Thursday, May 7, 2020

စ စ် ( ၂ ၀ ) (နိဂုံး)




သေခြင်းရဲ့ ရနံ့။

ဝေသာလီမှာ
မဟုတ်ပါဘူး။

ဝေဘာဂီမှာလည်း
မဟုတ်ပါဘူး။

မစ်ရှီဂန်မှာပါ
အမေရိကန်မဲဇာမှာပါ။

တစ်နေ့ လူ သုံးထောင်(၃၀၀၀) သေ
တစ္ဆေတွေ နေတဲ့ အရပ်မှာပါ။

ကပ်ကြီးက ကိုယ့်ဘေးမှာ
ရင်ဘတ်ကလေး ဖိနေရ။

ကိုယ့်အသက် ကိုယ်ပွေ့ထားရ။
ကိုယ့်လက်ကိုယ် ခဏခဏဆေးရ။

အချိန်တွေ သေရင်သေပစေ
ကိုယ် မသေအောင် အိမ်မှာနေနေရ။
နှာခေါင်းစည်းလည်း မတပ် မနေရ။

အလုပ်တွေ ပိတ်၊ အိပ်မက်တွေ ပိတ်
ဘဝက
သမ္မတကြီးဒေါ်နယ်ထရန့် * ရဲ့
အရေးပေါ် ပေးစာကမ်းစာလေးနဲ့
မှေးမှိတ် ချွေးသိပ်နေရ။

သြော် ... ကိုယ် မသေသေးတဲ့အကြောင်း
ဖေ့စ်ဘုတ်ကနေလည်း
ကြေညာ မောင်းခတ်နေရ။

"ဒီကောင် အသက်ပြင်းတယ်
နေဝင်း သတ်လို့ မသေ
ခင်ညွန့်သတ်တော့လည်း မသေ
သန်းရွှေသတ်တုန်းကလည်း မသေ
အင်း ... အခုနေ ငါသတ်ရင်လည်း
သင်း သေမယ် မထင်" ဆိုပြီး
ဗီယက်နမ်စစ်မြေပြင် ကနေ
ယန်းကီးတွေ ထွက်သွားသလို
သေမင်း
ကိုယ့်ရှေ့က လှည့်ပြန်သွားတယ်။

ကိုယ်ကတော့ ကံကောင်းပါတယ်
မင်းတို့အတွက်ပဲ
စိတ်လက်လည်း ပူမိပါရဲ့။

ပုသိမ်က လုံမငြိမ်းချမ်း
မန္တလေးက အိရှုမဝဇော်
တောင်မြို့က K မြနွယ်
မြိတ်က ငြိမ်းဆု
ပျဉ်းမနားက ဆုဂျေ
မေမြို့က ပိုပြည့်သူ
ပြည်က ဝင်းဝင်းရီ
သန်လျင်က မီးမီးမြတ်
သြစတြီးယားက အိန်ဂျယ်လှိုင်
စင်ကာပူက ချောချောစု
မြင်းခြံ ထနောင်းတိုင်က မိုးမိုး
မှော်ဘီက ဆွေဆွေလှ
ဒီဗွီဘီက ကြည်ကြည်ခင်မင်းဇော်
ပန်းတနော်သူလေး ချမ်းမြေ့သူ
မြောက်ပိုင်းက လင်းလက်ကြယ်စင်
.............................
အလွန်ပင် များပါရဲ့
ဖေ့စ်ဘုတ်ပေါ်က
အောဖျန့် ** တို့ရေ
ဘေးကင်းကြပါစေ
ကျန်းမာကြပါစေ။

(နာနိုလိုက် ***
ခင်လှိုင်ကြူ
ခင်မေကြည်
သန်းမြင့်အောင်
..............
ဖေ့စ်ဘုတ်ပေါ်က အစ်မကြီးများကိုလည်း
မောင်ကလေး အောင်ဝေးက ပူပါရဲ့)

ကိုယ်ကတော့ ကံကောင်းပါတယ်
ကိုယ့်တိုင်းပြည်ကလေး ခမျာတော့
ပြည်တွင်းစစ် တစ်ညှပ်
ကပ်ရောဂါ တစ်ညှပ်
အိုင် စီ ဂျေ တစ်ညှပ်
ညှပ် သုံးညှပ်ကြား
ကင်သောငါးလို
ကိုယ် တအားစိတ်ပူတယ်။

ပိုးကိုက်တဲ့ပန်း
နေရောင်နမ်းတော့
နွမ်းနွမ်းကြေကြေ၊ ကြမ်းကြမ်းကြွေသလို
ကိုယ့်ပြည်သူတွေ
လေရိုင်းတောထဲ သေတယ်။

နိုင်ငံတော်အတိုင်ပင်ခံကြီးအတွက်လည်း
စိတ်ပူပါရဲ့
ကိုယ် တတ်နိုင်တာက
ဒါပဲ ရှိတယ်
ကဗျာပဲ ရှိတယ်
ဒီကဗျာ သူ ဖတ်မိပါစေသား။

ဒုတိယကမ္ဘာစစ်တုန်းက
ဖက်ဆစ်ဂျပန်တွေ
စစ်တောင်းမြစ်ကိုဖြတ်ပြီး ထွက်ပြေးသလို
ဒီ ကပ်ဘေးကြီး
အမြန် ထွက်ပြေးပါစေသား။

ကပ်ကြီးလည်း ဝေး
လေးသံမြားသံလည်း စဲ
မသေဘဲ ကျန်ခဲ့ရင်
ဘယ်ကောင်းကင်မှာ
ဘယ်မြေပြင်ပေါ်
တို့ ပြန်င်္ပြုးပျော် မော်နိုင်ကြမလဲ။

ကိုယ် ကံကောင်းဆဲပါ
လေထဲမှာ
အနံ့တစ်ခု ရနေတယ်လေ။ ။

အောင်ဝေး

(မေ ၆၊ ၂၀၂၀)

* Donald J. Trump
** All friends
*** Nano Light

##

စ စ္ ( ၂ ၀ ) (နိဂံုး)

ေသျခင္းရဲ့ ရနံ့။

ေ၀သာလီမွာ
မဟုတ္ပါဘူး။

ေ၀ဘာဂီမွာလည္း
မဟုတ္ပါဘူး။

မစ္ရွီဂန္မွာပါ
အေမရိကန္မဲဇာမွာပါ။

တစ္ေန့ လူ သုံးေထာင္(၃၀၀၀) ေသ
တေစၦေတြ ေနတဲ့ အရပ္မွာပါ။

ကပ္ႀကီးက ကိုယ့္ေဘးမွာ
ရင္ဘတ္ကေလး ဖိေနရ။

ကိုယ့္အသက္ ကိုယ္ေပြ့ထားရ။
ကိုယ့္လက္ကိုယ္ ခဏခဏေဆးရ။

အခ်ိန္ေတြ ေသရင္ေသပေစ
ကိုယ္ မေသေအာင္ အိမ္မွာေနေနရ။
ႏွာေခါင္းစည္းလည္း မတပ္ မေနရ။

အလုပ္ေတြ ပိတ္၊ အိပ္မက္ေတြ ပိတ္
ဘ၀က
သမၼတႀကီးေဒၚနယ္ထရန့္ * ရဲ့
အေရးေပၚ ေပးစာကမ္းစာေလးနဲ့
ေမွးမွိတ္ ေခၽြးသိပ္ေနရ။

ေႀသာ္ ... ကိုယ္ မေသေသးတဲ့အေၾကာင္း
ေဖ့စ္ဘုတ္ကေနလည္း
ေၾကညာ ေမာင္းခတ္ေနရ။

"ဒီေကာင္ အသက္ျပင္းတယ္
ေန၀င္း သတ္လို့ မေသ
ခင္ညြန့္သတ္ေတာ့လည္း မေသ
သန္းေရႊသတ္တုန္းကလည္း မေသ
အင္း ... အခုေန ငါသတ္ရင္လည္း
သင္း ေသမယ္ မထင္" ဆိုၿပီး
ဗီယက္နမ္စစ္ေျမျပင္ ကေန
ယန္းကီးေတြ ထြက္သြားသလို
ေသမင္း
ကိုယ့္ေရွ့က လွည့္ျပန္သြားတယ္။

ကိုယ္ကေတာ့ ကံေကာင္းပါတယ္
မင္းတို့အတြက္ပဲ
စိတ္လက္လည္း ပူမိပါရဲ့။

ပုသိမ္က လုံမၿငိမ္းခ်မ္း
မႏၱေလးက အိရွဳမ၀ေဇာ္
ေတာင္ၿမိဳ့က K ျမႏြယ္
ၿမိတ္က ၿငိမ္းဆု
ပ်ဥ္းမနားက ဆုေဂ်
ေမၿမိဳ့က ပိုျပည့္သူ
ျပည္က ၀င္း၀င္းရီ
သန္လ်င္က မီးမီးျမတ္
ၾသစႀတီးယားက အိန္ဂ်ယ္လိွဳင္
စင္ကာပူက ေခ်ာေခ်ာစု
ျမင္းၿခံ ထေနာင္းတိုင္က မိုးမိုး
ေမွာ္ဘီက ေဆြေဆြလွ
ဒီဗြီဘီက ၾကည္ၾကည္ခင္မင္းေဇာ္
ပန္းတေနာ္သူေလး ခ်မ္းေျမ့သူ
ေျမာက္ပိုင္းက လင္းလက္ၾကယ္စင္
.............................
အလြန္ပင္ မ်ားပါရဲ့
ေဖ့စ္ဘုတ္ေပၚက
ေအာဖ်န့္ ** တို့ေရ
ေဘးကင္းၾကပါေစ
က်န္းမာၾကပါေစ။

(နာႏိုလိုက္ ***
ခင္လိွဳင္ၾကဴ
ခင္ေမၾကည္
သန္းျမင့္ေအာင္
..............
ေဖ့စ္ဘုတ္ေပၚက အစ္မႀကီးမ်ားကိုလည္း
ေမာင္ကေလး ေအာင္ေ၀းက ပူပါရဲ့)

ကိုယ္ကေတာ့ ကံေကာင္းပါတယ္
ကိုယ့္တိုင္းျပည္ကေလး ခမ်ာေတာ့
ျပည္တြင္းစစ္ တစ္ညွပ္
ကပ္ေရာဂါ တစ္ညွပ္
အိုင္ စီ ေဂ် တစ္ညွပ္
ညွပ္ သုံးညွပ္ၾကား
ကင္ေသာငါးလို
ကိုယ္ တအားစိတ္ပူတယ္။

ပိုးကိုက္တဲ့ပန္း
ေနေရာင္နမ္းေတာ့
ႏြမ္းႏြမ္းေၾကေၾက၊ ၾကမ္းၾကမ္းေၾကြသလို
ကိုယ့္ျပည္သူေတြ
ေလရိုင္းေတာထဲ ေသတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံႀကီးအတြက္လည္း
စိတ္ပူပါရဲ့
ကိုယ္ တတ္ႏိုင္တာက
ဒါပဲ ရွိတယ္
ကဗ်ာပဲ ရွိတယ္
ဒီကဗ်ာ သူ ဖတ္မိပါေစသား။

ဒုတိယကမၻာစစ္တုန္းက
ဖက္ဆစ္ဂ်ပန္ေတြ
စစ္ေတာင္းျမစ္ကိုျဖတ္ၿပီး ထြက္ေျပးသလို
ဒီ ကပ္ေဘးႀကီး
အျမန္ ထြက္ေျပးပါေစသား။

ကပ္ႀကီးလည္း ေ၀း
ေလးသံျမားသံလည္း စဲ
မေသဘဲ က်န္ခဲ့ရင္
ဘယ္ေကာင္းကင္မွာ
ဘယ္ေျမျပင္ေပၚ
တို့ ျပန္ၿပၤဳးေပ်ာ္ ေမာ္ႏိုင္ၾကမလဲ။

ကိုယ္ ကံေကာင္းဆဲပါ
ေလထဲမွာ
အနံ့တစ္ခု ရေနတယ္ေလ။ ။

ေ အ ာ င္ ေ ၀ း
(ေမ ၆၊ ၂၀၂၀)

* Donald J. Trump
** All friends
*** Nano Light

0 comments: