Thursday, November 27, 2008

Cherry Mag poem 01


ခြင်္သေ့စောင့်တဲ့ နှင်းဆီခင်း
အောင်ဝေး

ဦးခေါင်းထဲကစောင်းအိုး
ကဗျာနိုးတဲ့ ညဥ့်နက်နက်
အိပ်မက်ခိုးဖို့
နှိုးခတ်စရာ တေးကြိုးမရှိ။

ကဗျာမပွင့်တဲ့ရင်ထဲ
ရဲမြ မြားရိုင်း
မုန်တိုင်းကြဲချ
ဘ၀ အလွမ်းဇာတ်မှာ
ပစ်ခတ်စရာ လေးကိုင်းမရှိ။

ဒါပေမယ့် …
မြစောင်းအိုးမှာ
တေးကြိုးမရှိလဲ
ပန်းတစ်ခင်းရှိ
သံစဉ်ကိုသိတယ်။

မြားတံရိုင်းမှာ
လေးကိုင်းမရှိလဲ
အိပ်မက်တစ်ခုရှိ
သားကောင်ကိုသိတယ်။

ကြည့်လေ …
ဒီမှာစောင်းအိုး
မြားကို တေးကြိုးလုပ်။

ဒီမှာမြားရိုင်း
စောင်းကို လေးကိုင်းလုပ်။

အဲဒီအခါ
ကမ္ဘာပေါ်မှာ …
မြားတစ်စင်းနဲ့
သီချင်းနှင်းဆီပွင့်လာတယ်။

စောင်းတစ်လက်နဲ့
အိပ်မက်ခြသေ့င်္ နိုးလာတယ်။

မြားတစ်စင်းနဲ့
စောင်းတစ်လက်
တို့ရဲ့လက်ထဲ
ရဲရင့်ခြင်း
လှပခြင်း
သန်စွမ်းခြင်း
ပျော့ပျောင်းခြင်း
ဖန်ဆင်းလို့ထား
ကဗျာများစွာ
တွေ့လား တွေ့လား
ရှေ့မှာချင်းချင်း တသင်းသင်း
ခြင်္သေ့စောင့်တဲ့ နှင်းဆီခင်း။ ။

(မူရင်း-ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၇ မေလ)


Related Posts:

  • poem dayကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်အောင်ဝေးမောင်သင်းခိုင် အစရှိသဖြင့်ရင်နင့်အောင်ဝေးရငါ့ ကဗျာဆရာတွေ။ပျဉ်းမနားက၊မန္တ​လေးကတောင်ငူက၊ ရန်ကုန်ကမုံရွာက၊ မကွေးက… Read More
  • အမဲလိုက်ပုံပြင်တစ်ရံရောကမုဆိုးနှစ်ယောက်သူတို့ အမဲလိုက်ခဲ့ပုံတွေပြန်ပြောကြတယ်။တစ်ယောက်ကကြံ့လိုက်တဲ့အကြောင်း - - -တစ်ယောက်ကဖွတ်လိုက်တဲ့အကြောင်း - - -။စကား ကောင်းနေလိုက… Read More
  • Aung Way - Motion Picture 22၂၂ ရုပ်ရှင်အောင်ဝေးသြဂုတ် ၃၊ ၂၀၁၀ေ အး မြ မြ မီး လျှံေ သွး စွ န်း ေ န တဲ့ ေ က် ာ င်း နံ ရံစိ န် ပ န်း ပွ င့် လ က် ကျ န် ။ (နောက်ခံစကာြးေ… Read More
  • We are not iced seasငါတို့ ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူးအောင်ဝေးမေ ၁၃၊ ၂၀၁၀နှင်းဆီပင်ကလေးသေဆုံးသွားတဲ့အခါနှင်းဆီရွက်တွေရာဇ၀င်သက်သေ ကျန်ရစ်တယ်။ ရနံ့ မပြယ်သေးတဲ့နီနီစွေးစွေးနှင… Read More
  • Beyond Valentine's Dayချစ်သူများနေ့  အလွန်အောင်ဝေးကွေ့ရမယ့် မြစ် က မကွေ့ဘဲမကွေ့ရမယ့် တောင် က ကွေ့နေတယ်။ကောက်ရမယ့် မိန်းမတွေက မကောက်ဘဲမကောက်ရမယ့် ယောက်ျားတွေက ကောက်နေတယ်။လော… Read More

0 comments: