EXILE PROSE-2
အ ပို င်း ( ၂ ) ခ
+ + + + + +
ကျနော်တို
့ရွေးမြစ်ကမ်းမှာ တွဲဖက်ကျောင်းဆရာတွေအဖြစ်မြှုပ်နှံပြီး မြေအောက်အလုပ်တွေ
တစ်စိတ်တစ်ပိုင်းလုပ်နေကြရင်း၊ ၁၉၈၂ ထဲမှာ မထင်မှတ်ဘဲ ပထမအကြိမ်
ယူဂျီပေါက်သွားခဲ့ပါသည်။ ကျနော်တို့ တစ်သိုက်က ကံကောင်းပြီး၊ မြောင်းမြက
ကျောင်းဆရာဦးမြင့်သန်း(ယခုကွယ်လွန်ရှာ
ထင်ရဲ
့)၊ ကျနော်တို့ သူငယ်ချင်း ကိုတင်ဌေး(ကွယ်လွန်) နှင့်
မင်္ဂလာဇေယျုံဘုန်းကြီးကျောင်းက အရှင်ဝါသ၀ိန္ဒ(ပျံလွန်) တို့ ပါသွားခဲ့ပါသည်။
ပုသိမ်က ကိုအောင်စောဦး ပါသွားသည်။ ကျုံပျော်က တင်ဝင်းကြီး(ဘိုဇင်ကော့)တို
့၊ ငါးသိုင်းချောင်း စိုးဝင်းတို့ ပါသွားတဲ့အခေါက်ပေါ့ ။
ကျနော်က
အဲဒီအချိန်မှာ ရန်ကုန်တက်လာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဒေါ်စီစီဝင်းရဲ
့ယာယီ ထောက်ခံချက်နဲ့ မဟာဝိဇ္စာနောက်ဆုံးနှစ် တက်ဖြစ်သွားပါသည်။ နောက်တော့
ပုသိမ်ကောလိပ်တုန်းက နိုင်ငံရေးပြစ်မှုနဲ့ 
ရာသက်ပန်ကျောင်းထုတ်ထားတဲ့သူဖြစ်တဲ့အတွက် ကျနော်ကျောင်းပြန်ထုတ်
ခံခဲ့ရပါသည်။ မဟာဝိဇ္စာတက်ဖြစ်တော့ စံရိပ်ငြိမ်မှာ ထူးအိမ်သင်တို့ ၊
နေမျိုးဇော်တို့ နှင့်အတူနေဖြစ်သွားခဲ့သည်။ပုသိမ်က အရိုင်းဖြူ၊ ဖျာပုံက
မောင်သုန်(အမျိုးသားစာပေဆုရ)၊ ပြည်က ဇော်မြင့်ဦး( နောက်ပိုင်း နိုင်ငံခြား
ဧည့်လမ်းညွှန် ဖြစ်သွားသည်)၊ ကိုခင်မောင်လွင်တို့ လည်း အတူနေ
အခန်းဖော်တွေဖြစ်ကြသည်။
မဟာတန်းတက်နေရင်း
ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင် တောင်ပိန္နဲပင်အောက်မှာ မောင်သာချိုတို့ ၊
ဇောင်းထက်တို့ နှင့် ရင်းနှီးကျွမ်းဝင် ရသည်။ သူတို့ က ကျောင်းထဲမှာ
ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာတွေဖြစ်နေခဲ့ကြပြီ။ ခုတော့ ဇောင်းထက်
ကွယ်လွန်ခဲ့ရှာပါပြီ။ သူ့ လိုပဲ မင်းသိုက်မွန်
ကွယ်လွန်ခဲ့ပြီ။ အခု ဆရာနောင်ကျော်(ကိုဌေးသိန်း)ကိုလည်း အဲဒီမှာဆုံခဲ့တာပါပဲ။
ဒီလို
စာပေအသိုင်းအ၀ိုင်းထဲရောက်သွားတော့လည်း၊
မြုပ်ချီပေါ်ချီဖြစ်နေတဲ့စာပေစိတ်ကလေး နိုးကြားထကြွလာပြီး၊
မိုးဝေနှင့်ရှုမ၀မှာ ကဗျာတွေ စပြီးဝင်ရေးဖြစ်သွားခဲ့တာဖြစ်သည်။
ထူးအိမ်သင်ကလည်း ထူးအိမ်သင်မဖြစ်သေးခင်၊ ရှုမ၀မှာ ကဗျာရေးတော့ ကလောင်နာမည်က
“လင်းထက်” ပါ။ နေမျိုးဇော်က “မင်းညိုစင်” ဖြစ်လာပါသည်။ သူက ပန်းချီရေးရင်
နေမျိုးဇော်၊ ကဗျာရေးတော့ မင်းညိုစင်ပေါ့ ။” စံပယ်သုံးကုံး။ ညကကုံး၊
သုံးကုံးပြည့်အောင် မောင်မလာ၊ ပြန်တော့လုလင်၊ မင်းညိုစင်၊ လုလင်ပြန်တော့
ပြန်ပါတော့” ဆိုတဲ့ရှေးဟောင်းကဗျာလေး ကြားဖူးတယ်မဟုတ်လား။
အဲဒီ
မင်းညိုစင်(၁၉၈၂ အကုန်လောက်) တောခိုသွားတော့၊ ကျနော်တို့ ၊ ငှက်တို့ လည်း
စံရိပ်ငြိမ်က အသိုက်ကလေးကိုဖျက်ပြီး လွတ်ရာ ကျွတ်ရာ
ပျံသန်းထွက်ခွာလာခဲ့ကြပါသည်။ အဲဒီအချိန်မှာ ကျနော့်မဟေသီ ယာမာဂူချီက
သားကြီး’လရောင်ဝေး’ ကိုမွေးဖွားပြီးခဲ့ပါပြီ။(ဒီကလေးကို ကျနော်ပေးတဲ့နာမည်က
‘လီနင်ကိုကို’ ဖြစ်ပါသည်။ ဒီကောင့်ကိုကျောင်းစထားတော့ မြောင်းမြ၊
ရှမ်းကုန်းပိုင်းကျောင်းက ဆရာမက လီနင်ကိုကို ဆိုတဲ့ နာမည်ကိုလက်မခံလို့  မောင်လရောင်ဝေး ဆိုပြီးပြောင်းပေးခဲ့ရပါတယ်ဗျာ)
လရောင်ဝေးက
၁၉၈၂။ ၁၉၈၆ မှာ ဒုတိယသားမွေးတော့ ‘လပြည့်ဝေး’ လို့ ပေးလိုက်ပေမဲ့၊ သူ
့အထက်က အကြီးကောင်လိုပဲ FLAT NAME တော်လှန်ရေးနာမည်ဝှက် အနေနဲ
့’ရီဇော်ကိုကို’ လို့ အနွတ္ထသညာပေးခဲ့ပါသေးသည်။ ဒီနေရာမှာ စကားမကျန်ရစ်အောင်
ဆက်ပြောရရင် ၁၉၉၇ နိုဝင်
ဘာမှာ(သားသုံးယောက်စလုံး
နိုဝင်ဘာမွေးတွေချည်း) နောက်ဆုံးမွေးတဲ့ ‘လမင်းဝေး’ အတွက်ကိုတော့ FLAT
NAME အနေနဲ့ ၊ ဒီကောင်က မြောင်းမြ ဆေးရုံကြီးပေါ်မှာမွေးလို့ ”ဗျည်းနွဲ
့ကိုကို” လို့ ကျနော်ပေးခဲ့ပါသည်။
အဲဒီလို
တစ်ခါတစ်ရံ ယာမာဂူချီ ခင်ဆွေရီနဲ့ ရန်ဖြစ်၊ ခေတ်ဆိုး ခေတ်ပျက်ကြီးနဲ
့အမြဲတမ်းရန်ဖြစ်နေတဲ့ ကဗျာဆရာဟာ၊ အများပြည်သူုတွေ ခံစားရသလိုပါပဲ၊
အသည်းနှလုံးတွေ ကွဲကြေအုံကြွပြီး၊ ရှစ်လေးလုံး အရေးတော်ပုံကြီးထဲ
ခုန်ချခဲ့တာပါပဲ။ အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး၊ အကုန် လွတ်ရင်လွတ်၊
မလွတ်ရင် တစ်ယောက်မှ မလွတ်ချင်ဘူး။ ဗားတော့ဗရက်နဲ့ အတူ ချီတက်ခဲ့ကြတဲ့
ရန်ကုန်ရက်များပါ။
“ပြည်သူချစ်လျှင်၊
ကမ္ပည်းတင်မည် ဆိုတဲ့” မြန်မာနိုင်ငံကဗျာဆရာများ” နေ့ တွေ ညတွေပေါ့ ။
မုန်တိုင်းကြားက တယောသံထဲမှာ သမ္မတသုံးယောက် ဆက်တိုက်ပြုတ်ကျသွားတဲ့ ဘ၀ အလွမ်းအမောတွေပေါ့ ။
လွမ်းပါတယ်။
ဒီအကြောင်းတွေ ကျနော်ပြန်မပြောချင်တော့ပါဘူး။ ၂၅ နှစ်ကျော်လာခဲ့ပြီ။
မ၀င်းမော်ဦးကို အခုအထိ ကျနော်တို့ အမျှမဝေနိုင်သေးပါဘူး။ ပြောပြန်ရင်လည်း
အောင်ဝေးလွန်ရာကျမယ်။
+ + + + + +
ရှစ်လေးလုံး
မဟာလူထုအရေးတော်ပုံကြီးပြီးတော့(အမှန်က စစ်တပ်က အာဏာသိမ်းသွားတော့)
ကျနော်တို့ တချို့ တချို့ က ၀တ်စုံပြောင်း ၀တ်ခဲ့ကြပါသည်။ တချို့ တော့
မ၀တ်ကြပါ။ ကျနော်က အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် NLD မှာဝင်လုပ်လိုက်သည်။
တချို့ က မှတ်ပုံတင်ပြီးမှ လုပ်ရတဲ့ နိုင်ငံရေးကိုလက်မခံဘူးဆိုပြီး ပီကျု မှာတောင် ၀င်မလုပ်ကြ။ PPP(ပြည်သူ့ တိုးတက်ရေးပါတီ)မှာ မိခင်ပါတီကြီး၏အမွေခံပါတီပါ။
ဒီလိုနှင့်၊
၁၉၈၉ ဇန်န၀ါရီ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း (အနောက်ခြမ်း)
စည်းရုံးရေးခရီးစဉ်မှာ ကျနော်(တို့ ) အာဏာဖီဆန်မှု နှင်
့အဖမ်းခံလိုက်ရသည်။ဒီတစ်ခါမှာတော့ ပဲဟင်းအ၀ါ၊ စာအုပ်ပုံအနီ ရစ်သမ်က
ပြောင်းသွားသည်။ တစ်ရံရောများအခါတုန်းက-
“ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ( နှင့်) သန်းဝင်း(ခ) အနန္တလှိုင် (ပါ) ၂၁ ဦး အမှု”
အခု NLD ခေတ်မှာကျတော့-
“ … … (နှင့်) သန်းဝင်း(ခ) အောင်ဝေး (ပါ) ၁၈ ဦး …” ဆိုပြီး ဖြစ်လာသည်ကော။
ဒီအာဏာဖီဆန်မှုက
ကျနော်တို့ ထောင်ထဲမှာ(ပုသိမ်မှာပါပဲ) ယမန်ကြီးနှစ်ပတ်နဲ့ နှစ်ရက်၊
ရက်(၃၀)အပြည့်နေပြီး အာမခံနှင့်ပြန်လွတ်လာပြီး တစ်ပတ်တစ်ခါ
အမှုရင်ဆိုင်ရပါသည်။
၁၉၈၉ ဇူလိုင်၊ အာဇာနည်နေ့ အရေးအခင်းမှာတော့ ကျနော်တို့ အားလုံးပြန်အဖမ်းခံကြရပြီး၊ ပုသိမ်အကျဉ်းထောင်ထဲရောက်ရပြန်သည်။
ကျနော်၏သုံးကြိမ်မြောက်အလည်ရောက်ခြင်းဆိုပါတော့။
ဟောဗျာ… ဘာမှကိုသိပ်မကြာလိုက်ဘူး၊ မပုတင် နိုင်ငံရေးမလုပ်ဘူး ဆိုတဲ့
ကျနော့်လူတွေ၊ စိုးအိမ်၊ စိုးသစ်၊ မောင်ဒေါင်းတို့  ဒုတိယအချီ ၄၈၂၈
ယူဂျီပေါက်ပြီး၊ ကျနော်ရှိရာ ပုသိမ်အကျဉ်းထောင်ကြီးထဲကို
လိုက်ချလာခဲ့ကြလေသည်။ ၁၉၈၂ ယူဂျီ အမှုတွဲ
အရှင်ဝါသ၀ိန္ဒလည်း အတူပါလာသည်။ တစ်ခေတ်တစ်ခါက နာမည်ကြီး ဗ က ပ
မြောင်းမြခရိုင်စစ်ရေးတာဝန်ခံ ဗိုလ်မှူးစိုးတင့်လည်း သူတို့ အမှုတွဲမှာ
ပါလာပါသည်။ သူတို့ အမှုက စစ်ခုံရုံးနှင့် ထောင်ဆယ်နှစ်၊ ခုနစ်နှစ်၊
ငါးနှစ်အသီးသီးကျသွားကြသည်။ (စိုးအိမ်၊ စိုးသစ် ၁၀ နှစ်၊ မောင်ဒေါင်း ၇
နှစ်)
ကျနော်ကတော့
အာဇာနည်နေ့ အရေးအခင်းအမှုမှာ ပုဒ်မ ၅(ည)နဲ့ ပုသိမ်အနောက်မြို
့နယ်တရားသူကြီး ဦးချစ်ကိုက ထောင်ဒဏ်တစ်နှစ်ပဲ ချခဲ့ပါသည်။ (နောက်ပိုင်းမှာ
တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် ရာဇမာန်ရှပြီး၊ သူအလုပ်ထုတ်ခံလိုက်ရပြီး
မန္တလေးပြန်သွားတယ်လို့ သာ၊ ထောင်ဝင်စာသတင်း မှာ
ကြားလိုက်ရ။ ၂၀၀၄-၅ လောက်က ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ နဲ
့ချင်းတွင်း စာပေဟောပြောပွဲသွားတော့၊ ဆရာဦးချစ်ကို ကို
ယင်းမာပင်ဟောပြောပွဲမှာ ကျနော်ပြန်တွေ့ ခဲ့ရပါသည်)
ထောင်တစ်နှစ်ချလိုက်ပြီး
ဆိုးတာက၊ နောက်မှုကျန်နေသေးတော့၊ အဲဒီနောက်မှု အာဏာဖီဆန်မှု
တိုင်းတရားရုံးထွက်ရတဲ့နေ့ ဆိုရင်၊ သံခြေကျဉ်း တချွမ်ချွမ်အခတ်ခံရတာပါပဲ။
အဲဒီသံခြေကျဉ်းဒဏ်ရာက သေရာပါမယ် ထင်တယ်။ အခု မစ်ရှီဂန်မဲဇာ နှင်းဖွဲရင်၊
နှင်းခဲရင်၊ ရေခဲလှံနဲ့ ထိုးရင် နာကျင် ကိုက်ခဲလာတတ်ပါရဲ့ ။ ဥဒါန်းမကြေ၊
ကမ္ဘာမကြေဘူး စာဖတ်နေသူကြီး၊ စိုးရိမ်နေသူကြီး ရွှေရွှေရေ…။
လွမ်းဖို
့တော့ကောင်းပါတယ်။ ဒီအာဏာဖီဆန်မှုအမိန့် ချတဲ့နေ့ ကဆိုရင်၊
တိုင်းတရားသူကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လို့  ကြွေးကြော်တာကို
မြန်မာ့ယဉ်ကျေးမှုအရ ခွင့်လွှတ်၍ရသော်လည်း၊ တရားမ၀င်ဖြန်
့ဝေတဲ့ကဗျာစာအုပ်ထဲက ကဗျာစာသားတွေကတော့ အများပြည်သူ
ဆူပူအောင်လှုံ
့ဆော်တဲ့အတွက် ခွင့်လွှတ်၍မရပါ ဆိုပြီး၊
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တစ်လျှောက်မှာဖြန့် ဝေလာခဲ့တဲ့
ကျနော့်ကဗျာရှည်ကြီးထဲက
စာပိုဒ်တွေကို-
“မ ဆ လ တစ်ခေတ်မှာ
ရွတတ ဖြစ်နေသူတွေ
နေရစ်ခဲ့ကြတော့။
ငြိမ် ပိ တစ်ခေတ်မှာ
ငြိမ်ကြည့် ဖြစ်နေတဲ့သူတွေ
နေရစ်ခဲ့ကြတော့။
……….
ရွေးကောက်ပွဲဆိုတာလည်း
ခွေး ခလောက်ဆွဲသလိုပါပဲ။
……………..
လေဆန်မှာ မြားတန်းလန်းနဲ့ 
ပျံသန်းရဲတဲ့ငှက်သာ
မနက်ဖြန်အတွက်ဖြစ်တယ်”
ဒီလို
တစ်ပိုဒ်ချင်း (ကျနော်တို့ ကဗျာဆရာတွေ ကဗျာရွတ်သလို) ရစ်သမ်နဲ
့ဖတ်ဖတ်သွားပြီးမှ စီရင်ချက်ကိုချတာပါ။ ဘယ်လောက်ကြည်နူး ချမ်းမြေ
့စရာကောင်းလိုက်ပါသလဲ။ အဲဒီလို ကိုယ်ရေးတဲ့ကဗျာကို တရားရုံးပရိသတ်(NLD
ပရိသတ်)ရှေ့ မှာ ပီပီသသရွတ်ပြပြီးမှ ကိုယ့်ကိုအမိန့် ချတာဟာ ဘ၀မှာ
ဘယ်ကလောက်မြိန်စရာကောင်းလိုက်ပါသလဲ။ ဆော့ခရတ္တိကတော့
ကောင်းချီးပေးပေလိမ့်မယ်။
ဒါတွေဟာ
နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာတစ်ယောက်ရဲ့ ပြန်လည်အမှတ်ရခြင်းတွေထဲက
တစ်စိတ်တစ်ဒေသတွေပါပဲ။ ကျနော် အများကြီးမမှားခဲ့ဘူးလို့ တော့
ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံချင်ပါသည်။
ကျနော့်တစ်ဘ၀လုံးမှာ အမှားဆိုလို့ ၊ တိုင်းပြည်ကိုပစ်ပြီး ထွက်ပြေးခဲ့တာတစ်ခုပဲရှိခဲ့ပါတယ်ဗျာ။ ။
(အပိုင်း-၃ ဆက်ဖတ်ပါရန်)
ေ အ ာ င္ ေ ၀ း
၁၀-၂၆-၁၃။
0 comments:
Post a Comment