Tuesday, May 26, 2020

ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၇ )


လေးကိုင်းက သားရိုင်းဆီ
ပြေးသွားတဲ့ မြား ကို ချစ်သလို။

ရထားထွက်သွားတော့
ဘူတာရုံကလေး သိမ့်သိမ့်တုန် လွမ်းကျန်ရစ်သလို။

ချစ်စိတ်က
မိစ္ဆာအကုန် ပစ်ခွင်းနိုင်တယ်။

လွမ်းစိတ်က
လိပ်ပြာလုံ အပြစ်ကင်းပါတယ်။

ဘဝဆိုတာ
ရှင်ခြင်းနဲ့ သေခြင်းကြား
လေးညို့တစ်ငင်၊ နေတစ်ဝင် လား။

ဘဝဆိုတာ
ရှင်ခြင်းနဲ့ သေခြင်းကြား
ရထားတစ်ခုတ်၊ မိုးတစ်ချုပ် လား။

ကမ္ဘာပေါ်မှာ
လူတွေဟာ
"မပျော်တော့ဘူး" ဆိုရင်
ရှင်ကွဲ လား
သေကွဲ လား။

ခွဲခွာခြင်းမိုးမခပင်မှာ
မြားရိုး ကျိုးကျန်။

ဝေးကွာခြင်းရထားလမ်းနဘေးမှာ
ပန်းကလေး လွင့်ကျန်။

"ခုတော့ ယပ်တောင်ပေါ်မှာ
နာမည်စာလုံးတွေတောင် မှိန်ခဲ့ပေါ့
ရှင် ကံကောင်းတယ်" တဲ့။ *

ကံမကောင်းသူရဲ့
အထီးကျန်မြစ်ကြီးသာ
ခေတ်ကြီးထဲ
ပေါလော။

ကိုရိုနာနားနီး ကိုရိုနာ
ကိုဗစ်နားနီး ကိုဗစ်
စစ်ကြီးထဲ
မျောပါ။

မုန်တိုင်းနောက်က လေညင်းမှာ
ရှင်ခြင်းရဲ့ရနံ့လား
သေခြင်းရဲ့ရနံ့လား။

အခိုက်အတန့်ကလေးဖြစ်ဖြစ်
အိမ်ဘေးက
နှင်းဆီရိုင်းပင်လေးတွေ
ငေးနေချင်ပါသေးတယ်။

လူ့အဖြစ်မှာ
ချစ်သမျှ၊ လွမ်းသမျှ
နှလုံးသားတိုင်း ဘေးကင်းကြပါစေ။

ဒီနေ့ခေတ်က
နာဂစ် ပြီးတော့
ကိုဗစ်။

ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

အောင်ဝေး(၅၊ ၂၆၊ ၂၀)
* Khin Zin (ခင်မြဇင်) Facebook Posted May 25, 2020

 ##

ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၇ )

ေလးကိုင္းက သားရိုင္းဆီ
ေျပးသြားတဲ့ ျမား ကို ခ်စ္သလို။

ရထားထြက္သြားေတာ့
ဘူတာရံုကေလး သိမ့္သိမ့္တုန္ လြမ္းက်န္ရစ္သလို။

ခ်စ္စိတ္က
မိစၦာအကုန္ ပစ္ခြင္းႏိုင္တယ္။

လြမ္းစိတ္က
လိပ္ျပာလုံ အျပစ္ကင္းပါတယ္။

ဘ၀ဆိုတာ
ရွင္ျခင္းနဲ့ ေသျခင္းၾကား
ေလးညိဳ့တစ္ငင္၊ ေနတစ္၀င္ လား။

ဘ၀ဆိုတာ
ရွင္ျခင္းနဲ့ ေသျခင္းၾကား
ရထားတစ္ခုတ္၊ မိုးတစ္ခ်ဳပ္ လား။

ကမၻာေပၚမွာ
လူေတြဟာ
"မေပ်ာ္ေတာ့ဘူး" ဆိုရင္
ရွင္ကြဲ လား
ေသကြဲ လား။

ခြဲခြာျခင္းမိုးမခပင္မွာ
ျမားရိုး က်ိဳးက်န္။

ေ၀းကြာျခင္းရထားလမ္းနေဘးမွာ
ပန္းကေလး လြင့္က်န္။

"ခုေတာ့ ယပ္ေတာင္ေပၚမွာ
နာမည္စာလုံးေတြေတာင္ မိွန္ခဲ့ေပါ ့
ရွင္ ကံေကာင္းတယ္" တဲ့။ *

ကံမေကာင္းသူရဲ့
အထီးက်န္ျမစ္ႀကီးသာ
ေခတ္ႀကီးထဲ
ေပါေလာ။

ကိုရိုနာနားနီး ကိုရိုနာ
ကိုဗစ္နားနီး ကိုဗစ္
စစ္ႀကီးထဲ
ေမ်ာပါ။

မုန္တိုင္းေနာက္က ေလညင္းမွာ
ရွင္ျခင္းရဲ့ရနံ့လား
ေသျခင္းရဲ့ရနံ့လား။

အခိုက္အတန့္ကေလးျဖစ္ျဖစ္
အိမ္ေဘးက
ႏွင္းဆီရိုင္းပင္ေလးေတြ
ေငးေနခ်င္ပါေသးတယ္။

လူ့အျဖစ္မွာ
ခ်စ္သမွ်၊ လြမ္းသမွ်
ႏွလုံးသားတိုင္း ေဘးကင္းၾကပါေစ။

ဒီေန့ေခတ္က
နာဂစ္ ၿပီးေတာ့
ကိုဗစ္။

ကိႏၷရာ ေခ်ာင္းျခားတာ မဟုတ္ပါဘူး
ကိႏၷရာ ... ၆ ေပ ျခားတာပါ။ ။

ေ အ ာ င္ ေ ၀ း

(၅၊ ၂၆၊ ၂၀)
* Khin Zin (ခင္ျမဇင္) Facebook Posted May 25, 2020

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၇၉) မင်းညွန့်လှိုင် ဟိုတုန်းက တို့ကဗျာတွေ ခေတ်ထဲမှာ တသွင်သွင် အခုတော့ ဘယ်ကမ်း ဘယ်အမှောင်မှာ သောင်တင် နိုင်ငံတော်ကပဲ ခန်းခြောက်သွားလို့လားဟင်။ ။ အောင်ဝ… Read More
  • ချစ်လှစွာသောပြည်ပြေး (၇၈) သမီး လုံမငြိမ်းချမ်း အချစ် ပန်း တွေနဲ့ ခေတ် လမ်းမှာ စစ် စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်။ ။ အောင်ဝေး (နိုဝင်ဘာ ၃၊ ၂၀၁၉) ## ခ် စ္ လွ စြ ာ ေ သ ာ ျပ ည… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၃) ပန်းနဲ့ ပေါက်တော့ အချစ် နားနီး အချစ် ဗုံးနဲ့ ပစ်တော့ စစ် နားနီး စစ်။ ။ အောင်ဝေး (၁၁-၁၄-၁၉) ဇော်မျိုးသက် နှင့် ပိုင်သ သို့ ... ။ ##ခ် စ္ လွ စြ ာ ေ သ… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၁) ငါလည်း မငယ်တော့ဘူး ကြည်ဇော်အေး ချောင်းသာမှာ ၅၀ ပြည့်တယ် မိုင်ယာမီ*မှာ ၆၀ ပြည့်တယ် ဘယ်ကမ်းခြေမှာ ၇၀ ပြည့်ဦးမလဲ ငါမသိ။ ။ အောင်ဝေး (နိုဝင်ဘာ ၁၀၊ ၂၀၁၉)… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၂) ကိုသားဖေထင် ရယ် အများအမြင်မှာတော့ စစ်ဘုရင်တွေပေါ့ တိုင်းပြည်အတွက်တော့ အားလုံး ငိုးမကောင်တွေချည်း ပါပဲဗျာ။ ။ အောင်ဝေး (နိုဝင်ဘာ ၁၂၊ ၂၀၁၉) ## ခ် စ္ လ… Read More

0 comments: