Friday, March 6, 2020

သေနင်္ဂဗျူဟာမြောက်အလွမ်း (နိဂုံး)


တိုင်းပြည် ငြိမ်းချမ်းအောင် လုပ်ကြစို့
မမခင်ဦးစံပယ်ရေ။
ဒေါ်အောင်ဆန်းစုကြည်လည်း
ပင်ပန်းလှပြီ။
ကတုတ်ကျင်းတွေလည်း
နက်လွန်းမက နက်လွန်းလှပြီ။
ငြိမ်းချမ်းရေး တန်ဖိုးအတက်ဆုံး
အချိန်ဆိုတာ
ကတုတ်ကျင်းတွေ
နက်နက်တူးရတဲ့အချိန်ပေါ့တဲ့
မမခင်ဦးစံပယ်ရယ်။
မငြိမ်းချမ်းသေးသမျှ
စစ်နဲ့ မွေးတဲ့
သွေးမြစ် တသွင်သွင်
ရာဇဝင်မှာ
ရင်ကွဲပက်လက်
ညတွေနက်ဆဲ
ခက်တယ် မမခင်ဦးစံပယ်။
အချစ်နဲ့ ငြိမ်းချမ်းရေး
တေးသစ်ချိုချို၊ မဆိုချင်ဘူလား။
အမုန်း မထား၊ နှလုံးသားမှာ
ပန်းများ မပွင့်ချင်ဘူးလား။
နွေဦးလရောင်၊ အိမ်မိုးခေါင်
ဒေါင်းတစ်ကောင်နဲ့ ပျားရည်တစ်အိုး
ခေါင်းလောင်း မထိုးချင်ဘူးလား။
မမခင်ဦးစံပယ်ရယ်
မလွမ်းဘူးလား
ပြည်တွင်းငြိမ်းချမ်းရေး။
ငြိမ်းချမ်းရေး
မလွမ်းဘူးလား မမခင်ဦးစံပယ်။
ငြိမ်းချမ်းရေး
ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ
ပျောက်နေတဲ့လမ်းလား။
ပြည်တွင်းငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဆိုတာ
ရှာမတွေ့တဲ့လမ်းလား။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
လမ်းပျောက်တဲ့မြိုင်လား
မမခင်ဦးစံပယ်။
"I'd lost my way on the moor for twenty years."
"ကျမ လမ်းပျောက်နေတာ
အနှစ်နှစ်ဆယ်" တဲ့
လေထန်ကုန်း * ဝတ္ထုကြီးထဲက
ကက်သရင်းအန်းရှောရဲ့ အသံ။
နှင်းသည်းလေထန် ညတစ်ည
ပြတင်းမှန်စ တံခါးဝ
၀က်ဝံလက်နဲ့ ကုတ်ခြစ်တယ်။
မမခင်ဦးစံပယ်ရေ
ပြည်တွင်းစစ်
၁၉၄၈- ၂၀၂၀
အနှစ် ခုနစ်ဆယ်။
ကက်သရင်းအန်းရှောရယ်
ငါတို့ လမ်းပျောက်နေတာ
အနှစ် ခုနစ်ဆယ်ပါ။
အနှစ် ခုနစ်ဆယ်
ငါတို့ လမ်းပျောက်နေတာပါကွယ်။
ငြိမ်းချမ်းရေးဆိုတာ
တောလမ်းကလေးမှာ
တောပန်းဖွေးဖွေးတွေကလည်း မွှေးလို့
လေညင်းအေးချို၊ ညနေညို
ချစ်သူလည်ပင်း ခိုစီး
တေးဆို ညည်းရတဲ့
ဘဝခရီးမျိုးပဲ ဖြစ်သင့်ပါရဲ့။
ငြိမ်းချမ်းရေးခရီး
မပြီးဆုံးတဲ့ အချစ်လေ
ခေတ်ကာလရေစီးကြောင်းမှာ
မြစ်တွေဘယ်လို ပြောင်းပြောင်း
စစ်တွေ ဟောင်းပါစေ
စစ်တွေ ညောင်းပါစေ
စစ်တွေ ရှောင်းပါစေ။
အချစ်ကြောင့် မကြေ
စစ်ကြောင့် သေတာပါ
မမခင်ဦးစံပယ်။
စစ်ဆိုတာ
သွေးထွက်တဲ့နိုင်ငံရေး တဲ့။
အဲဒီသွေးတွေလည်း
မထွက်စေချင်တော့ပါဘူး
မမခင်ဦးစံပယ်ရယ်။
စစ်ဆိုသည်မှာ အနုတ်လက္ခဏာ
ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ
စစ်ကို မလိုပါ
ငြိမ်းချမ်းရေးသာ ပေးကြပါ။
ငြိမ်းချမ်းရေးရတဲ့အခါ
ချစ်သူလမ်းကြားမှာ
အနမ်းတွေ ပွင့်လာမယ်။
ငြိမ်းချမ်းရေးရတဲ့အခါ
အမေ့မျက်ဝန်းမှာ
လရောင် ရွှန်းမြနေမယ်။
ငြိမ်းချမ်းရေးရတဲ့အခါ
စမ်းချောင်းကလေးနဲ့ အပြေးပြိုင်
နွေဦးအနိုင်ရမယ်။
ငြိမ်းချမ်းရေးရတဲ့အခါ
စာသင်ခန်းအဝမှာ
အဘမှိုင်း ကိုယ်ထင်ပြလိမ့်မယ်။
ငြိမ်းချမ်းရေးရတဲ့အခါ
အဲဒီအခါ
မငြိမ်းချမ်းစဉ်က အနိဋ္ဌာရုံတွေ
လောကနံရံပေါ်က
ကွာကျကုန်လိမ့်မယ်။
ခက်တာက
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ မငြိမ်းချမ်းသေးတာပဲ။
ကျနော်တို့ မငြိမ်းချမ်းသေးဘူး
မမခင်ဦးစံပယ်။
ငြိမ်းချမ်းရေးကို
တောင်းယူလို့မရ
တိုက်ယူမှ ရမတဲ့။
ငြိမ်းချမ်းရေးအတွက်
တိုက်တဲ့စစ်တွေလည်း
သွေးမြစ်ထဲ တလျဉ်လျဉ်
တေးသစ် မဆင်နိုင်ပါဘူး။
ဒါပေမဲ့ မမခင်ဦးစံပယ်
စစ်မှန်တဲ့တော်လှန်ရေးတွေကတော့
ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်သတဲ့။
စစ်မှန်တဲ့တော်လှန်ရေး
ကျနော် ယုံကြည်တယ်။
အားတော့နာပါရဲ့
လီနင် ပဲ ကိုးကားရတော့မယ်
မမခင်ဦးစံပယ်။
မတ်ဝါဒရဲ့ အခြေခံတရားဟာ
အကြမ်းဖက်တော်လှန်ရေးဖြစ်သတဲ့။
ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
မစ်ရှီဂန်မဲဇာမှာ
ဟိုတုန်းခါ ငယ်ခဲ့ဖူတဲ့ဘဝ
နီခဲ့ဖူးတဲ့ညတွေ
ပြန်အမှတ်ရတယ်။
မတ်ဝါဒရဲ့ အခြေခံတရားဟာ
အကြမ်းဖက်တော်လှန်ရေးဖြစ်တယ်
နှလုံးသားနံရံမှာ ဓားထစ်
ဗော်လ်ရှီဗစ်ဖြစ်ဖူးတဲ့
နွေဦးမျှော်ညတွေ။
တံတားအောက်မှာ
ခေတ်တွေ စီးဆင်းသွားခဲ့ကြပြီ။
တံတားပေါ်မှာ
စနစ်တွေ ပျံနေတုန်း။
မမခင်ဦးစံပယ်ရယ်
ဒီနေ့ တော်လှန်ရေးက
အကြမ်းမဖက်တဲ့တော်လှန်ရေး။
မမခင်ဦးစံပယ်ရယ်
အကြမ်းမဖက် တော်လှန်ရေးဆိုတာ
ဒေါ်အောင်ဆန်းစုကြည်တော်လှန်ရေးပေါ့
လက်နက်မကိုင်တဲ့တော်လှန်ရေး။
မမခင်ဦးစံပယ်ရယ်
အကြမ်းမဖက် တော်လှန်ရေးဆိုတာ
စိတ်ဓာတ်တော်လှန်ရေး
ဒီမိုကရေစီတော်လှန်ရေးပေါ့။
ကျနော်တို့ ယုံကြည်ခဲ့ကြတယ်
မဟတ္တမဂန္ဒီ
မာတင်လူသာကင်း
နယ်လ်ဆင်မင်ဒဲလား။
ဒေါ်အောင်ဆန်းစုကြည်လည်း
ယုံကြည်ခဲ့မှာပဲလေ
ကျနော်တို့ကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ခဲ့တာပဲလေ။
၈-၈-၈၈
ကျနော်တို့ရဲ့
အကြမ်းမဖက်တော်လှန်ရေး။
၈-၈-၈၈
ကျနော်တို့ရဲ့
ဒီမိုကရေစီတော်လှန်ရေး။
၈-၈-၈၈
ကျနော်တို့ရဲ့
လူထုအရေးတော်ပုံ။
မမခင်ဦးစံပယ်ရယ်
လွမ်းလို့မကုန်တဲ့ အလွမ်းတွေ
သေနင်္ဂဗျူဟာမြောက်ပါရဲ့။
သြဂုတ်လရဲ့ မျက်ရည်တွေ
ကျနော် လွမ်းတယ်။
စစ်စခန်းကနေ
လမ်းပေါ်ထွက်လာတဲ့ စစ်သားတွေ
ကျနော် လွမ်းတယ်။
ရွှေတိဂုံအနောက်မုခ်မိန့်ခွန်း
ကျနော် လွမ်းတယ်။
ခွပ်ဒေါင်းအလံနီနီ၊ ရင်ပြင်နီက
၇ ကြိမ်မြောက် ဗ က သ (ဗကသများအဖွဲ့ချုပ်)ညီလာခံ
ကျနော် လွမ်းတယ်။
စက်တင်ဘာ(၁၈)ရက်
သွေးနဲ့ မျက်ရည်အလိမ်းလိမ်း
အာဏာသိမ်းတဲ့
စစ်တပ်အစိမ်း။
မှောင်မှောင်ပိန်းပိန်း ညနေခင်း
ယမ်းနံ့ ညှီနံ့ တသင်းသင်း
စစ်ချီသီချင်းတွေ
အား- မုန်းလိုက်တာ။
အမုန်းနဲ့ ပဲ
ပုန်းရ ရှောင်ရ၊ တိမ်းရတဲ့ညတွေ
ကျနော် လွမ်းတယ်။
အလွမ်းက ကူးစက်တယ်
မမခင်ဦးစံပယ်။
အလွမ်းကူးစက်၊ သွေးကူးစက်လို့
အိပ်မက်က
တက္ကသိုလ်ရိပ်သာလမ်းဘက် ရောက်သွားတယ်။
မ ဆ လ တစ်ခေတ်မှာ
ရွတတဖြစ်သူတွေ
နေရစ်ခဲ့ကြတော့။
ငြိမ်ပိ ** တစ်ခေတ်မှာ
ငြိမ်ကြည့်ဖြစ်နေတဲ့သူတွေ
နေရစ်ခဲ့ကြတော့။
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ဟာ
တရားသေဝါဒသမားတွေလည်း
မဟုတ်ရပါဘူး။
ခေတ်ကာလခြားတော့
မတ်ဝါဒသမားတွေလည်း
အရေးတော်ပုံနဲ့ အတူ ရွေ့လျား
စစ်အာဏာရှင်စနစ်ဖြုတ်ချရေးမှာ
အရေးတော်ပုံတပ်သား
ဒီမိုကရေစီဝါဒသမားတွေ ဖြစ်ကြပေါ့။
ငယ်ငယ်တုန်းက ကွန်မြူနစ်
ကြီးလာတော့ ဒီမိုကရက်။
ဒီမိုကရေစီတော်လှန်ရေးမှာ
ကြွေးကြော်လှုပ်ရှား
အကြမ်းမဖက်သမား။
ဒါပေမဲ့ မမခင်ဦးစံပယ်ရယ်
အကြမ်းမဖက်လည်း
ကျနော်တို့အိပ်မက်က
သွေးတွေ ပန်းထွက်တယ်။
သူတို့က အကြမ်းဖက်တယ်
စစ်တပ်က အကြမ်းဖက်တယ်
မမခင်ဦးစံပယ်။
တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို
မီးလောင်တိုက်သွင်းတဲ့အခါ
ကျနော်ချစ်တဲ့လွယ်အိတ်ကလေးဟာ
အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့တဲ့
ကျနော် လွမ်းတယ်။
ဘဝမှာ ပွဲကြည့်သူဟူ၍ မရှိ
ကားလိပ်လည်း ပွင့်ပြီ
လူသားအပေါင်းတို့
ခင်ဗျားတို့ကို ကျနော်ချစ်ခဲ့တယ်
နိုးနိုးကြားကြားရှိကြလော့ တဲ့
ကျနော် လွမ်းတယ်။
ဆူးစူး၍လျှင်၊ အပ်နဲ့ထွင်သည်
အသင် ဘာပြောချင်သနည်း တဲ့
ကျနော် လွမ်းတယ်။
အလွမ်းက ကူးစက်တယ်
မမခင်ဦးစံပယ်။
အလွမ်းကူးစက်၊ သွေးကူးစက်လို့
အိပ်မက်က
ရွှေဝါရောင်တော်လှန်ရေးထိပ် ရောက်သွားရဲ့
မမခင်ဦးစံပယ်။
သင်္ကန်းတွေ သွေးစွန်းတဲ့တိုင်းပြည်ပါ
မမခင်ဦးစံပယ်။
ရန်-ငါ မပြတ်လို့
သံဃာ အသတ်ခံရတဲ့တိုင်းပြည်ပါ
မမခင်ဦးစံပယ်။
နှလုံးသားထဲ သွေးချောင်းစီး
လမ်းမကြီး နစ်ပြီ။
မိုးကြီးတစ်မ ရွာချ
လောကကြီး နစ်ပြီ။
သွေးက မတိတ်တော့ဘူးလား
မမှိတ်မသုန်ပဲ
အရေးတော်ပုံ ရင်ခုန်ခဲ့ပါတယ်
မမခင်ဦးစံပယ်။
အရေးတော်ပုံ ယုံကြည်ခဲ့ပါတယ်
မမခင်ဦးစံပယ်။
မစ်ရှီဂန်မဲဇာမှာ
အသည်းနာ ကမ္ဘာမကြေ
လွမ်းကြွေးတွေ တင်တယ် မမခင်ဦးစံပယ်။
မကြားဝံ့ မနာသာ
နားနဲ့ မနာ၊ ဖဝါးနဲ့ နာပါဦး
မမခင်ဦးစံပယ်။
တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာဖြစ်တယ် တဲ့
လီနင်ရဲ့ စကား။
နိုင်ငံရေးဆိုတာ
အာဏာအရေး
အာဏာအရေးဆိုတာ
နိုင်ငံရေးပဲ
ကျနော်တို့ အာဏာရမှဖြစ်မယ်
မမခင်ဦးစံပယ်။
စစ်အာဏာရှင်စနစ် အပြီးတိုင်ဖြုတ်ချဖို့
ကျနော်တို့ အာဏာရမှဖြစ်မယ်
မမခင်ဦးစံပယ်။
ဒီနေ့နိုင်ငံရေးဟာ
ငြိမ်းချမ်းရေးကြိုးပမ်းတဲ့ နိုင်ငံရေးပဲ။
စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့
ပြည်သူတွေ အာဏာရမှဖြစ်မယ်
မမခင်ဦးစံပယ်။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
စစ်ကို မလိုလားကြပါဘူး။
စစ်ဗိုလ် စစ်မယားတွေ
လွှတ်တော်ထဲ
ထိုင် ထ လုပ်နေမယ့်အစား
တန်းလျား ပြန်ကြပါတော့လား။
အခုအချိန်မှာ
ပြည်တွင်းငြိမ်းချမ်းရေးကလွဲရင်
ဘယ်အနမ်းမှ မနွေးဘူး
ဘယ်ပန်းမှလည်း မမွှေးဘူး။
တိုင်းပြည်အေးချမ်းအောင်သာလုပ်ကြစို့
မမခင်ဦးစံပယ်ရေ။
ဒေါ်အောင်ဆန်းစုကြည်လည်း
ပင်ပန်းလှပြီ။
ပြည်သူတွေလည်း
ဆင်းရဲလှပြီ။
ငြိမ်းချမ်းရေးဆိုတာ
လွမ်းရင် လွမ်းသလောက်
ပွင့်တဲ့ပန်း။
စစ်တန်းလျားမှာ ပွင့်ပွင့်
ခေတ်ကမ်းပါးမှာ ပွင့်ပွင့်
အချစ်နဲ့ပွင့်ရင်
ပွင့်တဲ့ပန်းတိုင်း
ငြိမ်းချမ်းရေးနဲ့ ၊ စိမ်းလန်းမွှေးမြ
လှပနေမှာပါပဲ မမခင်ဦးစံပယ်။ ။

(ပြီးပါပြီ)

အောင်ဝေး
(မတ် ၆၊ ၂၀၂၀)
* Emily Bronte's "Wuthering Heights"(1847)
** နိုင်ငတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့( န ၀ တ )
##

ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း (နိဂံုး)
--------------------------------------------------
(ေအာင္ေ၀း)
( ၉ )
တိုင္းျပည္ ၿငိမ္းခ်မ္းေအာင္ လုပ္ၾကစို့
မမခင္ဦးစံပယ္ေရ။
ေဒၚေအာင္ဆန္းစုၾကည္လည္း
ပင္ပန္းလွၿပီ။
ကတုတ္က်င္းေတြလည္း
နက္လြန္းမက နက္လြန္းလွၿပီ။
ၿငိမ္းခ်မ္းေရး တန္ဖိုးအတက္ဆုံး
အခ်ိန္ဆိုတာ
ကတုတ္က်င္းေတြ
နက္နက္တူးရတဲ့အခ်ိန္ေပါ ့တဲ့
မမခင္ဦးစံပယ္ရယ္။
မၿငိမ္းခ်မ္းေသးသမွ်
စစ္နဲ့ ေမြးတဲ့
ေသြးျမစ္ တသြင္သြင္
ရာဇ၀င္မွာ
ရင္ကြဲပက္လက္
ညေတြနက္ဆဲ
ခက္တယ္ မမခင္ဦးစံပယ္။
အခ်စ္နဲ့ ၿငိမ္းခ်မ္းေရး
ေတးသစ္ခ်ိဳခ်ိဳ၊ မဆိုခ်င္ဘူလား။
အမုန္း မထား၊ ႏွလုံးသားမွာ
ပန္းမ်ား မပြင့္ခ်င္ဘူးလား။
ေႏြဦးလေရာင္၊ အိမ္မိုးေခါင္
ေဒါင္းတစ္ေကာင္နဲ့ ပ်ားရည္တစ္အိုး
ေခါင္းေလာင္း မထိုးခ်င္ဘူးလား။
မမခင္ဦးစံပယ္ရယ္
မလြမ္းဘူးလား
ျပည္တြင္းၿငိမ္းခ်မ္းေရး။
ၿငိမ္းခ်မ္းေရး
မလြမ္းဘူးလား မမခင္ဦးစံပယ္။
ၿငိမ္းခ်မ္းေရး
ျပည္တြင္းၿငိမ္းခ်မ္းေရးဆိုတာ
ေပ်ာက္ေနတဲ့လမ္းလား။
ျပည္တြင္းၿငိမ္းခ်မ္းေရး
ၿငိမ္းခ်မ္းေရးဆိုတာ
ရွာမေတြ့တဲ့လမ္းလား။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
လမ္းေပ်ာက္တဲ့ၿမိဳင္လား
မမခင္ဦးစံပယ္။
"I'd lost my way on the moor for twenty years."
"က်မ လမ္းေပ်ာက္ေနတာ
အႏွစ္ႏွစ္ဆယ္" တဲ့
ေလထန္ကုန္း * ၀တၳဳႀကီးထဲက
ကက္သရင္းအန္းေရွာရဲ့ အသံ။
ႏွင္းသည္းေလထန္ ညတစ္ည
ျပတင္းမွန္စ တံခါး၀
၀က္၀ံလက္နဲ့ ကုတ္ျခစ္တယ္။
မမခင္ဦးစံပယ္ေရ
ျပည္တြင္းစစ္
၁၉၄၈- ၂၀၂၀
အႏွစ္ ခုနစ္ဆယ္။
ကက္သရင္းအန္းေရွာရယ္
ငါတို့ လမ္းေပ်ာက္ေနတာ
အႏွစ္ ခုနစ္ဆယ္ပါ။
အႏွစ္ ခုနစ္ဆယ္
ငါတို့ လမ္းေပ်ာက္ေနတာပါကြယ္။
ၿငိမ္းခ်မ္းေရးဆိုတာ
ေတာလမ္းကေလးမွာ
ေတာပန္းေဖြးေဖြးေတြကလည္း ေမႊးလို့
ေလညင္းေအးခ်ဳိ၊ ညေနညိဳ
ခ်စ္သူလည္ပင္း ခိုစီး
ေတးဆို ညည္းရတဲ့
ဘ၀ခရီးမ်ိဳးပဲ ျဖစ္သင့္ပါရဲ့။
ၿငိမ္းခ်မ္းေရးခရီး
မၿပီးဆုံးတဲ့ အခ်စ္ေလ
ေခတ္ကာလေရစီးေၾကာင္းမွာ
ျမစ္ေတြဘယ္လို ေျပာင္းေျပာင္း
စစ္ေတြ ေဟာင္းပါေစ
စစ္ေတြ ေညာင္းပါေစ
စစ္ေတြ ေရွာင္းပါေစ။
အခ်စ္ေၾကာင့္ မေၾက
စစ္ေၾကာင့္ ေသတာပါ
မမခင္ဦးစံပယ္။
စစ္ဆိုတာ
ေသြးထြက္တဲ့ႏိုင္ငံေရး တဲ့။
အဲဒီေသြးေတြလည္း
မထြက္ေစခ်င္ေတာ့ပါဘူး
မမခင္ဦးစံပယ္ရယ္။
စစ္ဆိုသည္မွာ အႏုတ္လကၡဏာ
ၿငိမ္းခ်မ္းေရးသာ အေပါင္းလကၡဏာ
စစ္ကို မလိုပါ
ၿငိမ္းခ်မ္းေရးသာ ေပးၾကပါ။
ၿငိမ္းခ်မ္းေရးရတဲ့အခါ
ခ်စ္သူလမ္းၾကားမွာ
အနမ္းေတြ ပြင့္လာမယ္။
ၿငိမ္းခ်မ္းေရးရတဲ့အခါ
အေမ့မ်က္၀န္းမွာ
လေရာင္ ရႊန္းျမေနမယ္။
ၿငိမ္းခ်မ္းေရးရတဲ့အခါ
စမ္းေခ်ာင္းကေလးနဲ့ အေျပးၿပိဳင္
ေႏြဦးအႏိုင္ရမယ္။
ၿငိမ္းခ်မ္းေရးရတဲ့အခါ
စာသင္ခန္းအ၀မွာ
အဘမိွဳင္း ကိုယ္ထင္ျပလိမ့္မယ္။
ၿငိမ္းခ်မ္းေရးရတဲ့အခါ
အဲဒီအခါ
မၿငိမ္းခ်မ္းစဥ္က အနိ႒ာရံုေတြ
ေလာကနံရံေပၚက
ကြာက်ကုန္လိမ့္မယ္။
ခက္တာက
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့ မၿငိမ္းခ်မ္းေသးတာပဲ။
က်ေနာ္တို့ မၿငိမ္းခ်မ္းေသးဘူး
မမခင္ဦးစံပယ္။
ၿငိမ္းခ်မ္းေရးကို
ေတာင္းယူလို့မရ
တိုက္ယူမွ ရမတဲ့။
ၿငိမ္းခ်မ္းေရးအတြက္
တိုက္တဲ့စစ္ေတြလည္း
ေသြးျမစ္ထဲ တလ်ဥ္လ်ဥ္
ေတးသစ္ မဆင္ႏိုင္ပါဘူး။
ဒါေပမဲ့ မမခင္ဦးစံပယ္
စစ္မွန္တဲ့ေတာ္လွန္ေရးေတြကေတာ့
ၿငိမ္းခ်မ္းေရးကို ေဆာင္ၾကဥ္းႏိုင္သတဲ့။
စစ္မွန္တဲ့ေတာ္လွန္ေရး
က်ေနာ္ ယုံၾကည္တယ္။
အားေတာ့နာပါရဲ့
လီနင္ ပဲ ကိုးကားရေတာ့မယ္
မမခင္ဦးစံပယ္။
မတ္၀ါဒရဲ့ အေျခခံတရားဟာ
အၾကမ္းဖက္ေတာ္လွန္ေရးျဖစ္သတဲ့။
ခ်စ္လွစြာေသာျပည္ေျပး
အေ၀းေရာက္ႏွလုံးသားဟာ
မစ္ရွီဂန္မဲဇာမွာ
ဟိုတုန္းခါ ငယ္ခဲ့ဖူတဲ့ဘ၀
နီခဲ့ဖူးတဲ့ညေတြ
ျပန္အမွတ္ရတယ္။
မတ္၀ါဒရဲ့ အေျခခံတရားဟာ
အၾကမ္းဖက္ေတာ္လွန္ေရးျဖစ္တယ္
ႏွလုံးသားနံရံမွာ ဓားထစ္
ေဗာ္လ္ရွီဗစ္ျဖစ္ဖူးတဲ့
ေႏြဦးေမွ်ာ္ညေတြ။
တံတားေအာက္မွာ
ေခတ္ေတြ စီးဆင္းသြားခဲ့ၾကၿပီ။
တံတားေပၚမွာ
စနစ္ေတြ ပ်ံေနတုန္း။
မမခင္ဦးစံပယ္ရယ္
ဒီေန့ ေတာ္လွန္ေရးက
အၾကမ္းမဖက္တဲ့ေတာ္လွန္ေရး။
မမခင္ဦးစံပယ္ရယ္
အၾကမ္းမဖက္ ေတာ္လွန္ေရးဆိုတာ
ေဒၚေအာင္ဆန္းစုၾကည္ေတာ္လွန္ေရးေပါ ့
လက္နက္မကိုင္တဲ့ေတာ္လွန္ေရး။
မမခင္ဦးစံပယ္ရယ္
အၾကမ္းမဖက္ ေတာ္လွန္ေရးဆိုတာ
စိတ္ဓာတ္ေတာ္လွန္ေရး
ဒီမိုကေရစီေတာ္လွန္ေရးေပါ ့။
က်ေနာ္တို့ ယုံၾကည္ခဲ့ၾကတယ္
မဟတၱမဂႏၵီ
မာတင္လူသာကင္း
နယ္လ္ဆင္မင္ဒဲလား။
ေဒၚေအာင္ဆန္းစုၾကည္လည္း
ယုံၾကည္ခဲ့မွာပဲေလ
က်ေနာ္တို့ကလည္း
ေဒၚေအာင္ဆန္းစုၾကည္ကို ယုံၾကည္ခဲ့တာပဲေလ။
၈-၈-၈၈
က်ေနာ္တို့ရဲ့
အၾကမ္းမဖက္ေတာ္လွန္ေရး။
၈-၈-၈၈
က်ေနာ္တို့ရဲ့
ဒီမိုကေရစီေတာ္လွန္ေရး။
၈-၈-၈၈
က်ေနာ္တို့ရဲ့
လူထုအေရးေတာ္ပုံ။
မမခင္ဦးစံပယ္ရယ္
လြမ္းလို့မကုန္တဲ့ အလြမ္းေတြ
ေသနဂၤဗ်ဴဟာေျမာက္ပါရဲ့။
ၾသဂုတ္လရဲ့ မ်က္ရည္ေတြ
က်ေနာ္ လြမ္းတယ္။
စစ္စခန္းကေန
လမ္းေပၚထြက္လာတဲ့ စစ္သားေတြ
က်ေနာ္ လြမ္းတယ္။
ေရႊတိဂံုအေနာက္မုခ္မိန့္ခြန္း
က်ေနာ္ လြမ္းတယ္။
ခြပ္ေဒါင္းအလံနီနီ၊ ရင္ျပင္နီက
၇ ႀကိမ္ေျမာက္ ဗ က သ (ဗကသမ်ားအဖြဲ့ခ်ဳပ္)ညီလာခံ
က်ေနာ္ လြမ္းတယ္။
စက္တင္ဘာ(၁၈)ရက္
ေသြးနဲ့ မ်က္ရည္အလိမ္းလိမ္း
အာဏာသိမ္းတဲ့
စစ္တပ္အစိမ္း။
ေမွာင္ေမွာင္ပိန္းပိန္း ညေနခင္း
ယမ္းနံ့ ညွီန့ံ တသင္းသင္း
စစ္ခ်ီသီခ်င္းေတြ
အား- မုန္းလိုက္တာ။
အမုန္းနဲ့ ပဲ
ပုန္းရ ေရွာင္ရ၊ တိမ္းရတဲ့ညေတြ
က်ေနာ္ လြမ္းတယ္။
အလြမ္းက ကူးစက္တယ္
မမခင္ဦးစံပယ္။
အလြမ္းကူးစက္၊ ေသြးကူးစက္လို့
အိပ္မက္က
တကၠသိုလ္ရိပ္သာလမ္းဘက္ ေရာက္သြားတယ္။
မ ဆ လ တစ္ေခတ္မွာ
ရြတတျဖစ္သူေတြ
ေနရစ္ခဲ့ၾကေတာ့။
ၿငိမ္ပိ ** တစ္ေခတ္မွာ
ၿငိမ္ၾကည့္ျဖစ္ေနတဲ့သူေတြ
ေနရစ္ခဲ့ၾကေတာ့။
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့ဟာ
တရားေသ၀ါဒသမားေတြလည္း
မဟုတ္ရပါဘူး။
ေခတ္ကာလျခားေတာ့
မတ္၀ါဒသမားေတြလည္း
အေရးေတာ္ပုံနဲ့ အတူ ေရြ့လ်ား
စစ္အာဏာရွင္စနစ္ျဖဳတ္ခ်ေရးမွာ
အေရးေတာ္ပုံတပ္သား
ဒီမိုကေရစီ၀ါဒသမားေတြ ျဖစ္ၾကေပါ ့။
ငယ္ငယ္တုန္းက ကြန္ျမဴနစ္
ႀကီးလာေတာ့ ဒီမိုကရက္။
ဒီမိုကေရစီေတာ္လွန္ေရးမွာ
ေၾကြးေၾကာ္လွဳပ္ရွား
အၾကမ္းမဖက္သမား။
ဒါေပမဲ့ မမခင္ဦးစံပယ္ရယ္
အၾကမ္းမဖက္လည္း
က်ေနာ္တို့အိပ္မက္က
ေသြးေတြ ပန္းထြက္တယ္။
သူတို့က အၾကမ္းဖက္တယ္
စစ္တပ္က အၾကမ္းဖက္တယ္
မမခင္ဦးစံပယ္။
တိုင္းျပည္ရဲ့ ၀မ္းဗိုက္ကို
မီးေလာင္တိုက္သြင္းတဲ့အခါ
က်ေနာ္ခ်စ္တဲ့လြယ္အိတ္ကေလးဟာ
အိမ္နံရံထက္မွာ က်န္ခဲ့ေပါ ့တဲ့
က်ေနာ္ လြမ္းတယ္။
ဘ၀မွာ ပြဲၾကည့္သူဟူ၍ မရွိ
ကားလိပ္လည္း ပြင့္ၿပီ
လူသားအေပါင္းတို့
ခင္ဗ်ားတို့ကို က်ေနာ္ခ်စ္ခဲ့တယ္
ႏိုးႏိုးၾကားၾကားရွိၾကေလာ့ တဲ့
က်ေနာ္ လြမ္းတယ္။
ဆူးစူး၍လွ်င္၊ အပ္နဲ့ထြင္သည္
အသင္ ဘာေျပာခ်င္သနည္း တဲ့
က်ေနာ္ လြမ္းတယ္။
အလြမ္းက ကူးစက္တယ္
မမခင္ဦးစံပယ္။
အလြမ္းကူးစက္၊ ေသြးကူးစက္လို့
အိပ္မက္က
ေရႊ၀ါေရာင္ေတာ္လွန္ေရးထိပ္ ေရာက္သြားရဲ့
မမခင္ဦးစံပယ္။
သကၤန္းေတြ ေသြးစြန္းတဲ့တိုင္းျပည္ပါ
မမခင္ဦးစံပယ္။
ရန္-ငါ မျပတ္လို့
သံဃာ အသတ္ခံရတဲ့တိုင္းျပည္ပါ
မမခင္ဦးစံပယ္။
ႏွလုံးသားထဲ ေသြးေခ်ာင္းစီး
လမ္းမႀကီး နစ္ၿပီ။
မိုးႀကီးတစ္မ ရြာခ်
ေလာကႀကီး နစ္ၿပီ။
ေသြးက မတိတ္ေတာ့ဘူးလား
မမွိတ္မသုန္ပဲ
အေရးေတာ္ပုံ ရင္ခုန္ခဲ့ပါတယ္
မမခင္ဦးစံပယ္။
အေရးေတာ္ပုံ ယုံၾကည္ခဲ့ပါတယ္
မမခင္ဦးစံပယ္။
မစ္ရွီဂန္မဲဇာမွာ
အသည္းနာ ကမၻာမေၾက
လြမ္းေၾကြးေတြ တင္တယ္ မမခင္ဦးစံပယ္။
မၾကား၀ံ့ မနာသာ
နားနဲ့ မနာ၊ ဖ၀ါးနဲ့ နာပါဦး
မမခင္ဦးစံပယ္။
ေတာ္လွန္ေရးရဲ့ အေျခခံျပႆနာဟာ
အာဏာျပႆနာျဖစ္တယ္ တဲ့
လီနင္ရဲ့ စကား။
ႏိုင္ငံေရးဆိုတာ
အာဏာအေရး
အာဏာအေရးဆိုတာ
ႏိုင္ငံေရးပဲ
က်ေနာ္တို့ အာဏာရမွျဖစ္မယ္
မမခင္ဦးစံပယ္။
စစ္အာဏာရွင္စနစ္ အၿပီးတိုင္ျဖဳတ္ခ်ဖို့
က်ေနာ္တို့ အာဏာရမွျဖစ္မယ္
မမခင္ဦးစံပယ္။
ဒီေန့ႏိုင္ငံေရးဟာ
ၿငိမ္းခ်မ္းေရးႀကိဳးပမ္းတဲ့ ႏိုင္ငံေရးပဲ။
စစ္မွန္တဲ့ၿငိမ္းခ်မ္းေရးရဖို့
ျပည္သူေတြ အာဏာရမွျဖစ္မယ္
မမခင္ဦးစံပယ္။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
စစ္ကို မလိုလားၾကပါဘူး။
စစ္ဗိုလ္ စစ္မယားေတြ
လႊတ္ေတာ္ထဲ
ထိုင္ ထ လုပ္ေနမယ့္အစား
တန္းလ်ား ျပန္ၾကပါေတာ့လား။
အခုအခ်ိန္မွာ
ျပည္တြင္းၿငိမ္းခ်မ္းေရးကလြဲရင္
ဘယ္အနမ္းမွ မေႏြးဘူး
ဘယ္ပန္းမွလည္း မေမႊးဘူး။
တိုင္းျပည္ေအးခ်မ္းေအာင္သာလုပ္ၾကစို့
မမခင္ဦးစံပယ္ေရ။
ေဒၚေအာင္ဆန္းစုၾကည္လည္း
ပင္ပန္းလွၿပီ။
ျပည္သူေတြလည္း
ဆင္းရဲလွၿပီ။
ၿငိမ္းခ်မ္းေရးဆိုတာ
လြမ္းရင္ လြမ္းသေလာက္
ပြင့္တဲ့ပန္း။
စစ္တန္းလ်ားမွာ ပြင့္ပြင့္
ေခတ္ကမ္းပါးမွာ ပြင့္ပြင့္
အခ်စ္နဲ့ပြင့္ရင္
ပြင့္တဲ့ပန္းတိုင္း
ၿငိမ္းခ်မ္းေရးနဲ့ ၊ စိမ္းလန္းေမႊးျမ
လွပေနမွာပါပဲ မမခင္ဦးစံပယ္။ ။
(ၿပီးပါၿပီ)

ေ အ ာ င္ ေ ၀ း
(မတ္ ၆၊ ၂၀၂၀)
* Emily Bronte's "Wuthering Heights"(1847)
** ႏိုင္ငေတာ္ၿငိမ္၀ပ္ပိျပားမွဳတည္ေဆာက္ေရးအဖြဲ့( န ၀ တ )

0 comments: