Wednesday, November 5, 2008

ရွှေ့ပြောင်းအိပ်မက်


ဧရာဝတီမှ မစ္စစ္စပီသို့ 
ငမိုးရိပ်မှ မစ်ရှီဂန်သို့ ။

မုဆိုးတွေ စည်းပျက်တော့
ယာခရိုးက
ချိုးလင်းပြာ ငှက်ကလေးလည်း
လွတ်ရာပြေးရတာပေါ့။

တရားမမျှတတဲ့အခါ
ဘ၀ဟာမလုံခြုံပါဘူး။

ရွှေဝါရောင် ညညတွေမှာ
ခဏခဏပြောင်းပြောင်းအိပ်ရတဲ့
ပုန်းခိုကျင်းကလေးတွေ။

ပြေးနေတဲ့ လူရဲ့စိတ်ဟာ
လေးလံလွန်းလှပါရဲ့။

အိပ်မက်ကို မစွန့် လွတ်နိုင်ဘူး
သွားလေရာ
အပင်ပန်းခံ လွယ်လွယ်သွားရတယ်။

ခုလည်းပဲ
ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်
ကိုယ့်အိပ်မက်နဲ့ ကိုယ်။

မပျော်ပါဘူး
တတိယနိုင်ငံဆိုတာ
ပထမနိုင်ငံမှမဟုတ်တာ။ ။

အောင်ဝေး
(အောက်တိုဘာ ၁၀ - ၂၀၀၈)

Related Posts:

  • (titleless poem)လေဆန်မှာ မြှားတန်းလန်းနဲ့ပျံသန်းရဲတဲ့ ငှက်ဟာ မနက်ဖြန်အတွက် ဖြစ်တယ်အောင်ဝေး(မူရင်း - သူမ၏ကဗျာဆရာ၊ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်များ)… Read More
  • လှောင်အိမ်စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။စိတ်က လွမ်းနေတော့အရောင်တွေလည်း လွမ်းတာပေါ့။စိတ်က မှိုင်းနေတော့အရောင်တွေလည်း မှိုင်းတာပေါ့။စိတ်က ဆွေးနေတော့အရောင်တွေလည်း… Read More
  • To a Myanmar Soldier BrotherOh! my soldier brother,If you were a good soldier,A soldier is not a soldier ―in your mind,in your soul,in your heart.If you were a patriotic soldier,… Read More
  • သွေးမြစ်ကိုဖြတ်သန်း၍ အရိုးတောင်တန်းကိုကျော်လွှားခြင်းရှစ်ဆယ့်ရှစ်ဟာမြစ်တစင်းဆိုရင်...အဲဒီမြစ်ဟာကျောင်းသားတွေရဲ့ သွေးနဲ့စီးတဲ့မြစ်ပဲဖြစ်မယ်။ရှစ်ဆယ့်ရှစ်ဟာတောင်တန်းဆိုရင်...အဲ့ဒီတောင်တန်းဟာကျောင်းသားအရိုးေ… Read More
  • အထီးကျန်တောင်ကုန်းဒီမြစ်မှာမှ လကသာနေတော့ရဲ့အိပ်တန်းပျောက်၊ ငှက်တစ်ကောင်တောင်ပံခတ်ငိုနေသလားဘယ့်နှယ့်၊ ညရဲ့အရည်တွေ တရွှဲ ရွှဲငါ့ကိုယ်ပေါ် စီးဆင်းနေလိုက်ကြတာပင်လယ်မင်္ဂလာဆောင်က… Read More

2 comments:

M.Y. said...

တတိယ နိုင်ငံက
ပထမမြေအလွမ်းတွေ
ရင်ထဲထိ လှမ်းမြင်လိုက်ရတယ်.

ငါယုံကြည်ရာ ငါ့ကမ္ဘာ said...

ပုန်းခိုကျင်းထဲက ကဗျာတွေဖတ်ဖတ်ပြီး မျက်ရည်စို့အောင် လွမ်းတယ်။