Wednesday, May 20, 2020

ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၅ )


ရွက်ကြွေနဲ့ မျက်ရည်
တစ်လှည့်စီ ထမ်းသွားရတဲ့
အလွမ်းခရီးသည်
စမ်းချောင်းကလေး။

လရောင်ထဲ တိုးဝင်ဖူးတဲ့
လမ်းဟောင်းကလေး လေ။

အခုတော့ ... လမ်းကလေး
ညပျက်ကြီးထဲ လျှိုးဝင်သွား။

နုန်းတိုးငါးလေးတွေ
ရေနည်းမြောင်းကလေးထဲ
ဖျပ်ဖျပ်လူးသလို။

ကိုယ်တို့လည်း
ဖျပ်ဖျပ်လူးရတာပါကွာ။

ဇာတ်မောကြီး ထဲမှာလေ
ကပ်ဆိုးကြီး ထဲမှာလေ
မိုးတွေ ရွာစွေတုန်း ခဏမှာလေ။

"မိုးရွာရင် လွမ်းရတယ်လို့
ဘယ်သူက စပြောတာလဲ" တဲ့။ *

ဘယ်အငြှိုးနဲ့များ
ချစ်သူနှစ်ဦးကြား
မျက်လုံးချင်းဝေးသွားအောင်
ခွဲထားရက်ပါလိမ့်။

အို ... ကိုဗစ်
ဆိုးငရဲ။

နှလုံးသားချင်း နီးလည်း
မိုးတွေ သည်းနေဆဲ
ရင်ထဲ ပူတယ်
မီးပဲ။

"မိုးရွာထဲ ထွက်ပါရစေ
မိုးရေ ရောသွားတော့
ငါ ငိုတာ
မင်း မသိတော့ဘူး" တဲ့။ **

ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

အောင်ဝေး
(၅၊ ၂၀၊ ၂၀)
* Nyo Pyar Wine Facebook Posted May 19, 2020
** Myat Swe (ထွဏ်းသွေးအိမ်) Facebook Posted May 20, 2020

##

ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၅ )


ရွက်ကြွေနဲ့ မျက်ရည်
အလွမ်းခရီးသည်
စမ်းချောင်းကလေး။

လမ်းဟောင်းကလေး လေ။

အခုတော့ ... လမ်းကလေး

နုန်းတိုးငါးလေးတွေ
ရေနည်းမြောင်းကလေးထဲ
ဖျပ်ဖျပ်လူးသလို။

ကိုယ်တို့လည်း
ဖျပ်ဖျပ်လူးရတာပါကွာ။

ဇာတ်မောကြီး ထဲမှာလေ
ကပ်ဆိုးကြီး ထဲမှာလေ

ဘယ်သူက စပြောတာလဲ" တဲ့။ *

ဘယ်အငြှိုးနဲ့များ
ချစ်သူနှစ်ဦးကြား
ခွဲထားရက်ပါလိမ့်။

အို ... ကိုဗစ်
ဆိုးငရဲ။

မိုးတွေ သည်းနေဆဲ
ရင်ထဲ ပူတယ်
မီးပဲ။

"မိုးရွာထဲ ထွက်ပါရစေ
မိုးရေ ရောသွားတော့
ငါ ငိုတာ
မင်း မသိတော့ဘူး" တဲ့။ **

ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

ေ အာ င်ေ ၀း

(၅၊ ၂၀၊ ၂၀)

0 comments: