Saturday, June 6, 2020
ကိ န္န ရ ာ ... ၆ ေ ပ ခြ ာ း ( ၉ )
ဒုက္ခနဲ့ တစ်ခါကြုံရတိုင်း
ချစ်သူရဲ့လက်ကို
တစ်ခါ ကိုင်ပရစေ ... လို့
အိုမာခိုင်ယမ် လိုလည်း
မပူဆာရက်ပါဘူး။
ဒုက္ခက
ပျားရည်လို
မချိုပါဘူး။
ဒီ အဆိပ်ခွက်
မချိုဘူးဆိုတာ
ဆော့ခရတ္တိ မသိပါဘူး။
စေတနာ့ဝန်ထမ်း
လမ်းကလေးမှာ
ကိုယ့်ရဲ့ ပန်းပင်ကလေး
လန်းရွှင်နေသလား။
ဒါမှမဟုတ်
ကျန်းမာရေးတိုက်ပွဲ
ရှေ့တန်းစစ်မျက်နှာမှာ
တို့ရဲ့ပန်းပင်ကလေး
ပင်ပန်းနေမလား။
ဖျားနေတဲ့ ကမ္ဘာကြီးအတွက်
ပန်းပင်ကလေးတစ်ပင်တော့
မဖြစ်မနေ စိုက်ခဲ့သင့်တယ်။
နွားရိုင်းသွင်းချိန်
မေမေရေ ...
မေမေရေ ...
ကိုဗစ်ဆိုတဲ့
တစ္ဆေတွေ လာချေပေါ့။
ကပ်ဘေးသင့်ချိန်
အိပ်မက်ထဲ
နွေဦးငှက်တွေ
အပျံခက်ချေပေါ့။
ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့
ကိုယ်ဝန်ဆောင်မိုးတိမ်တွေ
ကျိန်စာကဲ့ချေပေါ့။
ကိုရိုနာဗိုင်းရပ်စ်ပိုး
နတ်ဆိုးလက်က လွန်မြောက်ရင်
မွန်မြတ်တဲ့ စွန့်စားခန်းမှာ
ပန်းကလေး ပွင့်လာမယ်။
"တကယ်ပါ
ဆူးနှင်းဆီရိုင်းတစ်ပင် ရှိရုံလေးနဲ့တင်
ကိုယ့်မှာ ပျော်ရွှင်နေရတယ်" တဲ့။ *
ဗော်လံတီယာပန်းကလေးရေ ...
ကျန်းမာပါစေ။
ဘဝကို ချစ်နေဖို့တော့
ကပ်ဆိုးခေတ်ရဲ့
ဒုက္ခတစ်ခြမ်း
လွမ်းနေရဦးမယ် မဟုတ်လား။
ကိန္နရာ ချောင်းခြားတာ မဟုတ်ပါဘူး
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
အောင်ဝေး
(၆၊ ၆၊ ၂၀)
* Ei Phyu Soe Facebook Posted May 23, 2020
##
ကိ ႏၷ ရ ာ ... ၆ ေ ပ ျခ ာ း ( ၉ )
ချစ်သူရဲ့လက်ကို
တစ်ခါ ကိုင်ပရစေ ... လို့
မပူဆာရက်ပါဘူး။
ဒုက္ခက
ပျားရည်လို
မချိုပါဘူး။
ဒီ အဆိပ်ခွက်
မချိုဘူးဆိုတာ
ဆော့ခရတ္တိ မသိပါဘူး။
စေတနာ့ဝန်ထမ်း
လမ်းကလေးမှာ
လန်းရွှင်နေသလား။
ဒါမှမဟုတ်
ကျန်းမာရေးတိုက်ပွဲ
တို့ရဲ့ပန်းပင်ကလေး
ပင်ပန်းနေမလား။
မေမေရေ ...
မေမေရေ ...
ကိုဗစ်ဆိုတဲ့
တစ္ဆေတွေ လာချေပေါ့ ။
ကပ်ဘေးသင့်ချိန်
အိပ်မက်ထဲ
နွေဦးငှက်တွေ
အပျံခက်ချေပေါ့ ။
ကျိန်စာကဲ့ချေပေါ့ ။
ပန်းကလေး ပွင့်လာမယ်။
"တကယ်ပါ
ကျန်းမာပါစေ။
ဘ၀ကို ချစ်နေဖို့တော့
ကပ်ဆိုးခေတ်ရဲ့
ဒုက္ခတစ်ခြမ်း
ကိန္နရာ ... ၆ ပေ ခြားတာပါ။ ။
ေ အာ င်ေ ၀း
(၆၊ ၆၊ ၂၀)
Related Posts:
  • ထား ခဲ့ ခြ င်း များ ကျနော်တို့က ဂျိမ်းဂျွိုက်စ်ကို သိတယ် ခင်ဗျား နားမလည်ပါဘူး ဘိုနို။ ကျနော်တို့က အိုင်ယာလန်အစိမ်းကို ချစ်တယ် ခင်ဗျား မသိပါဘူး ဘိုနို။ အိ… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ   ဆိုပါတော့၊ လောကကြီးမှာ အချစ်ကို အချစ်နဲ့ “မျှား” တော့ မေတ္တာတွေရမယ်၊ သစ္စာတွေရမယ် သံယောဇဉ်နဲ့ တစ်အိုးတစ်အိမ်တွေရမယ်။ ဒါဆိုရင် … မြစ်ကို… Read More
  • The Day I Died at Mandalay Bay Was Sunday Today is Monday I died a day ago O! Las Vegas The day I died at Mandalay Bay was Sunday   Sunday night Was it a starry, starry night,… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၂ )   ဒီ နံရံမှာ ဘယ်တော့မှ အမြစ်မတွယ်တော့ဘူး။ ဘဝက တိုက်ကပ်ပန်းလို မလန်းဘူး။အသက်ရှင်ရတာ သမိုင်းမကွေးရုံတစ်မယ် ကိုယ့်ရင် ကိုယ်အကွဲခံပြီး သိမ်ငယ်ရတယ်။… Read More
  • ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ) ဒီတစ်ခါ သေပြီးရင် နောက်ထပ် မသေတော့ဘူး မြစ်က။ အချစ်လည်း ဒီလိုပဲ ဘယ်လိုလဲဆိုတော့ကာ ဟိုလေ … ။ မြစ်ကို သေအောင်သတ်ပြီးမှ ရေလည်း မစီးဘူး လှိုင်းလည်း … Read More
0 comments: