သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့
တစ်ခါတစ်ရံမှာ
နည်းပရိယာယ်ရေး အရှုံးပေးရကောင်း ပေးရတတ်တယ်။
နိုင်ငံရေးမှာ
ဒီလိုဆိုတယ် မမခင်ဦးစံပယ်။
စစ်ရေးခြောက်စောင်တွဲမှာ
ဒီလိုလာတယ် မမခင်ဦးစံပယ်။
တည့်တည့်ပြောရရင်
ကွန်မြူနစ်တွေက
ဒီလိုသင်တယ် မမခင်ဦးစံပယ်။
ကျနော် လွမ်းတယ်
"ငယ်ငယ်တုန်းက လီနင်နဲ့ တွေ့တယ်
ကြီးလာတော့ လင်ကွန်းနဲ့ တွေ့ချင်တယ်"
ကျနော် လွမ်းတယ်
"ပန်းခြံတွင်း၌ ကျဆုံးသူများ"
ကျနော် လွမ်းတယ်
"နှလုံးသားထဲက စပိန်"
ကျနော် လွမ်းတယ်
"အနာဂတ်အတွက် ကဗျာ"
ကျနော် လွမ်းတယ်
"မတ်ဝါဒနဲ့ ကဗျာ"
ကျနော် လွမ်းတယ်
"ဒေါက်တာနော်မန်ဗက်သွန်းကို အတုယူကြ"
ကျနော် လွမ်းတယ်
"အကျဉ်းထောင်က ပလွေသံ"
ကျနော် လွမ်းတယ်
"ကျမချစ်လင် ငုယင်ဗန်ထရွိုင်း"
ကျနော် လွမ်းတယ်
"အလံမလှဲစတမ်း(ချောအိမာန်)"
ကျနော် လွမ်းတယ်
"အိုယန်ဟိုင်တေးသံ"
ကျနော် လွမ်းတယ်
"ကျဉ်တုပ်ခံဝံ့ မခံဝံ့"
ကျနော် လွမ်းတယ်
"ပြိုမှာလေလားမိုးရဲ့"
ကျနော် လွမ်းတယ်
မမခင်ဦးစံပယ်
အတိတ်ကို ကျနော်လွမ်းတယ်။
ဖက်ဆစ်သံဖနောင့်
ကြိုးတိုက်ထောင့်မှာ
အချစ်ကြောင့် ကွန်မြူနစ်ဖြစ်ခဲ့ရတဲ့
အတိတ်ကို ကျနော်လွမ်းတယ်။
ခမ်းနားတဲ့ အတိတ်
ဆိတ်ဖလူးရနံ့သင်းပျံ့တဲ့ အတိတ်
အိပ်မက် မဟုတ်
တစ်ပိုင်းတစ်စရုပ်ပုံလွှာ
ဟုတ်တယ် မမခင်ဦးစံပယ်
သားအဖနှစ်ယောက်ရဲ့ရုပ်ပုံလွှာ
ကျနော် လွမ်းတယ်။
မမခင်ဦးစံပယ်
ဖအေက မ ဆ လ
သားက ဗ က ပ။
ဟုတ်တယ် မမခင်ဦးစံပယ်
အဖေက တပ်မတော်ပါတီကေဒါ စစ်သား
ကျနော်က မြေအောက်တော်လှန်ရေးသမား ကျောင်းသား
သိပ်ခြားနားခဲ့တာပေါ့ မမခင်ဦးစံပယ်ရယ်။
အဖေ ဖတ်တဲ့ စာအုပ်က
အပြာရောင်
"လူနှင့်ပတ်ဝန်းကျင်တို့၏အညမညသဘောတရား"
စသည် စသည်။
ကျနော် ဖတ်တဲ့ စာအုပ်က
အနီရောင်
"အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေးရုပ်ဝါဒ"
စသည် စသည်။
အဖေ စကားပြောရင်
"မဟာဗျူဟာ" တို့
"နည်းဗျူဟာ" တို့ အမြဲပါတယ်
အဖေက မ ဆ လ။
ကျနော်က ဗ က ပ
ကွန်မြူနစ်လေသံအတိုင်း
"သေနင်္ဂဗျူဟာ" ပေါ့
"နည်းပရိယာယ်" ပေါ့။
မမခင်ဦးစံပယ်ရယ်
ဗ က ပ က ရိုးမတောထဲမှာနေတာ
ကျနော်က စစ်တပ်ထဲမှာ (အဖေနဲ့) နေတာ
ဟုတ်တယ်
ကျနော်ဟာ စစ်တပ်ထဲက ဗ က ပ ပေါ့။
တကယ်က
ကျနော်က ကျောင်းသား
ကျောင်းသားဆိုရင် ဗ က သ ပဲ ဖြစ်ရမှာ မဟုတ်လား။
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ခေတ်မှာ ကျနော်တို့ဟာ
ဖက်ဆစ်သံဖနောင့် စစ်ဖိနပ်အောက်မှာ
"သမဂ္ဂ" ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ။
နိဗ္ဗာန်ဘုံ ပျောက်ဆုံးတာ မဟုတ်ပါဘူး
"သမဂ္ဂ" ပျောက်ဆုံးတာပါ
မမခင်ဦးစံပယ်
အဲဒီ "သမဂ္ဂ" ကျနော် လွမ်းတယ်။
လွမ်းနေရင်
ပန်းတွေလည်း မနွမ်းပါဘူး။
လွမ်းနေရင်
စမ်းရေလည်း မခန်းပါဘူး။
လွမ်းနေရင်
လမ်းတွေလည်း မကြမ်းပါဘူး မမခင်ဦးစံပယ်။
ကျနော် လွမ်းတယ်
ကျနော် လွမ်းနေတာ
ရန်ကုန်မြို့ကြီးလည်း သိတယ်
မန္တလေးမြို့ကြီးလည်း သိတယ်။
မမခင်ဦးစံပယ်
အခု ကျနော် ပြည်ပြေး
နောင် အနှစ် ၁၀၀ ကြာရင်
ကျနော် ဘာဖြစ်နေမလဲ
ဘယ်သူ သိနိုင်မှာလဲ။
အနှစ် ၁၀၀ ဆိုတာ
ကဗျာတစ်ပုဒ် ရုပ်ရှင်တစ်ကားထဲမှာဆိုရင်
မကြာဘူးပေါ့။
ရာဇဝင်ထဲမှာတော့
အနှစ် ၁၀၀ ဆိုတာ
၁၈၄၈- ကွန်မြူနစ်ကြေညာစာတမ်း
၁၉၄၈- မြန်မာပြည်လွတ်လပ်ရေး
အဲဒီလိုပေါ့ မမခင်ဦးစံပယ်။
၁၈၇၁- ပဲရစ်ကွန်မြွန်းမှာ
ယူဂျင်းပေါ်တီယာ
အင်တာနေရှင်နယ်သီချင်း ရေးတယ်။
နောင် နှစ်တစ်ရာ ၁၉၇၁ မှာ
ကျနော် ကိုးတန်းကျောင်းသား
ကိုးခန်းပျို့ ကိုးခေါက်ဖတ်တယ်။
၁၈၈၆- မြန်မာ့ထီးနန်းပျောက် ကျွန်ဘဝရောက်တယ်
နောင် နှစ်တစ်ရာ ၁၉၈၆ မှာ
ကျနော် "ယာမာဂူချီ ခင်ဆွေရီသို့" ရေးတယ်။
အဲဒီလိုပေါ့မမခင်ဦးစံပယ်
အနှစ်တစ်ရာ၊ အနှစ်တစ်ရာမက
ကျနော်တို့ရဲ့ နှစ်ကာလတွေ
ပြည်တွင်းစစ် အနာတရနဲ့
ကျနော်တို့ရဲ့ စစ်ကာလတွေ
အဲဒီ ခေတ်ကာလကြီး
ကျနော် သေလုမျောပါး လွမ်းတယ်။
သက္ကရာဇ်မြစ်ထဲမှာ
အိပ်မက်တွေ မျောပါ။
အိပ်မက်မြစ်ထဲမှာ
အချစ်တွေ မျောပါ။
အချစ်မြစ်ထဲမှာ
အလွမ်းတွေ မျောပါ။
မျောပါ
မျောပါ
မျောပါ
မမခင်ဦးစံပယ်ရယ်
ကျနော် မျောလာလိုက်တာ
ငယ်ငယ်တုန်းက
ငဝံမြစ်ကမ်းပါးက နရသိန်ထဲ
အကြိမ်ကြိမ်ရောက်။
ကြီးလာတော့
သမုဒ္ဒရာအစင်းစင်းဖြတ်
မစ်ရှီဂန်မဲဇာရောက်။
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်
ငမိုးရိပ်ကမ်းပါးက
ကျနော့် အိပ်တန်းကလေး ကျနော်လွမ်းတယ်။
အိမ်ပြန်ခက်တဲ့ ငှက်တစ်ကောင်
အတ္တလန္တိတ်ကမ်းခြေမှာ
လွမ်းနေပုံ။
အိမ်ပြန်ခက်တဲ့ ငှက်တစ်ကောင်
ပစိဖိတ်ကမ်းခြေမှာ
လွမ်းနေပုံ။
ကျနော်လွမ်းနေပုံ
ချစ်သူတွေလည်း သိပါရဲ့
မုန်းသူတို့လည်း သိပါရဲ့။
သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့
တစ်ခါတစ်ရံမှာ
နည်းပရိယာယ်ရေး အရှုံးပေးရကောင်း ပေးရတတ်တယ် တဲ့။
မမခင်ဦးစံပယ်ရယ်
"အောင်စည် ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ"
ကဗျာ သီဖို့တော့
အရင်ဆုံး
နှလုံးသားက လွမ်းနေရဦးမယ် မဟုတ်လား။
မမခင်ဦးစံပယ်ရယ်
လွမ်းနေရင်
လိပ်ပြာ လုံတယ်။ ။
အောင်ဝေး
(ဇန်နဝါရီ ၁၅၊ ၂၀၂၀)
##
ေ သ န ဂၤ ဗ် ဴ ဟ ာ ေ ျမ ာ က္ အ လြ မ္ း
----------------------------------------------
(ေအာင္ေ၀း)
( ၂ )
ေသနဂၤဗ်ဴဟာ အႏိုင္တိုက္ဖို့
တစ္ခါတစ္ရံမွာ
နည္းပရိယာယ္ေရး အရွံဳးေပးရေကာင္း ေပးရတတ္တယ္။
ႏိုင္ငံေရးမွာ
ဒီလိုဆိုတယ္ မမခင္ဦးစံပယ္။
စစ္ေရးေျခာက္ေစာင္တြဲမွာ
ဒီလိုလာတယ္ မမခင္ဦးစံပယ္။
တည့္တည့္ေျပာရရင္
ကြန္ျမဴနစ္ေတြက
ဒီလိုသင္တယ္ မမခင္ဦးစံပယ္။
က်ေနာ္ လြမ္းတယ္
"ငယ္ငယ္တုန္းက လီနင္နဲ့ ေတြ့တယ္
ႀကီးလာေတာ့ လင္ကြန္းနဲ့ ေတြ့ခ်င္တယ္"
က်ေနာ္ လြမ္းတယ္
"ပန္းၿခံတြင္း၌ က်ဆုံးသူမ်ား"
က်ေနာ္ လြမ္းတယ္
"ႏွလုံးသားထဲက စပိန္"
က်ေနာ္ လြမ္းတယ္
"အနာဂတ္အတြက္ ကဗ်ာ"
က်ေနာ္ လြမ္းတယ္
"မတ္၀ါဒနဲ့ ကဗ်ာ"
က်ေနာ္ လြမ္းတယ္
"ေဒါက္တာေနာ္မန္ဗက္သြန္းကို အတုယူၾက"
က်ေနာ္ လြမ္းတယ္
"အက်ဥ္းေထာင္က ပေလြသံ"
က်ေနာ္ လြမ္းတယ္
"က်မခ်စ္လင္ ငုယင္ဗန္ထရြိဳင္း"
က်ေနာ္ လြမ္းတယ္
"အလံမလွဲစတမ္း(ေခ်ာအိမာန္)"
က်ေနာ္ လြမ္းတယ္
"အိုယန္ဟိုင္ေတးသံ"
က်ေနာ္ လြမ္းတယ္
"က်ဥ္တုပ္ခံ၀ံ့ မခံ၀ံ့"
က်ေနာ္ လြမ္းတယ္
"ၿပိဳမွာေလလားမိုးရဲ့"
က်ေနာ္ လြမ္းတယ္
မမခင္ဦးစံပယ္
အတိတ္ကို က်ေနာ္လြမ္းတယ္။
ဖက္ဆစ္သံဖေနာင့္
ႀကိဳးတိုက္ေထာင့္မွာ
အခ်စ္ေၾကာင့္ ကြန္ျမဴနစ္ျဖစ္ခဲ့ရတဲ့
အတိတ္ကို က်ေနာ္လြမ္းတယ္။
ခမ္းနားတဲ့ အတိတ္
ဆိတ္ဖလူးရနံ့သင္းပ်ံ့တဲ့ အတိတ္
အိပ္မက္ မဟုတ္
တစ္ပိုင္းတစ္စရုပ္ပံုလႊာ
ဟုတ္တယ္ မမခင္ဦးစံပယ္
သားအဖႏွစ္ေယာက္ရဲ့ရုပ္ပုံလႊာ
က်ေနာ္ လြမ္းတယ္။
မမခင္ဦးစံပယ္
ဖေအက မ ဆ လ
သားက ဗ က ပ။
ဟုတ္တယ္ မမခင္ဦးစံပယ္
အေဖက တပ္မေတာ္ပါတီေကဒါ စစ္သား
က်ေနာ္က ေျမေအာက္ေတာ္လွန္ေရးသမား ေက်ာင္းသား
သိပ္ျခားနားခဲ့တာေပါ ့ မမခင္ဦးစံပယ္ရယ္။
အေဖ ဖတ္တဲ့ စာအုပ္က
အျပာေရာင္
"လူႏွင့္ပတ္၀န္းက်င္တို့၏အညမညသေဘာတရား"
စသည္ စသည္။
က်ေနာ္ ဖတ္တဲ့ စာအုပ္က
အနီေရာင္
"အႏုပဋိေလာမရုပ္၀ါဒႏွင့္ ရာဇ၀င္ေရးရုပ္၀ါဒ"
စသည္ စသည္။
အေဖ စကားေျပာရင္
"မဟာဗ်ဴဟာ" တို့
"နည္းဗ်ဴဟာ" တို့ အၿမဲပါတယ္
အေဖက မ ဆ လ။
က်ေနာ္က ဗ က ပ
ကြန္ျမဴနစ္ေလသံအတိုင္း
"ေသနဂၤဗ်ဴဟာ" ေပါ ့
"နည္းပရိယာယ္" ေပါ ့။
မမခင္ဦးစံပယ္ရယ္
ဗ က ပ က ရိုးမေတာထဲမွာေနတာ
က်ေနာ္က စစ္တပ္ထဲမွာ (အေဖနဲ့) ေနတာ
ဟုတ္တယ္
က်ေနာ္ဟာ စစ္တပ္ထဲက ဗ က ပ ေပါ ့။
တကယ္က
က်ေနာ္က ေက်ာင္းသား
ေက်ာင္းသားဆိုရင္ ဗ က သ ပဲ ျဖစ္ရမွာ မဟုတ္လား။
မမခင္ဦးစံပယ္ရယ္
က်ေနာ္တို့ေခတ္မွာ က်ေနာ္တို့ဟာ
ဖက္ဆစ္သံဖေနာင့္ စစ္ဖိနပ္ေအာက္မွာ
"သမဂၢ" ေပ်ာက္ဆုံးေနခဲ့တာ ၾကာပါၿပီ။
နိဗၺာန္ဘုံ ေပ်ာက္ဆုံးတာ မဟုတ္ပါဘူး
"သမဂၢ" ေပ်ာက္ဆုံးတာပါ
မမခင္ဦးစံပယ္
အဲဒီ "သမဂၢ" က်ေနာ္ လြမ္းတယ္။
လြမ္းေနရင္
ပန္းေတြလည္း မႏြမ္းပါဘူး။
လြမ္းေနရင္
စမ္းေရလည္း မခန္းပါဘူး။
လြမ္းေနရင္
လမ္းေတြလည္း မၾကမ္းပါဘူး မမခင္ဦးစံပယ္။
က်ေနာ္ လြမ္းတယ္
က်ေနာ္ လြမ္းေနတာ
ရန္ကုန္ၿမိဳ့ႀကီးလည္း သိတယ္
မႏၱေလးၿမိဳ့ႀကီးလည္း သိတယ္။
မမခင္ဦးစံပယ္
အခု က်ေနာ္ ျပည္ေျပး
ေနာင္ အႏွစ္ ၁၀၀ ၾကာရင္
က်ေနာ္ ဘာျဖစ္ေနမလဲ
ဘယ္သူ သိႏိုင္မွာလဲ။
အႏွစ္ ၁၀၀ ဆိုတာ
ကဗ်ာတစ္ပုဒ္ ရုပ္ရွင္တစ္ကားထဲမွာဆိုရင္
မၾကာဘူးေပါ ့။
ရာဇ၀င္ထဲမွာေတာ့
အႏွစ္ ၁၀၀ ဆိုတာ
၁၈၄၈- ကြန္ျမဴနစ္ေၾကညာစာတမ္း
၁၉၄၈- ျမန္မာျပည္လြတ္လပ္ေရး
အဲဒီလိုေပါ ့ မမခင္ဦးစံပယ္။
၁၈၇၁- ပဲရစ္ကြန္ျမြန္းမွာ
ယူဂ်င္းေပၚတီယာ
အင္တာေနရွင္နယ္သီခ်င္း ေရးတယ္။
ေနာင္ ႏွစ္တစ္ရာ ၁၉၇၁ မွာ
က်ေနာ္ ကိုးတန္းေက်ာင္းသား
ကိုးခန္းပ်ိဳ့ ကိုးေခါက္ဖတ္တယ္။
၁၈၈၆- ျမန္မာ့ထီးနန္းေပ်ာက္ ကၽြန္ဘ၀ေရာက္တယ္
ေနာင္ ႏွစ္တစ္ရာ ၁၉၈၆ မွာ
က်ေနာ္ "ယာမာဂူခ်ီ ခင္ေဆြရီသို့" ေရးတယ္။
အဲဒီလိုေပါ ့မမခင္ဦးစံပယ္
အႏွစ္တစ္ရာ၊ အႏွစ္တစ္ရာမက
က်ေနာ္တို့ရဲ့ ႏွစ္ကာလေတြ
ျပည္တြင္းစစ္ အနာတရနဲ့
က်ေနာ္တို့ရဲ့ စစ္ကာလေတြ
အဲဒီ ေခတ္ကာလႀကီး
က်ေနာ္ ေသလုေမ်ာပါး လြမ္းတယ္။
သကၠရာဇ္ျမစ္ထဲမွာ
အိပ္မက္ေတြ ေမ်ာပါ။
အိပ္မက္ျမစ္ထဲမွာ
အခ်စ္ေတြ ေမ်ာပါ။
အခ်စ္ျမစ္ထဲမွာ
အလြမ္းေတြ ေမ်ာပါ။
ေမ်ာပါ
ေမ်ာပါ
ေမ်ာပါ
မမခင္ဦးစံပယ္ရယ္
က်ေနာ္ ေမ်ာလာလိုက္တာ
ငယ္ငယ္တုန္းက
င၀ံျမစ္ကမ္းပါးက နရသိန္ထဲ
အႀကိမ္ႀကိမ္ေရာက္။
ႀကီးလာေတာ့
သမုဒၵရာအစင္းစင္းျဖတ္
မစ္ရွီဂန္မဲဇာေရာက္။
က်ေနာ္လြမ္းတယ္ မမခင္ဦးစံပယ္
ငမိုးရိပ္ကမ္းပါးက
က်ေနာ့္ အိပ္တန္းကေလး က်ေနာ္လြမ္းတယ္။
အိမ္ျပန္ခက္တဲ့ ငွက္တစ္ေကာင္
အတၱလႏၱိတ္ကမ္းေျခမွာ
လြမ္းေနပုံ။
အိမ္ျပန္ခက္တဲ့ ငွက္တစ္ေကာင္
ပစိဖိတ္ကမ္းေျခမွာ
လြမ္းေနပုံ။
က်ေနာ္လြမ္းေနပုံ
ခ်စ္သူေတြလည္း သိပါရဲ့
မုန္းသူတို့လည္း သိပါရဲ့။
ေသနဂၤဗ်ဴဟာ အႏိုင္တိုက္ဖို့
တစ္ခါတစ္ရံမွာ
နည္းပရိယာယ္ေရး အရွံဳးေပးရေကာင္း ေပးရတတ္တယ္ တဲ့။
မမခင္ဦးစံပယ္ရယ္
"ေအာင္စည္ ေဆာ္ေလာ့
ျပည္ေတာ္၀င္ခန္း ေရာက္ေခ်ၿပီ"
ကဗ်ာ သီဖို့ေတာ့
အရင္ဆုံး
ႏွလုံးသားက လြမ္းေနရဦးမယ္ မဟုတ္လား။
မမခင္ဦးစံပယ္ရယ္
လြမ္းေနရင္
လိပ္ျပာ လုံတယ္။ ။
ေ အ ာ င္ ေ ၀ း
(ဇန္န၀ါရီ ၁၅၊ ၂၀၂၀)
0 comments:
Post a Comment