေဘူးရေကူးတတ်တဲ့ မြတ်ခိုင်။အခုမြတ်ခိုင်မှာဂျာနယ် မရှိ။ခက်တာကလယ်သမားတွေမှာလယ် မရှိတာပဲ။မြတ်ခိုင်ကဂျာနယ် အသိမ်းခံရ။လယ်သမားတွေကလယ် အသိမ်းခံရ။မြတ်ခိုင… Read More
  • ဧ ပြီ စ စ် တ မ်းစစ်အစိုးရကအင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့တယ်။အနာဂတ်ကအနာဂတ်ကို မဲထည့်ခဲ့တယ်။ကျနော်ကတော့မဲပုံးထဲဒီကဗျာပဲ ထည့်နိုင… Read More
  • ချိုးကူသံ လမ်းကလေး (၄)“ခမ်းကို ချစ်ရင်ပဲပုပ်ကိုလည်း ချစ်ရမယ်”လွမ်းစရာ့ ရုပ်ရှင်လွမ်းစရာ့ ပုံပြင်ငယ်ငယ်တုန်းကချစ်ရေစင်။ချယ်ရီတွေလည်းယမ်းနံ့ စွဲသလိုပိတောက်တွေလည်းယမ်းနံ့ စွဲခ… Read More
  • အိမ်မပြန်နိုင်သေးသူများ သမဂ္ဂလူမရောက်ပေမဲ့စိတ်ကတော့ရောက်တာပဲ။လူမရောက်ပေမဲ့ကဗျာကတော့ရောက်တာပဲ။နေ့မရောက်လည်းညတော့ရောက်တာပဲ။လူမစွမ်းပေမဲ့ကဗျာကစွမ်းတယ်။လူကမပြန်နိုင်သေးပေတဲ့ကဗျာက ခဏခဏ… Read More

0 comments: