Sunday, December 30, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၃ )

နှစ်သစ်ကူးလက်ဆောင်။ အရှေ့ဆီ နေနီနီက ရွှေခြည် အထိုး။ အမေ့ရွာ အဖေ့ယာ ခရိုး။ အမေ့ရွာ အဖေ့ယာ ခရိုးက ငှက်ကလေး ချိုးလင်းပြာ တေးအဆာ အစာရှာထွက်တော့ မောင် ... နံနက်ထ နိုး မယ် ... နံနက်ထ နိုး။ အဘိုးမာပါစ အဘွား သာပါစ မိုးသောက်ထ ယာအဝင် ပခုံး ဘယ်တင် မောင့်တာဝန် မောင့်အင် မောင်ထမ်း။ ခေတ်ကိုဖြတ်သန်းတဲ့အခါ "ချစ်တတ်ပြီး...

Thursday, December 27, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၂ )

    ၂ဝ ရာစုကနေ ချစ်လာတဲ့ အချစ် ၂၁ ရာစုအထိ ချစ်နေရတဲ့ အချစ်။ ၂ဝ ရာစုကနေ လွမ်းလာတဲ့ အလွမ်း ၂၁ ရာစုအထိ လွမ်းနေရတဲ့ အလွမ်း။ ၂ဝ ရာစုကနေ စွန့်စားလာတဲ့ စွန့်စားခန်း ၂၁ ရာစုအထိ စွန့်စားနေရတဲ့ စွန့်စားခန်း။ အချစ်၊ အလွမ်း၊ စွန့်စားခန်း ဆိုတာ ရှိတယ် ညီလေး။ ဥပမာ- မင်းကိုနိုင်၊ ကိုကိုကြီး၊...

Wednesday, December 19, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ၁ )

ပြည်သူ့နီတိ။ အမုန်း၏ အစကား … သေခြင်း အချစ်၏ အစကား … နေခြင်း။ အမုန်းနဲ့စရင် စစ်ဖြစ်တယ် အချစ်နဲ့စရင် ငြိမ်းချမ်းရေးဖြစ်တယ်။ အမုန်းနဲ့ စမလား အချစ်နဲ့ စမလား။ အမုန်းက လမ်းပျောက်တဲ့မြိုင် အချစ်က လှမ်းကိုင်မယ့်ပန်းတိုင်။ အမုန်းနဲ့ တွေးခေါ်ရင် စစ် အချစ်နဲ့ တွေးခေါ်ရင် ငြိမ်းချမ်းရေး။ အမုန်းကို ကြွေးကြော်မလား အချစ်ကို...

Wednesday, December 5, 2018

ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ ဝ )

  "အလွမ်းပင်တော" တဲ့။ အလွမ်းပင်တွေ တောထနေလို့ အလွမ်းပင်တောလို့ ခေါ်တယ်။ အလွမ်းပင်တောလို့ လွမ်းသူတွေက ပြောကြတဲ့ လွမ်းသူတွေရဲ့အလွမ်းပင်တောလေ။ လွမ်းတတ်သူသာ သမိုင်းဝင်သတဲ့ သမိုင်းဝင်တဲ့ အလွမ်းပင်တောပေါ့။ မြေချစ်သူ ပြောတယ် "ကမ္ဘာပေါ်မှာ လွမ်းရတာလောက် သိက္ခာရှိတဲ့ အစားအစာ မရှိပါဘူး" တဲ့ သိက္ခာရှိတဲ့ အလွမ်းပင်တောပေါ့။ အလွမ်းတစ်ပင် ရာဇဝင်...