Sunday, February 14, 2016

တို င်း ပြ ည်ေ လ ရူး သု န် ချိ န်





ဒီနေ့ မနက်
တောင်ပံဖြန့်  ပျံဝဲကြည့် လိုက်တော့
လမ်းပေါ်မှာ လူအုပ်ကြီးပါလား။
တိုင်းပြည်မီးလောင်တော့
ဒီလူတွေ ဘယ်ရောက်နေလဲ။
တိုင်းပြည်မီးပျက်တော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။
တိုင်းပြည်ရေကြီးတော့
ဒီလူတွေ ဘယ်ရောက်နေလဲ။
တိုင်းပြည်ရေရှားတော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။
တိုင်းပြည်ရေမျောတော့
ဒီလူတွေ ဘယ်ရောက်နေလဲ။
တိုင်းပြည်ကမ်းတင်တော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။
တိုင်းပြည်မိုးမှောင်ကျတော့
ဒီလူတွေ ဘယ်ရောက်နေလဲ။
တိုင်းပြည်အရုဏ်ပျက်တော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။
အလို-
ဒီနေ့ နံနက်
အရှေ့ ဘက် ပျံဝဲကြည့်လိုက်တော့
လမ်းမပေါ်ဒီလူတွေ
ပြန်ရောက်နေပါလား။
(ထိုစဉ်
ရုပ်မြင်သံကြားပြင်ပေါ်တွင်
ရက်ဘတ်တလာကြီး မျက်နှာပေါ်လာသည်။
ရုပ်မြင်သံကြားနောက်က
အသံထွက်လာသည်)
"တိုင်းပြည်ပျက်သုဉ်းချိန်နဲ့ 
ပြန်လည်တည်ထောင်ချိန်
စီးပွားရှာလို့ အကောင်းဆုံးပဲ" တဲ့။
သြော် ... ဒီနေ့ က
နေပြည်တော်မှာ
လူထုအစိုးရသစ်တက်တဲ့နေ့ ဖြစ်နေပါလား။ ။


ေ အာ င်ေ ၀း
ဖေဖော်ဝါရီ ၁၄- ၂၀၁၆။

Related Posts:

  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၆ အနံ့။မရတော့ဘူး။သေမင်းကသူ့ပန်းပွင့်တွေမပွင့်ခင်သေသွားနှင့်လို့။သေခြင်းရဲ့ရနံ့ငါ မရတော့ဘူး လုမိုင်။    ။(သူငယ်ချင်း ငြိမ်းအေးအိမ် သ… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၄ ပြန်ပေး။ဟေ့ လူတွေခင်ဗျားတို့က ပြန်ပေးတွေကိုး။ကျုပ်လူတွေ ပြန်ပေး။     ။အောင်ဝေး(၁၀- ၂၂- ၂၀)##မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၃ ၄ … Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၃ တောရိုင်းမြေ။ဝံပုလွေတစ်ကောင်မြေခွေးတစ်ကောင်ဖွတ်တစ်ကောင်သုံးကောင် တစ်တွဲ။တပေါင်းအရောင်ခေါင်းမရှောင်တဲ့ဒေါင်း တစ်ကောင်ထဲ(တည်း)။   &… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၇ လူထုကဗျာ။လူထုကဗျာငါ့ကဗျာကိုလာခိုးနေတယ်။ညကနက်နက်လက်တစ်ဖက်နဲ့စာရွက်ပေါ်ကအာဏာရနိုး။ညကနက်နက်လက်နှစ်ဖက်နဲ့စာရွက်ပေါ်ကသမ္မတဖြစ်နိုး။နိုး နိုး နိုး နဲ့… Read More
  • မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၅ကပ်ကြီးအတွင်းက ကဗျာ(၃)ပုဒ်။(၁)အခုအချိန်က ဆောင်းဥကနေ၊ ဆောင်းနုနုကလေးပေါက်လာတဲ့၊ ဆောင်းဥပေါက်ချိန်၊ ဆောင်းဦးပေါက်ချိန်။တစ်နွေလုံး စိမ်းလန်းဝေဆာလာတဲ့ သစ်… Read More

0 comments: