Saturday, May 23, 2020

ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၆ )




စစ်ကို ရပ်တန့်လို့ ရတယ်
ငြိမ်းချမ်းရေးကို ရပ်တန့်လို့ မရ။

ခေတ်ကို ကန့်သတ်လို့ ရမယ်
အချစ်နဲ့အလွမ်းကို ကန့်သတ်လို့ မရ။

အချစ် အလွမ်း စွန့်စားခန်း
ကိုဗစ် 19 ဇာတ်ဝင်ခန်းလေ။

ကပ်ဆိုးသွမ်းကြီးထဲ
ဘယ် မြစ်မှ
အချစ်သန့်သန့် မစီးနိုင်။

ကပ်မိုးကြမ်းကြီးထဲ
ဘယ် ပန်းမှ
အလွမ်းသန့်သန့် မမွှေးနိုင်။

အချစ်သန့်မှ
အလွမ်း သန့်မယ်။

ကိုရိုနာစစ်ပွဲက
အချစ်ဘေး
ကပ်ဖြစ်နေတာ
အသံတိတ်။

ခေတ်က
အလွမ်းဇာတ်
ကပ် သင့်နေတာ
တစ်ခန်း မရပ်။

မနေ့က
ချစ်သူလမ်းကြားကလေး
ကိုဗစ်နတ်ဆိုး တွေ့သတဲ့။

သူ့အိပ်မက် ကိုယ် သော့ခတ်ပိတ်
ကိုယ့်အိပ်မက် သူ သော့ခတ်ပိတ်
အရိပ်တွေ
ဝေးကွာ သွားရ။

ညအိပ်တော့
အချစ်စိတ်ထဲ
တိတ်တိတ်ကလေး လွမ်းရ။

သံသယတွေကော
သံသယလူနာတွေကော
ရောဂါ အမြန်ပျောက်ပါစေ။

ချစ်သူချင်း
ရေ အကြည်၊ မိုး အလင်း
ကြာညိုနံ့သင်းတဲ့အထိ
နှင်း မလာမချင်း စောင့်ရအောင်နော်။

ပိတောက်လည်း နောက်ကျတတ်တာပဲ
ရထားလည်း နောက်ကျတတ်တာပဲ
အမှန်တရားလည်း နောက်ကျတတ်တာပဲ။

"နောက်ကျမှ ရောက်လာလည်း အချစ်ပဲ
လက်ညှိုးတွေကို
မင်းအပြုံးချိုလေးနဲ့ လဲပါ့မယ်" တဲ့။ *

ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။

အောင်ဝေး

(၅၊ ၂၃၊ ၂၀)
* Lu Pant Nge Facebook Posted May 22, 2020

##

ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၆ )


စစ္ကို ရပ္တန့္လို့ ရတယ္
ၿငိမ္းခ်မ္းေရးကို ရပ္တန့္လို့ မရ။

ေခတ္ကို ကန့္သတ္လို့ ရမယ္
အခ်စ္နဲ့အလြမ္းကို ကန့္သတ္လို့ မရ။

အခ်စ္ အလြမ္း စြန့္စားခန္း
ကိုဗစ္ 19 ဇာတ္၀င္ခန္းေလ။

ကပ္ဆိုးသြမ္းႀကီးထဲ
ဘယ္ ျမစ္မွ
အခ်စ္သန့္သန့္ မစီးႏိုင္။

ကပ္မိုးၾကမ္းႀကီးထဲ
ဘယ္ ပန္းမွ
အလြမ္းသန့္သန့္ မေမႊးႏိုင္။

အခ်စ္သန့္မွ
အလြမ္း သန့္မယ္။

ကိုရိုနာစစ္ပြဲက
အခ်စ္ေဘး
ကပ္ျဖစ္ေနတာ
အသံတိတ္။

ေခတ္က
အလြမ္းဇာတ္
ကပ္ သင့္ေနတာ
တစ္ခန္း မရပ္။

မေန့က
ခ်စ္သူလမ္းၾကားကေလး
ကိုဗစ္နတ္ဆိုး ေတြ့သတဲ့။

သူ့အိပ္မက္ ကိုယ္ ေသာ့ခတ္ပိတ္
ကိုယ့္အိပ္မက္ သူ ေသာ့ခတ္ပိတ္
အရိပ္ေတြ
ေ၀းကြာ သြားရ။

ညအိပ္ေတာ့
အခ်စ္စိတ္ထဲ
တိတ္တိတ္ကေလး လြမ္းရ။

သံသယေတြေကာ
သံသယလူနာေတြေကာ
ေရာဂါ အျမန္ေပ်ာက္ပါေစ။

ခ်စ္သူခ်င္း
ေရ အၾကည္၊ မိုး အလင္း
ၾကာညိဳနံ့သင္းတဲ့အထိ
ႏွင္း မလာမခ်င္း ေစာင့္ရေအာင္ေနာ္။

ပိေတာက္လည္း ေနာက္က်တတ္တာပဲ
ရထားလည္း ေနာက္က်တတ္တာပဲ
အမွန္တရားလည္း ေနာက္က်တတ္တာပဲ။

"ေနာက္က်မွ ေရာက္လာလည္း အခ်စ္ပဲ
လက္ညိွဳးေတြကို
မင္းအၿပံဳးခ်ိဳေလးနဲ့ လဲပါ ့မယ္" တဲ့။ *

ကိႏၷရာ ေခ်ာင္းျခားတာ မဟုတ္ပါဘူး
ကိႏၷရာ ... ၆ ေပ ျခားတာပါ။ ။

ေ အ ာ င္ ေ ၀ း

(၅၊ ၂၃၊ ၂၀)
* Lu Pant Nge Facebook Posted May 22, 2020

Related Posts:

  • ၂ ၀ ၂ ၀ ( ၄ ) ဒီ စံပယ်ပန်းရုံကလေးရေ မလောင်းချင် နေပါ။အဆိပ်ပင်တော့ရေ သွားမလောင်း လိုက်ပါနဲ့။စံပယ်ပွင့်တွေ ဖွေးလာရင်သင်လည်း ကျွနု်ပ်တို့နဲ့အတူမွှေးရနံ့ ဝေစု ရမှာပါ။ … Read More
  • ၂ ၀ ၂ ဝ ခွပ်ဒေါင်း ခွပ်ချိန်ကြယ် ဆွတ်ချိန်အောင်ပွဲခံမယ့် အချိန်။ ။(ဇူလိုင် ၂၃၊ ၂၀၂၀)မိမိ၏(၆၆)နှစ်ပြည့်မွေးနေ့ အမှတ်တရ။##၂ ၀ ၂ ၀ ----------- (ေအာင္ေ၀း) ခြပ္ေ… Read More
  • ၂ ၀ ၂ ၀ ( ၈ )ဓားကျိုး မှာငါးရိုး နင်နေတယ်။ဒီ မြောင်တစ်ရိုးကျားက ဆိုးသတဲ့။လမ်းရိုး မှာကျမ်းကိုး နဲ့ကျားဆိုးကို ထိုးမယ်ပြင်တော့ ... ။ဓားကျိုး မှာငါးရိုး နင်နေတယ်။ ။(… Read More
  • ၂ ၀ ၂ ၀ ( ၃ ) မောင်ရင်ပါးစပ်က ပြောတော့ဒီမိုကရေစီရမှ ဖြစ်မယ်။မဲကျတော့မပေးချင်ဘူး။စစ်ဖိနပ်သာပြေးကိုက်လိုက်ပေတော့။ ။(ဇူလိုင် ၂၄၊ ၂၀၂၀) ##၂ ၀ ၂ ၀ ( ၃ ) ---------------… Read More
  • ၂ ၀ ၂ ၀ ( ၉ )မျောက်က ရိုင်းတော့သစ်ကိုင်းဟာကိုင်းနေရဲ့။မုန်တိုင်း မကျခင်သစ်ကိုင်းကမျောက်ရိုင်းကို လွှတ်ချလိုက်တယ်။သစ်ကိုင်း မျောက်လွတ် ဖြစ်ပြီးသူ့နဂိုအတိုင်းပြန် မတ… Read More

0 comments: