လူဟာ အသက်ကြီးလာ လေလေ
လေးဖက် ထောက် လေလေပဲ တဲ့။
ချစ်လှစွာသောပြည်ပြေးဟာ
ဟိုတုန်းခါ
ဖွတ်ကျား(ရဲနွယ်)ချောင်းဖျားက
အဘိဓမ္မာကိုလည်း လွမ်းပြန်တယ်
မမခင်ဦးစံပယ်ရယ်။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ ကျဆုံးခဲ့ပြီလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ အရာရာဆုံးရှုံးခဲ့ပြီလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ အလှဆုံးအပြုံးတွေနဲ့
ချစ်သက် မဖွဲ့ရုံးနိုင်တော့ဘူးလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ မြံှုးမိတဲ့ငါး
ငြိမ်သက်သွားပြီလား။
အဝေးရောက်နှလုံးသားဟာ
တကယ်ပဲ...
Thursday, January 23, 2020
Thursday, January 16, 2020
သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၂ )
သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့
တစ်ခါတစ်ရံမှာ
နည်းပရိယာယ်ရေး အရှုံးပေးရကောင်း ပေးရတတ်တယ်။
နိုင်ငံရေးမှာ
ဒီလိုဆိုတယ် မမခင်ဦးစံပယ်။
စစ်ရေးခြောက်စောင်တွဲမှာ
ဒီလိုလာတယ် မမခင်ဦးစံပယ်။
တည့်တည့်ပြောရရင်
ကွန်မြူနစ်တွေက
ဒီလိုသင်တယ် မမခင်ဦးစံပယ်။
ကျနော် လွမ်းတယ်
"ငယ်ငယ်တုန်းက လီနင်နဲ့ တွေ့တယ်
ကြီးလာတော့ လင်ကွန်းနဲ့ တွေ့ချင်တယ်"
ကျနော် လွမ်းတယ်
"ပန်းခြံတွင်း၌ ကျဆုံးသူများ"
ကျနော် လွမ်းတယ်
"နှလုံးသားထဲက စပိန်"
ကျနော်...
Thursday, January 9, 2020
သေနင်္ဂဗျူဟာမြောက်အလွမ်း ( ၁ )
ဒီမှာ လွမ်းလို့ သေတော့မယ်
မမခင်ဦးစံပယ် ရေ။
မယုံဘူးလား
တစ်ညလုံး မအိပ်တဲ့
နယူးယောက်မြို့ကြီးကတောင် သိတယ်။
ဘယ်အထိတောင် လွမ်းသလဲဆို
သေလောက်အောင်ပါပဲ
မမခင်ဦးစံပယ်။
ဆန်ဖရန်စစ္စကိုက
ဂိုးလ်ဒင်းဂိတ် * တံတားကြီးလည်း
သိတာပဲ
ကျနော် သေလောက်အောင် လွမ်းနေတာကိုလေ
ယုံပါ။
လွမ်းတတ်သူသာ
သမိုင်းဝင်တယ် မမခင်ဦးစံပယ်။
ကမ္ဘာကြီးရဲ့
အတ္ထုပ္ပတ္တိဆိုတာ
လွမ်းတတ်သူတို့ရဲ့
တစ်ခန်းမရပ်တဲ့ အလွမ်းဇာတ်ကြီးပေါ့။
ကမ္ဘာပေါ်မှာ
ပန်းကလေးတစ်ပွင့်...
Subscribe to:
Posts (Atom)