Saturday, December 5, 2020

ကိုဗစ်ကာလ၊ ဈာပန

ကို ဗ စ် က ာ လ ၊ ဈ ာ ပ န
---------------------------

မောင်လှိုင်
မင်းက ငါ့အောက်ငယ်တယ်
ညီလေးပေါ့။
မောင်လှိုင်
ငါက မင်းထက်ကြီးတယ်
အစ်ကိုကြီးပေါ့။
ညီလေးမောင်လှိုင်
မင်းက စစ်သား
အစ်ကိုကြီးအဖေကလည်း စစ်သား
ငါက စစ်သားသားသမီးပေါ့။
ငါ့အဖေ ကိုယ်ပိုင်နံပါတ်က
၄ ၅ ၂ ၁ ၆ ။ (ငါးလုံးတည်း)
ငါ့အဖေတပ်ရင်းက
ချင်း သ န က (၂)
ပထမ ပြည်
နောက် ညောင်လေးပင်
နောက်တော့ ပဲခူး
နောက်ဆုံး ပုသိမ်ပေါ့။
အစ်ကိုကြီးအဖေ
တရုတ်ဖြူကျူးကျော်သူတွေကို
တိုက်နေတုန်းက
အစ်ကိုကြီး မမွေးသေးဘူး။
အစ်ကိုကြီးအဖေက
ဗိုလ်မှူးချုပ်ကျော်ဇောကိုချစ်တဲ့
စစ်သားလေးပေါ့။
အဲဒီတုန်းက
မင်းလည်း ဘယ်မွေးလိမ့်ဦးမလဲ မောင်လှိုင်။
ငါ့ကို
ညောင်လေးပင်မြို့က
စစ်တန်းလျားတစ်ခုမှာ
ငါ့အမေ မွေးခဲ့တယ်။
အဲဒီညက
ဘဝတစ်ခုလုံး
ထစ်ချုန်းမိုးတွေ ရွာတယ်။
မြို့ကလေးဟာ မှောင်ပိန်း
ဂျိန်းခနဲ မိုးကြိုးဝင်းလက်
မွေးခန်းထဲ
သားဦးမွေးဖို့ တိုက်ပွဲဝင်နေရတဲ့အမေ။
အမေ့ရဲံ့စိတ်ဟာ
ပဲခူးရိုးမ၊ မှိုင်းမြမြမှာ
ဗ က ပ တပ်တွေနဲ့ တိုက်နေတဲ့
အဖေ့အတွက်
မွေးခန်းထဲက ထွက်ထွက်ပြေးနေသတဲ့။
ငါ့ကိုမွေးတဲ့ညမှာ
ငါ့အမေ မျက်ရည်ကျရှာတယ်။
ယောကျ်ား ဖောင်စီး
မိန်းမ မီးနေ တဲ့
ငါ့အဖေက
ဖောင်စီးနေတာ မဟုတ်ဘူး မောင်လှိုင်။
ငါ့အဖေက
စစ်တိုက်နေတာ။
စစ်တိုက်တယ်ဆိုတာ
ပန်းနဲ့ပေါက်တာ မဟုတ်ဘူး မောင်လှိုင်။
ငါ့အမေ စိတ်ပူစရာ
စစ်ဟာ ကြမ်းတယ်
လွမ်းစရာ မကောင်းဘူး။
ဒီလိုနဲ့
ငါလည်း စစ်သားသားသမီး ဖြစ်လာခဲ့တယ်။
စစ်တပ်ထဲမှာ
ငါ ကြီးပြင်း အရွယ်ရောက်လာခဲ့။
နောက်တော့လည်း
စစ်တပ်ထဲမှာပဲ
ငါ ထောင်ထဲရောက်သွားခဲ့ပေါ့။
ငါ နှစ်နှစ်သားရောက်တော့
ငါ့အဖေရင်အုံက
ပြည်ပရန်နှိမ်တံဆိပ်ကလေး
ငါ ဆွဲယူဆော့ကစားတတ်နေပြီ။
ငါ့အထင်တော့
အဲဒီအချိန် မင်းလည်း မွေးလောက်ပြီ။
မင့် အမေက
မင်းကို မွေးဖွားခဲ့။
မင့် အဖေက
မင်းကို စောင့်ရှောက်ခဲ့။
နောက်တော့
မင်းလည်း ငါ့အဖေလို
စစ်သားဖြစ်လာခဲ့။
စစ်သားလုပ်ရတာ
လွယ်သလား၊ ခက်သလား မောင်လှိုင်။
ငါ့အဖေ စစ်တိုက်သွားတော့
ငါတို့အမေ
ဘုရားပရမေမှာ
ပန်းသပြေနဲ့ ညောင်ရေသွန်းရတယ်။
ငါ့အဖေ ရှေ့တန်းက ပြန်လာတော့
ငါတို့တစ်တွေ
မသေကောင်း၊ မပျောက်ကောင်း
အိုးစည်ဗုံမောင်းနဲ့ ကြိုရတယ်။
တိုင်းပြည်အတွက်
အသက်ပေးထားရတဲ့
စစ်သားတွေရဲ့ဘဝ
ငါ သိတာပေါ့။
ငါက စစ်သားသားသမီးတစ်ယောက်ပဲ
ငါ ပိုသိတာပေါ့။
ငါတို့တပ်ရင်းတစ်ခုလုံး
ကားကြီးတွေစီး
သင်္ဘောကြီးတွေစီး
ကုန်းတစ်တန်၊ ရေတစ်တန်ခရီး
ပဲခူးကနေ
မနီးလှတဲ့
ပုသိမ်ကိုပြောင်း။
အဲဒီမှာ
ငါ ကျောင်းစတက်ပြီ။
ငါ ဒုတိယတန်းရောက်တော့
တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီ။
ငါ စတုတ္ထတန်းအရောက်
ဘီ၊ ဘီ၊ အမ် ကျောင်း
ငါတို့ကျောင်းလည်း ပြည်သူပိုင်သိမ်းပြီ။
ငါ ငယ်ငယ်တုန်းကတော့
ဒါတွေ ဘယ်သိပါ့မလဲ
ကြီးလာမှ စာဖတ်ပြီးသိတာပါ။
စစ်တပ်ထဲမှာ
စစ်သားသားသမီးအချင်းချင်း
ပဲဟင်း၊ ငါးပိကြော်နဲ့
ငါ ဂေါ်ခဲ့တာပဲ။
စစ်တပ်ထဲမှာ
မတ်ခွက်ကြီးကြီး
စီလွန်တီးနဲ့
ငါ ကြီးပြင်းခဲ့တာပဲ။
အဖေ့စစ်ဖိနပ်
ငါ တိုက်ပေးလို့ရတယ်
ဒါပေမဲ့
အဖေ့စက်သေနတ်တော့
ငါ ကိုင်လို့မရ။
ငါ ကိုင်လို့ရတာက
အဖေ ဖတ်တဲ့
(အမေလည်း ဖတ်တယ်)
ဝတ္ထုစာအုပ်တွေပဲ။
ငါ သေနတ်ဝါသနာမပါ
စာဖတ်ဝါသနာ ပါလာတယ်။
စာဖတ်ရင်းနဲ့ စဉ်းစား
စဉ်းစားရင်း စာဖတ်
မေးခွန်းတွေ မေးတတ်လာရဲ့။
ငါမေးတဲ့မေးခွန်းတွေ
အဖေ မဖြေနိုင်
(မဖြေချင်တာလည်း ဖြစ်မယ်)
ဥပမာ-
ဆဲဗင်းဂျူလိုင်မှာ
ကျောင်းသားတွေကို စစ်တပ်က
ဘာ့ကြောင့်ပစ်သတ်ရတာလဲ။
တရုတ်-ဗမာ အရေးအခင်း
ဘာ့ကြောင့်ဖြစ်တာလဲ။
ဘာ့ကြောင့် ဆန်ပြဿနာဖြစ်ပြီး
ချာပါတီတွေချည်း လှိမ့်စားရတာလဲ။
စာဖတ်လာတာနဲ့အမျှ
အဖေ မဖြေနိုင်တဲ့
(မဖြေချင်တဲ့)
မေးခွန်းတွေရဲ့အဖြေ
ငါ သိသိလာခဲ့တယ်။
အများနည်းတူပါပဲ
စစ်သားသားသမီးက
စစ်ကားကြီးစီးပြီး
မြို့ကြီးမှာ ကျောင်းတက်။
အပေါင်းအသင်းတွေထဲမှာ
တူရာ သန်ရာစု
ဝတ္ထုတွေဖတ်
ကဗျာတွေစပ်။
ကိုးတန်းဝင်တော့
မတ်ဝါဒဟာ ခေါင်းထဲဝင်လာတယ်။
တက္ကသိုလ်ရောက်တော့
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးက
ရင်ထဲရောက်လာတယ်။
၇၄- ၇၅- ၇၆
နီရဲတောက်ပတဲ့ မျိုးဆက်မှာ
ငါ သွေးတစ်စက်ဖြစ်လာတယ်။
ငါ မှားသလား မောင်လှိုင်
ငါ မှားသလား။
အဲဒီက စပြီး
ငါ့အဖေနဲ့ ငါ
ညောင်ညိုပင်မှာလမ်းခွဲ
ဝမ်းနည်းစရာပေါ့။
ငါ ဘယ်တော့မှ
နောင်တ မရဘူး မောင်လှိုင်။
မှိုင်းရာပြည့် ည
စစ်တပ်ထဲက အဖေ့အိမ်ဝ
ထောက်လှမ်းရေးနဲ့ ရဲတွေ
ငါ့ကို လာဖမ်းသွားကြတယ်။
ငါ့ကိုစစ်တဲ့ စစ်ဗိုလ်
ငါ့ကို ဆဲဆို
ငါ့ကို အော်ဟစ်
စစ်သားသားသမီး
စစ်တပ်ကို မဆန့်ကျင်ရ တဲ့။
အဲဒီညက
ငါ့အော်ရယ်သံ
ရန်ကင်းတောင်တစ်ယံလုံး ညံသွားတယ်။
ငါ့အဖေ အငြိမ်းစားပေးခံရ
တပ်က ထွက်ရတယ်။
ငါ ထောင်က ထွက်လာ
ငါ့အမေ မျက်ရည်ကျရှာတယ်။
ငါ အမှားမလုပ်ခဲ့ဘူး
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တာ
ငါ မမှားဘူး။
ငါ မမှားပေမဲ့
အဖေနဲ့အမေကို ငါ အားနာတယ်။
စစ်ဖိနပ်အောက်မှာ
ငါ မနေနိုင်ဘူး
အာဏာရှင်စနစ် ငါမုန်းတယ် မောင်လှိုင်။
ငယ်ငယ်တုန်းက
အဖေ့စစ်ဖိနပ်
ကုန်းပြီး ကြိုးချည်ပေးဖူးတဲ့
စစ်တပ်။
အဲဒီ စစ်တပ်က
လူသတ်တယ်။
ကျောင်းသားတွေ၊ အလုပ်သမားတွေ
အပြစ်မဲ့ပြည်သူတွေကို သတ်တယ်။
လူသတ်တဲ့ စစ်အစိုးရ
ငါ မုန်းတယ်။
ညီလေးမောင်လှိုင်
မင်းလည်း စစ်သား
အစ်ကိုကြီးအဖေလည်း စစ်သား
အစ်ကိုကြီးလည်း စစ်သားသားသမီး။
စစ်တပ်ဟာ
လူသတ်ရုံနဲ့ အားမရတော့။
နေမြင့်လေ၊ အရူးရင့်လေ
စစ်တပ်ဟာ
တိုင်းပြည်ကို သတ်လာတယ်။
စစ်တပ်ဟာ
အနာဂတ်ကို သတ်လာတယ်။
တိုင်းပြည်သတ်တဲ့ စစ်အစိုးရ
