Sunday, May 17, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၄ )
ည မထွက်ရ အမိန့်ပဲ ရှိတယ်
ည မမက်ရ အမိန့် မရှိဘူး။
အိပ်မက် အတူ မက်ကြစို့
မနက် မလင်းခင်။
နေဝင် မီးငြိမ်း ... တဲ့။
အလွမ်းက နေ မဝင်ပါဘူး
အလွမ်းမီးက ငြိမ်းမသွားပါဘူး။
နေမဝင် အလွမ်း ... ။
အလွမ်းဆိုတာ
ချစ်သူတွေ ရင်ထဲက
အေးမြတဲ့ မီးလျှံပေါ့။
ကလေးရေ ...
ခု ဝေးနေလည်း
တို့ နောက်ကို မဝေးတော့ပါဘူး။
ဝရန်တာက
ချစ်လက်ဆောင် စံပယ်အိုးကလေး
မပွင့်သေးလို့
ဆွေးနေသလား။
ပွင့်လာရင်တော့
မွှေးနေမှာပဲ၊ ယုံနော်။
လွမ်းတဲ့အခါ
မီး ခဏခဏပျက်တဲ့အကြောင်း တွေးပါ
ဘတ်စကား ကျပ်တဲ့အကြောင်း တွေးပါ
ပျော်ရတာပေါ့။
လွမ်းတဲ့အခါ
နှာခေါင်းစည်းပဝါ ချုပ်ပါ
ကပ်ကြီးကို ကဗျာလုပ်ပါ
လုံခြုံတာပေါ့။
ကြားလား
မနက်ဖြန် ပြန်ဆုံဖို့
ရင်ခုန်သံ။
"ဘယ်လောက် ကာလအထိ
ကိုဗစ် ဖြစ်နေဦးမှာလဲ
မင်းကို ချစ်မယ်" တဲ့။ *
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး(၅၊ ၁၇၊ ၂၀)
* Zaw Thet Htwe Facebook Posted May 16, 2020
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၄ )
ည မမက်ရ အမိန့် မရှိဘူး။
အိပ်မက် အတူ မက်ကြစို့
မနက် မလင်းခင်။
နေ၀င် မီးငြိမ်း ... တဲ့။
အလွမ်းက နေ မ၀င်ပါဘူး
နေမ၀င် အလွမ်း ... ။
အလွမ်းဆိုတာ
ချစ်သူတွေ ရင်ထဲက
အေးမြတဲ့ မီးလျှံပေါ့ ။
ကလေးရေ ...
ခု ဝေးနေလည်း
ဝရန်တာက
မပွင့်သေးလို့
ဆွေးနေသလား။
ပွင့်လာရင်တော့
မွှေးနေမှာပဲ၊ ယုံနော်။
လွမ်းတဲ့အခါ
ပျော်ရတာပေါ့ ။
လွမ်းတဲ့အခါ
လုံခြုံတာပေါ့ ။
ကြားလား
မနက်ဖြန် ပြန်ဆုံဖို့
ရင်ခုန်သံ။
"ဘယ်လောက် ကာလအထိ
ကိုဗစ် ဖြစ်နေဦးမှာလဲ
မင်းကို ချစ်မယ်" တဲ့။ *
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အ ာ င္ ေ ၀ း
(၅၊ ၁၇၊ ၂၀)
* Zaw Thet Htwe Facebook Posted May 16, 2020
Related Posts:
  • က မ္ဘ ာ ( ၁ ၀ ) ဒီ ကဗျာ၊ လက်ဆေးပြီးမှ ဖတ်ပါ။ ကိစ္စ ပေါ်ရင် မန္တလေး ဆို ဗြဟ္မစိုရ် ပေါ့။ ရန်ကုန် ဆို ကိုကျော်သူ ပေါ့။ ငါ့သ ၤချီုင်းက သာတယ် သူ့ သ ၤချိုင်းက သာတယ် သ… Read More
  • စ စ် ( ၂ ) ဖြစ်လာရင် ဆုတောင်းဖို့ချည်းပဲ။ ကယ်လီဖိုးနီးယားက လူကလည်း ရွှေဘိုက လူကို လှမ်းဆူ။ လပွတ္တာက လူကလည်း မစ်ရှီဂန်က လူကို လှမ်းပူ။ ဘယ်က ပစ်နေမှန်း မသိ ပစ… Read More
  • စ စ် ( ၄ )ဟိုကအတွဲလိုက် ချောင်းချောင်း ပစ်နေတာတို့မှာခံစစ်ကြောင်းထဲကာပစ် ပစ်ပေးနေရတော့တယ်။ ။ဥပဒေသ။ ။သင်ကစ၍ ကာကွယ်ပါ။အောင်ဝေး(ဧပြီ ၁၇၊ ၂၀၂၀) ## စ စ္ ( ၄ )ဟိုကအတြ… Read More
  • စ စ် ကလေးစကား မပြောနဲ့။ ဒါ ကိုယ့်ဘေး ကပ်ဖြစ်နေတာ။ မင်းမှာ ရွေးချယ်ပိုင်ခွင့် မရှိ။ ကိုယ်ချင်းစာတရား ပဲ တို့အားလုံး လက်နက်။ ။ အောင်ဝေး  (ဧပြီ ၁၅၊ … Read More
0 comments: