"ခမ်းကို ချစ်ရင်
ပဲပုပ်ကိုလည်း ချစ်ရမယ်"
ရှမ်းပြည်ရောက် ဧည့်သည်ရယ်
မပြန်ပါနဲ့ကွယ်
ငယ်ငယ်တုန်းက ရုပ်ရှင်။
အနုပညာလေ
ရင်ထဲ တကယ်ရောက်ရင်
သေနင်္ဂဗျူဟာ မြောက်တာပေါ့။
ဟုတ်တာပေါ့
ခမ်းကို ချစ်တော့လည်း
ပဲပုပ်ကို ချစ်ရတာပေါ့။
နိုင်ငံရေးကို ချစ်တော့လည်း
ထောင်ကို ချစ်ရတာပေါ့
ဟုတ်တာပေါ့။
မမခင်ဦးစံပယ်ရယ်
ခမ်းကို ချစ်ရတာလည်း မလွယ်ဘူး
ပဲပုပ်ကို ချစ်ရတာလည်း မလွယ်ဘူး။
နိုင်ငံရေးကို ချစ်ရတာလည်း မလွယ်ဘူး
ထောင်ကို ချစ်ရတာလည်း မလွယ်ဘူး
မမခင်ဦးစံပယ်။
အကျဉ်းထောင်တွေဟာ
အလင်းရောင် မလာခင်က သမိုင်းကို
ပြောနေကြတယ်။
အကျဉ်းထောင်တွေဟာ
အမှောင်ထဲက သွေးနဲ့မျက်ရည်ကို
မီးမောင်းထိုးပြနေကြတယ်။
အဲဒီ အကျဉ်းထောင်တွေ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
ချစ်လှစွာသောပြည်ပြေး
အဝေးရောက်နှလုံးသားဟာ
ရွံမုန်းစရာ အကျဉ်းထောင်တွေ
ဘာကြောင့်လွမ်းတာလဲ။
မစ်ရှီဂန်မဲဇာမှာ
သူဟာ နိုင်/ကျဉ်းဟောင်း
သေခြင်းကောင်း။
လွမ်းဖို့မကောင်းတဲ့အရာတွေက
လွမ်းဖို့ကောင်းနေတာ
မလွမ်းကောင်းတာတွေကို
လွမ်းကောင်းနေတာ
ကျနော်တို့တိုင်းပြည်လား။
မမခင်ဦးစံပယ်
မြန်မာပြည်ကြီးဟာ
အကျဉ်းထောင်ကြီးပဲ တဲ့။
စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး
အမှန်ဆုံးစကား
စကားနောက်တရားပါ။
ကျနော်တို့ဟာ
မ ဆ လ စစ်ဖိနပ်အောက်မှာ
ကျနော်တို့ဟာ
န ၀ တ
န အ ဖ စစ်ဖိနပ်အောက်မှာ
ကျနော်တို့ဟာ
နရသိန်ထောင်အတွင်းက
သူပုန်အကျဉ်းသားတွေပေါ့။
အုတ်နံရံ
ကြိုးတိုက်နဲ့ သံတိုင်ကြား
ဘဝကို တည်ဆောက်ခဲ့ကြ။
လက်ထိပ်
သံခြေကျင်းနဲ့ စစ်ခုံရုံး
ကိုယ့်အလောင်း ကိုယ်ထမ်းခဲ့ကြ။
မမခင်ဦးစံပယ်ရေ
ခမ်းကို ချစ်မိမှတော့
ပဲပုပ်ကိုလည်း ချစ်ရတော့တာပေါ့။
ဘဝမှာ ခမ်းကို မချစ်ခဲ့မိရင် အကောင်းသား
ဒီလို သူတောင်းစားအတွေး
ကျနော်တို့ မတွေး။
ဖက်ဆစ်အမှောင်အောက်မှာ
အနေချောင်သူတွေ
ခေတ်ဆိုးကြီးထဲ
အချောင်နေသူတွေ
ကျနော်တို့ လားလားမဟုတ်။
နိုင်ငံရေးအကျဉ်းသားဆိုတာ
နိုင်ငံတော်က ဂုဏ်ပြုရမယ့်
မင်းသားတွေတော့ မဟုတ်ဘူးပေါ့။
မမခင်ဦးစံပယ်
ဒါပေမဲ့
ကျနော် ဂုဏ်ယူတယ်။
နိုင်ငံရေးအကျဉ်းသား ဖြစ်ရတာ
နိုင်ငံရေးသူတောင်းစား ဖြစ်ရတာထက်တော့
သိက္ခာရှိပါတယ် မမခင်ဦးစံပယ်။
တိုင်းပြုပြည်ပြု
အင်အားစု ဆိုတာ
လူထုပဲ
လူထုထဲမှာ
ကျနော်တို့ ပါတယ်။
အလုပ်သမား၊ လယ်သမား၊ ကျောင်းသား
တပ်ပေါင်းစုမှာ
ကျနော်တို့ ပါတယ်။
စာပေနဲ့ အနုပညာ
ယဉ်းကျေးမှုစစ်မျက်နှာမှာ
ကျနော်တို့ ပါတယ်။
"အင်အားတက်ကြွ၊ တိုးတက်လှသည့်
ပင်မရေစီးမြစ်တကား" တဲ့
ရေစီးထဲမှာ
ကျနော်တို့ ပါတယ်။
"ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ" တဲ့
တိုက်ပွဲထဲမှာ
ကျနော်တို့ ပါတယ်။
"ကိုယ့်ပခုံးပေါ် တင်ပေးလိုက်တဲ့
သမိုင်းတာဝန်" တဲ့
သမိုင်းထဲမှာ
ကျနော်တို့ ပါတယ်။
"တစ်ပွင့်ကြွေရင်၊ နှစ်ပွင့်ဝေမယ်
ကြွေတာကိုက ပွင့်ခြင်းပဲ" တဲ့
ပွင့်ခြင်းထဲမှာ
ကျနော်တို့ ပါတယ် မမခင်ဦးစံပယ်။
ဥပမာ
ဒဂုန်တာရာ ထောင်ထဲဝင်သွားတယ်
ထောင်ထဲကနေ
ဒဂုန်တာရာတွေ အများကြီးထွက်လာတယ်။
ဥပမာ
ဗန်းမော်တင်အောင် ထောင်ထဲဝင်သွားတယ်
ထောင်ထဲကနေ
ဗန်းမော်တင်အောင်တွေ အများကြီးထွက်လာတယ်။
ဥပမာ
မြသန်းတင့် ထောင်ထဲဝင်သွားတယ်
ဥပမာ
လူထုဦးလှ၊ လူထုဒေါ်အမာ ထောင်ထဲဝင်သွားတယ်
ထောင်ထဲဝင်သွားတယ်
ထောင်ထဲဝင်သွားတယ်
ထောင်ထဲဝင်သွားတယ်။
သမိုင်းအမှန်တရား ထောင်ထဲဝင်သွားတယ်
ထောင်ထဲကနေ
သမိုင်းအမှန်တရားတွေ အများကြီးထွက်လာရဲ့
မမခင်ဦးစံပယ်။
အဲဒီ အများကြီးထဲမှာ
သစ္စာဖောက်တွေ မပါဘူး
သူရဲကောင်းတွေပဲ ပါတယ်။
အဲဒီ အများကြီးထဲမှာ
အခွင့်ထူးခံတွေ မပါဘူး
စွန့်လွှတ် အနစ်နာခံသူတွေပဲ ပါတယ်။
အဲဒီ အများကြီးထဲမှာ
ရေစုန်မျှောချသူတွေ မပါဘူး
ရေဆန်လမ်းကို ဖြတ်သန်းသူတွေပဲ ပါတယ်။
လွမ်းတယ်
မမခင်ဦးစံပယ်။
ဆန်ဖရန်စစ္စကို
ဂိုးလ်းဒင်းဂိတ်တံတားပေါ်က လှမ်းကြည့်ရင်
ကမ္ဘာကျော် အယ်လ်ကာထရက်ဇ် * အကျဉ်းထောင်ဟောင်းကြီး
မလွမ်းကောင်း လွမ်းကောင်း မြင်ရမယ်။
သူရို့စခန်း သူရို့လမ်းမှာတော့
နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိ
မသိ။
ဒါပေမဲ့
မြန်မာပြည်က အကျဉ်းထောင်တွေ
ကျနော် လွမ်းပါရဲ့။
ကျနော်တို့ အနာဂတ်ကို
သေနတ်နဲ့ ပိတ်လှောင်ထားခဲ့တဲ့
အကျဉ်းထောင်တွေ ကျနော် လွမ်းပါရဲ့။
ဂျူးလိယက်ဖူးချစ်ရဲ့
ကြိုးစင်ပေါ်ကမှတ်တမ်း
မလွမ်းဘူးလား။
ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့
နေဝင်း-စန်းယု ဖြုတ်ချရေးစိတ်ဓာတ်
မလွမ်းဘူးလား။
ရဲဘော် ဆလိုင်းတင်မောင်ဦးရဲ့
ညီမလေးမလှမြိုင်
မလွမ်းဘူးလား။
ဒဏ်ရာအနာတရနဲ့
ကန္တာရနှစ်တွေကို
မလွမ်းဘူးလား မမခင်ဦးစံပယ်ရယ်။
တကယ်တော့
ခက်ခဲနက်နဲတဲ့ ခေတ်ပေါ်ကဗျာတစ်ပုဒ်ကို
ခံစားမှုနဲ့ နားလည်သလိုမျိုး။
စစ်အစိုးရ အကျဉ်းထောင်တွေကို
နာကြည်းမှုနဲ့ လွမ်းတယ်။
နာကြည်းမှုဟာ
အလွမ်းရဲ့ဋီကာပေါ့။
စစ်အစိုးရ အကျဉ်းထောင်တွေဟာ
အရက်စက်ဆုံး
ဖက်ဆစ်ငရဲခန်း။
ဒီ ငရဲခန်း ဖက်ဆစ်လမ်းမှာ
ကြယ်တွေလည်း အကြွေကြမ်းခဲ့။
ဥပမာ
မောင်သော်က
ဥပမာ
မစိမ်းပင်
နောက်ဆုံးရင်ခုန်သံ
နောက်ဆုံးအိပ်မက်
နောက်ဆုံးထွက်သက်အထိ
ဖက်ဆစ်ငရဲခန်းကို အန်တုခဲ့။
မမခင်ဦးစံပယ်ရယ်
စစ်ကျွန်ခေတ်မှာ
စစ်မှန်တဲ့ သမိုင်းအမှန်တရားတွေ
မြစ်ရေအလျဉ်လို
ကျနော်တို့ တသွင်သွင်စီးခဲ့ကြတာပါ။
"ပြည်သူချစ်လျှင်၊ ကမ္ပည်းတင်မည်" တဲ့
ရင်ထဲမြစ် က
ရေစီးသန်ရဲ့။
ရေစီးသန်သန်
ရင်ဘတ်နဲ့ ခံရင်
ခံတဲ့ ရင်ဘတ်
ဗြန်းဗြန်း ကွဲမတဲ့။
လွမ်းများလည်း လွမ်းပါရဲ့
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ဟာ
ကျနော်တို့ ခေတ်မှာ
ခမ်းကိုလည်း ချစ်ခဲ့ကြပါပြီ
ပဲပုပ်ကိုလည်း ချစ်ခဲ့ကြပါပြီ။
ခမ်းကိုလည်း လွမ်းခဲ့ကြပါပြီ
ပဲပုပ်ကိုလည်း လွမ်းခဲ့ကြပါပြီ။
စစ်အစိုးရခေတ်
လူထုအစိုးရခေတ်
ခေတ်မြိုင်လယ်မှာ
အလွမ်းမှလွဲ၍ အခြားဆုံးရံှုးစရာ မရှိ
နိုင်ငံရေးအကျဉ်းသား မရှိ(မရှိ)တဲ့နေ့
ဘယ်နေ့လဲ
မမခင်ဦးစံပယ် ဖြေပါ။ ။
ေ အ ာ င် ေ ၀ း
(ဖေဖော်ဝါရီ ၁၊ ၂၀၂၀)
* Alcatraz prison
##
ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း
---------------------------------------------
(ေအာင္ေ၀း)
( ၄ )
"ခမ္းကို ခ်စ္ရင္
ပဲပုပ္ကိုလည္း ခ်စ္ရမယ္"
ရွမ္းျပည္ေရာက္ ဧည့္သည္ရယ္
မျပန္ပါနဲ့ကြယ္
ငယ္ငယ္တုန္းက ရုပ္ရွင္။
အႏုပညာေလ
ရင္ထဲ တကယ္ေရာက္ရင္
ေသနဂၤဗ်ဴဟာ ေျမာက္တာေပါ ့။
ဟုတ္တာေပါ ့
ခမ္းကို ခ်စ္ေတာ့လည္း
ပဲပုပ္ကို ခ်စ္ရတာေပါ ့။
ႏိုင္ငံေရးကို ခ်စ္ေတာ့လည္း
ေထာင္ကို ခ်စ္ရတာေပါ ့
ဟုတ္တာေပါ ့။
မမခင္ဦးစံပယ္ရယ္
ခမ္းကို ခ်စ္ရတာလည္း မလြယ္ဘူး
ပဲပုပ္ကို ခ်စ္ရတာလည္း မလြယ္ဘူး။
ႏိုင္ငံေရးကို ခ်စ္ရတာလည္း မလြယ္ဘူး
ေထာင္ကို ခ်စ္ရတာလည္း မလြယ္ဘူး
မမခင္ဦးစံပယ္။
အက်ဥ္းေထာင္ေတြဟာ
အလင္းေရာင္ မလာခင္က သမိုင္းကို
ေျပာေနၾကတယ္။
အက်ဥ္းေထာင္ေတြဟာ
အေမွာင္ထဲက ေသြးနဲ့မ်က္ရည္ကို
မီးေမာင္းထိုးျပေနၾကတယ္။
အဲဒီ အက်ဥ္းေထာင္ေတြ
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
ခ်စ္လွစြာေသာျပည္ေျပး
အေ၀းေရာက္ႏွလုံးသားဟာ
ရြံမုန္းစရာ အက်ဥ္းေထာင္ေတြ
ဘာေၾကာင့္လြမ္းတာလဲ။
မစ္ရွီဂန္မဲဇာမွာ
သူဟာ ႏိုင္/က်ဥ္းေဟာင္း
ေသျခင္းေကာင္း။
လြမ္းဖို့မေကာင္းတဲ့အရာေတြက
လြမ္းဖို့ေကာင္းေနတာ
မလြမ္းေကာင္းတာေတြကို
လြမ္းေကာင္းေနတာ
က်ေနာ္တို့တိုင္းျပည္လား။
မမခင္ဦးစံပယ္
ျမန္မာျပည္ႀကီးဟာ
အက်ဥ္းေထာင္ႀကီးပဲ တဲ့။
စစ္အာဏာရွင္ေခတ္တစ္ေလွ်ာက္လုံး
အမွန္ဆုံးစကား
စကားေနာက္တရားပါ။
က်ေနာ္တို့ဟာ
မ ဆ လ စစ္ဖိနပ္ေအာက္မွာ
က်ေနာ္တို့ဟာ
န ၀ တ
န အ ဖ စစ္ဖိနပ္ေအာက္မွာ
က်ေနာ္တို့ဟာ
နရသိန္ေထာင္အတြင္းက
သူပုန္အက်ဥ္းသားေတြေပါ ့။
အုတ္နံရံ
ႀကိဳးတိုက္နဲ့ သံတိုင္ၾကား
ဘ၀ကို တည္ေဆာက္ခဲ့ၾက။
လက္ထိပ္
သံေျခက်င္းနဲ့ စစ္ခုံရံုး
ကိုယ့္အေလာင္း ကိုယ္ထမ္းခဲ့ၾက။
မမခင္ဦးစံပယ္ေရ
ခမ္းကို ခ်စ္မိမွေတာ့
ပဲပုပ္ကိုလည္း ခ်စ္ရေတာ့တာေပါ ့။
ဘ၀မွာ ခမ္းကို မခ်စ္ခဲ့မိရင္ အေကာင္းသား
ဒီလို သူေတာင္းစားအေတြး
က်ေနာ္တို့ မေတြး။
ဖက္ဆစ္အေမွာင္ေအာက္မွာ
အေနေခ်ာင္သူေတြ
ေခတ္ဆိုးႀကီးထဲ
အေခ်ာင္ေနသူေတြ
က်ေနာ္တို့ လားလားမဟုတ္။
ႏိုင္ငံေရးအက်ဥ္းသားဆိုတာ
ႏိုင္ငံေတာ္က ဂုဏ္ျပဳရမယ့္
မင္းသားေတြေတာ့ မဟုတ္ဘူးေပါ ့။
မမခင္ဦးစံပယ္
ဒါေပမဲ့
က်ေနာ္ ဂုဏ္ယူတယ္။
ႏိုင္ငံေရးအက်ဥ္းသား ျဖစ္ရတာ
ႏိုင္ငံေရးသူေတာင္းစား ျဖစ္ရတာထက္ေတာ့
သိကၡာရွိပါတယ္ မမခင္ဦးစံပယ္။
တိုင္းျပဳျပည္ျပဳ
အင္အားစု ဆိုတာ
လူထုပဲ
လူထုထဲမွာ
က်ေနာ္တို့ ပါတယ္။
အလုပ္သမား၊ လယ္သမား၊ ေက်ာင္းသား
တပ္ေပါင္းစုမွာ
က်ေနာ္တို့ ပါတယ္။
စာေပနဲ့ အႏုပညာ
ယဥ္းေက်းမွဳစစ္မ်က္ႏွာမွာ
က်ေနာ္တို့ ပါတယ္။
"အင္အားတက္ၾကြ၊ တိုးတက္လွသည့္
ပင္မေရစီးျမစ္တကား" တဲ့
ေရစီးထဲမွာ
က်ေနာ္တို့ ပါတယ္။
"ေၾကြးေႀကာ္စူးရဲ၊ အားမာန္ခဲတဲ့
တိုက္ပြဲထဲက ျပည္သူေလ" တဲ့
တိုက္ပြဲထဲမွာ
က်ေနာ္တို့ ပါတယ္။
"ကိုယ့္ပခုံးေပၚ တင္ေပးလိုက္တဲ့
သမိုင္းတာ၀န္" တဲ့
သမိုင္းထဲမွာ
က်ေနာ္တို့ ပါတယ္။
"တစ္ပြင့္ေၾကြရင္၊ ႏွစ္ပြင့္ေ၀မယ္
ေၾကြတာကိုက ပြင့္ျခင္းပဲ" တဲ့
ပြင့္ျခင္းထဲမွာ
က်ေနာ္တို့ ပါတယ္ မမခင္ဦးစံပယ္။
ဥပမာ
ဒဂုန္တာရာ ေထာင္ထဲ၀င္သြားတယ္
ေထာင္ထဲကေန
ဒဂုန္တာရာေတြ အမ်ားႀကီးထြက္လာတယ္။
ဥပမာ
ဗန္းေမာ္တင္ေအာင္ ေထာင္ထဲ၀င္သြားတယ္
ေထာင္ထဲကေန
ဗန္းေမာ္တင္ေအာင္ေတြ အမ်ားႀကီးထြက္လာတယ္။
ဥပမာ
ျမသန္းတင့္ ေထာင္ထဲ၀င္သြားတယ္
ဥပမာ
လူထုဦးလွ၊ လူထုေဒၚအမာ ေထာင္ထဲ၀င္သြားတယ္
ေထာင္ထဲ၀င္သြားတယ္
ေထာင္ထဲ၀င္သြားတယ္
ေထာင္ထဲ၀င္သြားတယ္။
သမိုင္းအမွန္တရား ေထာင္ထဲ၀င္သြားတယ္
ေထာင္ထဲကေန
သမိုင္းအမွန္တရားေတြ အမ်ားႀကီးထြက္လာရဲ့
မမခင္ဦးစံပယ္။
အဲဒီ အမ်ားႀကီးထဲမွာ
သစၥာေဖာက္ေတြ မပါဘူး
သူရဲေကာင္းေတြပဲ ပါတယ္။
အဲဒီ အမ်ားႀကီးထဲမွာ
အခြင့္ထူးခံေတြ မပါဘူး
စြန့္လႊတ္ အနစ္နာခံသူေတြပဲ ပါတယ္။
အဲဒီ အမ်ားႀကီးထဲမွာ
ေရစုန္ေမွ်ာခ်သူေတြ မပါဘူး
ေရဆန္လမ္းကို ျဖတ္သန္းသူေတြပဲ ပါတယ္။
လြမ္းတယ္
မမခင္ဦးစံပယ္။
ဆန္ဖရန္စစၥကို
ဂိုးလ္းဒင္းဂိတ္တံတားေပၚက လွမ္းၾကည့္ရင္
ကမၻာေက်ာ္ အယ္လ္ကာထရက္ဇ္ * အက်ဥ္းေထာင္ေဟာင္းႀကီး
မလြမ္းေကာင္း လြမ္းေကာင္း ျမင္ရမယ္။
သူရို့စခန္း သူရို့လမ္းမွာေတာ့
ႏိုင္ငံေရးအက်ဥ္းသားဆိုတာ မရွိ
မသိ။
ဒါေပမဲ့
ျမန္မာျပည္က အက်ဥ္းေထာင္ေတြ
က်ေနာ္ လြမ္းပါရဲ့။
က်ေနာ္တို့ အနာဂတ္ကို
ေသနတ္နဲ့ ပိတ္ေလွာင္ထားခဲ့တဲ့
အက်ဥ္းေထာင္ေတြ က်ေနာ္ လြမ္းပါရဲ့။
ဂ်ဴးလိယက္ဖူးခ်စ္ရဲ့
ႀကိဳးစင္ေပၚကမွတ္တမ္း
မလြမ္းဘူးလား။
ဗိုလ္ႀကီးအုန္းေက်ာ္ျမင့္ရဲ့
ေန၀င္း-စန္းယု ျဖဳတ္ခ်ေရးစိတ္ဓာတ္
မလြမ္းဘူးလား။
ရဲေဘာ္ ဆလိုင္းတင္ေမာင္ဦးရဲ့
ညီမေလးမလွၿမိဳင္
မလြမ္းဘူးလား။
ဒဏ္ရာအနာတရနဲ့
ကႏၱာရႏွစ္ေတြကို
မလြမ္းဘူးလား မမခင္ဦးစံပယ္ရယ္။
တကယ္ေတာ့
ခက္ခဲနက္နဲတဲ့ ေခတ္ေပၚကဗ်ာတစ္ပုဒ္ကို
ခံစားမွဳနဲ့ နားလည္သလိုမ်ိဳး။
စစ္အစိုးရ အက်ဥ္းေထာင္ေတြကို
နာၾကည္းမွဳနဲ့ လြမ္းတယ္။
နာၾကည္းမွဳဟာ
အလြမ္းရဲ့ဋီကာေပါ ့။
စစ္အစုိးရ အက်ဥ္းေထာင္ေတြဟာ
အရက္စက္ဆုံး
ဖက္ဆစ္ငရဲခန္း။
ဒီ ငရဲခန္း ဖက္ဆစ္လမ္းမွာ
ၾကယ္ေတြလည္း အေၾကြၾကမ္းခဲ့။
ဥပမာ
ေမာင္ေသာ္က
ဥပမာ
မစိမ္းပင္
ေနာက္ဆုံးရင္ခုန္သံ
ေနာက္ဆုံးအိပ္မက္
ေနာက္ဆုံးထြက္သက္အထိ
ဖက္ဆစ္ငရဲခန္းကို အန္တုခဲ့။
မမခင္ဦးစံပယ္ရယ္
စစ္ကၽြန္ေခတ္မွာ
စစ္မွန္တဲ့ သမိုင္းအမွန္တရားေတြ
ျမစ္ေရအလ်ဥ္လို
က်ေနာ္တို့ တသြင္သြင္စီးခဲ့ၾကတာပါ။
"ျပည္သူခ်စ္လွ်င္၊ ကမၸည္းတင္မည္" တဲ့
ရင္ထဲျမစ္ က
ေရစီးသန္ရဲ့။
ေရစီးသန္သန္
ရင္ဘတ္နဲ့ ခံရင္
ခံတဲ့ ရင္ဘတ္
ျဗန္းျဗန္း ကြဲမတဲ့။
လြမ္းမ်ားလည္း လြမ္းပါရဲ့
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့ဟာ
က်ေနာ္တို့ ေခတ္မွာ
ခမ္းကိုလည္း ခ်စ္ခဲ့ၾကပါၿပီ
ပဲပုပ္ကိုလည္း ခ်စ္ခဲ့ၾကပါၿပီ။
ခမ္းကိုလည္း လြမ္းခဲ့ၾကပါၿပီ
ပဲပုပ္ကိုလည္း လြမ္းခဲ့ၾကပါၿပီ။
စစ္အစိုးရေခတ္
လူထုအစိုးရေခတ္
ေခတ္ၿမိဳင္လယ္မွာ
အလြမ္းမွလြဲ၍ အျခားဆုံးရံွဳးစရာ မရွိ
ႏိုင္ငံေရးအက်ဥ္းသား မရွိ(မရွိ)တဲ့ေန့
ဘယ္ေန့လဲ
မမခင္ဦးစံပယ္ ေျဖပါ။ ။
ေ အ ာ င္ ေ ၀ း
(ေဖေဖာ္၀ါရီ ၁၊ ၂၀၂၀)
* Alcatraz prison
0 comments:
Post a Comment