Saturday, May 16, 2020

ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၃ )


ဂျေလို က မလှပါဘူး
ညီမလေး က လှတာပါ။

ဂျိုလီ ကို မချစ်ပါဘူး
ညီမလေး ကိုပဲ ချစ်တာပါ။

ညီမလေး မလိုက်ရင်
အိုးထရက်ဖို့တ် လည်း မသွားပါဘူး။

ညီမလေး မကြိုက်ရင်
ဖရဲင့်ခ် လန်းပတ် အကြောင်းလည်း မပြောပါဘူး။

ညီမလေး က လစ်ဗာပူးလ် ဆိုရင်
ကိုကို ကလည်း လစ်ဗာပူးလ်ပေါ့။

အိမ်ကွင်းမှာ ဂိုးပေး မခံရရေး
အဝေးကွင်းမှာ ဂိုးသွင်းနိုင်ရေး
ဒီ ရေး ၂ ရေးထက်
ညီမလေး စိတ်မကောက်ရေးက
ပို အရေးကြီးတယ်။

ခုတော့ ... ။

"STILL ALERT
Control the Virus

SAVE LIVES" တဲ့။ *

အိပ်မက်ထဲမှာ အိပ်မက် မက်ရ
အလွမ်းဇာတ်မှာ အလွမ်းထပ်ရ။

ဘောလုံးပွဲ မပါတဲ့ ညတွေ
ညီမလေး လည်း မပါတော့ဘူးကွယ်။

"ကပ်ကြီးပြီးသွားရင်
အန်းဖီးလ် မှာ
ကိုကို ရှိမှာလား ဟင်,,, " တဲ့။

နှလုံးသားလေးရယ်
အမုန်းများလည်း မရွာပါနဲ့ဦး။

ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

အောင်ဝေး
(၅၊ ၁၆၊ ၂၀)
* Ko Khay Facebook Posted May 15, 2020

##


ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၃ )

ေဂ်လို က မလွပါဘူး
ညီမေလး က လွတာပါ။

ဂ်ိဳလီ ကို မခ်စ္ပါဘူး
ညီမေလး ကိုပဲ ခ်စ္တာပါ။

ညီမေလး မလိုက္ရင္
အိုးထရက္ဖို့တ္ လည္း မသြားပါဘူး။

ညီမေလး မႀကိဳက္ရင္
ဖရဲင့္ခ္ လန္းပတ္ အေၾကာင္းလည္း မေျပာပါဘူး။

ညီမေလး က လစ္ဗာပူးလ္ ဆိုရင္
ကိုကို ကလည္း လစ္ဗာပူးလ္ေပါ ့။

အိမ္ကြင္းမွာ ဂိုးေပး မခံရေရး
အေ၀းကြင္းမွာ ဂိုးသြင္းႏိုင္ေရး
ဒီ ေရး ၂ ေရးထက္
ညီမေလး စိတ္မေကာက္ေရးက
ပို အေရးႀကီးတယ္။

ခုေတာ့ ... ။

"STILL ALERT
Control the Virus

SAVE LIVES" တဲ့။ *

အိပ္မက္ထဲမွာ အိပ္မက္ မက္ရ
အလြမ္းဇာတ္မွာ အလြမ္းထပ္ရ။

ေဘာလုံးပြဲ မပါတဲ့ ညေတြ
ညီမေလး လည္း မပါေတာ့ဘူးကြယ္။

"ကပ္ႀကီးၿပီးသြားရင္
အန္းဖီးလ္ မွာ
ကိုကို ရွိမွာလား ဟင္,,, " တဲ့။

ႏွလုံးသားေလးရယ္
အမုန္းမ်ားလည္း မရြာပါနဲ့ဦး။

ကိႏၷရာ ေခ်ာင္းျခားတာ မဟုတ္ပါဘူး
ကိႏၷရာ ... ၆ ေပ ျခားတာပါ။ ။

ေ အ ာ င္ ေ ၀ း

(၅၊ ၁၆၊ ၂၀)
* Ko Khay Facebook Posted May 15, 2020

Related Posts:

  • ချစ်လှစွာသောပြည်ပြေး (၈၂) ကိုသားဖေထင် ရယ် အများအမြင်မှာတော့ စစ်ဘုရင်တွေပေါ့ တိုင်းပြည်အတွက်တော့ အားလုံး ငိုးမကောင်တွေချည်း ပါပဲဗျာ။ ။ အောင်ဝေး (နိုဝင်ဘာ ၁၂၊ ၂၀၁၉) ## ခ် စ္ လ… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၁) ငါလည်း မငယ်တော့ဘူး ကြည်ဇော်အေး ချောင်းသာမှာ ၅၀ ပြည့်တယ် မိုင်ယာမီ*မှာ ၆၀ ပြည့်တယ် ဘယ်ကမ်းခြေမှာ ၇၀ ပြည့်ဦးမလဲ ငါမသိ။ ။ အောင်ဝေး (နိုဝင်ဘာ ၁၀၊ ၂၀၁၉)… Read More
  • ချစ်လှစွာသောပြည်ပြေး (၈၃) ပန်းနဲ့ ပေါက်တော့ အချစ် နားနီး အချစ် ဗုံးနဲ့ ပစ်တော့ စစ် နားနီး စစ်။ ။ အောင်ဝေး (၁၁-၁၄-၁၉) ဇော်မျိုးသက် နှင့် ပိုင်သ သို့ ... ။ ##ခ် စ္ လွ စြ ာ ေ သ… Read More
  • ချစ်လှစွာသောပြည်ပြေး (၇၈) သမီး လုံမငြိမ်းချမ်း အချစ် ပန်း တွေနဲ့ ခေတ် လမ်းမှာ စစ် စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်။ ။ အောင်ဝေး (နိုဝင်ဘာ ၃၊ ၂၀၁၉) ## ခ် စ္ လွ စြ ာ ေ သ ာ ျပ ည… Read More
  • ချစ်လှစွာသောပြည်ပြေး ( ၈ ၄ ) အမုန်းခေတ်ကြီး တုန်းက ငါတို့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးခဲ့တယ် အခု ဒေါ်အောင်ဆန်းစုကြည်ခေတ် မှာ ငါတို့ အချစ်အကြောင်း ရေးကြတယ်။ ။ အောင်ဝေး (၁၁-၁… Read More

0 comments: