Thursday, January 23, 2020

သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၃ )



လူဟာ အသက်ကြီးလာ လေလေ
လေးဖက် ထောက် လေလေပဲ တဲ့။
ချစ်လှစွာသောပြည်ပြေးဟာ
ဟိုတုန်းခါ
ဖွတ်ကျား(ရဲနွယ်)ချောင်းဖျားက
အဘိဓမ္မာကိုလည်း လွမ်းပြန်တယ်
မမခင်ဦးစံပယ်ရယ်။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ ကျဆုံးခဲ့ပြီလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ အရာရာဆုံးရှုံးခဲ့ပြီလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ အလှဆုံးအပြုံးတွေနဲ့
ချစ်သက် မဖွဲ့ရုံးနိုင်တော့ဘူးလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ မြံှုးမိတဲ့ငါး
ငြိမ်သက်သွားပြီလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ အိပ်မက်ခန်းခြောက်သွားပြီလား။
တကယ်တော့ မမခင်ဦးစံပယ်ရယ်
အိပ်မက်ဆိုတာ
ခန်းခြောက်တယ် မရှိပါဘူး။
ယုံကြည်ချက်နဲ့
မက်တဲ့ အိပ်မက်
ယုံကြည်ချက်ထက် ခိုင်မာမြဲမြံတယ်လေ။
ခိုင်မာမြဲမြံတဲ့ အိပ်မက်ဟာ
နုပျိုစိမ်းစိုတယ်လေ။
တကယ်တော့ မမခင်ဦးစံပယ်ရယ်
အိပ်မက်ဆိုတာ
အိုတယ် မရှိပါဘူး။
အိပ်မက်ထဲမှာ
ကျနော်ဟာ နုန်းတိုးငါးလေး။
မြောက်ဒဂုံ
အိမ်ရှေ့ ကန်စွန်းမြောင်းထဲက
နုန်းတိုးငါးလေးတွေ
ကျနော် လွမ်းပါရဲ့။
ကန်စွန်းမြောင်းလေးရယ်
ရေတွေ မခန်းလိုက်ပါနဲ့
ငါ့အိပ်မက်တွေ သေမှာစိုးလို့ပါ။
မမခင်ဦးစံပယ်ရယ်
တစ်ရက် တစ်ရက်
အသက် ကြီးလာတာတော့
ကျနော် ဝန်ခံပါရဲ့။
ဒါပေမဲ့
ကျနော် လေးဖက် မထောက်သေးပါဘူး။
ဒါပေမဲ့
ကျနော် လက်နက် မချသေးပါဘူး။
ဒါပေမဲ့
ကျနော် အရှုံးမပေးသေးပါဘူး။
နယူးယောက်မြို့က
လစ်ဘာတီရုပ်တုခြေရင်းမှာ
သူ့မြေကို နင်းရင်း
ကိုယ့်မြေကို လွမ်း။
ဝါရှင်တန် ဒီ၊စီ က
လင်ကွန်းဗိမာန်မှာ
ဂက်တီးစဘတ်မိန့်ခွန်း * နားထောင်ရင်း
ရွှေတိဂုံအလယ်ပစ္စယံမိန့်ခွန်းကို လွမ်း။
အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ကလေးက
ဘားမားရုဒ် ** ဆိုတဲ့ လမ်းလေး
လွမ်းတိုင်း သွားကြည့်
ကြည့်တိုင်း လွမ်းတယ် မမခင်ဦးစံပယ်။
အိမ်လွမ်းစိတ်မှာ
အဆိပ် ရှိတယ်
အဆိပ်ထဲမှာ
အနုပညာသူပုန်စိတ် ပါတယ်။
အနုပညာသူပုန်စိတ်နဲ့
ကျနော် ရေးခဲ့
"အပွင့်ကြွေစေ
မသေ အမြစ်
ချစ်နေသေးသည်"
ကျနော် ရေးခဲ့
အနုပညာသူပုန်စိတ်နဲ့။
ချစ်လှစွာသောပြည်ပြေးလေ
အဝေးရောက်နှလုံးသားဟာ
ဘယ်လောက် ဝေးဝေး
အလွမ်း မသေရင်
အိပ်မက် မသေပါဘူး။
အိပ်မက် မသေရင်
လူလည်း မသေပါဘူး။
မမခင်ဦးစံပယ်
ကျနော် လွမ်းတယ်
ဒါကြောင့် ကျနော် အသက်ရှင်တယ်။
ကျနော့်အသက်ရဲ့ပတ်ပတ်လည်မှာ
ရှစ်လေးလုံးတုန်းကလို
တင့်ကားတွေ ရှိသေးသလား။
ကျနော့်အသက်ရဲ့ပတ်ပတ်လည်မှာ
ရွှေဝါရောင်တုန်းကလို
စစ်သားတွေ ရှိသေးသလား။
တံတားအောက်မှာ
မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။
တံတားပေါ်မှာ
ကြိုးကြာငှက်တွေ ပျံနေတုန်း။
တံတားပေါ်မှာ
မျှော်လင့်ချက်တွေ ရှင်နေတုန်း။
တံတားပေါ်မှာ
လူငယ်တစ်ယောက် ရပ်နေတုန်း။
တံတားပေါ်မှာ
ကျနော် ရပ်နေတုန်းပါ မမခင်ဦးစံပယ်။
ကျနော်တို့လူငယ်ဘဝက
တင်နီလာဝင်း တစ်ဖက်
အရင်းကျမ်း တစ်ဖက်။
ကျနော်တို့လူငယ်ဘဝက
ကလင့်အိစ်ဝုဒ် တစ်ဖက်
ကျေးစေတမန် တစ်ဖက်။
ကျနော်တို့လူငယ်ဘဝက
ယဉ်ကျေးမှုတော်လှန်ရေး တစ်ဖက်
ပဉ္စမမြောက်ဆောင်းရက်များ တစ်ဖက်။
ကျနော်တို့လူငယ်ဘဝက
ဂျိန်းဖွန်ဒါ တစ်ဖက်
ပြည်တွင်းစစ် တစ်ဖက်။
ကျနော်တို့လူငယ်ဘဝက
ဒျူးရင်းသို့ ချေပချက် *** တစ်ဖက်
အချစ်ဦးသို့ ရွှေနားတော်သွင်းဧချင်း တစ်ဖက်။
ကျနော်တို့လူငယ်ဘဝက
ဗိုလ်ကြီးအုန်းကျော်မြင့် တစ်ဖက်
တက္ကသိုလ်မှာဝေတဲ့နှင်း တစ်ဖက်။
ကျနော်တို့လူငယ်ဘဝက
ပေါက်ခေါင်း အာဏာနီတည်ဆောက်ရေး တစ်ဖက်
ခင်အေးသက် တစ်ဖက်။
မမခင်ဦးစံပယ်ရယ်
ကျနော်တို့လူငယ်ဘဝက
ရန်သူက တစ်ဖက်
ကျနော်တို့က တစ်ဖက် ပါပဲ။
ရန်သူ ဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ်၊ ကိစ္စကောင်း။
ရန်သူ မုန်းရင်
ကျနော်တို့က ပြုံးတယ်။
မမခင်ဦးစံပယ်ရေ
ပြန်မရနိုင်တော့တဲ့ ငယ်ဘဝတွေ
ကျနော် လွမ်းတယ်။
အလွမ်းဟာ
ရာဇဝင်ကို မောင်းနှင်တဲ့ အား
အလွမ်းအင်အားပေါ့။
ကျနော်တို့လူငယ်ဘဝ
အလွမ်းအင်အား ကြီးခဲ့ကြ
ရန်/ငါ မပြတ်ရင်
လက်ဖက်ရည်ဆိုင်တောင်
အတူ မထိုင်ဘူး မမခင်ဦးစံပယ်။
အဲဒီ လူငယ်တွေ
အလွမ်းအင်အား ကြီးမား
ကွယ်လွန်လေပြီးသော ပန်းပွင့်များ
ကျနော် လွမ်း။
ဇော်မျိုးသက်
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
ဇောင်းထက်
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
မြေချစ်သူ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
မင်းသိုက်မွန်
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
ဆူး၊ ပိုင်သ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
မောင်စိမ်းနီ
ကျနော်လွမ်းတယ်။
မင်းသစ်
ကျနော်လွမ်းတယ်။
မောင်အောင်ပွင့်
ကျနော်လွမ်းတယ်။
ယမုံ
ကျနော်လွမ်းတယ်။
ကျနော်လွမ်းတယ်
ကျနော်လွမ်းတယ်
အဲဒီ လူငယ်တွေ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
လွမ်းနေရင်
နေလည်း မဝင်ပါဘူး။
လွမ်းနေရင်
လရောင်လည်း မကွယ်ပါဘူး။
လွမ်းနေရင်
ကြယ်စုံလည်း မပျောက်ပါဘူး။
လွမ်းနေရင်
အိပ်မက် မသေပါဘူး။
အိပ်မက် မသေရင်
လူလည်း မသေပါဘူး။
တိုင်းပြည်အတွက်
အသက်စွန့်ခဲ့သူတွေ
ကျနော် အလေးပြုပါတယ်။
လူမျိုးအတွက်
အိပ်မက် စွန့်ခဲ့သူတွေ
ကျနော် ဦးညွှတ်ပါတယ်။
ကျနော်က ပြည်ပြေး
အဝေးမှာ
လွမ်းရုံပဲ လွမ်းနိုင်တာ
ခွင့်လွှတ်ပါ မမခင်ဦးစံပယ်။
ကျနော် ဝန်ခံပါတယ်
ကျနော်တို့ဟာ
စစ်သံဖနောင့်အောက်မှာ ပေဖြစ်ခံနိုင်ပေမဲ့
ပြာ အဖြစ်နဲ့တော့ အိမ်မပြန်နိုင်ဘူး မမခင်ဦးစံပယ်၊ ယုံပါ။ ။

အောင်ဝေး
(ဇန်နဝါရီ ၂၃၊ ၂၀၂၀)

* The Gettysburg Address (1863)
** Burma Road
*** Anti-Duhring (1878)



##

ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း
-------------------------------------------
(ေအာင္ေ၀း)
( ၃ )
လူဟာ အသက္ႀကီးလာ ေလေလ
ေလးဖက္ ေထာက္ ေလေလပဲ တဲ့။
ခ်စ္လွစြာေသာျပည္ေျပးဟာ
ဟိုတုန္းခါ
ဖြတ္က်ား(ရဲႏြယ္)ေခ်ာင္းဖ်ားက
အဘိဓမၼာကိုလည္း လြမ္းျပန္တယ္
မမခင္ဦးစံပယ္ရယ္။
အေ၀းေရာက္ႏွလုံးသားဟာ
တကယ္ပဲ က်ဆုံးခဲ့ၿပီလား။
အေ၀းေရာက္ႏွလုံးသားဟာ
တကယ္ပဲ အရာရာဆုံးရွံဳးခဲ့ၿပီလား။
အေ၀းေရာက္ႏွလုံးသားဟာ
တကယ္ပဲ အလွဆုံးအၿပံဳးေတြနဲ့
ခ်စ္သက္ မဖြဲ့ရံုးႏိုင္ေတာ့ဘူးလား။
အေ၀းေရာက္ႏွလုံးသားဟာ
တကယ္ပဲ ၿမံွဳးမိတဲ့ငါး
ၿငိမ္သက္သြားၿပီလား။
အေ၀းေရာက္ႏွလုံးသားဟာ
တကယ္ပဲ အိပ္မက္ခန္းေျခာက္သြားၿပီလား။
တကယ္ေတာ့ မမခင္ဦးစံပယ္ရယ္
အိပ္မက္ဆိုတာ
ခန္းေျခာက္တယ္ မရွိပါဘူး။
ယုံၾကည္ခ်က္နဲ့
မက္တဲ့ အိပ္မက္
ယုံၾကည္ခ်က္ထက္ ခိုင္မာၿမဲၿမံတယ္ေလ။
ခိုင္မာၿမဲၿမံတဲ့ အိပ္မက္ဟာ
ႏုပ်ိဳစိမ္းစိုတယ္ေလ။
တကယ္ေတာ့ မမခင္ဦးစံပယ္ရယ္
အိပ္မက္ဆိုတာ
အိုတယ္ မရွိပါဘူး။
အိပ္မက္ထဲမွာ
က်ေနာ္ဟာ ႏုန္းတိုးငါးေလး။
ေျမာက္ဒဂံု
အိမ္ေရွ့ ကန္စြန္းေျမာင္းထဲက
ႏုန္းတိုးငါးေလးေတြ
က်ေနာ္ လြမ္းပါရဲ့။
ကန္စြန္းေျမာင္းေလးရယ္
ေရေတြ မခန္းလိုက္ပါနဲ့
ငါ ့အိပ္မက္ေတြ ေသမွာစိုးလို့ပါ။
မမခင္ဦးစံပယ္ရယ္
တစ္ရက္ တစ္ရက္
အသက္ ႀကီးလာတာေတာ့
က်ေနာ္ ၀န္ခံပါရဲ့။
ဒါေပမဲ့
က်ေနာ္ ေလးဖက္ မေထာက္ေသးပါဘူး။
ဒါေပမဲ့
က်ေနာ္ လက္နက္ မခ်ေသးပါဘူး။
ဒါေပမဲ့
က်ေနာ္ အရွံဳးမေပးေသးပါဘူး။
နယူးေယာက္ၿမိဳ့က
လစ္ဘာတီရုပ္တုေျခရင္းမွာ
သူ့ေျမကို နင္းရင္း
ကိုယ့္ေျမကို လြမ္း။
၀ါရွင္တန္ ဒီ၊စီ က
လင္ကြန္းဗိမာန္မွာ
ဂက္တီးစဘတ္မိန့္ခြန္း * နားေထာင္ရင္း
ေရႊတိဂံုအလယ္ပစၥယံမိန့္ခြန္းကို လြမ္း။
အင္ဒီယားနားျပည္နယ္၊ ဖို့တ္၀ိန္းၿမိဳ့ကေလးက
ဘားမားရုဒ္ ** ဆိုတဲ့ လမ္းေလး
လြမ္းတိုင္း သြားၾကည့္
ၾကည့္တိုင္း လြမ္းတယ္ မမခင္ဦးစံပယ္။
အိမ္လြမ္းစိတ္မွာ
အဆိပ္ ရွိတယ္
အဆိပ္ထဲမွာ
အႏုပညာသူပုန္စိတ္ ပါတယ္။
အႏုပညာသူပုန္စိတ္နဲ့
က်ေနာ္ ေရးခဲ့
"အပြင့္ေၾကြေစ
မေသ အျမစ္
ခ်စ္ေနေသးသည္"
က်ေနာ္ ေရးခဲ့
အႏုပညာသူပုန္စိတ္နဲ့။
ခ်စ္လွစြာေသာျပည္ေျပးေလ
အေ၀းေရာက္ႏွလုံးသားဟာ
ဘယ္ေလာက္ ေ၀းေ၀း
အလြမ္း မေသရင္
အိပ္မက္ မေသပါဘူး။
အိပ္မက္ မေသရင္
လူလည္း မေသပါဘူး။
မမခင္ဦးစံပယ္
က်ေနာ္ လြမ္းတယ္
ဒါေၾကာင့္ က်ေနာ္ အသက္ရွင္တယ္။
က်ေနာ့္အသက္ရဲ့ပတ္ပတ္လည္မွာ
ရွစ္ေလးလုံးတုန္းကလို
တင့္ကားေတြ ရွိေသးသလား။
က်ေနာ့္အသက္ရဲ့ပတ္ပတ္လည္မွာ
ေရႊ၀ါေရာင္တုန္းကလို
စစ္သားေတြ ရွိေသးသလား။
တံတားေအာက္မွာ
ျမစ္ေရေတြ စီးဆင္းသြားခဲ့ၾကၿပီ။
တံတားေပၚမွာ
ႀကိဳးၾကာငွက္ေတြ ပ်ံေနတုန္း။
တံတားေပၚမွာ
ေမွ်ာ္လင့္ခ်က္ေတြ ရွင္ေနတုန္း။
တံတားေပၚမွာ
လူငယ္တစ္ေယာက္ ရပ္ေနတုန္း။
တံတားေပၚမွာ
က်ေနာ္ ရပ္ေနတုန္းပါ မမခင္ဦးစံပယ္။
က်ေနာ္တို့လူငယ္ဘ၀က
တင္နီလာ၀င္း တစ္ဖက္
အရင္းက်မ္း တစ္ဖက္။
က်ေနာ္တို့လူငယ္ဘ၀က
ကလင့္အိစ္၀ုဒ္ တစ္ဖက္
ေက်းေစတမန္ တစ္ဖက္။
က်ေနာ္တို့လူငယ္ဘ၀က
ယဥ္ေက်းမွဳေတာ္လွန္ေရး တစ္ဖက္
ပဥၥမေျမာက္ေဆာင္းရက္မ်ား တစ္ဖက္။
က်ေနာ္တို့လူငယ္ဘ၀က
ဂ်ိန္းဖြန္ဒါ တစ္ဖက္
ျပည္တြင္းစစ္ တစ္ဖက္။
က်ေနာ္တို့လူငယ္ဘ၀က
ဒ်ဴးရင္းသို့ ေခ်ပခ်က္ *** တစ္ဖက္
အခ်စ္ဦးသို့ ေရႊနားေတာ္သြင္းဧခ်င္း တစ္ဖက္။
က်ေနာ္တို့လူငယ္ဘ၀က
ဗိုလ္ႀကီးအုန္းေက်ာ္ျမင့္ တစ္ဖက္
တကၠသိုလ္မွာေ၀တဲ့နွင္း တစ္ဖက္။
က်ေနာ္တို့လူငယ္ဘ၀က
ေပါက္ေခါင္း အာဏာနီတည္ေဆာက္ေရး တစ္ဖက္
ခင္ေအးသက္ တစ္ဖက္။
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့လူငယ္ဘ၀က
ရန္သူက တစ္ဖက္
က်ေနာ္တို့က တစ္ဖက္ ပါပဲ။
ရန္သူ ဆန့္က်င္ခံရျခင္းဟာ
ကိစၥဆိုးမဟုတ္၊ ကိစၥေကာင္း။
ရန္သူ မုန္းရင္
က်ေနာ္တို့က ၿပံဳးတယ္။
မမခင္ဦးစံပယ္ေရ
ျပန္မရႏိုင္ေတာ့တဲ့ ငယ္ဘ၀ေတြ
က်ေနာ္ လြမ္းတယ္။
အလြမ္းဟာ
ရာဇ၀င္ကို ေမာင္းႏွင္တဲ့ အား
အလြမ္းအင္အားေပါ ့။
က်ေနာ္တို့လူငယ္ဘ၀
အလြမ္းအင္အား ႀကီးခဲ့ၾက
ရန္/ငါ မျပတ္ရင္
လက္ဖက္ရည္ဆိုင္ေတာင္
အတူ မထိုင္ဘူး မမခင္ဦးစံပယ္။
အဲဒီ လူငယ္ေတြ
အလြမ္းအင္အား ႀကီးမား
ကြယ္လြန္ေလၿပီးေသာ ပန္းပြင့္မ်ား
က်ေနာ္ လြမ္း။
ေဇာ္မ်ိဳးသက္္
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
ေဇာင္းထက္
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
ေျမခ်စ္သူ
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
မင္းသိုက္မြန္
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
ဆူး၊ ပိုင္သ
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
ေမာင္စိမ္းနီ
က်ေနာ္လြမ္းတယ္။
မင္းသစ္
က်ေနာ္လြမ္းတယ္။
ေမာင္ေအာင္ပြင့္
က်ေနာ္လြမ္းတယ္။
ယမုံ
က်ေနာ္လြမ္းတယ္။
က်ေနာ္လြမ္းတယ္
က်ေနာ္လြမ္းတယ္
အဲဒီ လူငယ္ေတြ
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္။
လြမ္းေနရင္
ေနလည္း မ၀င္ပါဘူး။
လြမ္းေနရင္
လေရာင္လည္း မကြယ္ပါဘူး။
လြမ္းေနရင္
ၾကယ္စုံလည္း မေပ်ာက္ပါဘူး။
လြမ္းေနရင္
အိပ္မက္ မေသပါဘူး။
အိပ္မက္ မေသရင္
လူလည္း မေသပါဘူး။
တိုင္းျပည္အတြက္
အသက္စြန့္ခဲ့သူေတြ
က်ေနာ္ အေလးျပဳပါတယ္။
လူမ်ိဳးအတြက္
အိပ္မက္ စြန့္ခဲ့သူေတြ
က်ေနာ္ ဦးညႊတ္ပါတယ္။
က်ေနာ္က ျပည္ေျပး
အေ၀းမွာ
လြမ္းရံုပဲ လြမ္းႏိုင္တာ
ခြင့္လႊတ္ပါ မမခင္ဦးစံပယ္။
က်ေနာ္ ၀န္ခံပါတယ္
က်ေနာ္တို့ဟာ
စစ္သံဖေနာင့္ေအာက္မွာ ေပျဖစ္ခံႏိုင္ေပမဲ့
ျပာ အျဖစ္နဲ့ေတာ့ အိမ္မျပန္ႏိုင္ဘူး မမခင္ဦးစံပယ္၊ ယုံပါ။ ။

ေ အ ာ င္ ေ ၀ း
(ဇန္န၀ါရီ ၂၃၊ ၂၀၂၀)
* The Gettysburg Address (1863)
** Burma Road
*** Anti-Duhring (1878)

0 comments: