Tuesday, November 17, 2020

မစ်ရှီဂန်မဲဇာ - ၄၀ (နိဂုံး)



အသက်ကို အရက်ပြန်နဲ့ ခဏခဏ ပွတ်နေရတယ်။
အလင်္ကာ မဆန်လှတဲ့၊ (အူမကြီး) ကင်ဆာသံသယကြောင့်
အရက်နဲ့ ရှင်ကွဲ ကွဲခဲ့ရတဲ့ ဟောဒီ အမေရိက။
အခုတော့၊ ကိုဗစ်ကြီးဖြစ်လာတော့၊ အရက်ထက်ပြင်းတဲ့ အရက်နဲ့
လက်ထပ်လိုက်ရ။
အသက်ကို အရက်ပြန်နဲ့ ခဏခဏ ပွတ်နေရ။
လက်ကို လက်သန့်ဆေးရည်နဲ့ ခဏခဏ ပွတ်နေရ။
လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့ ခဏခဏ ဆေးနေရတယ်။
ကိုဗစ်ဘေး မသေးလှ။
ကိုဗစ်ဘေး မဝေးလှ။
အခုအချိန်က နှာခေါင်း-ပါးစပ်စည်း မပါရင် လူရာမဝင်။
နှာခေါင်း-ပါးစပ်စည်း ပါမှ လူရာဝင်တာ။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းက ရိုင်း၏။ကြမ်း၏။
ကမ္ဘာတစ်ဝန်း လှိမ့်ခံနေရ၏။
ယနေ့အဖို့ အစွမ်းထက်မြက် လုံလောက်သော ကာကွယ်ဆေးကိုပေးပါ။
ဒီနေ့ (၁၁- ၁၈- ၂၀) တစ်ကမ္ဘာလုံး ၅၆-သန်းကျော် ကူးစက်။ ၁-သန်း၊ ၃-သိန်းကျော် သေဆုံး။
အမေရိကမှာ ၁၁-သန်း၊ ၇-သိန်းကျော် ကူးစက်။ ၂-သိန်း၊ ၅-သောင်းကျော် သေဆုံး။
ငါနေတဲ့ မစ်ရှီဂန် ၂-သိန်း၊ ၇-သောင်းကျော် ကူးစက်။ ၈-ထောင်ကျော် သေဆုံး။
ငါ့မြန်မာပြည် ၇-သောင်း၊ ၃-ထောင်ကျော် ကူးစက်။ ၁-ထောင်၊ ၆-ရာကျော်
သေဆုံး။
အသက်ကို အရက်ပြန်နဲ့ ခဏခဏ ပွတ်နေရတယ်။
In the year of certainty; we won the 2020 election, but our victory
is really certain.
မသေချာခြင်းများကသာ သေချာခဲ့ပါတယ်။
မရေရာခြင်းများကသာ ရေရာခဲ့ပါတယ်။
အမေရိကမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင် အနိုင်ရခဲ့တာကတော့ အသေအချာ။
မြန်မာပြည်မှာ NLD တွေ အနိုင်ရခဲ့တာကလည်း အသေအချာ။
ခက်တာက အရှုံးကို ဝန်မခံရဲ၊ ရင်မဆိုင်ရဲကြတာပဲ။
အမေရိကမှာ ဦးထရန့် သူ့အရှုံးကို ခုထိ ဝန်မခံသေးဘူး။
မြန်မာပြည်မှာ ဒေါ်နယ်သန်းဌေး သူတို့ပါတီ ရှုံးတာ ခုထိ ဝန်မခံသေး။
ဦးထရန့်ကိုတော့ သူ့ဇနီးနဲ့ သမီးတို့က အရှုံးကိုဝန်ခံဖို့ တိုက်တွန်းနေတယ်။
ဒေါ်နယ်သန်းဌေးကို ဦးရဲထွဋ်က အရှုံးကိုလက်ခံဖို့ ဖျောင်းဖျနေတယ်။
ဦးထရန့်က "Time will tell." လို့ အရှက်ပြေ ပြောတယ်။
ဒေါ်နယ်သန်းဌေးက စစ်တပ်နဲ့ ကော်မရှင်ပေါင်းပြီး၊ ရွေးကောက်ပွဲ ပြန်လုပ်ဖို့
အရှက်မရှိပြောတယ်။
သေချာတာကတော့၊ အမေရိကမှာ ၂၀၂၁၊ ဇန်နဝါရီ(၂၀)မှာ
သမ္မတသစ် ဂျိုးဘိုင်ဒင် ၄-နှစ်သက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုတော့မယ်။
သေချာတာကတော့၊ မြန်မာပြည်မှာ NLD က နောက်ထပ် ၅-နှစ်သက်တမ်း
အတွက် အမျိုးသားညီညွတ်ရေး အစိုးရသစ် ဖွဲ့တော့မယ်။
ဒီမိုကရေစီစနစ်မှာ လူဟာ ရွေးကောက်ပွဲသတ္တဝါ။
ဒီ သတ္တဝါတွေ ကိုဗစ်ကပ်ဘေးကြီးအတွင်းမှာ အတူတူ အသက်လု
ပြေးနေရတာ။
နိုင်တဲ့သူကလည်း ရှုံးတဲ့ကြက်ကို ဆက်ဆက် မခွပ်ပါနဲ့။
သူ့မှာလည်း အတက်ရှိတာကို သတိပြုပါ။
ရှုံးတဲ့သူကလည်း ရှုံးမဲ မမဲပါနဲ့။
ပြည်သူတွေက ဝါးလုံးကွဲရယ် လှောင်ပြောင်ကြရော့မယ်။
နောက်ဆုံး အနေနဲ့ တစ်ခုပဲ ပြောချင်တယ်။
ပွဲသိမ်းခရာ မှုတ်ပြီးသွားပါပြီ။
NLD ဂိုးပြတ်နဲ့ နိုင်သွားပါပြီ။
ခင်ဗျားတို့ ညစ်ပုပ်ကပ်ကျယ် လုပ်နေဦးမယ်ဆိုရင်
ကွင်းအပြင်မှာ အနီကဒ်(အနီကဒ်) အပြခံရတော့မယ်။
စိတ်မကောင်းပါ။
အသက်ကို အရက်ပြန်နဲ့ ခဏခဏ ပွတ်နေရတယ် ဒေါ်နယ်သန်းဌေး။   ။

အောင်ဝေး
(နိုဝင်ဘာ ၁၈၊ ၂၀၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၄ ၀ (နိဂံုး)
 

အသက္ကို အရက္ျပန္နဲ့ ခဏခဏ ပြတ္ေနရတယ္။
အလကၤာ မဆန္လွတဲ့၊ (အူမႀကီး) ကင္ဆာသံသယေၾကာင့္
အရက္နဲ့ ရွင္ကြဲ ကြဲခဲ့ရတဲ့ ေဟာဒီ အေမရိက။
အခုေတာ့၊ ကိုဗစ္ႀကီးျဖစ္လာေတာ့၊ အရက္ထက္ျပင္းတဲ့ အရက္နဲ့
လက္ထပ္လိုက္ရ။
အသက္ကို အရက္ျပန္နဲ့ ခဏခဏ ပြတ္ေနရ။
လက္ကို လက္သန့္ေဆးရည္နဲ့ ခဏခဏ ပြတ္ေနရ။
လက္ကို စင္ၾကယ္ေအာင္ ဆပ္ျပာနဲ့ ခဏခဏ ေဆးေနရတယ္။
ကိုဗစ္ေဘး မေသးလွ။
ကိုဗစ္ေဘး မေ၀းလွ။
အခုအခ်ိန္က ႏွာေခါင္း-ပါးစပ္စည္း မပါရင္ လူရာမ၀င္။
ႏွာေခါင္း-ပါးစပ္စည္း ပါမွ လူရာ၀င္တာ။
ကိုရိုနာဗိုင္းရပ္စ္ ဒုတိယလိွဳင္းက ရိုင္း၏။ၾကမ္း၏။
ကမၻာတစ္၀န္း လွိမ့္ခံေနရ၏။
ယေန့အဖို့ အစြမ္းထက္ျမက္ လုံေလာက္ေသာ ကာကြယ္ေဆးကိုေပးပါ။
ဒီေန့ (၁၁- ၁၈- ၂၀) တစ္ကမၻာလုံး ၅၆-သန္းေက်ာ္ ကူးစက္။ ၁-သန္း၊ ၃-သိန္းေက်ာ္ ေသဆုံး။
အေမရိကမွာ ၁၁-သန္း၊ ၇-သိန္းေက်ာ္ ကူးစက္။ ၂-သိန္း၊ ၅-ေသာင္းေက်ာ္ ေသဆုံး။
ငါေနတဲ့ မစ္ရွီဂန္ ၂-သိန္း၊ ၇-ေသာင္းေက်ာ္ ကူးစက္။ ၈-ေထာင္ေက်ာ္ ေသဆုံး။
ငါ ့ျမန္မာျပည္ ၇-ေသာင္း၊ ၃-ေထာင္ေက်ာ္ ကူးစက္။ ၁-ေထာင္၊ ၆-ရာေက်ာ္
ေသဆုံး။
အသက္ကို အရက္ျပန္နဲ့ ခဏခဏ ပြတ္ေနရတယ္။
In the year of certainty; we won the 2020 election, but our victory
is really certain.
မေသခ်ာျခင္းမ်ားကသာ ေသခ်ာခဲ့ပါတယ္။
မေရရာျခင္းမ်ားကသာ ေရရာခဲ့ပါတယ္။
အေမရိကမွာ ဒီမိုကရက္တစ္ သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္ အႏိုင္ရခဲ့တာကေတာ့ အေသအခ်ာ။
ျမန္မာျပည္မွာ NLD ေတြ အႏိုင္ရခဲ့တာကလည္း အေသအခ်ာ။
ခက္တာက အရွံဳးကို ၀န္မခံရဲ၊ ရင္မဆိုင္ရဲၾကတာပဲ။
အေမရိကမွာ ဦးထရန့္ သူ့အရွံဳးကို ခုထိ ၀န္မခံေသးဘူး။
ျမန္မာျပည္မွာ ေဒၚနယ္သန္းေဌး သူတို့ပါတီ ရွံဳးတာ ခုထိ ၀န္မခံေသး။
ဦးထရန့္ကိုေတာ့ သူ့ဇနီးနဲ့ သမီးတို့က အရွံဳးကို၀န္ခံဖို့ တိုက္တြန္းေနတယ္။
ေဒၚနယ္သန္းေဌးကို ဦးရဲထြဋ္က အရွံဳးကိုလက္ခံဖို့ ေဖ်ာင္းဖ်ေနတယ္။
ဦးထရန့္က "Time will tell." လို့ အရွက္ေျပ ေျပာတယ္။
ေဒၚနယ္သန္းေဌးက စစ္တပ္နဲ့ ေကာ္မရွင္ေပါင္းၿပီး၊ ေရြးေကာက္ပြဲ ျပန္လုပ္ဖို့
အရွက္မရွိေျပာတယ္။
ေသခ်ာတာကေတာ့၊ အေမရိကမွာ ၂၀၂၁၊ ဇန္န၀ါရီ(၂၀)မွာ
သမၼတသစ္ ဂ်ိဳးဘိုင္ဒင္ ၄-ႏွစ္သက္တမ္းအတြက္ က်မ္းသစၥာ က်ိန္ဆိုေတာ့မယ္။
ေသခ်ာတာကေတာ့၊ ျမန္မာျပည္မွာ NLD က ေနာက္ထပ္ ၅-ႏွစ္သက္တမ္း
အတြက္ အမ်ိဳးသားညီညြတ္ေရး အစိုးရသစ္ ဖြဲ့ေတာ့မယ္။
ဒီမိုကေရစီစနစ္မွာ လူဟာ ေရြးေကာက္ပြဲသတၱ၀ါ။
ဒီ သတၱ၀ါေတြ ကိုဗစ္ကပ္ေဘးႀကီးအတြင္းမွာ အတူတူ အသက္လု
ေျပးေနရတာ။
ႏိုင္တဲ့သူကလည္း ရွံဳးတဲ့ၾကက္ကို ဆက္ဆက္ မခြပ္ပါနဲ့။
သူ့မွာလည္း အတက္ရွိတာကို သတိျပဳပါ။
ရွံဳးတဲ့သူကလည္း ရွံဳးမဲ မမဲပါနဲ့။
ျပည္သူေတြက ၀ါးလုံးကြဲရယ္ ေလွာင္ေျပာင္ၾကေရာ့မယ္။
ေနာက္ဆုံး အေနနဲ့ တစ္ခုပဲ ေျပာခ်င္တယ္။
ပြဲသိမ္းခရာ မွဳတ္ၿပီးသြားပါၿပီ။
NLD ဂိုးျပတ္နဲ့ ႏိုင္သြားပါၿပီ။
ခင္ဗ်ားတို့ ညစ္ပုပ္ကပ္က်ယ္ လုပ္ေနဦးမယ္ဆိုရင္
ကြင္းအျပင္မွာ အနီကဒ္(အနီကဒ္) အျပခံရေတာ့မယ္။
စိတ္မေကာင္းပါ။
အသက္ကို အရက္ျပန္နဲ့ ခဏခဏ ပြတ္ေနရတယ္ ေဒၚနယ္သန္းေဌး။   ။

ေ အ ာ င္ ေ ၀ း

(ႏို၀င္ဘာ ၁၈၊ ၂၀၂၀)

Related Posts:

  • National Offensivenessအမ်ိဳးသားျပန္လည္တိုက္ခိုက္ေရးေအာင္ေ၀းစက္တင္ဘာ ၁၅၊ ၂၀၀၉ေလာ့စ္အိန္ဂ်ယ္လိစ္မွာေတာမီးေတြ ေလာင္ေနတယ္။ကမၻာအႏွံ႔မွာေဘာလုံးပြဲေတြ က်င္းပေနတယ္။(ေတာမီးကို ေတာမီ… Read More
  • Aung Way - Guru 1 Year Poem… … ကဲ့သို ့ေသာ အေမ့ကဗ်ာမ်ားေအာင္ေ၀းႏို၀င္ဘာ ၂၉၊ ၂၀၀၉အေမ့အိမ္မွာက်ေနာ္ကနံရံကိုမွီထားတဲ့ ဂစ္တာ။ေ၀းသြားတဲ့အခါေဒါင္းအလံပတ္ထားတဲ့ေမာင္းျပန္ေသနတ္ဟာက်ေနာ္ျဖ… Read More
  • on the way back အျပန္လမ္းေအာင္ေ၀းစက္တင္ဘာ ၂၉၊ ၂ဝဝ၉ဒီမွာေတာ႔ကိုယ္တို႔က အိမ္ျပန္ခ်င္သူေတြေပါ႔။လမ္းျဖတ္ကူးတိုင္းဇာတိလြမ္းစိတ္ခ်င္း တိုးမိတိုက္မိ။အိပ္မက္ထဲပိေတာက္ပြင္႔မ… Read More
  • Aung Way - Kyaw Thuေက်ာ္သူေအာင္ေ၀းႏို၀င္ဘာ ၁၊ ၂၀၀၉ေက်ာ္သူ …ခု အေျခအေနကတိုင္းျပည္က ႏုႏုမုန္တိုင္းကထန္ထန္ မဟုတ္ေတာ့ဘူး။ေက်ာ္သူ …ခု အေျခအေနကတိုင္းျပည္က ရင့္ရင့္မုန္တိုင္း ေ… Read More
  • O New York!အို … နယူးေယာက္ေအာင္ေ၀းေအာက္တိုဘာ ၁၆၊ ၂၀၀၉ အို ... နယူးေယာက္သင့္ရဲ ့ေတာက္ပမွဳကိုငါတို ့အသိအမွတ္ျပဳပါရဲ ့။အို ... နယူးေယာက္ငါတို ့ရဲ ့ေတာက္ပမႈကိုလည္းသ… Read More

0 comments: