Tuesday, March 17, 2009

old scent in the past


အတိတ်ရဲ့ ရနံ့ဟောင်းများ

အရှင်လတ်လတ်ကြီးကို
ပေးဆပ်ခဲ့ရ
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

မလိုအပ်ပါဘဲ
ဇာတ်ညွှန်းတွေ ပြန်ပြန် ခွဲကြ
ဖလင်ပေ တစ်စမျှ
မရိုက်နိုင်ကြတဲ့ ရုပ်ရှင်
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

တီးလုံးက ခုန်ခုန် ကြွကြွ
စာသားတွေ
လည်ချောင်းထဲ ပုပ်ရိ
ဓာတ်ပြား တစ်ချပ်ပြီးတစ်ချပ်
ရိုက်ခွဲလိုက်တဲ့ သီချင်း
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

ကောင်းကင်က နိမ့်နိမ့်လာ
မိန်းမတစ်ယောက်ရဲ့ ကွာရှင်းခွင့် အတောင်းခံရတဲ့
ယောက်ျားနှယ်
ပေါ့ပျက်ပျက် မုန်တိုင်းအသေ
ပင်လယ် ကျိန်ဆဲ အော်ငို
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

ခေါင်းလောင်းကို ထိုးလိုက်ကြပေါ့
လူတယောက်ဟာ
သူ မသေကြောင်း
သေတ္တာ ခေါင်းဖုံး ထုရိုက်
အမှောင်တိုင်က ကျဉ်းကျဉ်းလာ
ချစ်သူတို့ရဲ့ ပခုံးသားပေါ်
အောက်ဆီဂျင်က နည်းနည်းလာ
အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ။

အတိတ်ရဲ့ ရနံ့ဟောင်းများပဲလေ
ဂူအောင်း ညနေ
အဆိပ်ချို ခွက် လှည့်
အိပ်မက်နဲ့ ရန်ဖြစ်ကြလေသူများ
မီးပွိုင့်မှာ ကားတွေ တန်းစီသလို
ငရဲဘုံ သွားရာလမ်းဟာ
ငြိမးချမ်း နေတော့တယ်။ ။

[ မူရင်း - စာပေဂျာနယ် အတွဲ ၂၊ အမှတ် ၁၊ ၁၉၉၄ ]


Related Posts:

  • မွေးနေ့လက်ဆောင်ဒီဇူလိုင်လ(၂၃)ရက်နေ့ မှာ၊ သိဟ်ရာသီဖွား၊ (၅၄)ခုသားဟာအသက် (၅၄) နှစ်ပြည့်ပါတယ်။မွေးနေ့မှာမိတ်ဆွေ (၅၄)ယောက်ကို ကဗျာ (၅၄) ပုဒ်ဝေမယ်။မွေးနေ့မှာရန်သူ (၅၄) ယေ… Read More
  • LINES TO OUR TWENTY YEARSRed, red, Oh' AugustWe have nothing to lose but our chains.Red, red, Oh' AugustWe have promises to keep, and miles to go before we sleep.Red, red, Oh'… Read More
  • နှုတ်ဆက်တေးနှုတ်ဆက်တေးအောင်ဝေးသြဂုတ် ၁၄၊ ၂၀၀၈ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်ငါတို့ အသက်ကယ်လှေပေါ် ရှင်သန်နေဆဲပါမင်း သဘောင်္ကြီးနဲ့အတူ ပင်လယ်ထဲ နစ်မြုပ်ခဲ့ရာဂွတ်ဘိုင် ကပ… Read More
  • အနှစ် ၂၀ အတွက် ပါဒ များအနှစ် ၂၀ အတွက် ပါဒ များအောင်ဝေးသြဂုတ် ၄၊ ၂၀၀၈ နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ ငါတို့ မှာ နှောင်ကြိုးကလွဲလို့  တခြားဆုံးရှံးစရာမရှိ။နီဟေ့နီဟေ့၊ ဩဂုတ်ရေ့ ငါတို့ မှ… Read More
  • မိုးရေမျက်ရည် တဖွေးဖွေး" ရွာငယ်ဇနပုဒ် မီးလေးမှိတ်တုတ် " ရင်ခလုပ်နှိပ် တေးသံတိတ်ပြီ ဒိတ်...ဒိတ် ဒိတ်...ဒိတ် စိတ်နှင့်ရင်ခုန် မှုန်ရီေ၀၀ါး ငါးရှာသလား ဖားပါသလား လယ်ကွင်းရိုးများ… Read More

1 comments:

လုလင်ငယ်သွေး said...

ဆရာရေ ဆရာရဲ့အတိတ်ကို ဆရာ့စာတွေကနေ တစွန်းတစ သိနေတာမို့ ခံစားသွားပါတယ်။