Sunday, March 21, 2010

poem day

ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်
အောင်ဝေး

မောင်သင်းခိုင် အစရှိသဖြင့်
ရင်နင့်အောင်ဝေးရ
ငါ့ ကဗျာဆရာတွေ။

ပျဉ်းမနားက၊မန္တ​လေးက
တောင်ငူက၊ ရန်ကုန်က
မုံရွာက၊ မကွေးက
ပဲခူးက၊ စစ်ကိုင်းက
တောင်ပိုင်းက၊ မြောက်ပိုင်းက
အရှေ့ ဘက်က၊အနောက်ဘက်က
အစရှိသဖြင့်
ရင်နင့်အောင်လွမ်းရ
မငြိမ်းချမ်းသေးတဲ့
ငါ့ ရဲ့ ကဗျာဆရာတွေ။

ရမည်းသင်းထောင်ထဲက
(ကဗျာဆရာစောဝေ)
တောင်ကြီးထောင်ထဲက
(ကဗျာဆရာဇော်သက်ထွေး)
မြစ်ကြီးနားထောင်ထဲက
(ကဗျာဆရာဇာဂနာ)
ကျိုင်းတုံထောင်ထဲက
(ကဗျာဆရာမင်းကိုနိုင်)
အစရှိသဖြင့်
ရင်နင့်အောင်ချစ်ရ
ခေတ်ပြိုင်ထဲက
ငါ့ ရဲဘော်ကဗျာဆရာတွေ။

ဂျပန်က၊တောင်ကိုရီးယားက
ဥရောပက၊အမေရိကက
မဲဆောက်က၊ချင်းမိုင်က
နယ်စပ်က၊ဒုက္ခ သည်စခန်းက
တမ်းတရတဲ့
အဝေးရောက်မြန်မာ့ကဗျာဆရာတွေ။

အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့နေ့ 
(ကမ္ဘာ့ကဗျာနေ့ )
ဒီနေ့ မှာ
ရဲဘော်တို့ကိုအော်ခေါ်လိုက်တယ်
အီကွေတာအော်သံပေါ့ ။

ငမိုးရိပ်မှ မစ်ရှီဂန်သို့ 
ဧရာဝတီမှ မစ္စစ္စ​ပီသို့ 
ကျနော့်ရွက်လှေကလွှင့်ခဲ့သမို့ 
ရွက်လှေပေါ်ကပဲ
ရဲဘော်တို့ကိုအော်ခေါ်လိုက်တယ်
အီကွေတာခေါ်သံပေါ့ ။

မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲလေ။

ကျနော်တို့ ပင်မရေစီး
(ဒီမိုကရေစီခရီး)
မပြီးသေးဘူး။

ကျနော်တို့ လူထု
(စစ်ကျွန်ဘ၀က)
မလွတ်သေးဘူး။

ကျနော်တို့ ရှေ့ဆက်ရမယ်
မြန်မာ့ကဗျာဓားနဲ့ ။

ကျနော်တို့ ချီတက်ရမယ်
မြန်မာ့ကဗျာတရားနဲ့ ။

ကဗျာဆရာတို့ 
တအားခုတ်ပိုင်းလိုက်မယ်
အရိုင်းအစိုင်းခေတ်ရဲ့ 
စစ်သံဖနောင့်ကိုပေါ့ ။

ကဗျာဆရာတို့ 
တအားထိုးစိုက်လိုက်မယ်
အမှောင်တိုက်ထဲက
ရန်သူရဲ့ ရင်အုံကိုပေါ့ ။

အရေးတော်ပုံ ရင်မခုန်ဘူးလား
လေးသံမြားသံ မစဲတော့ဘူးလား
ထောင်တံခါးတွေ မပွင့်သေးဘူးလား
အနာဂတ်ရထား မထွက်နိုင်ဘူးလား။

ရန်သူက ရန်သူလိုကျင့်တယ်
အတိုက်အခံကအတိုက်အခံလိုကျင့်ရမယ်။

အာဏာရှင်ကသူ့ အလုပ်သူလုပ်တယ်
ကဗျာဆရာက ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။

ကမ္ဘာ့ကဗျာနေ့ မှာ
မြန်မာ့ကဗျာဆရာတွေ
ရှေ့ ဆက်ချီတက်ကြ။

မဆုံးသေးတဲ့လမ်း
(မှိုင်းရဲ့ စခန်း)
ဆက်ပြီးလျှောက်လှမ်းကြ။

၂၀၁၀ ထောင်ချောက်
(၂၀၁၀ ထောင်ချောက်)
အနုပညာမြောက် ဖောက်ထွက်ကြ
(အနုပညာမြောက် ဖောက်ထွက်ကြ)

ကဗျာမှန်ရင်
ကြာပန်းရေစင်
ဘယ်တော့မှ နွံမနစ်။

ကဗျာဆရာမှန်ရင်
ပြည်သူ့ ရဲ့အသံ
ဘယ်တော့မှ အလံမလှဲ။

ကဗျာတပုဒ်
ထောင်အုတ်ရိုးကို ကျိုးစေနိုင်ရဲ့ ။

ကဗျာတစ်ပိုဒ်
အမှောင်တိုက်ကိုရိုက်ချိုးနိုင်ရဲ့ ။

ကဗျာတစ်ကြောင်း
လတပေါင်းကို
ဒေါင်းတွန်သံနဲ့ လှစေနိုင်သတဲ့။

ကဗျာဆရာတို့ 
ဖောင်ပျက်ကို ဖျက်လိုက်တော့
အရုဏ်မတက်ခင်
နောင်ရိုးတိုက်ပွဲဆင်နွဲလော့။

ကဗျာဆရာတို့ 
အဝေးက၊အနီးက
ပြည်တွင်းက၊ ပြည်ပက
ထောင်ထဲက၊ အပြင်က
အစရှိသဖြင့်
မြေကြီးကိုဖွင့်ကြ။

မြေကြီးအောက်က
တောက်ပတဲ့ကြယ်တွေ
နွေဦးမှာ ပြန်ဝေဖို့ 
အို ... ကဗျာဆရာတို့ 
ရာဇ၀င်ကိုဖြတ်သန်းကြ။

အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့
ဒီမတ်လဟာ
ဖက်ဆစ်တော်လှန်ရေးကို အမှတ်ရစေတယ်။ ။

မတ် ၁၉၊၂၀၁၀

Related Posts:

  •ေ ဘ ဘီ နီ လာ သိ န်း ဧ ချ င်း သ စ်   ဧလည်းတည့် ယဉ်ဧဧ မငိုပါနဲ့ သမီးလေး တော်လှန်ရေးလေ တော်လှန်ရေး။ အမေ မပါတဲ့ သမီးရဲ့ စာမျက်နှာ ရာဇ၀င်မှတ်တမ်း ဇာတ်ဝင်ခန်းသစ် အလွမ်းတွေကို အင်အား… Read More
  • အ ေ ရ း ေ တာ် ပုံ … ပြ ည်ေ ပြး အမေက မွေး ထောင်က ကျွေး အရေးတော်ပုံ ….ပြည်ပြေး မွေး တစ်နေ့ သေ တစ်နေ့ လာမယ့် ဘေး ပြေး တွေ့  မသေခင် ပြေ(ပြည်)၀င်သွားချင်တယ်။ ။  … Read More
  • တို င်း ပြ ည်ေ လ ရူး သု န် ချိ န် ဒီနေ့ မနက်တောင်ပံဖြန့်  ပျံဝဲကြည့် လိုက်တော့လမ်းပေါ်မှာ လူအုပ်ကြီးပါလား။ တိုင်းပြည်မီးလောင်တော့ဒီလူတွေ ဘယ်ရောက်နေလဲ။ တိုင်းပြည်မီးပျက်တော့ေ… Read More
  • ပြ ည်ေ ပြးေ မ တ္တာ စာ   LETTER FROM MICHIGAN ။ အနောက်ဗာဂျီးနီးယားပြည်နယ်၊ မြန်မာမိသားစုများ၏ NLD အစိုးရသစ် ကြိုဆိုပွဲသို့ ပေးပို့ သောကဗျာ မစ်ရှီဂန်မဲဇာမှာပေါ … Read More
  • သ က် တံ ဆွဲ သူ များ ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။ ဟိံ - တံငါသည် ဇာလေ - ပိုက်ကွန်ကို ဟေဟေးယျုံ - ဆွဲဘိသကဲ့သို့ ။ ငါတို့ သည် သက်တံကို ကွေးကြကုန်၏။ သို့ တည်းမဟုတ် … ။ င… Read More

1 comments:

Dr. Myo Chit said...
This comment has been removed by a blog administrator.