လွမ်းတယ်ဆိုတာလည်း၊
တာဝန်တစ်ခုလိုပါပဲ။
ငါက တိုင်းပြည်နဲ့လူမျိုးကို
လွမ်းတယ်
ဒါ တိုင်းပြည်နဲ့လူမျိုးတာဝန်
ငါ ထမ်းဆောင်နေတာပေါ့။
ဒါပေမဲ့-
တိုင်းပြည်နဲ့လူမျိုးက
ငါ့ကို လွမ်းချင်မှ
လွမ်းမယ်
အရေး မကြီးပါဘူး။
ငါက ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို
လွမ်းတယ်
ဒါ ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးရဲ့တာဝန်
ငါ ထမ်းရွက်နေတာပေါ့။
ဒါပေမဲ့-
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးက
ငါ့ကို လွမ်းချင်မှ
လွမ်းမယ်
အရေး မကြီးပါဘူး။
ယုတ်စွအဆုံး
လူနှင်းချို
ကနေ လူခါးအထိ
ငါ့ညီတွေ
ငါလွမ်းတယ်။
ဒါတွေဟာ
ငါ့ပခုံးပေါ်က
သမိုင်းတာဝန်တွေ။
ငါက သမိုင်းကို
တာဝန် မပေးနိုင်ပါဘူး။
သမိုင်းကသာ
ငါ့ပခုံးပေါ်
တာဝန်တွေ
တင်ပေးလိုက်တာပါ။
ငါ့ပခုံးပေါ်က
အလွမ်းတွေ
လေးလံလိုက်ပါဘိ။
ကစ်ပလင်း*
က
"White
man's burden" တဲ့။
ငါကတော့
"Exiled
man's burden" ပေါ့။
လွမ်းတယ်ဆိုတာလည်း
တာဝန်တစ်ခုပါပဲ။
တိုင်းပြည်နဲ့လူမျိုးကို
ငါလွမ်းတယ်
ဒေါ်အောင်ဆန်းစုကြည်ခေတ်ကြီးကို
ငါလွမ်းတယ်။
ငါ တာဝန်ကျေသလား
မကျေဘူးလား
... ...
... ...
ဗန်းမော်တင်အောင်
မှပဲ သိတော့မယ်။ ။
*
Rudyard Kipling (1865-1936)
ေ အာ င်
ေ ဝ း
(နိုဝင်ဘာ
၂၄- ၂ဝ၁၈)