Sunday, February 23, 2020

သေနင်္ဂဗျူဟာမြောက်အလွမ်း (၇)



ဗန်းမော်တင်အောင်က ဒဂုန်တာရာကို ပြောတယ်
မမခင်ဦးစံပယ်။
မမခင်ဦးစံပယ်
ဗန်းမော်တင်အောင်က ဒဂုန်တာရာကို
"ကိုဌေးမြိုင်" တဲ့
"ရန်သူက သေစေချင်တဲ့အခါ
မသေအောင် ကြိုးစားနေရတာလည်း
တိုက်ပွဲတစ်ခုပဲပေါ့" တဲ့။
မမခင်ဦးစံပယ်ရယ်
အဲဒီတိုက်ပွဲက လွမ်းစရာကောင်းလွန်းတော့
အဲဒီ ဗထက်ခြိုက်ကြီးကို
လွမ်းတဲ့အလွမ်းကလည်း
သေနင်္ဂဗျူဟာ မြောက်လွန်းလှချည်ပေါ့။
မမခင်ဦးစံပယ်
"အောင်ဆန်း(သို့မဟုတ်)အရိုင်း" ရဲ့
ဒဂုန်တာရာ။
မမခင်ဦးစံပယ်
"ဗဟိန်း(သို့မဟုတ်)ကဗျာ" ရဲ့
ဒဂုန်တာရာ။
အဲဒီ ဒဂုန်တာရာက ပြောဖူးတယ်
ဗန်းမော်တင်အောင် ဟာ
သူ့ရဲ့နောက်ဆုံးရဲဘော်ပါပဲ တဲ့။
ရဲဘော်ရဲဘက်အချစ်ဟာ
ခေတ်ကြီးတစ်ခုလုံး
လှိုင်းထန်စေခဲ့။
မသေတဲ့မြစ်ကြီး
တစ်ယောက်ရင်ထဲ
တစ်ယောက်စီးခဲ့။
၂၀ ရာစု
လူထုနဲ့ နိုင်ငံတော်
လွတ်မြောက်ရေးလမ်းပေါ်မှာ
ထွန်းကားခဲ့
ရဲဘော်ရဲဘက်ယဉ်ကျေးမှုပေါ့
မမခင်ဦးစံပယ်။
မမခင်ဦးစံပယ်ရေ
ဘဝကို
" ဗ " ငါးလုံးနဲ့တည်ဆောက်
" ဗ " ငါးလုံးဟာ
ကျနော်တို့ရဲ့
သေနင်္ဂဗျူဟာမြောက်ရာဇဝင်ပေါ့။
အဲဒီ ရာဇဝင်
ရင်ခုန်သံတွေ
ရှင်ပြန်ထမြောက်
ကောင်းကင်အောက်မှာ
ဘုန်းမောင် တစ်ယောက်တည်းရယ် လေ။
မြိုင်ရဲ့
ကိုတင်ဦး
ဟုတ်ရဲ့။
သူဟာ
အဖြူရဲ့
ချစ်လှစွာသော လင်းယုန်ကြီး
ဟုတ်ရဲ့။
သူဟာ
ထာဝရ
သူဟာ
ဗထက်ခြိုက်
သူဟာ
တိုက်ပွဲဝင် နေမင်းရောင်
လမင်းရောင်၊ ကြယ်မင်းရောင်
ဗန်းမော်တင်အောင်။
မမခင်ဦးစံပယ်ရယ်
ဗိုလ်ချုပ်အောင်ဆန်း
သခင်ဗဟိန်း
ဗန်းမော်တင်အောင်
ဘဝဟာ
အဲဒီ ရွှေတောင်ကြီးတွေနဲ့
ဖွဲ့စည်းသတ္တိ
အချစ်ရှိခဲ့။
အဘိဓမ္မာလှပ
အသိပညာရခဲ့။
မမခင်ဦးစံပယ်
ဘဝက
အသိကို ပြဋ္ဌာန်းသတဲ့
(အသိက
ဘဝကို မပြဋ္ဌာန်း)
လောကကမ်းပါးမှာ
ကျနော်တို့ဘဝတွေကို လမ်းပြ
လွမ်းစရာ့ ဗထက်ခြိုက်ကြီးတွေလေ။
မမခင်ဦးစံပယ်
ဘဝက
အသိကို ပြဋ္ဌာန်းတယ်ဆိုရင်
အဲဒီလမ်းပြသူတွေရဲ့ဘဝက
ကျနော်တို့အသိကို ပြဋ္ဌာန်းတာပါပဲ။
မမခင်ဦးစံပယ်ရယ်
တော်လှန်တဲ့ဘဝဆိုတာ
အောင်ဆန်းက ပြဋ္ဌာန်းတာပါ။
မမခင်ဦးစံပယ်ရယ်
တိုးတက်တဲ့ဘဝဆိုတာ
ဗဟိန်းက ပြဋ္ဌာန်းတာပါ။
မမခင်ဦးစံပယ်ရယ်
လူငယ်ရဲ့ဘဝဆိုတာ
ဗန်းမော်တင်အောင်က ပြဋ္ဌာန်းတာပါ။
ခေတ်တစ်ခေတ်မှာ
အဲဒီခေတ်နဲ့ကိုက်ညီတဲ့ အရောင်
ရာဇဝတ်ကောင်ဆိုတာ
အမှောင်ထဲမှာ အမြဲရှိတယ်။
မမခင်ဦးစံပယ်
နေဝင်း ဟာ
ကျနော်တို့ခေတ်ရဲ့ရာဇဝတ်ကောင်ပဲ။
အဲဒီရာဇဝတ်ကောင်
ညအမှောင်ကို တိုက်ဖို့
ကျနော်တို့မျိုးဆက်ဟာ
အိပ်မက်ထဲမှာ
သူရဲကောင်းရှာကြ။
ကံ့ကော်တောမှာ
သူရဲကောင်းရှာကြ။
ကတ္တရာလမ်းပေါ်မှာ
သူရဲကောင်းရှာကြ။
စက်ရုံနဲ့လယ်ကွင်းတွေကြားမှာ
သူရဲကောင်းရှာကြ။
ကျနော်တို့ဟာ
သူရဲကောင်းရှာခဲ့ကြပေါ့
မမခင်ဦးစံပယ်။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ဖက်ဆစ်ညအမှောင်ကိုတိုက်ဖို့
အလင်းရောင်ဆိုတဲ့
လက်နက်တိုက်ကိုရှာခဲ့ကြတယ်။
၇၄
၇၅
၇၆
သွေးတွေ မခြောက်သေးဘူး
မမခင်ဦးစံပယ်။
အဲဒီ သွေးတစက်စက်
ကျနော်တို့မျိုးဆက်ကို
လက်နက်တပ်ဆင်သူ
သူဟာ
ဗန်းမော်တင်အောင်ပါ မမခင်ဦးစံပယ်။
သူပေးတဲ့
အဘိဓမ္မာလက်နက်
ဓားဆိုရင်လည်း ထက်ခဲ့တယ်။
သူပေးတဲ့
အနုပညာလက်နက်
မြားဆိုရင်လည်း ဖြောင့်ခဲ့တယ်။
မမခင်ဦးစံပယ်ရယ်
ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
မစ်ရှီဂန်မဲဇာမှာ
" ဗ " ငါးလုံး ရာဇဝင်
လွမ်းလို့ရင်ခုန်တယ်။
လွမ်းနေရင်
ကောင်းကင်မှာ
ကြယ်တွေ စုံတယ်။
လွမ်းနေရင်
ဗုံတွေမှာ
တေးသံ စုံတယ်။
လွမ်းနေရင်
ကမ်းခြေမှာ
ခြေရာတွေ စုံတယ်။
မမခင်ဦးစံပယ်
ဟောဒီက လင်းယုန်ကမ်းခြေမှာ
ဂျက်လန်ဒန်
ကျနော်တို့ရင်အုံကမ်းခြေမှာ
ဗန်းမော်တင်အောင်ပေါ့။
မမခင်ဦးစံပယ်ရယ်
သစ်ပုပ်ပင်ရိပ်မှာ
ကျနော်တို့ငယ်ဘဝကို ချိတ်ခဲ့။
လူဆိုတာ
ငယ်တုန်းပဲ
"နီ" နိုင်တာပါ မမခင်ဦးစံပယ်။
သစ်ပုပ်ပင်အောက်မှာ
နီရဲတောက်ပခဲ့ကြ
ကျနော်တို့ဘဝဟာ
မ ဆ လ ညအမှောင်အောက်မှာပေါ့။
မ ဆ လ ညအမှောင်
တင်းနှောင်သံကြိုး
ဓားမိုးဖက်ဆစ်
အာဏာရှင်ခေတ်ပေါ့
စစ်သံဖနောင့်အောက်မှာ
သူရဲကောင်းဟာ
လမ်းပျောက်ကို ရှာပေးခဲ့တယ်။
သူရဲကောင်းဟာ
လူတစ်ယောက်ရဲ့တန်ဖိုးကို ရှာပေးခဲ့တယ်။
သူရဲကောင်းဟာ
တိုက်ပွဲအနုပညာကို ရှာပေးခဲ့တယ်။
သူရဲကောင်းဟာ
ကျနော်တို့ရဲ့အောင်ပွဲကို ရှာပေးခဲ့တယ်။
အဲဒါ
ဗန်းမော်တင်အောင်။
ဗဟိန်းအောင်တို့အဖေ
ကျော်ဇောအောင်တို့အဖေ
ကျနော်တို့မျိုးဆက်ရဲ့
အဘိဓမ္မာအဖေပေါ့
မမခင်ဦးစံပယ်။
၁၉၆၀
အမေရိကန်လူငယ်တွေ
ဘော့ဘ်ဒီလန်နဲ့ ကြီးပြင်းခဲ့တယ် ဆိုတယ်။
၁၉၇၀
ကျနော်တို့လူငယ်တွေ
ဗန်းမော်တင်အောင်နဲ့ ကြီးပြင်းခဲ့ကြတာပေါ့။
ဗိုလ်ချုပ်အောင်ဆန်းက
ရိုးသားမှုနဲ့ အမှန်တရားကိုပေးတယ်။
သခင်ဗဟိန်းက
ခွပ်ဒေါင်းစိတ်ဓာတ်ကိုပေးတယ်။
ဗန်းမော်တင်အောင်က
အနည်းဆုံးအတ္တကိုပေးတယ်။
အဲဒီ ဗထက်ခြိုက်ကြီးတွေ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
ကျနော်လွမ်းတာ
စည်းနဲ့ကမ်းနဲ့ပါ
ပရမ်းပတာ မဟုတ်
ပုဂ္ဂိုလ်ကိုးကွယ်မှု မမည်
ယုံကြည်ပါ မမခင်ဦးစံပယ်။
နားနဲ့ မနာ
ဖဝါးနဲ့ နာပါ မမခင်ဦးစံပယ်။
ခရူးရှက် * ပြုတ်ကျရခြင်းမှာ
ပုဂ္ဂိုလ်ကိုးကွယ်ခံရမှု
အားနည်းသောကြောင့်လည်း တစ်ချက်ဖြစ်သည် တဲ့
ဥက္ကဋ္ဌမော်
ပြောခဲ့ဖူးတယ် မမခင်ဦးစံပယ်။
ကျနော်လွမ်းတယ်
အလွမ်းရဲ့အလှတရား။
ကျနော်လွမ်းတယ်
အောင်ဆန်း စသဖြင့်
ဗဟိန်း စသဖြင့်
ဗန်းမော်တင်အောင် စသဖြင့်
ဗ က ပ စသဖြင့်
ဗ က သ စသဖြင့်။
အလွမ်းဆိုတာ
ကျောက်သားမှာပွင့်တဲ့
အမတပန်း၊ မသေပန်းပါ မမခင်ဦးစံပယ်။ ။

ေ အ ာ င် ေ ၀ း
(ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀)
* Nikita Khrushchev(1894-1971), Former Premier of the
Soviet Union

##

ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း
--------------------------------------------

( ၇ )
ဗန္းေမာ္တင္ေအာင္က ဒဂုန္တာရာကို ေျပာတယ္
မမခင္ဦးစံပယ္။
မမခင္ဦးစံပယ္
ဗန္းေမာ္တင္ေအာင္က ဒဂုန္တာရာကို
"ကိုေဌးၿမိဳင္" တဲ့
"ရန္သူက ေသေစခ်င္တဲ့အခါ
မေသေအာင္ ႀကိဳးစားေနရတာလည္း
တိုက္ပြဲတစ္ခုပဲေပါ ့" တဲ့။
မမခင္ဦးစံပယ္ရယ္
အဲဒီတိုက္ပြဲက လြမ္းစရာေကာင္းလြန္းေတာ့
အဲဒီ ဗထက္ၿခိဳက္ႀကီးကို
လြမ္းတဲ့အလြမ္းကလည္း
ေသနဂၤဗ်ဴဟာ ေျမာက္လြန္းလွခ်ည္ေပါ ့။
မမခင္ဦးစံပယ္
"ေအာင္ဆန္း(သို့မဟုတ္)အရိုင္း" ရဲ့
ဒဂုန္တာရာ။
မမခင္ဦးစံပယ္
"ဗဟိန္း(သို့မဟုတ္)ကဗ်ာ" ရဲ့
ဒဂုန္တာရာ။
အဲဒီ ဒဂုန္တာရာက ေျပာဖူးတယ္
ဗန္းေမာ္တင္ေအာင္ ဟာ
သူ့ရဲ့ေနာက္ဆုံးရဲေဘာ္ပါပဲ တဲ့။
ရဲေဘာ္ရဲဘက္အခ်စ္ဟာ
ေခတ္ႀကီးတစ္ခုလုံး
လိွဳင္းထန္ေစခဲ့။
မေသတဲ့ျမစ္ႀကီး
တစ္ေယာက္ရင္ထဲ
တစ္ေယာက္စီးခဲ့။
၂၀ ရာစု
လူထုနဲ့ ႏိုင္ငံေတာ္
လြတ္ေျမာက္ေရးလမ္းေပၚမွာ
ထြန္းကားခဲ့
ရဲေဘာ္ရဲဘက္ယဥ္ေက်းမွဳေပါ ့
မမခင္ဦးစံပယ္။
မမခင္ဦးစံပယ္ေရ
ဘ၀ကို
" ဗ " ငါးလုံးနဲ့တည္ေဆာက္
" ဗ " ငါးလုံးဟာ
က်ေနာ္တို့ရဲ့
ေသနဂၤဗ်ဴဟာေျမာက္ရာဇ၀င္ေပါ ့။
အဲဒီ ရာဇ၀င္
ရင္ခုန္သံေတြ
ရွင္ျပန္ထေျမာက္
ေကာင္းကင္ေအာက္မွာ
ဘုန္းေမာင္ တစ္ေယာက္တည္းရယ္ ေလ။
ၿမိဳင္ရဲ့
ကိုတင္ဦး
ဟုတ္ရဲ့။
သူဟာ
အျဖဴရဲ့
ခ်စ္လွစြာေသာ လင္းယုန္ႀကီး
ဟုတ္ရဲ့။
သူဟာ
ထာ၀ရ
သူဟာ
ဗထက္ၿခိဳက္
သူဟာ
တိုက္ပြဲ၀င္ ေနမင္းေရာင္
လမင္းေရာင္၊ ၾကယ္မင္းေရာင္
ဗန္းေမာ္တင္ေအာင္။
မမခင္ဦးစံပယ္ရယ္
ဗိုလ္ခ်ဳပ္ေအာင္ဆန္း
သခင္ဗဟိန္း
ဗန္းေမာ္တင္ေအာင္
ဘ၀ဟာ
အဲဒီ ေရႊေတာင္ႀကီးေတြနဲ့
ဖြဲ့စည္းသတၱိ
အခ်စ္ရွိခဲ့။
အဘိဓမၼာလွပ
အသိပညာရခဲ့။
မမခင္ဦးစံပယ္
ဘ၀က
အသိကို ျပ႒ာန္းသတဲ့
(အသိက
ဘ၀ကို မျပ႒ာန္း)
ေလာကကမ္းပါးမွာ
က်ေနာ္တို့ဘ၀ေတြကို လမ္းျပ
လြမ္းစရာ့ ဗထက္ၿခိဳက္ႀကီးေတြေလ။
မမခင္ဦးစံပယ္
ဘ၀က
အသိကို ျပ႒ာန္းတယ္ဆိုရင္
အဲဒီလမ္းျပသူေတြရဲ့ဘ၀က
က်ေနာ္တို့အသိကို ျပ႒ာန္းတာပါပဲ။
မမခင္ဦးစံပယ္ရယ္
ေတာ္လွန္တဲ့ဘ၀ဆိုတာ
ေအာင္ဆန္းက ျပ႒ာန္းတာပါ။
မမခင္ဦးစံပယ္ရယ္
တိုးတက္တဲ့ဘ၀ဆိုတာ
ဗဟိန္းက ျပ႒ာန္းတာပါ။
မမခင္ဦးစံပယ္ရယ္
လူငယ္ရဲ့ဘ၀ဆိုတာ
ဗန္းေမာ္တင္ေအာင္က ျပ႒ာန္းတာပါ။
ေခတ္တစ္ေခတ္မွာ
အဲဒီေခတ္နဲ့ကိုက္ညီတဲ့ အေရာင္
ရာဇ၀တ္ေကာင္ဆိုတာ
အေမွာင္ထဲမွာ အၿမဲရွိတယ္။
မမခင္ဦးစံပယ္
ေန၀င္း ဟာ
က်ေနာ္တို့ေခတ္ရဲ့ရာဇ၀တ္ေကာင္ပဲ။
အဲဒီရာဇ၀တ္ေကာင္
ညအေမွာင္ကို တိုက္ဖို့
က်ေနာ္တို့မ်ိဳးဆက္ဟာ
အိပ္မက္ထဲမွာ
သူရဲေကာင္းရွာၾက။
ကံ့ေကာ္ေတာမွာ
သူရဲေကာင္းရွာၾက။
ကတၱရာလမ္းေပၚမွာ
သူရဲေကာင္းရွာၾက။
စက္ရံုနဲ့လယ္ကြင္းေတြၾကားမွာ
သူရဲေကာင္းရွာၾက။
က်ေနာ္တို့ဟာ
သူရဲေကာင္းရွာခဲ့ၾကေပါ ့
မမခင္ဦးစံပယ္။
က်ေနာ္တို့ေခတ္မွာ
က်ေနာ္တို့ဟာ
ဖက္ဆစ္ညအေမွာင္ကိုတိုက္ဖို့
အလင္းေရာင္ဆိုတဲ့
လက္နက္တိုက္ကိုရွာခဲ့ၾကတယ္။
၇၄
၇၅
၇၆
ေသြးေတြ မေျခာက္ေသးဘူး
မမခင္ဦးစံပယ္။
အဲဒီ ေသြးတစက္စက္
က်ေနာ္တို့မ်ိဳးဆက္ကို
လက္နက္တပ္ဆင္သူ
သူဟာ
ဗန္းေမာ္တင္ေအာင္ပါ မမခင္ဦးစံပယ္။
သူေပးတဲ့
အဘိဓမၼာလက္နက္
ဓားဆိုရင္လည္း ထက္ခဲ့တယ္။
သူေပးတဲ့
အႏုပညာလက္နက္
ျမားဆိုရင္လည္း ေျဖာင့္ခဲ့တယ္။
မမခင္ဦးစံပယ္ရယ္
ခ်စ္လွစြာေသာျပည္ေျပး
အေ၀းေရာက္ႏွလုံးသားဟာ
မစ္ရွီဂန္မဲဇာမွာ
" ဗ " ငါးလုံး ရာဇ၀င္
လြမ္းလို့ရင္ခုန္တယ္။
လြမ္းေနရင္
ေကာင္းကင္မွာ
ၾကယ္ေတြ စုံတယ္။
လြမ္းေနရင္
ဗုံေတြမွာ
ေတးသံ စုံတယ္။
လြမ္းေနရင္
ကမ္းေျခမွာ
ေျခရာေတြ စုံတယ္။
မမခင္ဦးစံပယ္
ေဟာဒီက လင္းယုန္ကမ္းေျခမွာ
ဂ်က္လန္ဒန္
က်ေနာ္တို့ရင္အုံကမ္းေျခမွာ
ဗန္းေမာ္တင္ေအာင္ေပါ ့။
မမခင္ဦးစံပယ္ရယ္
သစ္ပုပ္ပင္ရိပ္မွာ
က်ေနာ္တို့ငယ္ဘ၀ကို ခ်ိတ္ခဲ့။
လူဆိုတာ
ငယ္တုန္းပဲ
"နီ" ႏိုင္တာပါ မမခင္ဦးစံပယ္။
သစ္ပုပ္ပင္ေအာက္မွာ
နီရဲေတာက္ပခဲ့ၾက
က်ေနာ္တို့ဘ၀ဟာ
မ ဆ လ ညအေမွာင္ေအာက္မွာေပါ ့။
မ ဆ လ ညအေမွာင္
တင္းေႏွာင္သံႀကိဳး
ဓားမိုးဖက္ဆစ္
အာဏာရွင္ေခတ္ေပါ ့
စစ္သံဖေနာင့္ေအာက္မွာ
သူရဲေကာင္းဟာ
လမ္းေပ်ာက္ကို ရွာေပးခဲ့တယ္။
သူရဲေကာင္းဟာ
လူတစ္ေယာက္ရဲ့တန္ဖိုးကို ရွာေပးခဲ့တယ္။
သူရဲေကာင္းဟာ
တိုက္ပြဲအႏုပညာကို ရွာေပးခဲ့တယ္။
သူရဲေကာင္းဟာ
က်ေနာ္တို့ရဲ့ေအာင္ပြဲကို ရွာေပးခဲ့တယ္။
အဲဒါ
ဗန္းေမာ္တင္ေအာင္။
ဗဟိန္းေအာင္တို့အေဖ
ေက်ာ္ေဇာေအာင္တို့အေဖ
က်ေနာ္တို့မ်ိဳးဆက္ရဲ့
အဘိဓမၼာအေဖေပါ ့
မမခင္ဦးစံပယ္။
၁၉၆၀
အေမရိကန္လူငယ္ေတြ
ေဘာ့ဘ္ဒီလန္နဲ့ ႀကီးျပင္းခဲ့တယ္ ဆိုတယ္။
၁၉၇၀
က်ေနာ္တို့လူငယ္ေတြ
ဗန္းေမာ္တင္ေအာင္နဲ့ ႀကီးျပင္းခဲ့ၾကတာေပါ ့။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းက
ရိုးသားမွဳနဲ့ အမွန္တရားကိုေပးတယ္။
သခင္ဗဟိန္းက
ခြပ္ေဒါင္းစိတ္ဓာတ္ကိုေပးတယ္။
ဗန္းေမာ္တင္ေအာင္က
အနည္းဆုံးအတၱကိုေပးတယ္။
အဲဒီ ဗထက္ၿခိဳက္ႀကီးေတြ
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
က်ေနာ္လြမ္းတာ
စည္းနဲ့ကမ္းနဲ့ပါ
ပရမ္းပတာ မဟုတ္
ပုဂၢိဳလ္ကိုးကြယ္မွဳ မမည္
ယုံၾကည္ပါ မမခင္ဦးစံပယ္။
နားနဲ့ မနာ
ဖ၀ါးနဲ့ နာပါ မမခင္ဦးစံပယ္။
ခရူးရွက္ * ျပဳတ္က်ရျခင္းမွာ
ပုဂၢိဳလ္ကိုးကြယ္ခံရမွဳ
အားနည္းေသာေၾကာင့္လည္း တစ္ခ်က္ျဖစ္သည္ တဲ့
ဥကၠ႒ေမာ္
ေျပာခဲ့ဖူးတယ္ မမခင္ဦးစံပယ္။
က်ေနာ္လြမ္းတယ္
အလြမ္းရဲ့အလွတရား။
က်ေနာ္လြမ္းတယ္
ေအာင္ဆန္း စသျဖင့္
ဗဟိန္း စသျဖင့္
ဗန္းေမာ္တင္ေအာင္ စသျဖင့္
ဗ က ပ စသျဖင့္
ဗ က သ စသျဖင့္။
အလြမ္းဆိုတာ
ေက်ာက္သားမွာပြင့္တဲ့
အမတပန္း၊ မေသပန္းပါ မမခင္ဦးစံပယ္။ ။

ေ အ ာ င္ ေ ၀ း
(ေဖေဖာ္၀ါရီ ၂၃၊ ၂၀၂၀)
* Nikita Khrushchev(1894-1971), Former Premier of the
Soviet Union

0 comments: