Wednesday, February 24, 2016

ေ ဘ ဘီ နီ လ ာ သိ န်း ဧ ချ င်း သ စ်


 

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ စာမျက်နှာ
ရာဇ၀င်မှတ်တမ်း
ဇာတ်ဝင်ခန်းသစ်
အလွမ်းတွေကို
အင်အားအဖြစ် ပြောင်းပစ်ရမယ်။

အမေ မပါတဲ့
သမီးရဲ့ နံနက်ခင်း
နှင်းရည်စက်လက်
ငှက်ကလေးနဲ့ အတူ
အိပ်တန်းထ
လွမ်းနေသူ ကူပေးရမယ်။

 ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ ညအိပ်ရာဝင်
"ဟိန်း" တို့ "ဆန်း" တို့ 
လွမ်းပုံပြင်
ရင်ထဲအမြဲ
သူရဲကောင်းတွေ မွေးရမယ်။

 အမေ မပါတဲ့
သမီးရဲ့ ကျောင်းအိမ်စာ
ဒေါင်းအလံပါမယ်
မောင်းပြန်ပါမယ်
ကမ္ဘာမကျေတစ်ခေတ်
အိုးဝေတေး ဟစ်ရမယ်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ ပန်းဥယျာဉ်
သပြေပင်နဲ့ 
သစ်ခွစင်
ရှင်သန်အောင်မွေး
နှင်းဆီရဲရဲ မွှေးရမယ်။

 အမေ မပါတဲ့
သမီးရဲ့ တိုက်ပွဲ
ပြည်သူထဲ
မီးခဲလေးတစ်စက
မီးတောက်ကြီးတစ်ခုဖြစ်
ဟောဒီခေတ်ကြီးကို ရှို့ ပစ်ရမယ်။

 ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ ရထား
မောင်းနှင်သွားမယ်
တရားတဲ့လမ်း
(ခွေးသရမ်းတွေ လွတ်နေသတဲ့)
ဓားထမ်းခဲ့ မြားထမ်းခဲ့ရမယ်။

 အမေ မပါတဲ့
သမီးရဲ့ ကျောင်းလွှတ်ချိန်
တိမ်မစုံတော့
ပန်းလေးတွေ ငုံချင်ငုံနေမယ်
ဒါပေမဲ့ ကလေးရယ်
အရေးတော်ပုံ မုချအောင်ရမယ်။

 ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။ ။

(သမီးငယ်လေး ၀ှိုက်တီ သို့ )
ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၂၄- ၂၀၁၆

Related Posts:

  • က မ္ဘ ာ ( ၄ ) xxx လက်ဆေး xxx Mask တပ် xxx Stay Home xxx နိုင်ငံတော် ကျန်းမာဖို့ "ကျမ တစ်ခု စမ်းချုပ်နေပါတယ်" ပြည်သူတွေ ကျန်းမာဖို့ "ကျမ တစ်ခု စမ်းချုပ်နေပါတယ်" … Read More
  • က မ္ဘ ာ ကမ္ဘာလား အနာလား။ အနာ မသေရင် ကမ္ဘာ သေမယ်။ ကမ္ဘာ ဖျားနာ သမား ရှာ။ သမား ရှာ ကိုယ်မှာ တွေ့သတဲ့။ "Brace yourself!" * အောင်ဝေး (၄၊ ၄၊ ၂၀) * သင့်ကိုယ်… Read More
  • က မ္ဘ ာ ( ၅ ) ရှေ့တန်းစစ်မျက်နှာ။ သေနတ်သံ မကြားရ။ အမြောက်သံ မကြားရ။ ဗုံးသံ မကြားရ။ အသေအလဲ တိုက်နေရတယ်။ အသက်ကို အသက်နဲ့ ထုပ်ထားရတယ်။ ရှေ့တန်းစစ်မျက်နှာ။ ။ အောင်… Read More
  • က မ္ဘ ာ ( ၆ ) "ခေါင်းလောင်း ထိုးသံ ဘယ်သူ့ ထံ" (ဟဲမင်းဝေး) မခင်ပန်းကလေး။ အိပ်မက်ဆိုးက မင်း လန့်နိုးလာတဲ့အခါ ခေါင်းလောင်းကို အလျင်စလို မထိုးလိုက်ပါနဲ့ဦး။ အရင်ဆု… Read More
  • က မ္ဘ ာ ( ၃ ) ရုရှားအကျော်၊ စာဆိုတော် ပုသျှကင် ဟာ (အချစ်အတွက်) သေနတ်ချင်း ယှဉ်ပစ် သေသွားတယ်။ အခု ငါတို့ကမ္ဘာကြီး သေနတ်ချင်း ယှဉ်ပစ်ဖို့ စိန်ခေါ်ခံနေရပြီ။ သေ မလ… Read More

0 comments: