မင်းအောင်လှိုင် ညလ မသာဘူး။အမှောင်အောက်မှာပဲကြယ်တွေက တောက်ပရတာ။ကျည်ဆန်ခွံပေါစစ်နွံတော။နွံထဲမှာပဲကြာပန်းတွေ ပွင့်ရတာ။မတရားမှုထဲမှာတရားမှု ရှာရ။အမုန်းထဲမှာအပြုံး ရှာရ။ဆက်ဒမ်ဟူစိန်လည်း သွားပြီကဒါဖီလည်း သွားပြီနေဝင်းလည်း သွားပြီ။စစ်အာဏာရှင်မှန်ရင်သွားရတာပဲ။မင်းအောင်လှိုင်လည်းသွားရမှာပဲ။ရဲဘော်တို့ရေလွမ်း မနေနဲ့။ရဲဘော်တို့ရေ(ပြည်သူ့ဆီ)လှမ်းလေခဲ့ပန်းသပြေနဲ့။ပြည်သူသာ အမိပြည်သူသာ အဖပြည်သူသာ အဓိက။သူငယ်ချင်းတို့ရေစစ်စခန်းနားမှာချစ်တမ်း...
Friday, February 5, 2021
Wednesday, February 3, 2021
ပြည်သူ့လွတ်မြောက်ရေး
ငါတို့ဟာ ကြောက်တတ်လားဟေ့။ငါတို့ဟာ ကြောက်တတ်လားလို့စစ်သားတွေကို မေးကြည့်ပါလားငါတို့ဟာ ကြောက်တတ်လားလို့။စစ်သားတွေကငါတို့က သူတို့ကို မကြောက်မှာကို ကြောက်နေတယ်။ငါတို့ဟာ ကြောက်တတ်လားဟေ့။ငါတို့ဟာ ကြောက်တတ်လားလို့သေနတ်ပြောင်းတွေကို မေးကြည့်ပါလားငါတို့ဟာ ကြောက်တတ်လားလို့။သေနတ်ပြောင်းတွေကငါတို့က သူတို့ကို မကြောက်မှာကို ကြောက်နေတယ်။ငါတို့ လုံးလုံး မကြောက်ဘူးဒါကြောင့် ငါတို့ လွတ်မြောက်တယ်။ ...
Monday, February 1, 2021
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲ - ၂
တိုက်ပွဲပုံသဏ္ဌာန်။ယမန်နေ့က တိုက်ပွဲရဲ့ ဦးတည်ချက်ကို ကျနော်ပြောခဲ့ပါတယ်။ အခု ကျနော်တိုက်ပွဲရဲ့ ပုံသဏ္ဌာန်ကို ပြောပါမယ်။"The form of the struggle is not chosen by the ruled, but by theruler."တိုက်ပွဲပုံသဏ္ဍာန်ဆိုတာ ဖိနှိပ်ခံတွေဘက်က ရွေးချယ်ရတာ မဟုတ်။ ဖိနှိပ်သူရန်သူက ရွေးချယ်ပေးတာဖြစ်တယ်။ဥပမာ- တောလိုက်မုဆိုးတစ်ယောက်အဖို့၊ သားကောင်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ဘယ်လိုယှဉ်ပြိုင်မလဲ၊ ဘယ်လိုတိုက်ကွက်ကိုသုံးရမလဲ၊...
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲ
တိုက်ပွဲရဲ့ ဦးတည်ချက်။အမေရိကန်ပြည်ထောင်စု၊ အရှေ့မြောက်ပိုင်းဒေသ တစ်ဝန်းလုံးအလွန်ဆိုးရွားပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်နေပါတယ်။အဲဒီ နှင်းမုန်တိုင်းကြားမှာ၊ အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံဟာမြန်မာပြည်က စစ်တပ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ် တိုက်ပွဲဝင်နေကြပါတယ်။ရေခဲမှတ်အောက် ရောက်အောင် အေးခဲနေတဲ့ ရာသီဥတုကို အန်တုပြီးကျနော်တို့...
မေတ္တာပို့
Tuesday, January 26, 2021
Wednesday, January 20, 2021
အိပျမကျအနံ့
(Zawgyi-One below) ဒွန်အိပ်မက်ထဲမှာ အနံ့တစ်ခုရတယ်ဒွန်။မြစ်တွေမှာ အနံ့ရှိသတဲ့မြစ်တွေမှာ အနံ့ရှိတယ်လို့မြန်မာကဗျာဆရာတစ်ယောက်ကပြောတယ်။မောင်သာချိုပေါ့ဒွန်ရယ်သူကသူ့ပထမဆုံးလုံးချင်းဝတ္ထုထဲမှာကိုယ့်အကြောင်းကို ရေးတယ်လေ။*ကိုယ့်ရဲ့အနံ့ကိုသူ ရတယ်လေ။တကယ်ကကိုယ့်ရဲ့အနံ့ မဟုတ်ပါဘူးကိုယ့်အနံ့ မဟုတ်ရပါဘူး ဒွန်။ဒီအနံ့ဟာကိုယ့်ဦးခေါင်းပေါ် နားနေတဲ့သက်တံမှာပျံ့စွဲနေတဲ့သေခြင်းရဲ့အနံ့ပါ။ဒွန်ရယ်မောင်ရင့်မှာချာနိုဘိုင်း(၁၉၈၆)**အနံ့ရှိသလိုပေါ့။ကိုယ့်မှာနာဂစ်(၂၀၀၈)အနံ့ရှိလေရဲ့...
Monday, January 11, 2021
တစ္ဆေပေါင်မုန့်
" xxx လူ့ဘဝက သိပ်တိုတယ် xxx"ဟန်ထွန်းသီချင်းလေးအတူဆိုရအောင်။ဝင်ခဲ့ပါမေရီအင်တွိုင်းနက်တံခါးကို ဖွင့်ထားပါတယ်။ဝင်ခဲ့မေရီအင်တွိုင်းနက်ရေဝင်ခဲ့။ဒီညမှာခင်ဗျားလာမယ်သိလို့တံခါးကို ကြိုဖွင့်ထား။ဒီညခင်ဗျားလာရင်နားဆင်ဖို့ဟန်ထွန်းသီချင်းလေး ကျနော်ဖွင့်ထား။ဝင်လှည့်ပါမေရီအင်တွိုင်းနက်တစ္ဆေ။" xxx လူ့ဘဝက သိပ်တိုတယ် xxx".ဟန်ထွန်းသီချင်းလေးအတူဆိုကြမယ်။အမေရိက ကကြိုဆိုပါတယ်။မစ်ရှီဂန်ကကြီဆိုပါတယ်။ဝင်ခဲ့ပါမေရီအင်တွိုင်းနက်တစ္ဆေရေ။ခင်ဗျားက၁၈-ရာစုက...
Subscribe to:
Posts (Atom)