ကျဆုံးပါစေ။
အနာဂတ်ကိုသတ်တဲ့ အာဏာရှင်မှန်သမျှ
ကျဆုံးပါစေ။
ဒါတွေက ပြီးခဲ့ပြီ
ပြီးတာတွေလည်း ပြီးပါစေတော့ မောင်လှိုင်။
အခု ဖြစ်နေတာက
ဒီမိုကရေစီအစိုးရခေတ်မှာ
စစ်တပ်က
ဖင်ကြီး တပြပြ
ရင်ကြီး တမမနဲ့
ဝင်ပြီး ကညာစစ်နေတာပဲ မောင်လှိုင်။
ရွေးကောက်ပွဲမှာ
အဆိပ်ပင်ကိုရေလောင်းဖို့
စစ်တပ်က ဖိအားပေးတဲ့အကြောင်း
ခွင့်မတောင်းဘဲ
မပြောကောင်း၊ ပြောကောင်း
ဖွင့်ပြောမိတဲ့ စစ်သားသားသမီး
အပြစ်ကြီးတဲ့အဖြစ်။
စစ်တပ်ဟာ
ညစ်ပတ်တာပဲ မောင်လှိုင်။
မဲရှုံးတာ
စစ်တပ်မှ မဟုတ်ဘဲ
ဘာနာစရာရှိသလဲ မောင်လှိုင်။
လူထုထောက်ခံတဲ့သူ
မဲနိုင်တာပဲ
ဘာ မနာလိုစရာရှိမလဲ မောင်လှိုင်။
ပြန်စဉ်းစားပါဦး မောင်လှိုင်
မင်း မမွေးခင်ကတည်းက
ငါ့အဖေက စစ်သား
အခုလည်း စစ်သားပဲ။
"Once a soldier,
always soldier." တဲ့။
ငါလည်း အရင်က စစ်သားသားသမီး
အခုလည်း စစ်သားသားသမီးပဲ။
စစ်သားတွေလည်း
ပြည်သူထဲက ပြည်သူ
ပြည်သူပျိုးတဲ့ အချစ်ပင်
သူတို့ ရေလောင်းမှာပေါ့။
စစ်သားဇနီးမယား
စစ်သားသားသမီးတွေလည်း
ပြည်သူထဲက ပြည်သူ
ပြည်သူချစ်တဲ့ခေါင်းဆောင်
သူတို့ မဲပေးမှာပေါ့။
အခုတော့
စစ်တပ်ကခိုင်း၊ အစိမ်းရိုင်း
သမိုင်း မဝင်၊ အဆိပ်ပင်ကို
သူလျှင် ရေမလောင်း။
ကိုယ့်အသိစိတ်နဲ့ကိုယ်
အချစ်ပင်ပျို၊ ရေစိုအောင်လောင်း
ခွပ်ဒေါင်းတရား၊ နှလုံးသားနဲ့
စစ်သားသားသမီးကျမ
ဘာတွေရသလဲ။
ထောင်(၉)လနဲ့
နှောင်ကြိုးစ။
နှောင်ကြီုးစနဲ့
ထောင်(၉)လ။
စိတ်မကောင်းစရာပါ မောင်လှိုင်
မဲရုံစောင့်တဲ့ဆရာမနှစ်ယောက်
ကိုဗစ်သတ်လို့ သေရသတဲ့။
စိတ်မကောင်းဘူး မောင်လှိုင်
မဲ မနိုင်၊ ကော်မရှင် မဲ
အဆိပ်ပင် တွင်တွင်မျိုလို့
စစ်တပ်လည်း အလိုလိုသေပြီ။
ညီလေးမောင်လှိုင်
မင်းလည်း စစ်သား
အစ်ကိုကြီးလည်း စစ်သားသားသမီး။
သေပြီးသွားတဲ့
မနက်ဖြန်ဈာပန
ကိုဗစ်ကာလစည်းကမ်းနဲ့အညီ ချကြစို့။
ရွာစားရေ ...
ဗျိုင်းတောင်သံ နှက်။     ။

အောင်ဝေး
(ဒီဇင်ဘာ ၆၊ ၂၀၂၀)


##

ကို ဗ စ္ က ာ လ ၊ ဈ ာ ပ န
 

ေမာင္လႈိင္
မင္းက ငါ့ေအာက္ငယ္တယ္
ညီေလးေပါ့။
ေမာင္လႈိင္
ငါက မင္းထက္ႀကီးတယ္
အစ္ကိုႀကီးေပါ့။
ညီေလးေမာင္လႈိင္
မင္းက စစ္သား
အစ္ကိုႀကီးအေဖကလည္း စစ္သား
ငါက စစ္သားသားသမီးေပါ့။
ငါ့အေဖ ကိုယ္ပိုင္နံပါတ္က
၄ ၅ ၂ ၁ ၆ ။ (ငါးလုံးတည္း)
ငါ့အေဖတပ္ရင္းက
ခ်င္း သ န က (၂)
ပထမ ျပည္
ေနာက္ ေညာင္ေလးပင္
ေနာက္ေတာ့ ပဲခူး
ေနာက္ဆုံး ပုသိမ္ေပါ့။
အစ္ကိုႀကီးအေဖ
တ႐ုတ္ျဖဴက်ဴးေက်ာ္သူေတြကို
တိုက္ေနတုန္းက
အစ္ကိုႀကီး မေမြးေသးဘူး။
အစ္ကိုႀကီးအေဖက
ဗိုလ္မႉးခ်ဳပ္ေက်ာ္ေဇာကိုခ်စ္တဲ့
စစ္သားေလးေပါ့။
အဲဒီတုန္းက
မင္းလည္း ဘယ္ေမြးလိမ့္ဦးမလဲ ေမာင္လႈိင္။
ငါ့ကို
ေညာင္ေလးပင္ၿမိဳ႕က
စစ္တန္းလ်ားတစ္ခုမွာ
ငါ့အေမ ေမြးခဲ့တယ္။
အဲဒီညက
ဘဝတစ္ခုလုံး
ထစ္ခ်ဳန္းမိုးေတြ ႐ြာတယ္။
ၿမိဳ႕ကေလးဟာ ေမွာင္ပိန္း
ဂ်ိန္းခနဲ မိုးႀကိဳးဝင္းလက္
ေမြးခန္းထဲ
သားဦးေမြးဖို႔ တိုက္ပြဲဝင္ေနရတဲ့အေမ။
အေမ့ရဲံ့စိတ္ဟာ
ပဲခူး႐ိုးမ၊ မႈိင္းျမျမမွာ
ဗ က ပ တပ္ေတြနဲ႔ တိုက္ေနတဲ့
အေဖ့အတြက္
ေမြးခန္းထဲက ထြက္ထြက္ေျပးေနသတဲ့။
ငါ့ကိုေမြးတဲ့ညမွာ
ငါ့အေမ မ်က္ရည္က်ရွာတယ္။
ေယာက်္ား ေဖာင္စီး
မိန္းမ မီးေန တဲ့
ငါ့အေဖက
ေဖာင္စီးေနတာ မဟုတ္ဘူး ေမာင္လႈိင္။
ငါ့အေဖက
စစ္တိုက္ေနတာ။
စစ္တိုက္တယ္ဆိုတာ
ပန္းနဲ႔ေပါက္တာ မဟုတ္ဘူး ေမာင္လႈိင္။
ငါ့အေမ စိတ္ပူစရာ
စစ္ဟာ ၾကမ္းတယ္
လြမ္းစရာ မေကာင္းဘူး။
ဒီလိုနဲ႔
ငါလည္း စစ္သားသားသမီး ျဖစ္လာခဲ့တယ္။
စစ္တပ္ထဲမွာ
ငါ ႀကီးျပင္း အ႐ြယ္ေရာက္လာခဲ့။
ေနာက္ေတာ့လည္း
စစ္တပ္ထဲမွာပဲ
ငါ ေထာင္ထဲေရာက္သြားခဲ့ေပါ့။
ငါ ႏွစ္ႏွစ္သားေရာက္ေတာ့
ငါ့အေဖရင္အုံက
ျပည္ပရန္ႏွိမ္တံဆိပ္ကေလး
ငါ ဆြဲယူေဆာ့ကစားတတ္ေနၿပီ။
ငါ့အထင္ေတာ့
အဲဒီအခ်ိန္ မင္းလည္း ေမြးေလာက္ၿပီ။
မင့္ အေမက
မင္းကို ေမြးဖြားခဲ့။
မင့္ အေဖက
မင္းကို ေစာင့္ေရွာက္ခဲ့။
ေနာက္ေတာ့
မင္းလည္း ငါ့အေဖလို
စစ္သားျဖစ္လာခဲ့။
စစ္သားလုပ္ရတာ
လြယ္သလား၊ ခက္သလား ေမာင္လႈိင္။
ငါ့အေဖ စစ္တိုက္သြားေတာ့
ငါတို႔အေမ
ဘုရားပရေမမွာ
ပန္းသေျပနဲ႔ ေညာင္ေရသြန္းရတယ္။
ငါ့အေဖ ေရွ႕တန္းက ျပန္လာေတာ့
ငါတို႔တစ္ေတြ
မေသေကာင္း၊ မေပ်ာက္ေကာင္း
အိုးစည္ဗုံေမာင္းနဲ႔ ႀကိဳရတယ္။
တိုင္းျပည္အတြက္
အသက္ေပးထားရတဲ့
စစ္သားေတြရဲ႕ဘဝ
ငါ သိတာေပါ့။
ငါက စစ္သားသားသမီးတစ္ေယာက္ပဲ
ငါ ပိုသိတာေပါ့။
ငါတို႔တပ္ရင္းတစ္ခုလုံး
ကားႀကီးေတြစီး
သေဘၤာႀကီးေတြစီး
ကုန္းတစ္တန္၊ ေရတစ္တန္ခရီး
ပဲခူးကေန
မနီးလွတဲ့
ပုသိမ္ကိုေျပာင္း။
အဲဒီမွာ
ငါ ေက်ာင္းစတက္ၿပီ။
ငါ ဒုတိယတန္းေရာက္ေတာ့
ေတာ္လွန္ေရးေကာင္စီ အာဏာသိမ္းၿပီ။
ငါ စတုတၳတန္းအေရာက္
ဘီ၊ ဘီ၊ အမ္ ေက်ာင္း
ငါတို႔ေက်ာင္းလည္း ျပည္သူပိုင္သိမ္းၿပီ။
ငါ ငယ္ငယ္တုန္းကေတာ့
ဒါေတြ ဘယ္သိပါ့မလဲ
ႀကီးလာမွ စာဖတ္ၿပီးသိတာပါ။
စစ္တပ္ထဲမွာ
စစ္သားသားသမီးအခ်င္းခ်င္း
ပဲဟင္း၊ ငါးပိေၾကာ္နဲ႔
ငါ ေဂၚခဲ့တာပဲ။
စစ္တပ္ထဲမွာ
မတ္ခြက္ႀကီးႀကီး
စီလြန္တီးနဲ႔
ငါ ႀကီးျပင္းခဲ့တာပဲ။
အေဖ့စစ္ဖိနပ္
ငါ တိုက္ေပးလို႔ရတယ္
ဒါေပမဲ့
အေဖ့စက္ေသနတ္ေတာ့
ငါ ကိုင္လို႔မရ။
ငါ ကိုင္လို႔ရတာက
အေဖ ဖတ္တဲ့
(အေမလည္း ဖတ္တယ္)
ဝတၳဳစာအုပ္ေတြပဲ။
ငါ ေသနတ္ဝါသနာမပါ
စာဖတ္ဝါသနာ ပါလာတယ္။
စာဖတ္ရင္းနဲ႔ စဥ္းစား
စဥ္းစားရင္း စာဖတ္
ေမးခြန္းေတြ ေမးတတ္လာရဲ႕။
ငါေမးတဲ့ေမးခြန္းေတြ
အေဖ မေျဖႏိုင္
(မေျဖခ်င္တာလည္း ျဖစ္မယ္)
ဥပမာ-
ဆဲဗင္းဂ်ဴလိုင္မွာ
ေက်ာင္းသားေတြကို စစ္တပ္က
ဘာ့ေၾကာင့္ပစ္သတ္ရတာလဲ။
တ႐ုတ္-ဗမာ အေရးအခင္း
ဘာ့ေၾကာင့္ျဖစ္တာလဲ။
ဘာ့ေၾကာင့္ ဆန္ျပႆနာျဖစ္ၿပီး
ခ်ာပါတီေတြခ်ည္း လွိမ့္စားရတာလဲ။
စာဖတ္လာတာနဲ႔အမွ်
အေဖ မေျဖႏိုင္တဲ့
(မေျဖခ်င္တဲ့)
ေမးခြန္းေတြရဲ႕အေျဖ
ငါ သိသိလာခဲ့တယ္။
အမ်ားနည္းတူပါပဲ
စစ္သားသားသမီးက
စစ္ကားႀကီးစီးၿပီး
ၿမိဳ႕ႀကီးမွာ ေက်ာင္းတက္။
အေပါင္းအသင္းေတြထဲမွာ
တူရာ သန္ရာစု
ဝတၳဳေတြဖတ္
ကဗ်ာေတြစပ္။
ကိုးတန္းဝင္ေတာ့
မတ္ဝါဒဟာ ေခါင္းထဲဝင္လာတယ္။
တကၠသိုလ္ေရာက္ေတာ့
စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရးက
ရင္ထဲေရာက္လာတယ္။
၇၄- ၇၅- ၇၆
နီရဲေတာက္ပတဲ့ မ်ိဳးဆက္မွာ
ငါ ေသြးတစ္စက္ျဖစ္လာတယ္။
ငါ မွားသလား ေမာင္လႈိင္
ငါ မွားသလား။
အဲဒီက စၿပီး
ငါ့အေဖနဲ႔ ငါ
ေညာင္ညိဳပင္မွာလမ္းခြဲ
ဝမ္းနည္းစရာေပါ့။
ငါ ဘယ္ေတာ့မွ
ေနာင္တ မရဘူး ေမာင္လႈိင္။
မႈိင္းရာျပည့္ ည
စစ္တပ္ထဲက အေဖ့အိမ္ဝ
ေထာက္လွမ္းေရးနဲ႔ ရဲေတြ
ငါ့ကို လာဖမ္းသြားၾကတယ္။
ငါ့ကိုစစ္တဲ့ စစ္ဗိုလ္
ငါ့ကို ဆဲဆို
ငါ့ကို ေအာ္ဟစ္
စစ္သားသားသမီး
စစ္တပ္ကို မဆန႔္က်င္ရ တဲ့။
အဲဒီညက
ငါ့ေအာ္ရယ္သံ
ရန္ကင္းေတာင္တစ္ယံလုံး ညံသြားတယ္။
ငါ့အေဖ အၿငိမ္းစားေပးခံရ
တပ္က ထြက္ရတယ္။
ငါ ေထာင္က ထြက္လာ
ငါ့အေမ မ်က္ရည္က်ရွာတယ္။
ငါ အမွားမလုပ္ခဲ့ဘူး
စစ္အာဏာရွင္စနစ္ကိုဆန႔္က်င္တာ
ငါ မမွားဘူး။
ငါ မမွားေပမဲ့
အေဖနဲ႔အေမကို ငါ အားနာတယ္။
စစ္ဖိနပ္ေအာက္မွာ
ငါ မေနႏိုင္ဘူး
အာဏာရွင္စနစ္ ငါမုန္းတယ္ ေမာင္လႈိင္။
ငယ္ငယ္တုန္းက
အေဖ့စစ္ဖိနပ္
ကုန္းၿပီး ႀကိဳးခ်ည္ေပးဖူးတဲ့
စစ္တပ္။
အဲဒီ စစ္တပ္က
လူသတ္တယ္။
ေက်ာင္းသားေတြ၊ အလုပ္သမားေတြ
အျပစ္မဲ့ျပည္သူေတြကို သတ္တယ္။
လူသတ္တဲ့ စစ္အစိုးရ
ငါ မုန္းတယ္။
ညီေလးေမာင္လႈိင္
မင္းလည္း စစ္သား
အစ္ကိုႀကီးအေဖလည္း စစ္သား
အစ္ကိုႀကီးလည္း စစ္သားသားသမီး။
စစ္တပ္ဟာ
လူသတ္႐ုံနဲ႔ အားမရေတာ့။
ေနျမင့္ေလ၊ အ႐ူးရင့္ေလ
စစ္တပ္ဟာ
တိုင္းျပည္ကို သတ္လာတယ္။
စစ္တပ္ဟာ
အနာဂတ္ကို သတ္လာတယ္။
တိုင္းျပည္သတ္တဲ့ စစ္အစိုးရ
က်ဆုံးပါေစ။
အနာဂတ္ကိုသတ္တဲ့ အာဏာရွင္မွန္သမွ်
က်ဆုံးပါေစ။
ဒါေတြက ၿပီးခဲ့ၿပီ
ၿပီးတာေတြလည္း ၿပီးပါေစေတာ့ ေမာင္လႈိင္။
အခု ျဖစ္ေနတာက
ဒီမိုကေရစီအစိုးရေခတ္မွာ
စစ္တပ္က
ဖင္ႀကီး တျပျပ
ရင္ႀကီး တမမနဲ႔
ဝင္ၿပီး ကညာစစ္ေနတာပဲ ေမာင္လႈိင္။
ေ႐ြးေကာက္ပြဲမွာ
အဆိပ္ပင္ကိုေရေလာင္းဖို႔
စစ္တပ္က ဖိအားေပးတဲ့အေၾကာင္း
ခြင့္မေတာင္းဘဲ
မေျပာေကာင္း၊ ေျပာေကာင္း
ဖြင့္ေျပာမိတဲ့ စစ္သားသားသမီး
အျပစ္ႀကီးတဲ့အျဖစ္။
စစ္တပ္ဟာ
ညစ္ပတ္တာပဲ ေမာင္လႈိင္။
မဲရႈံးတာ
စစ္တပ္မွ မဟုတ္ဘဲ
ဘာနာစရာရွိသလဲ ေမာင္လႈိင္။
လူထုေထာက္ခံတဲ့သူ
မဲႏိုင္တာပဲ
ဘာ မနာလိုစရာရွိမလဲ ေမာင္လႈိင္။
ျပန္စဥ္းစားပါဦး ေမာင္လႈိင္
မင္း မေမြးခင္ကတည္းက
ငါ့အေဖက စစ္သား
အခုလည္း စစ္သားပဲ။
"Once a soldier,
always soldier." တဲ့။
ငါလည္း အရင္က စစ္သားသားသမီး
အခုလည္း စစ္သားသားသမီးပဲ။
စစ္သားေတြလည္း
ျပည္သူထဲက ျပည္သူ
ျပည္သူပ်ိဳးတဲ့ အခ်စ္ပင္
သူတို႔ ေရေလာင္းမွာေပါ့။
စစ္သားဇနီးမယား
စစ္သားသားသမီးေတြလည္း
ျပည္သူထဲက ျပည္သူ
ျပည္သူခ်စ္တဲ့ေခါင္းေဆာင္
သူတို႔ မဲေပးမွာေပါ့။
အခုေတာ့
စစ္တပ္ကခိုင္း၊ အစိမ္း႐ိုင္း
သမိုင္း မဝင္၊ အဆိပ္ပင္ကို
သူလွ်င္ ေရမေလာင္း။
ကိုယ့္အသိစိတ္နဲ႔ကိုယ္
အခ်စ္ပင္ပ်ိဳ၊ ေရစိုေအာင္ေလာင္း
ခြပ္ေဒါင္းတရား၊ ႏွလုံးသားနဲ႔
စစ္သားသားသမီးက်မ
ဘာေတြရသလဲ။
ေထာင္(၉)လနဲ႔
ေႏွာင္ႀကိဳးစ။
ေႏွာင္ႀကီဳးစနဲ႔
ေထာင္(၉)လ။
စိတ္မေကာင္းစရာပါ ေမာင္လႈိင္
မဲ႐ုံေစာင့္တဲ့ဆရာမႏွစ္ေယာက္
ကိုဗစ္သတ္လို႔ ေသရသတဲ့။
စိတ္မေကာင္းဘူး ေမာင္လႈိင္
မဲ မႏိုင္၊ ေကာ္မရွင္ မဲ
အဆိပ္ပင္ တြင္တြင္မ်ိဳလို႔
စစ္တပ္လည္း အလိုလိုေသၿပီ။
ညီေလးေမာင္လႈိင္
မင္းလည္း စစ္သား
အစ္ကိုႀကီးလည္း စစ္သားသားသမီး။
ေသၿပီးသြားတဲ့
မနက္ျဖန္ဈာပန
ကိုဗစ္ကာလစည္းကမ္းနဲ႔အညီ ခ်ၾကစို႔။
႐ြာစားေရ ...
ဗ်ိဳင္းေတာင္သံ ႏွက္။     ။

ေအာင္ေဝး

(ဒီဇင္ဘာ ၆၊ ၂၀၂၀)

0 comments: