Friday, November 6, 2020

သင္ဘယ္သူ႔ဘက္ကလဲ

 
ပြည်သူက ကျွန်၊ စစ်တပ်က သခင်
အဲဒါ စစ်အာဏာရှင်။
ပြည်သူ့ဆန္ဒက အရေးမပါ
စစ်မိန့်က အရေးပါ
အဲဒါ စစ်အာဏာ။
ပြည်သူကို မရိုသေ
စစ်မိန့်ကို ရိုသေ
စစ်ဗိုလ်ချုပ်သာ သူတို့အဖေ။
အများပြည်သူ့ဆန္ဒကို ဆန့်ကျင်
ပြည်သူ့ကျေးဇူးကို သူမမြင်
လက်နက်ရဲ့တန်ခိုးကိုသာ မြင်
အဲဒါ စစ်ဘုရင်၊ စစ်အာဏာရှင်။
ပြည်သူ့ဆန္ဒကို ပစ်ပယ်ကြ
စစ်ဘုရင်ခိုင်းသမျှ နာခံကြ
အဲဒါ စစ်ဝါဒ၊ စစ်ဓားပြ။
သင် ဘယ်ဘက်ကလဲ
သေနတ်မောင်း ဘယ်သူ့ဘက် လှည့်မလဲ
သင့်သမိုင်း သင်ရေး
သင့်လမ်းကို သင်ရွေးပေရော့ - ကဲ။
သေနတ်ဖျားမှာ
ကားခနဲ သေရမဲ့လူတွေက
အပြစ်မဲ့ ချစ်တဲ့ပြည်သူတွေလား
စစ်တစ္ဆေတွေလား
ကဲ ... ။     ။
၃၀-၇-၂၀၀၆
တ င် မို း
(၁၉၃၃-၂၀၀၇)
+++++
မနေ့တစ်နေ့ကပဲ
ပေါ်ပြူလာနယူးစ် အင်တာဗျူးတစ်ခုမှာ
 ကျောင်းသားခေါင်းဆောင်ဟောင်း၊
လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်ဟောင်းတစ်ယောက်က
နှစ်(၃၀)အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ
အာဏာရှင်ဖြစ်လာနေတယ် လို့ ပြောဆိုလိုက်တာ
ကြားလိုက်ရပါတယ်။
နေဝင်း က အာဏာရှင်ပါ။
ဒေါ်အောင်ဆန်းစုကြည် က အာဏာရှင် မဟုတ်ပါဘူး။
သန်းရွှေ က အာဏာရှင်ပါ။
ဒေါ်အောင်ဆန်းစုကြည် က အာဏာရှင် မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ
ကျေးဇူးရှင်ပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ကျေးဇူး
ကျနော်တို့ မြန်မာပြည်သူတွေအပေါ်မှာရှိသလို
ဒေါ်အောင်ဆန်းစုကြည်ကျေးဇူးလည်း
ကျနော်တို့အပေါ်ရှိပါရဲ့။
ကျနော့်အမြင်ကို ကျနော်
ကဗျာတစ်ပုဒ်ထဲမှာ ဟောဒီလို ဖော်ပြခဲ့ဖူးပါတယ်။
+++++
၂ ၀ ၂ ၀ ( ၂ ၃ )
သူက
ငါတို့ရင်အုံက လှံကို
နုတ်ပေးခဲ့။
ငါတို့က
သူ့နောက်ကျော စိုက်နေတဲ့ဓားကို
မေ့လို့။
ကျေးဇူးတရားဆိုတာ
ခမ်းနားတဲ့ လရောင်။
နောက်ဖေးလမ်းကြားက
ခွေးတွေကတော့
ဟောင်နေဦးမှာပဲ။    ။
(သြဂုတ် ၃၊ ၂၀၂၀)
+++++
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။
NLD နိုင်ရမည်။     ။

အောင်ဝေး
(နိုဝင်ဘာ ၇၊ ၂၀၂၀)


##

သ င္  ဘ ယ္ သူ့ ဘ က္ က လဲ


ျပည္သူက ကၽြန္၊ စစ္တပ္က သခင္
အဲဒါ စစ္အာဏာရွင္။
ျပည္သူ့ဆႏၵက အေရးမပါ
စစ္မိန့္က အေရးပါ
အဲဒါ စစ္အာဏာ။
ျပည္သူကို မရိုေသ
စစ္မိန့္ကို ရိုေသ
စစ္ဗိုလ္ခ်ဳပ္သာ သူတို့အေဖ။
အမ်ားျပည္သူ့ဆႏၵကို ဆန့္က်င္
ျပည္သူ့ေက်းဇူးကို သူမျမင္
လက္နက္ရဲ့တန္ခိုးကိုသာ ျမင္
အဲဒါ စစ္ဘုရင္၊ စစ္အာဏာရွင္။
ျပည္သူ့ဆႏၵကို ပစ္ပယ္ၾက
စစ္ဘုရင္ခိုင္းသမွ် နာခံၾက
အဲဒါ စစ္၀ါဒ၊ စစ္ဓားျပ။
သင္ ဘယ္ဘက္ကလဲ
ေသနတ္ေမာင္း ဘယ္သူ့ဘက္ လွည့္မလဲ
သင့္သမိုင္း သင္ေရး
သင့္လမ္းကို သင္ေရြးေပေရာ့ - ကဲ။
ေသနတ္ဖ်ားမွာ
ကားခနဲ ေသရမဲ့လူေတြက
အျပစ္မဲ့ ခ်စ္တဲ့ျပည္သူေတြလား
စစ္တေစၦေတြလား
ကဲ ... ။     ။
၃၀-၇-၂၀၀၆
တ င္ မို း
(၁၉၃၃-၂၀၀၇)
+++++
မေန့တစ္ေန့ကပဲ
ေပၚျပဴလာနယူးစ္ အင္တာဗ်ဴးတစ္ခုမွာ
 ေက်ာင္းသားေခါင္းေဆာင္ေဟာင္း၊
လက္နက္ကိုင္ေတာ္လွန္ေရးေခါင္းေဆာင္ေဟာင္းတစ္ေယာက္က
ႏွစ္(၃၀)အၾကာမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ
အာဏာရွင္ျဖစ္လာေနတယ္ လို့ ေျပာဆိုလိုက္တာ
ၾကားလိုက္ရပါတယ္။
ေန၀င္း က အာဏာရွင္ပါ။
ေဒၚေအာင္ဆန္းစုၾကည္ က အာဏာရွင္ မဟုတ္ပါဘူး။
သန္းေရႊ က အာဏာရွင္ပါ။
ေဒၚေအာင္ဆန္းစုၾကည္ က အာဏာရွင္ မဟုတ္ပါဘူး။
ေဒၚေအာင္ဆန္းစုၾကည္ဟာ
ေက်းဇူးရွင္ပါ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့ေက်းဇူး
က်ေနာ္တို့ ျမန္မာျပည္သူေတြအေပၚမွာရွိသလို
ေဒၚေအာင္ဆန္းစုၾကည္ေက်းဇူးလည္း
က်ေနာ္တို့အေပၚရွိပါရဲ့။
က်ေနာ့္အျမင္ကို က်ေနာ္
ကဗ်ာတစ္ပုဒ္ထဲမွာ ေဟာဒီလို ေဖာ္ျပခဲ့ဖူးပါတယ္။
+++++
၂ ၀ ၂ ၀ ( ၂ ၃ )
သူက
ငါတို့ရင္အုံက လွံကို
ႏုတ္ေပးခဲ့။
ငါတို့က
သူ့ေနာက္ေက်ာ စိုက္ေနတဲ့ဓားကို
ေမ့လို့။
ေက်းဇူးတရားဆိုတာ
ခမ္းနားတဲ့ လေရာင္။
ေနာက္ေဖးလမ္းၾကားက
ေခြးေတြကေတာ့
ေဟာင္ေနဦးမွာပဲ။    ။
(ၾသဂုတ္ ၃၊ ၂၀၂၀)
+++++
ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာပါေစ။
NLD ႏိုင္ရမည္။     ။

ေ အ ာ င္ ေ ၀ း

(ႏို၀င္ဘာ ၇၊ ၂၀၂၀)

0 comments: