Thursday, January 9, 2020

သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၁ )



ဒီမှာ လွမ်းလို့ သေတော့မယ်
မမခင်ဦးစံပယ် ရေ။
မယုံဘူးလား
တစ်ညလုံး မအိပ်တဲ့
နယူးယောက်မြို့ကြီးကတောင် သိတယ်။
ဘယ်အထိတောင် လွမ်းသလဲဆို
သေလောက်အောင်ပါပဲ
မမခင်ဦးစံပယ်။
ဆန်ဖရန်စစ္စကိုက
ဂိုးလ်ဒင်းဂိတ် * တံတားကြီးလည်း
သိတာပဲ
ကျနော် သေလောက်အောင် လွမ်းနေတာကိုလေ
ယုံပါ။
လွမ်းတတ်သူသာ
သမိုင်းဝင်တယ် မမခင်ဦးစံပယ်။
ကမ္ဘာကြီးရဲ့
အတ္ထုပ္ပတ္တိဆိုတာ
လွမ်းတတ်သူတို့ရဲ့
တစ်ခန်းမရပ်တဲ့ အလွမ်းဇာတ်ကြီးပေါ့။
ကမ္ဘာပေါ်မှာ
ပန်းကလေးတစ်ပွင့် ပွင့်လာတိုင်း
ကျနော် တစ်ခါလွမ်းပရစေ။
ဒါပေမဲ့
ပန်းခင်းကိုတော့
စစ်ဖိနပ်တွေ မနင်းပါစေနဲ့ မမခင်ဦးစံပယ်။
စစ်ဖိနပ်တွေ ကျနော်မုန်းတယ်
အဲဒီ စစ်ဖိနပ်တွေ
ပြီးတော့ စစ်သေနတ်တွေ။
စစ်အာဏာရှင်စနစ်ဆိုး ကျနော်မုန်းတယ်
အဲဒီ စစ်အာဏာရှင်စနစ်ဆိုး
ပြီးတော့ ဖက်ဆစ်သံဖနောင့်ဆိုး။
မမခင်ဦးစံပယ်
မစ်ရှီဂန်မဲဇာမှာ
ကျနော်ဟာ ပြည်ပြေးတစ်ယောက်ပါ။
ကျနော်တို့ဟာ
ကိုယ့်တိုင်းပြည်ကလေးမှာ
ကိုယ့်အရသာကလေးနဲ့ ကိုယ် ဆွေးနေချင်သူတွေပါ။
ကျနော်တို့ဟာ
ကိုယ့်နိုင်ငံတော်ကလေးမှာ
ကိုယ့်ချစ်ခြင်းမေတ္တာကလေးနဲ့ ကိုယ် ငေးနေချင်သူတွေပါ။
ကျနော်တို့ဟာ
ကိုယ့်အနာဂတ်ကလေးမှာ
ကိုယ့်ဥ ာဏ်ပညာကလေးနဲ့ ကိုယ် တွေးနေချင်သူတွေပါ။
မမခင်ဦးစံပယ်
သစ်တောကြီးတစ်ခုလုံး
မီးဟုန်းဟုန်းတောက်နေတဲ့အချိန်မှာ
နှင်းဆီပန်းကလေးတစ်ပွင့် ကြွေသွားတာကိုကော
မလွမ်းရတော့ဘူးလား။
သစ်တောကြီးကလည်း သစ်တောကြီးအလျောက်
နှင်းဆီပန်းကလေးကလည်း နှင်းဆီပန်းကလေးအလျောက်ပေါ့
မမခင်ဦးစံပယ်ရယ်
ကျနော် လွမ်းပရစေ။
သေနင်္ဂဗျူဟာမြောက်
အလွမ်းဆိုတာ
မီးလောင်နေတဲ့ သစ်တောကြီးကို
လွမ်းမှရယ်လို့လည်း မဟုတ်ပါဘူး။
သေနင်္ဂဗျူဟာမြောက်
အလွမ်းဆိုတာ
ကြွေသွားတဲ့ နှင်းဆီပန်းကလေးကို
မလွမ်းရဘူးရယ်လို့လည်း မဟုတ်ပါဘူး။
မမခင်ဦးစံပယ်
နာကျင်တဲ့ နှလုံးသားမှာ
ရာဇဝင်သိစိတ်နဲ့လွမ်းရင်
ဒီအလွမ်း သေနင်္ဂဗျူဟာမြောက်လေရဲ့။
မမခင်ဦးစံပယ်
ခံစားတတ်တဲ့ ရင်ဘတ်ကြီးနဲ့
အဘိဓမ္မာရှိရှိလွမ်းရင်
ဒီအလွမ်း သေနင်္ဂဗျူဟာမြောက်ပေရဲ့။
"မောင့်ဂူစတီနာရေ
နွေဦးသစ်ရဲ့ တစ်နံနက်မှာ
တို့ ပြန်ဆုံတွေ့ကြမယ်နော်" ဆိုတဲ့
အလွမ်း။
"ထန်ပြင်းတဲ့ အတိဒုက္ခတွေကြားမှာ
အချစ်စိတ်ကို
ဘယ်လိုရှင်သန်အောင် လုပ်နိုင်ကြမှာလဲ" ဆိုတဲ့
အလွမ်း။
"ကြည်ရေ
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်" ဆိုတဲ့
အလွမ်း။
ဒါတွေဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းတွေပါ
မမခင်ဦးစံပယ်။
"ဘယ်သူဖြစ်ဖြစ်
အချစ်ဆုံးနဲ့၊ ပခုံးနွဲ့မှီ
ပျော်ချင်သည်ပဲ
ငှက်ကလေးလို၊ ချိုတေးဆိုချင်တာပေါ့" ဆိုတဲ့
အလွမ်း။
"လူငယ်တွေကတော့
ကောက်ရိတ်ပွဲတော်ကို သွားဖို့
နွေဦးကို စောင့်စားနေကြပြီ" ဆိုတဲ့
အလွမ်း။
"ကျနော့်မှာ အတ္တဆိုလို့
မခင်ဦးကို ချစ်ခဲ့မိတာတစ်ခုပဲ ရှိပါတယ်" ဆိုတဲ့
အလွမ်း။
အားလုံးဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းတွေပါ
မမခင်ဦးစံပယ်။
"ကျမတို့ဟာ
စည်းကမ်းရှိ ညီညွတ်ပြီး၊ အမှန်တရားနဲ့ကိုက်ညီတဲ့
အင်အားမျိုး ထူထောင်ရမယ်"
ပဉ္စမမြန်မာနိုင်ငံတော်
တည်ထောင်ခန်းဟာလည်း
သေနင်္ဂဗျူဟာမြောက်အလွမ်းပါပဲ
မမခင်ဦးစံပယ်ရယ်။
"ဆရာ မသေခင်
ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်" ဆိုတဲ့
အလွမ်း။
"သေနတ်ပြောင်းက
ပန်းများပွင့်စေ" ဆိုတဲ့
အလွမ်း။
"ငြိမ်းချမ်းရေး တန်ဖိုးအတက်ဆုံးအချိန်ဆိုတာ
ကတုတ်ကျင်းတွေ နက်နက်တူးရတဲ့အချိန်ပေါ့" ဆိုတဲ့
အလွမ်း။
ငြိမ်းချမ်းရေးကိုသာ လွမ်း
ငြိမ်းချမ်းရေးကိုလွမ်းတဲ့ အလွမ်းဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းပေါ့။
စစ်မဲ့နိုင်ငံတော်ကိုသာ လွမ်း
စစ်မဲ့နိုင်ငံတော်ကိုလွမ်းတဲ့ အလွမ်းဟာ
သေနင်္ဂဗျူဟာမြောက်အလွမ်းပေါ့။
မမခင်ဦးစံပယ်ရယ်
စစ်မဲ့နိုင်ငံတော်ဆိုတာ
အချစ်နဲ့မှ လွမ်းလို့ရတဲ့ နိုင်ငံတော်ပါ။
မမခင်ဦးစံပယ်
အမုန်းတရားတွေ ဆိတ်သုဉ်းပျောက်ကွယ်တဲ့နေ့
ငြိမ်းချမ်းရေး ထိပ်ဆုံးရောက်မယ်။
မမခင်ဦးစံပယ်ရယ်
ဒီမှာ လွမ်းလို့သေတော့မယ်
ချီကာဂိုမြို့ကြီးကတောင် သိတယ်
ကျနော် ပြည်တွင်း ငြိမ်းချမ်းရေးကို လွမ်းပါရဲ့။ ။

အောင်ဝေး
(ဇန်နဝါရီ ၉၊ ၂၀၂၀)
* Golden Gate

ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း
---------------------------------------------
(ေအာင္ေ၀း)
( ၁ )
ဒီမွာ လြမ္းလို့ ေသေတာ့မယ္
မမခင္ဦးစံပယ္ ေရ။
မယုံဘူးလား
တစ္ညလုံး မအိပ္တဲ့
နယူးေယာက္ၿမိဳ့ႀကီးကေတာင္ သိတယ္။
ဘယ္အထိေတာင္ လြမ္းသလဲဆို
ေသေလာက္ေအာင္ပါပဲ
မမခင္ဦးစံပယ္။
ဆန္ဖရန္စစၥကိုက
ဂိုးလ္ဒင္းဂိတ္ * တံတားႀကီးလည္း
သိတာပဲ
က်ေနာ္ ေသေလာက္ေအာင္ လြမ္းေနတာကိုေလ
ယုံပါ။
လြမ္းတတ္သူသာ
သမိုင္း၀င္တယ္ မမခင္ဦးစံပယ္။
ကမၻာႀကီးရဲ့
အတၳဳပၸတၱိဆိုတာ
လြမ္းတတ္သူတို့ရဲ့
တစ္ခန္းမရပ္တဲ့ အလြမ္းဇာတ္ႀကီးေပါ ့။
ကမၻာေပၚမွာ
ပန္းကေလးတစ္ပြင့္ ပြင့္လာတိုင္း
က်ေနာ္ တစ္ခါလြမ္းပရေစ။
ဒါေပမဲ့
ပန္းခင္းကိုေတာ့
စစ္ဖိနပ္ေတြ မနင္းပါေစနဲ့ မမခင္ဦးစံပယ္။
စစ္ဖိနပ္ေတြ က်ေနာ္မုန္းတယ္
အဲဒီ စစ္ဖိနပ္ေတြ
ၿပီးေတာ့ စစ္ေသနတ္ေတြ။
စစ္အာဏာရွင္စနစ္ဆိုး က်ေနာ္မုန္းတယ္
အဲဒီ စစ္အာဏာရွင္စနစ္ဆိုး
ၿပီးေတာ့ ဖက္ဆစ္သံဖေနာင့္ဆိုး။
မမခင္ဦးစံပယ္
မစ္ရွီဂန္မဲဇာမွာ
က်ေနာ္ဟာ ျပည္ေျပးတစ္ေယာက္ပါ။
က်ေနာ္တို့ဟာ
ကိုယ့္တိုင္းျပည္ကေလးမွာ
ကိုယ့္အရသာကေလးနဲ့ ကို္ယ္ ေဆြးေနခ်င္သူေတြပါ။
က်ေနာ္တို့ဟာ
ကိုယ့္ႏိုင္ငံေတာ္ကေလးမွာ
ကိုယ့္ခ်စ္ျခင္းေမတၱာကေလးနဲ့ ကိုယ္ ေငးေနခ်င္သူေတြပါ။
က်ေနာ္တို့ဟာ
ကိုယ့္အနာဂတ္ကေလးမွာ
ကိုယ့္ဥ ာဏ္ပညာကေလးနဲ့ ကိုယ္ ေတြးေနခ်င္သူေတြပါ။
မမခင္ဦးစံပယ္
သစ္ေတာႀကီးတစ္ခုလုံး
မီးဟုန္းဟုန္းေတာက္ေနတဲ့အခ်ိန္မွာ
ႏွင္းဆီပန္းကေလးတစ္ပြင့္ ေၾကြသြားတာကိုေကာ
မလြမ္းရေတာ့ဘူးလား။
သစ္ေတာႀကီးကလည္း သစ္ေတာႀကီးအေလ်ာက္
ႏွင္းဆီပန္းကေလးကလည္း ႏွင္းဆီပန္းကေလးအေလ်ာက္ေပါ ့
မမခင္ဦးစံပယ္ရယ္
က်ေနာ္ လြမ္းပရေစ။
ေသနဂၤဗ်ဴဟာေျမာက္
အလြမ္းဆိုတာ
မီးေလာင္ေနတဲ့ သစ္ေတာႀကီးကို
လြမ္းမွရယ္လို့လည္း မဟုတ္ပါဘူး။
ေသနဂၤဗ်ဴဟာေျမာက္
အလြမ္းဆိုတာ
ေၾကြသြားတဲ့ ႏွင္းဆီပန္းကေလးကို
မလြမ္းရဘူးရယ္လို့လည္း မဟုတ္ပါဘူး။
မမခင္ဦးစံပယ္
နာက်င္တဲ့ ႏွလုံးသားမွာ
ရာဇ၀င္သိစိတ္နဲ့လြမ္းရင္
ဒီအလြမ္း ေသနဂၤဗ်ဴဟာေျမာက္ေလရဲ့။
မမခင္ဦးစံပယ္
ခံစားတတ္တဲ့ ရင္ဘတ္ႀကီးနဲ့
အဘိဓမၼာရွိရွိလြမ္းရင္
ဒီအလြမ္း ေသနဂၤဗ်ဴဟာေျမာက္ေပရဲ့။
"ေမာင့္ဂူစတီနာေရ
ေႏြဦးသစ္ရဲ့ တစ္နံနက္မွာ
တို့ ျပန္ဆုံေတြ့ၾကမယ္ေနာ္" ဆိုတဲ့
အလြမ္း။
"ထန္ျပင္းတဲ့ အတိဒုကၡေတြၾကားမွာ
အခ်စ္စိတ္ကို
ဘယ္လိုရွင္သန္ေအာင္ လုပ္ႏိုင္ၾကမွာလဲ" ဆိုတဲ့
အလြမ္း။
"ၾကည္ေရ
ပဲျပဳတ္နဲ့ နံျပားရရင္ စားခ်င္တယ္" ဆိုတဲ့
အလြမ္း။
ဒါေတြဟာ
ေသနဂၤဗ်ဴဟာေျမာက္အလြမ္းေတြပါ
မမခင္ဦးစံပယ္။
"ဘယ္သူျဖစ္ျဖစ္
အခ်စ္ဆုံးနဲ့၊ ပခုံးႏြဲ့မွီ
ေပ်ာ္ခ်င္သည္ပဲ
ငွက္ကေလးလို၊ ခ်ိဳေတးဆိုခ်င္တာေပါ ့" ဆိုတဲ့
အလြမ္း။
"လူငယ္ေတြကေတာ့
ေကာက္ရိတ္ပြဲေတာ္ကို သြားဖို့
ေႏြဦးကို ေစာင့္စားေနၾကၿပီ" ဆိုတဲ့
အလြမ္း။
"က်ေနာ့္မွာ အတၱဆိုလို့
မခင္ဦးကို ခ်စ္ခဲ့မိတာတစ္ခုပဲ ရွိပါတယ္" ဆိုတဲ့
အလြမ္း။
အားလုံးဟာ
ေသနဂၤဗ်ဴဟာေျမာက္အလြမ္းေတြပါ
မမခင္ဦးစံပယ္။
"က်မတို့ဟာ
စည္းကမ္းရွိ ညီညြတ္ၿပီး၊ အမွန္တရားနဲ့ကိုက္ညီတဲ့
အင္အားမ်ိဳး ထူေထာင္ရမယ္"
ပဥၥမျမန္မာႏိုင္ငံေတာ္
တည္ေထာင္ခန္းဟာလည္း
ေသနဂၤဗ်ဴဟာေျမာက္အလြမ္းပါပဲ
မမခင္ဦးစံပယ္ရယ္။
"ဆရာ မေသခင္
ၿငိမ္းခ်မ္းေရးရတာ ျမင္သြားခ်င္တယ္" ဆိုတဲ့
အလြမ္း။
"ေသနတ္ေျပာင္းက
ပန္းမ်ားပြင့္ေစ" ဆိုတဲ့
အလြမ္း။
"ၿငိမ္းခ်မ္းေရး တန္ဖိုးအတက္ဆုံးအခ်ိန္ဆိုတာ
ကတုတ္က်င္းေတြ နက္နက္တူးရတဲ့အခ်ိန္ေပါ ့" ဆိုတဲ့
အလြမ္း။
ၿငိမ္းခ်မ္းေရးကိုသာ လြမ္း
ၿငိမ္းခ်မ္းေရးကိုလြမ္းတဲ့ အလြမ္းဟာ
ေသနဂၤဗ်ဴဟာေျမာက္အလြမ္းေပါ ့။
စစ္မဲ့ႏိုင္ငံေတာ္ကိုသာ လြမ္း
စစ္မဲ့ႏိုင္ငံေတာ္ကိုလြမ္းတဲ့ အလြမ္းဟာ
ေသနဂၤဗ်ဴဟာေျမာက္အလြမ္းေပါ ့။
မမခင္ဦးစံပယ္ရယ္
စစ္မဲ့ႏိုင္ငံေတာ္ဆိုတာ
အခ်စ္နဲ့မွ လြမ္းလို့ရတဲ့ ႏိုင္ငံေတာ္ပါ။
မမခင္ဦးစံပယ္
အမုန္းတရားေတြ ဆိတ္သုဥ္းေပ်ာက္ကြယ္တဲ့ေန့
ၿငိမ္းခ်မ္းေရး ထိပ္ဆုံးေရာက္မယ္။
မမခင္ဦးစံပယ္ရယ္
ဒီမွာ လြမ္းလို့ေသေတာ့မယ္
ခ်ီကာဂိုၿမိဳ့ႀကီးကေတာင္ သိတယ္
က်ေနာ္ ျပည္တြင္း ၿငိမ္းခ်မ္းေရးကို လြမ္းပါရဲ့။ ။

ေ အ ာ င္ ေ ၀ း
(ဇန္န၀ါရီ ၉၊ ၂၀၂၀)
* Golden Gate

0 comments: