Wednesday, July 31, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၉ )



“ဒီမိုကရေစီရမှ
အမျှဝေပါ”
(၀င်းမော်ဦး)
နွေဦးရေ...
ကြားလား
ငါ ခေါ်နေတယ်
အောင်ဝေး ခေါ်နေတယ်။
အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေကနေ
ငါ လှမ်းမျှော်ကြည့်တယ်
အော်သံကြားလား နွေဦး။
ပစိဖိတ်သမုဒ္ဒရာကမ်းခြေကနေ
ငါ ရမ်းရော်မိတယ်
အော်သံကြားလား နွေဦး။
အက်ဒွပ်မန့် ခ်ျ ရဲ့
“အော်သံ” မဟုတ်ပါဘူး။
ဒါ...ပြည်ပြေးတစ်ယောက်ရဲ့ 
အော်သံ
အိမ်လွမ်းသူရဲ့အော်သံပါ။
လစ်ဘာတရုပ်တုခြေရင်းမှာ
အကျဉ်းထောင်ထဲက
မင်းကိုနိုင်ကို လွမ်းဖူးတယ်။
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို လွမ်းဖူးတယ်။
လင်ကွန်းအောက်မေ့ဖွယ်ဗိမာန်မှာ
ဒဂုန်တာရာရဲ့ စန္ဒရားသံကို
လွမ်းဖူးတယ်။
အလွမ်းဆုံးကတော့
သွေးဆုံးသွားတဲ့ အနာဂတ်ကိုပါပဲ။
ဖုန်းမော်ဖြစ်ဖြစ်
စိုးနိုင်ဖြစ်ဖြစ်
ဖြစ်လေရာဘ၀မှာ
ငါတို့ ကိုခွင့်လွှတ်ပါ။
၂၅ နှစ်ကြာတဲ့အခါ
စစ်အာဏာရှင်စနစ်ဟာ

လိုင်စင်ရ တစ္ဆေတစ်ကောင်ဖြစ်လာခဲ့လေရဲ့ ...။     ။

Tuesday, July 23, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၈ )




“မည်သို့ ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့
တိုက်ပွဲထဲက ပြည်သူလေ”
                         (မောင်လေးအောင်)
အေးမင်းစောရေ
ညီလေးရေ...။
ဦးနေ၀င်းသေတယ်
မောင်လေးအောင်မသေဘူး။
မန်းချောင်းလရောင်
ခွေးတစ်ဟောင်
သောင်စွန်းလို့ ထွန်း
ကျွန်းမကြီးကျွန်း။
ဧရာဝတီရယ်
မလွမ်းဘူးလား။
မင်းဘူးစား
မကွေးစား
ရေနံချောင်းစားတို့ ရေ
မလွမ်းဘူးလား။
ရဲဘော်တို့ ရေ
တစ်ခုလုံးကိုသာလွမ်း။
လေရိုင်းတွေ ပတတ်ရပ်
ကိုင်းတောကြီးပေါ်မှာ
နွေဦးက တဖျပ်ဖျပ်။
ဘ၀အလွမ်းအမောဇာတ်
ကဗျာတောကြီးထဲမှာ
နွေဦးက တလှပ်လှပ်။
နောက်ထပ် ငါးမိနစ်ဖြစ်ဖြစ်
(ငါးနှစ်ဖြစ်ဖြစ်)
ဆက်ပြီး တောင့်ခံနိုင်ရင်
တို့ -
ကဗျာသမ္မတနိုင်ငံတော် တည်နိုင်မယ်။
အာဏာရှင်တွေ သေတယ်
ကဗျာဆရာတွေ မသေဘူး။
သမ္မတကြီးမောင်ရန်ပိုင်
အဓွန့် ရှည်ပါစီ။
သမ္မတကြီးမောင်ချောနွယ်
အဓွန့် ရှည်ပါစီ။
သစ်ကောင်းအိမ်ကတော့
သတိပေးနေပြီ
“ရန်သူက အမေရိကအထိ
တက်စီးထားပြီ” တဲ့။
နွေဦးက
ဝတ်ညှာရွှေငယ်လေ
လေညင်းခူး
ကတုတ်ကျင်းတွေနက်နက်တူးမှ
ပန်းဖူးမယ်ဆိုရင်...။
ဘာပဲဖြစ်ဖြစ်
ကျန်းမာအောင်သာနေပါ။
ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်
နေတာဟာလည်း
ဒဂုန်တာရာကို ဂုဏ်ပြုရာကျတာပါပဲ ညီလေးရေ။      ။

Saturday, July 13, 2013

ဒ ဂု န် တာ ရာေ နွ ဦး ( ၇ )




ဘာပဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်
မောင်ဘချစ်။
ဘာပဲလွမ်းလွမ်း
လွမ်းချင်ရာလွမ်း
မောင်ဘဂျမ်း။
ငါ့ မြင်းငါစိုင်း
ရှန်ဟိုင်းရောက်ရောက်။
ငါ့ လှေငါထိုး
ကြိုးစင်ရောက်ရောက်။
အရုဏ်မတက်သေးရင်
မတက်သေးဘူးလို့ မှတ်။
တပေါင်းလွန်သော်
လွန်ပြီလို့ မှတ်။
လေကိုယက်ပြီး
ရွက်မလွှင့်လိုက်နဲ့ ဦး။
လှေကိုထမ်းပြီး
ကမ်းမတက်လိုက်နဲ့ ဦး။
အပြောင်းလဲကြီး
ပြောင်းလဲနေပြီလို့ ထင်ရင်
ထင်တဲ့စိတ်ကို
ဘရိတ်အုပ်လိုက်တော့။
“ဒီအချိန်မှာ
ကျနော်ကတာ ယဉ်ရဲ့ လား
မမေးနဲ့ ။
ဓားတို့ ရဲ့ အောက်က
ကမ္ဘာမြေ
သတိရပစေ”

            (မာယာကော့ဖ်စကီး)
ကြည့်စမ်း
လွမ်းလွမ်းဆွေးဆွေး
မောင်အောင်ဝေး။
ဒဂုန်တာရာနွေဦးကို
ကြိုဖို့ 
ဒီမိုကရေစီဓားသိုင်းအကကျင့်နေလေရဲ့ ။     ။