Friday, March 6, 2020

သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၈ )


အပြာရောင်ဗော်လ်ရှီဗစ် တဲ့လား
မမခင်ဦးစံပယ်ရယ်။
ကျနော့်ကိုယ်ကျနော်လေ
အပြာရောင်ဗော်လ်ရှီဗစ် တဲ့
ကျနော့်ကိုယ်ကျနော်လေ။
ဗော်လ်ရှီဗစ်တော့ ဗောလ်ရှီဗစ်ပါပဲ
ဒါပေမဲ့
အပြာရောင်။
ကျနော် ဝန်ခံပါတယ်
မမခင်ဦးစံပယ်
ခုနေခါ ကျနော်ဟာ
ဗော်လ်ရှီဗစ်အပြာရောင်
အပြာရောင်ဗော်လ်ရှီဗစ်ပေါ့
ကျနော် ဝန်ခံပါရဲ့။
ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
မစ်ရှီဂန်မဲဇာမှာ
ဟိုတုန်းခါ
ငယ်ခဲ့ဖူးတဲ့ ဘဝ
ဟိုတုန်းခါ
နီခဲ့ဖူးတဲ့ ဘဝ
မ ဆ လ ခေတ်ကို ပြန်အမှတ်ရ
ရင်ထဲက လွမ်း
နာကြည်းတမ်းတမိပါရဲ့။
တစ်ရံရောများ
သေနတ်ပြောင်းတွေကြား
ဖက်ဆစ်ဓားသွားအောက်
တောက်ပနီရဲခဲ့ကြ
ကျနော်တို့ငယ်ဘဝ။
အင်အားတက်ကြွ၊ တိုးတက်လှတဲ့
ပင်မရေစီးပေါ့။
ခေတ်က ဆိုးရမ်း
မြစ်က ကြမ်းတော့
အလွမ်းက
ရေစီးသန်လှချည်ရဲ့ မမခင်ဦးစံပယ်။
" ငယ် " ခဲ့ဖူး သတဲ့
" နီ " ခဲ့ဖူး သတဲ့
စကားလုံးနောက်မှာ
အဘိဓမ္မာ
အဘိဓမ္မာနောက်မှာ
ရာဇဝင်ပါတယ်
မမခင်ဦးစံပယ်။
ဟိုတုန်းကတော့
ကျနော်တို့ဟာ
အနီရောင်ဗော်လ်ရှီဗစ်တွေ
ဖြစ်ခဲ့ကြမှာပေါ့။
ဖြစ်ခဲ့ကြတာပေါ့
မမခင်ဦးစံပယ်။
တချို့လည်း ပန်းနုရောင်
ဘာဖြစ်သလဲ
ဗော်လ်ရှီဗစ်မှန်
ရင်ခုန်သံက
တစ်ဂီတတည်း။
ဗော်လ်ရှီဗစ်မှန်
အတောင်ပံက
တစ်သွေးတစ်သံတည်း။
ရဲရင့်တဲ့ နှလုံးသားဟာ
ဘဝတစ်ခုလုံး
ဗထက်ခြိုက်ငါးလုံးနဲ့
ဖုံးအုပ်ထားသပေါ့။
မမခင်ဦးစံပယ်
"နောက်ဆုတ်ရန် ချန်ထားတဲ့ တံတားကို
မီးရှို့ပစ်ရဲသူသာ
ဗော်လ်ရှီဗစ် ပီသသူဖြစ်တယ်" တဲ့
ကျနော်တို့ရဲ့
ဘောင်းဘီဝတ်မိုးတိမ်ကြီး
မာယာကော့ဖ်စကီး ဆိုလေရဲ့။
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ရဲ့
ထာဝရလင်းယုန်ကြီး
ဗန်းမော်တင်အောင်ကတော့
ဖောင်ဖျက်ပြီး တိုက်ခဲ့ပေရဲ့။
တံတား မီးရှို့ရဲတဲ့ အဘိဓမ္မာ
ဖောင် ဖျက်ရဲတဲ့ အဘိဓမ္မာ။
မမခင်ဦးစံပယ်ရယ်
တော်လှန်တိုးတက်တဲ့ အတွေးအခေါ်ဆိုတာ
လက်ယာဘက်က မလာပါဘူး။
မမခင်ဦးစံပယ်ရယ်
တော်လှန်တိုးတက်တဲ့ အတွေးအခေါ်ဆိုတာ
လက်ဝဲဘက်ကပဲ လာတာပါ။
ကျနော်တို့ဟာ
လက်ဝဲတွေပါ
ကျနော်တို့ဟာ
လက်ဝဲတွေပေါ့ မမခင်ဦးစံပယ်။
ဒီမယ် မမခင်ဦးစံပယ်
တော်လှန်တဲ့အတွေးအခေါ်တစ်ရပ် မရှိဘဲ
တော်လှန်တဲ့အရေးတော်ပုံတစ်ရပ် မရှိနိုင် တဲ့။
ဒီမယ် မမခင်ဦးစံပယ်
တော်လှန်တဲ့တပ်ဦးတစ်ခု မရှိဘဲ
တော်လှန်တဲ့အရေးတော်ပုံ မအောင်မြင်နိုင် တဲ့။
မမခင်ဦးစံပယ်
ကျနော်တို့ဟာ ကျောင်းသား
ကျောင်းသားဆိုတာ ပညာတတ်ပဲ။
ပညာတတ်တွေ
တော်လှန်ရေးထဲ မပါလာသေးသရွေ့
အောင်ပွဲဟာ မပြီးပြည့်စုံနိုင် တဲ့
သိပြီလား မမခင်ဦးစံပယ်။
ဒါတွေဟာ
လီနင်က သင်ကြားခဲ့တာပါ
(အစိုးရနှင့်တော်လှန်ရေးကျမ်း)။
ဒါတွေကို
ဗ က ပ က ထပ်ဆင့်သင်ကြားခဲ့တာပါ။
မမခင်ဦးစံပယ်
မ ဆ လ တစ်ခေတ်လုံးဟာ
ကျနော်တို့ကျောင်းသားတွေ
" ဗ က ပ သြဇာခံ " လို့
နေဝင်းတံဆိပ်တပ်ခံရတဲ့ခေတ်ပေါ့။
န ၀ တ ခေတ်ကတော့
ခင်ညွန့် တံဆိပ်တပ်ခံရတဲ့အဖြစ်ပေါ့။
မမခင်ဦးစံပယ်
ကျနော်တို့က
ခေတ်ကို မပြဋ္ဌာန်းနိုင်ပါဘူး
ခေတ်ကသာ
ကျနော်တို့ကို ပြဋ္ဌာန်းတာပါ မမခင်ဦးစံပယ်။
တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ
ရန်သူက ပြဋ္ဌာန်းတာပါ။
ခေတ်က ပြဋ္ဌာန်း
ရန်သူက ပြဋ္ဌာန်းတော့
ကျနော်တို့ဟာ
ဗ က ပ လွမ်းသူတွေဖြစ်ပေါ့
မမခင်ဦးစံပယ်ရယ်
ဗ က ပ လွမ်းသူဟာ ကျနော်တို့ပေါ့။
"ကိုဌေးမြိုင်
ကျနော်တို့ဘက်က
ရပ်တည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်။
သန်းထွန်း" တဲ့။
တောထဲကလာတဲ့ စာ
ရာဇဝင် ရှိတယ်။
ဒဂုန်တာရာဆီ
သခင်သန်းထွန်း ရေးလိုက်တဲ့စာ
အဘိဓမ္မာ ရှိတယ်။
သမိုင်းခေတ်ဖြတ်သန်း
ဆူးခင်းလမ်းမှာ
အလွမ်းက ကြမ်းတယ်
ဒါပေမဲ့ ခမ်းနားတယ် မမခင်ဦးစံပယ်။
"ငယ်ငယ်တုန်းက ကွန်မြူနစ်" တဲ့
ကျနော်တို့ဖတ်ခဲ့တဲ့ ဝတ္ထုပေါ့။
မမခင်ဦးစံပယ်
ဒီဝတ္ထုရေးသူရဲ့ အုတ်ဂူ
ဒီမှာရှိပါရဲ့။
နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့
စိမ်းညို့တဲ့သုသန်ကလေးတစ်ခုမှာ
ဆရာမောင်သာရ လဲလှောင်းနေပါရဲ့။
ကျနော်ဟာ အပြာရောင်ဗော်လ်ရှီဗစ်ပါ
မမခင်ဦးစံပယ်
ဆရာမောင်သာရအုတ်ဂူရှေ့ရောက်တဲ့အခါ
ကျနော် ဝန်ခံပါဦးမယ်။
မမခင်ဦးစံပယ်ရယ်
ဘဝကို နှစ်ခြမ်း ခြမ်းရင်
တစ်ခြမ်းက ဗ က ပ။
နောက်တစ်ခြမ်းက
ဗ က သ ပေါ့ မမခင်ဦးစံပယ်ရယ်။
ကျနော်တို့ဟာ
ဗ က သ
ဗ က သ (ဗကသများအဖွဲ့ချုပ်)
ရာဇဝင်ရုပ်အဖွဲ့အစည်း
အလွမ်းကြီးသူတွေပါ မမခင်ဦးစံပယ်။
၁၉၃၆
ရွှေတိဂုံကုန်းတော်၊ မော်လမြိုင်ဇရပ်
အင်းလျားဆောင်သူ မအမာ အစ။
၁၃၀၀ပြည့်အရေးတော်ပုံ၊ ရင်ခုန်သမျှ
ကိုဗဟိန်း အလယ်။
၁၉၆၂ ဆဲဗင်းဂျူလိုင် သွေးတစက်စက်
ကိုသက် အဆုံး။
အားလုံးဟာ
မပြီးဆုံးတဲ့အလွမ်း
ခမ်းနားလှပါရဲ့။
ဗ က သ
ဗ က သ (ဗကသများအဖွဲ့ချုပ်)
ကျောက်အုတ်တွေလေ
ဘယ်တော့မှ မပြိုလဲတဲ့
ကျောက်အုတ်တွေပေါ့ မမခင်ဦးစံပယ်။
သစ်ပုပ်ပင်ရင်းမှာ
နှင်းများ သက်သေ။
အဓိပတိလမ်းမှာ
စိန်ပန်း သက်သေ။
ကံ့ကော်တောမှာ
အလွမ်းအမော သက်သေ။
ရင်ပြင်နီမှာ
နှင်းဆီ သက်သေ။
မမခင်ဦးစံပယ်ရေ
ရေစီးကြမ်းတဲ့
ခေတ်ကြီး ကမ်းပါးမှာ
အလွမ်းအားသန်သန်
ဆန်နေတဲ့မြစ်
အဲဒါ ဗ က သ မြစ်ပေါ့
ကျနော်ချစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းက စ
သခင်ဗဟိန်း
ဗန်းမော်တင်အောင်
ဗ က ပ
ဗ က သ အဆုံး
အားလုံးဟာ
မပြီးဆုံးတဲ့အလွမ်း
ခမ်းလည်းခမ်းနားလှပါရဲ့။
မမခင်ဦးစံပယ်ရယ်
တစ်ခန်းမရပ်တဲ့
အလွမ်းဇာတ်တွေ
ကျနော် အထပ်ထပ်လွမ်းပါရဲ့။
လွမ်းတတ်ရင်
အနာဂတ်ကို ခင်မယ် မမခင်ဦးစံပယ်။
လွမ်းဖူးရင်
နွေဦးကို မြင်မယ် မမခင်ဦးစံပယ်။
လွမ်းရဲရင်
အောင်ပွဲကို ဆင်မယ် မမခင်ဦးစံပယ်။
မမခင်ဦးစံပယ်ရေ
လွမ်းတော့
အချစ်နဲ့လွမ်းရင်
လွမ်းတဲ့မြစ်က
ဘယ်တော့မှ ရေမနစ်ဘူး။ ။

အောင်ဝေး
(ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀)

  ##

ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း

( ၈ )
အျပာေရာင္ေဗာ္လ္ရွီဗစ္ တဲ့လား
မမခင္ဦးစံပယ္ရယ္။
က်ေနာ့္ကိုယ္က်ေနာ္ေလ
အျပာေရာင္ေဗာ္လ္ရွီဗစ္ တဲ့
က်ေနာ့္ကိုယ္က်ေနာ္ေလ။
ေဗာ္လ္ရွီဗစ္ေတာ့ ေဗာလ္ရွီဗစ္ပါပဲ
ဒါေပမဲ့
အျပာေရာင္။
က်ေနာ္ ၀န္ခံပါတယ္
မမခင္ဦးစံပယ္
ခုေနခါ က်ေနာ္ဟာ
ေဗာ္လ္ရွီဗစ္အျပာေရာင္
အျပာေရာင္ေဗာ္လ္ရွီဗစ္ေပါ ့
က်ေနာ္ ၀န္ခံပါရဲ့။
ခ်စ္လွစြာေသာျပည္ေျပး
အေ၀းေရာက္ႏွလုံးသားဟာ
မစ္ရွီဂန္မဲဇာမွာ
ဟိုတုန္းခါ
ငယ္ခဲ့ဖူးတဲ့ ဘ၀
ဟိုတုန္းခါ
နီခဲ့ဖူးတဲ့ ဘ၀
မ ဆ လ ေခတ္ကို ျပန္အမွတ္ရ
ရင္ထဲက လြမ္း
နာၾကည္းတမ္းတမိပါရဲ့။
တစ္ရံေရာမ်ား
ေသနတ္ေျပာင္းေတြၾကား
ဖက္ဆစ္ဓားသြားေအာက္
ေတာက္ပနီရဲခဲ့ၾက
က်ေနာ္တို့ငယ္ဘ၀။
အင္အားတက္ၾကြ၊ တိုးတက္လွတဲ့
ပင္မေရစီးေပါ ့။
ေခတ္က ဆိုးရမ္း
ျမစ္က ၾကမ္းေတာ့
အလြမ္းက
ေရစီးသန္လွခ်ည္ရဲ့ မမခင္ဦးစံပယ္။
" ငယ္ " ခဲ့ဖူး သတဲ့
" နီ " ခဲ့ဖူး သတဲ့
စကားလုံးေနာက္မွာ
အဘိဓမၼာ
အဘိဓမၼာေနာက္မွာ
ရာဇ၀င္ပါတယ္
မမခင္ဦးစံပယ္။
ဟိုတုန္းကေတာ့
က်ေနာ္တို့ဟာ
အနီေရာင္ေဗာ္လ္ရွီဗစ္ေတြ
ျဖစ္ခဲ့ၾကမွာေပါ့။
ျဖစ္ခဲ့ၾကတာေပါ ့ ့
မမခင္ဦးစံပယ္။
တခ်ိဳ့လည္း ပန္းႏုေရာင္
ဘာျဖစ္သလဲ
ေဗာ္လ္ရွီဗစ္မွန္
ရင္ခုန္သံက
တစ္ဂီတတည္း။
ေဗာ္လ္ရွီဗစ္မွန္
အေတာင္ပံက
တစ္ေသြးတစ္သံတည္း။
ရဲရင့္တဲ့ ႏွလုံးသားဟာ
ဘ၀တစ္ခုလုံး
ဗထက္ၿခိဳက္ငါးလုံးနဲ့
ဖုံးအုပ္ထားသေပါ ့။
မမခင္ဦးစံပယ္
"ေနာက္ဆုတ္ရန္ ခ်န္ထားတဲ့ တံတားကို
မီးရွိဳ့ပစ္ရဲသူသာ
ေဗာ္လ္ရွီဗစ္ ပီသသူျဖစ္တယ္" တဲ့
က်ေနာ္တို့ရဲ့
ေဘာင္းဘီ၀တ္မိုးတိမ္ႀကီး
မာယာေကာ့ဖ္စကီး ဆိုေလရဲ့။
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့ရဲ့
ထာ၀ရလင္းယုန္ႀကီး
ဗန္းေမာ္တင္ေအာင္ကေတာ့
ေဖာင္ဖ်က္ၿပီး တိုက္ခဲ့ေပရဲ့။
တံတား မီးရွိဳ့ရဲတဲ့ အဘိဓမၼာ
ေဖာင္ ဖ်က္ရဲတဲ့ အဘိဓမၼာ။
မမခင္ဦးစံပယ္ရယ္
ေတာ္လွန္တိုးတက္တဲ့ အေတြးအေခၚဆိုတာ
လက္ယာဘက္က မလာပါဘူး။
မမခင္ဦးစံပယ္ရယ္
ေတာ္လွန္တိုးတက္တဲ့ အေတြးအေခၚဆိုတာ
လက္၀ဲဘက္ကပဲ လာတာပါ။
က်ေနာ္တို့ဟာ
လက္၀ဲေတြပါ
က်ေနာ္တို့ဟာ
လက္၀ဲေတြေပါ ့ မမခင္ဦးစံပယ္။
ဒီမယ္ မမခင္ဦးစံပယ္
ေတာ္လွန္တဲ့အေတြးအေခၚတစ္ရပ္ မရွိဘဲ
ေတာ္လွန္တဲ့အေရးေတာ္ပုံတစ္ရပ္ မရွိႏိုင္ တဲ့။
ဒီမယ္ မမခင္ဦးစံပယ္
ေတာ္လွန္တဲ့တပ္ဦးတစ္ခု မရွိဘဲ
ေတာ္လွန္တဲ့အေရးေတာ္ပုံ မေအာင္ျမင္ႏိုင္ တဲ့။
မမခင္ဦးစံပယ္
က်ေနာ္တို့ဟာ ေက်ာင္းသား
ေက်ာင္းသားဆိုတာ ပညာတတ္ပဲ။
ပညာတတ္ေတြ
ေတာ္လွန္ေရးထဲ မပါလာေသးသေရြ့
ေအာင္ပြဲဟာ မၿပီးျပည့္စုံႏိုင္ တဲ့
သိၿပီလား မမခင္ဦးစံပယ္။
ဒါေတြဟာ
လီနင္က သင္ၾကားခဲ့တာပါ
(အစိုးရႏွင့္ေတာ္လွန္ေရးက်မ္း)။
ဒါေတြကို
ဗ က ပ က ထပ္ဆင့္သင္ၾကားခဲ့တာပါ။
မမခင္ဦးစံပယ္
မ ဆ လ တစ္ေခတ္လုံးဟာ
က်ေနာ္တို့ေက်ာင္းသားေတြ
" ဗ က ပ ၾသဇာခံ " လို့
ေန၀င္းတံဆိပ္တပ္ခံရတဲ့ေခတ္ေပါ ့။
န ၀ တ ေခတ္ကေတာ့
ခင္ညြန့္ တံဆိပ္တပ္ခံရတဲ့အျဖစ္ေပါ ့။
မမခင္ဦးစံပယ္
က်ေနာ္တို့က
ေခတ္ကို မျပ႒ာန္းႏိုင္ပါဘူး
ေခတ္ကသာ
က်ေနာ္တို့ကို ျပ႒ာန္းတာပါ မမခင္ဦးစံပယ္။
တိုက္ပြဲပုံသ႑ာန္ဆိုတာ
ရန္သူက ျပ႒ာန္းတာပါ။
ေခတ္က ျပ႒ာန္း
ရန္သူက ျပ႒ာန္းေတာ့
က်ေနာ္တို့ဟာ
ဗ က ပ လြမ္းသူေတြျဖစ္ေပါ ့
မမခင္ဦးစံပယ္ရယ္
ဗ က ပ လြမ္းသူဟာ က်ေနာ္တို့ေပါ ့။
"ကိုေဌးၿမိဳင္
က်ေနာ္တို့ဘက္က
ရပ္တည္ေပးတဲ့အတြက္
ေက်းဇူးတင္တယ္။
သန္းထြန္း" တဲ့။
ေတာထဲကလာတဲ့ စာ
ရာဇ၀င္ ရွိတယ္။
ဒဂုန္တာရာဆီ
သခင္သန္းထြန္း ေရးလိုက္တဲ့စာ
အဘိဓမၼာ ရွိတယ္။
သမိုင္းေခတ္ျဖတ္သန္း
ဆူးခင္းလမ္းမွာ
အလြမ္းက ၾကမ္းတယ္
ဒါေပမဲ့ ခမ္းနားတယ္ မမခင္ဦးစံပယ္။
"ငယ္ငယ္တုန္းက ကြန္ျမဴနစ္" တဲ့
က်ေနာ္တို့ဖတ္ခဲ့တဲ့ ၀တၳဳေပါ ့။
မမခင္ဦးစံပယ္
ဒီ၀တၳဳေရးသူရဲ့ အုတ္ဂူ
ဒီမွာရွိပါရဲ့။
နီဗားဒါးျပည္နယ္၊ လတ္စ္ေဗးဂတ္စ္ၿမိဳ့
စိမ္းညိဳ့တဲ့သုသန္ကေလးတစ္ခုမွာ
ဆရာေမာင္သာရ လဲေလွာင္းေနပါရဲ့။
က်ေနာ္ဟာ အျပာေရာင္ေဗာ္လ္ရွီဗစ္ပါ
မမခင္ဦးစံပယ္
ဆရာေမာင္သာရအုတ္ဂူေရွ့ေရာက္တဲ့အခါ
က်ေနာ္ ၀န္ခံပါဦးမယ္။
မမခင္ဦးစံပယ္ရယ္
ဘ၀ကို ႏွစ္ျခမ္း ျခမ္းရင္
တစ္ျခမ္းက ဗ က ပ။
ေနာက္တစ္ျခမ္းက
ဗ က သ ေပါ ့ မမခင္ဦးစံပယ္ရယ္။
က်ေနာ္တို့ဟာ
ဗ က သ
ဗ က သ (ဗကသမ်ားအဖြဲ့ခ်ဳပ္)
ရာဇ၀င္ရုပ္အဖြဲ့အစည္း
အလြမ္းႀကီးသူေတြပါ မမခင္ဦးစံပယ္။
၁၉၃၆
ေရႊတိဂံုကုန္းေတာ္၊ ေမာ္လၿမိဳင္ဇရပ္
အင္းလ်ားေဆာင္သူ မအမာ အစ။
၁၃၀၀ျပည့္အေရးေတာ္ပုံ၊ ရင္ခုန္သမွ်
ကိုဗဟိန္း အလယ္။
၁၉၆၂ ဆဲဗင္းဂ်ဴလိုင္ ေသြးတစက္စက္
ကိုသက္ အဆုံး။
အားလုံးဟာ
မၿပီးဆုံးတဲ့အလြမ္း
ခမ္းနားလွပါရဲ့။
ဗ က သ
ဗ က သ (ဗကသမ်ားအဖြဲ့ခ်ဳပ္)
ေက်ာက္အုတ္ေတြေလ
ဘယ္ေတာ့မွ မၿပိဳလဲတဲ့
ေက်ာက္အုတ္ေတြေပါ ့ မမခင္ဦးစံပယ္။
သစ္ပုပ္ပင္ရင္းမွာ
ႏွင္းမ်ား သက္ေသ။
အဓိပတိလမ္းမွာ
စိန္ပန္း သက္ေသ။
ကံ့ေကာ္ေတာမွာ
အလြမ္းအေမာ သက္ေသ။
ရင္ျပင္နီမွာ
ႏွင္းဆီ သက္ေသ။
မမခင္ဦးစံပယ္ေရ
ေရစီးၾကမ္းတဲ့
ေခတ္ႀကီး ကမ္းပါးမွာ
အလြမ္းအားသန္သန္
ဆန္ေနတဲ့ျမစ္
အဲဒါ ဗ က သ ျမစ္ေပါ ့
က်ေနာ္ခ်စ္တယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းက စ
သခင္ဗဟိန္း
ဗန္းေမာ္တင္ေအာင္
ဗ က ပ
ဗ က သ အဆုံး
အားလုံးဟာ
မၿပီးဆုံးတဲ့အလြမ္း
ခမ္းလည္းခမ္းနားလွပါရဲ့။
မမခင္ဦးစံပယ္ရယ္
တစ္ခန္းမရပ္တဲ့
အလြမ္းဇာတ္ေတြ
က်ေနာ္ အထပ္ထပ္လြမ္းပါရဲ့။
လြမ္းတတ္ရင္
အနာဂတ္ကို ခင္မယ္ မမခင္ဦးစံပယ္။
လြမ္းဖူးရင္
ေႏြဦးကို ျမင္မယ္ မမခင္ဦးစံပယ္။
လြမ္းရဲရင္
ေအာင္ပြဲကို ဆင္မယ္ မမခင္ဦးစံပယ္။
မမခင္ဦးစံပယ္ေရ
လြမ္းေတာ့
အခ်စ္နဲ့လြမ္းရင္
လြမ္းတဲ့ျမစ္က
ဘယ္ေတာ့မွ ေရမနစ္ဘူး။ ။

 ေ အ ာ င္ ေ ၀ း (ေဖေဖာ္၀ါရီ ၂၉၊ ၂၀၂၀)

Related Posts:

  • AMERICA IN TURMOIL  O! double trouble Unrest in a pandemic Can I return home? AUNG WAY June 2, 2020… Read More
  • Nothing Special Staying away from protests and pandemic Walking in the summer green, evening woods (Frances Park, Lansing, MI)… Read More
  • What's on your mind? Knives were raining down from the clouds, headed for my soft skin. +++++ (Source: covid-19 update, 6/29/20 U.S Total cases 2,637,439. Deaths 12… Read More
  • ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၉ )ဒုက္ခနဲ့ တစ်ခါကြုံရတိုင်းချစ်သူရဲ့လက်ကိုတစ်ခါ ကိုင်ပရစေ ... လို့အိုမာခိုင်ယမ် လိုလည်းမပူဆာရက်ပါဘူး။ဒုက္ခကပျားရည်လိုမချိုပါဘူး။ဒီ အဆိပ်ခွက်မချိုဘူးဆိုတ… Read More
  • Summer Dream in a Pandemic I think I see, in my dream, an Italian explorer from Spain who blames himself for discovering America in 15th century. +++++ (Source: Minnesota Tod… Read More

0 comments: