Monday, June 1, 2020

ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၈ )




ချစ်မိုးကြီး မခြိမ်းတော့
စစ်ဆိုးမီး မငြိမ်းသေး။

ဒီလို ခေတ်မျိုးထဲ
(ကိုဗစ် 19 ဆိုတဲ့)
အဖြစ်ဆိုးလည်း မသိမ်းသေး။

ကိုဗစ်ကမ္ဘာမှာ
ငါတို့ဟာ
သားကောင်။

ဦးရစ်ပန်းခွေ၊ ဓားချွန်တွေနဲ့
သေမင်းတမန်
အသံတိတ်မုဆိုး
ကိုရိုနာဗိုင်းရပ်စ်ပိုး။

ဟိုး တုန်းက
"ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်
လွမ်းရေးခက်" သတဲ့။ *

အခုတော့
ဝမ်းစာရေးနဲ့၊ လွမ်းရေးတို့ထက်
ကျန်းမာရေးခက်။

ပြည်ထဲရေးနဲ့၊ စစ်ဘေးတို့ထက်
ကပ်ဘေးခက်။

"WW I, WW II"
(World War I, World War II)
ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်
ချစ်သူတွေ
ရင်ကွဲခံခဲ့ရ
နှလုံးသားတွေ
စတေးခံခဲ့ရ။

ဟော ... "WW C" တဲ့
(World War Covid-19 ပေါ့)
ဒီစစ်က
မြစ်ကို ရေနှစ်သတ်သလို
အချစ်ကို
သေတွင်းပို့ကြဦးတော့မယ်
အလွမ်းကို
ခုံရုံးတင်ကြဦးတော့မယ်။

ခက်တယ်
တစ်ယောက်ချင်း တိုက်တဲ့စစ်
ကိုဗစ်မှာ
တစ်ယောက်မှ ဆုံးရှုံးခံလို့ မဖြစ်ဘူး။

မျက်နှာဖုံး အုပ်ထားလို့
နှုတ်ခမ်းနဲ့ ပြုံး မပြနိုင်ရင်
မျက်လုံးနဲ့ ပြုံး ပြပါ။

ပြုံးနေရင်
ချစ်သူ။

(မုန်းနေရင်
ရန်သူ)

"သေချင်လောက်အောင်
ဘဝက ခက်ခဲနေရင်တောင်
သင်ချစ်တဲ့လူတွေအတွက်
ကာကွယ်ပါ" တဲ့။ **

နီးနေရင်
အချစ်။

ဝေးနေရင်
အလွမ်း။

တို့အဖြစ်က
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

အောင်ဝေး
(ဇွန် ၁၊ ၂၀၂၀)
* ဦးရွှန်း၏ ဥမ္မာဒန္တီပျို့ မှ။
** Ei Shumawa Zaw Facebook Posted May 23, 2020

##

ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၈ )

ခ်စ္မိုးႀကီး မၿခိမ္းေတာ့
စစ္ဆိုးမီး မၿငိမ္းေသး။

ဒီလို ေခတ္မ်ိဳးထဲ
(ကိုဗစ္ 19 ဆိုတဲ့)
အျဖစ္ဆိုးလည္း မသိမ္းေသး။

ကိုဗစ္ကမၻာမွာ
ငါတို့ဟာ
သားေကာင္။

ဦးရစ္ပန္းေခြ၊ ဓားခၽြန္ေတြနဲ့
ေသမင္းတမန္
အသံတိတ္မုဆိုး
ကိုရိုနာဗိုင္းရပ္စ္ပိုး။

ဟိုး တုန္းက
"ျပည္ထဲေရးႏွင့္၊ ၀မ္းေရးတို့ထက္
လြမ္းေရးခက္" သတဲ့။ *

အခုေတာ့
၀မ္းစာေရးနဲ့၊ လြမ္းေရးတို့ထက္
က်န္းမာေရးခက္။

ျပည္ထဲေရးနဲ့၊ စစ္ေဘးတို့ထက္
ကပ္ေဘးခက္။

"WW I, WW II"
(World War I, World War II)
ပထမကမၻာစစ္၊ ဒုတိယကမၻာစစ္
ခ်စ္သူေတြ
ရင္ကြဲခံခဲ့ရ
ႏွလုံးသားေတြ
စေတးခံခဲ့ရ။

ေဟာ ... "WW C" တဲ့
(World War Covid-19 ေပါ ့)
ဒီစစ္က
ျမစ္ကို ေရႏွစ္သတ္သလို
အခ်စ္ကို
ေသတြင္းပို့ၾကဦးေတာ့မယ္
အလြမ္းကို
ခုံရံုးတင္ၾကဦးေတာ့မယ္။

ခက္တယ္
တစ္ေယာက္ခ်င္း တိုက္တဲ့စစ္
ကိုဗစ္မွာ
တစ္ေယာက္မွ ဆုံးရွံဳးခံလို့ မျဖစ္ဘူး။

မ်က္ႏွာဖုံး အုပ္ထားလို့
ႏွဳတ္ခမ္းနဲ့ ၿပံဳး မျပႏိုင္ရင္
မ်က္လုံးနဲ့ ၿပံဳး ျပပါ။

ၿပံဳးေနရင္
ခ်စ္သူ။

(မုန္းေနရင္
ရန္သူ)

"ေသခ်င္ေလာက္ေအာင္
ဘ၀က ခက္ခဲေနရင္ေတာင္
သင္ခ်စ္တဲ့လူေတြအတြက္
ကာကြယ္ပါ" တဲ့။ **

နီးေနရင္
အခ်စ္။

ေ၀းေနရင္
အလြမ္း။

တို့အျဖစ္က
ကိႏၷရာ ေခ်ာင္းျခားတာ မဟုတ္ပါဘူး
ကိႏၷရာ ... ၆ ေပ ျခားတာပါ။ ။

ေ အ ာ င္ ေ ၀ း

(ဇြန္ ၁၊ ၂၀၂၀)
* ဦးရႊန္း၏ ဥမၼာဒႏၱီပ်ိဳ့ မွ။
** Ei Shumawa Zaw Facebook Posted May 23, 2020

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၇၉) မင်းညွန့်လှိုင် ဟိုတုန်းက တို့ကဗျာတွေ ခေတ်ထဲမှာ တသွင်သွင် အခုတော့ ဘယ်ကမ်း ဘယ်အမှောင်မှာ သောင်တင် နိုင်ငံတော်ကပဲ ခန်းခြောက်သွားလို့လားဟင်။ ။ အောင်ဝ… Read More
  • ချစ်လှစွာသောပြည်ပြေး (၇၈) သမီး လုံမငြိမ်းချမ်း အချစ် ပန်း တွေနဲ့ ခေတ် လမ်းမှာ စစ် စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်။ ။ အောင်ဝေး (နိုဝင်ဘာ ၃၊ ၂၀၁၉) ## ခ် စ္ လွ စြ ာ ေ သ ာ ျပ ည… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၃) ပန်းနဲ့ ပေါက်တော့ အချစ် နားနီး အချစ် ဗုံးနဲ့ ပစ်တော့ စစ် နားနီး စစ်။ ။ အောင်ဝေး (၁၁-၁၄-၁၉) ဇော်မျိုးသက် နှင့် ပိုင်သ သို့ ... ။ ##ခ် စ္ လွ စြ ာ ေ သ… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၂) ကိုသားဖေထင် ရယ် အများအမြင်မှာတော့ စစ်ဘုရင်တွေပေါ့ တိုင်းပြည်အတွက်တော့ အားလုံး ငိုးမကောင်တွေချည်း ပါပဲဗျာ။ ။ အောင်ဝေး (နိုဝင်ဘာ ၁၂၊ ၂၀၁၉) ## ခ် စ္ လ… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၀) ခေတ်ကြောင့် ကြေ၊ စစ်ကြောင့် သေ ကြွေနေတဲ့ ငြိမ်းချမ်းရေး ပန်းကလေးတွေ အချစ်ကြောင့်ပဲ ပြန် ဝေလာရမယ် မဟုတ်လား ကဗျာ့အိုးဝေကြီး ကိုငြိမ်းဝေ။ ။ အောင်ဝေး (… Read More

0 comments: