Saturday, February 20, 2016

မ စ် ရှီ ဂ န် မှ သ တ င်း ပို့  ချ က်

  

 

ဟဲလို-
ကဗျာဆရာစောဒေဝေါ
ကြားလား။

မ ဆ လ ခေတ်ဆိုးကြီးထဲ
ငါတို့ အတူ နွံနစ်ခဲ့ကြ။

မညစ်ပေမဲ့
နစ်နေတော့
နွံစော် နံသပေါ့ ။

န ၀ တ ခေတ်ပျက်ကြီးထဲ
မင်း ငါတို့ ကိုခွဲသွားခဲ့။

ပထမတော့ ရှင်ကွဲ
နောက်တော့ သေကွဲ။

န အ ဖ ခေတ်ကြမ်းကြီးထဲ
မင်းကိုငါတို့ လွမ်းတုန်း။

ကြားလား
ကဗျာဆရာစောဒေဝေါ
ဟဲလို-

အခု ပြောင်းလဲသွားပြီ
အရင်တုန်းက
ဗိုလ်အောင်ကျော်နာမည်
ငါတို့ ကျယ်ကျယ် မခေါ်ရဲခဲ့။

အခု ပြောင်းလဲသွားပြီ
အရင်တုန်းက
ဗိုလ်အောင်ကျော်အကြောင်း
ငါတို့ ကောင်းကောင်း မပြောရဲခဲ့။

အခု ပြောင်းလဲနေပြီ
ဗိုလ်အောင်ကျော်ဓာတ်ပုံထောင်ပြီး
ကျောင်းသားတွေ
ခရီးရှည်ချီတက်ပွဲ ဆင်နွှဲကြ။

အခု ပြောင်းလဲနေပြီ
မောင်လေးအောင်ရဲ့ 
ဒီဇင်ဘာ(၂၀)ဗိုလ်အောင်ကျော်တမ်းချင်းကဗျာ
ရင်ပြင်နီမှာ ရွတ်ဆိုကြ။

စစ်ညောင်းတာလား
ခေတ်ပြောင်းမှာလား။

ဟိုတုန်းက တစ်ပါတီစစ်အာဏာရှင်စနစ်
မနေ့ တစ်နေ့ က ပါတီစုံစစ်အာဏာရှင်စနစ်
ဒီကနေ့ 
အစိုးရဖက်ဆစ် ခွေးလုံးလုံးဖြစ်ပြီ။

ဒေါ်အောင်ဆန်းစုကြည်က
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်ဆောက်ပေးမယ်
ဗိုလ်အောင်ကျော်ကျောက်တိုင်ကို
ပြည်သူတွေ ရွှေချလိမ့်မယ်။

ကြားလား
ကဗျာဆရာစောဒေဝေါ-

လောလောဆယ်တော့
ဒီမိုကရေစီပညာရေးတောင်းဆိုတဲ့ ကျောင်းသားတွေ
ထောင်ထဲမှာပဲ ရှိနေသေးတယ်။

စစ်ညောင်းတာလား
ခေတ်ပြောင်းမှာလား။

စောဒေဝေါ-
မယ်ဇလီကုန်းဆိုတဲ့
ရွာငယ်ဇနပုဒ်မှာ
အချင်းမြှုပ်တာချင်းအတူအတူ။

အောင်ကျော် မသေရင်
မင်း မသေဘူး။

အောင်ကျော် မသေ
ကဗျာဆရာ မသေ။

သူငယ်ချင်းစောဒေဝေါ-
လှောင်ချိုင့်စံငှက်ကို လွှတ်နိုင်သော
နရသိန်တံခါးကို ဖွင့်နိုင်သော
အခွင့်အလမ်း ရစေစော။     ။
(ဗိုလ်အောင်ကျော်ရာပြည့်မှာ
သူငယ်ချင်းကိုလွမ်းမိလို့ ရေးတဲ့ကဗျာ)

ေ အ ာ င္ ေ ၀ း
(ဇန် ၆ - ၂၀၁၆)

0 comments: