Thursday, September 10, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၉



ဒီနေ့ စက်တင်ဘာ (၁၁)။ ဒိနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ
9/11 Attacks (၁၉)နှစ်ပြည်တဲ့ နှစ်ပတ်လည်နေ့ပါ။
လွန်ခဲ့သော (၁၉)နှစ်က ဒီနေ့ (၂၀၀၁၊ စက်တင်ဘာ- ၁၁) နံနက်ခင်းမှာ
အယ်လ်ကေဒါ (Al-Qaeda) အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ
အကြမ်းဖက်အဖွဲ့က၊ အမေရိကန်ပြည်တွင်းလေကြောင်းခရီးစဉ်(၄)ခုကို
ပြန်ပေးဆွဲပြီး၊ အထင်ကရနေရာကြီး(၃)ခုကို တစ်ချိန်တည်း ဝင်ရောက်
တိုက်ခိုက်ခဲ့တာဖြစ်တယ်။
အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ်- ၁၁ (AA 11) လေယာဉ်နဲ့ ယူနိုက်တက်လေကြောင်းလိုင်း ခရီးစဉ်အမှတ်-၁၇၅ (UA 175) လေယာဉ်
တွေက နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် (World
Trade Center) (အထပ် ၁၁၀) ကို တိုက်ခိုက်ခဲ့တယ်။
အမေရိကန်လေကြောင်းလိုင်း ခရီးစဉ်အမှတ်-၇၇ (AA 77) လေယာဉ်နဲ့
ပင်တဂွန်စစ်ဌာနချုပ် (The Pentagon) ကို တိုက်ခိုက်တယ်။
.ယူနိုက်တက်လေကြောင်းလိုင်း ခရီးစဉ်အမှတ်-၉၃ (UA 93) လေယာဉ်
ကတော့၊ ဝါရှင်တန် ဒီ၊စီ က U.S. Capitol အဆောက်အအုံကို တိုက်ခိုက်
ဖို့ ကြံရွယ်ပေမဲ့၊ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေက ပြန်လည်ခုခံ
တိုက်ခိုက်ခဲ့လို့၊ အထမမြောက်ခဲ့ပါဘူး။
ဒီ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ လူပေါင်း (၃)ထောင်နီးပါး (၂,၉၇၇)
သေဆုံပြီး၊ (၂)သောင်း(၅)ထောင် (၂၅,၀၀၀) ဒဏ်ရာရခဲ့ပါတယ်။
(အယ်လ်ကေဒါ အကြမ်းဖက်သမား- ၁၉ ဦးစလုံး သေပါတယ်)
ဒီ အကြမ်းဖက်မှုဖြစ်စဉ်ကို September 11 Attacks ဒါမှမဟုတ်၊ 9/11
လို့ ခေါ်ကြပါတယ်။ သမ္မတဂျော့ဘုရှ် လက်ထက်မှာပါ။
ဒီ လုပ်ကြံမှုကြီးကို ကြိုးကိုင်စီစဉ်တဲ့ အယ်လ်ကေဒါအဖွဲ့ခေါင်းဆောင်
အိုစမာဘင်လာဒင် (Osama bin Laden) ကို၊ သမ္မတအိုဘားမား
လက်ထက်၊ ၂၀၁၁ မေလ(၂)ရက်နေ့၊ ပါကစ္စတန်နယ်မြေထဲမှာ၊ အမေရိ
ကန်အထူးတပ်ဖွဲ့က စီးနင်းသတ်ဖြတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့သမိုင်းစာမျက်နှာမှာ 9/11 လို့ ခေါ်တွင်တဲ့ အဲဒီဖြစ်ရပ်ရှိသလို၊
11/9 လို့ ခေါ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိပါတယ်။
အဲဒါကတော့၊ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့မှာ၊ အရှေ့ဂျာမနီ
(GDR) နဲ့ အနောက်ဂျာမနီ (FRG) နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့၊ ဘာလင်
တံတိုင်းကြီးကို ဖြိုလှဲချလိုက်တဲ့ ဖြစ်စဉ်ပါပဲ။ တည်ဆောက်ခဲ့ပြီး အနှစ်(၃၀)
အကြာမှာ ဒီတံတိုင်းကြီး ဖြိုလှဲခံရတာပါ။
အဲဒီလို ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ဖြစ်ရပ်တွေကို၊ စာပေ၊ ရုပ်ရှင် အနုပညာ
တွေအဖြစ် ဖန်တီးခဲ့ကြတဲ့အကြောင်းကို ဒီနေရာမှာ ပြောပြချင်တာပါ။
စက်တင်ဘာ-၁၁ တိုက်ခိုက်ခံရမှုကို ၂၀၁၇ မှာ ဟောလိဝုဒ်က ဒါရိုက်တာ
Martin Guigui က သရုပ်ဆောင် Charlie Sheen, Whoopi Goldberg
တို့နဲ့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ ဇာတ်ကားနာမည်က "9/11" ပါ။
အိုစမာဘင်လာဒင်ကို စီးနင်းလုပ်ကြံတဲ့ စစ်ဆင်ရေးကို၊ ၂၀၁၂ မှာ၊ ဟောလိဝုဒ်က အမျိုးသမီးဒါရိုက်တာ Kathryn Bigelow က "Zero
Dark Thirty" ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ အော်စကာဆု(အသံ)
ရပါတယ်။
ဒီလိုပါပဲ၊ ၁၉၁၈ မှာဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး ကပ်ရောဂါဘေးကြီးအကြောင်း
ကိုလည်း ဝတ္ထုေတွေ၊ ရုပ်ရှင်တွေ ရေးခဲ့ကြ၊ ရိုက်ခဲ့ကြတာပါ။
၁၉၈၅ မှာ "1918" ဆိုတဲ့ ရုပ်ရှင်။
၁၉၉၀ မှာ "Awakenings" ဆိုတဲ့ ရုပ်ရှင်။
၂၀၀၆ မှာ "The Last Town on Earth" ဆိုတဲ့ ဝတ္ထု။
၂၀၀၉ မှာ "Spanish Flu:The Forgotten Fallen" ဆိုတဲ့ ဗြိတိသျှ
ရုပ်မြင်သံကြားစီးရီး။
၂၀၁၀ မှာ "Downton Abbey" ဆိုတဲ့ ဗြိတိသျှရုပ်မြင်သံကြားသမိုင်း
မှတ်တမ်း။
အခု အချိန်က ၁၉၁၈ စပိန်တုပ်ကွေး ကပ်ဘေးကြီးဖြစ်အပြီး၊ အနှစ်
(၁၀၀)အကြာ၊ ကမ္ဘာကြီးမှာ Covid-19 coronavirus ကပ်ရောဂါ
ဘေးကြီး သင့်နေတဲ့အချိန်ပါ။
ဒီနေ့ 9/11 (စက်တင်ဘာ- ၁၁၊ ၂၀၂၀)မှာ ကမ္ဘာတစ်ဝန်းလုံး ရောဂါပိုး
ကူးစက်ခံရသူ (၂၈)သန်းနီးပါး၊ သေဆုံးသူ (၉)သိန်းကျော် ရှိနေပါပြီ။
အမေရိကန်တစ်နိုင်ငံတည်း ကူးစက် (၆)သန်းကျော်၊ သေဆုံး (၂)သိန်း
နီးနီး ရှိပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာ ကူးစက် (၂,၂၆၅)ဦး၊ သေဆုံး
(၁၄)ဦးပါ။ ဒါ ဒီနေ့ (စက်တင်ဘာ- ၁၁၊ ၂၀၂၀) WHO ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ကြီးက ထုတ်ပြန်တဲ့သတင်းပါ။
ဒီ ကိုဗစ်-19 ကပ်ကြီး ပြီးသွားရင်ကော၊ ဒီကပ်ကြီးကို ထင်ဟပ်ဖော်ကျူးတဲ့
စာပေ၊ အနုပညာတွေ ထွက်ပေါ်လာဦးမှာလား။
အင်္ဂလန်က ဆရာခွန်ဆိုင်းရဲ့ "ကိုဗစ်ဒိုင်ယာရီ(၁)" စာအုပ်။ ကံ့ကော်ဝတ်
ရည်က ထွက်လာတာတွေ့ရပါတယ်။
ဆရာသစ္စာနီရဲ့ ကိုဗစ်နောက်ခံ အချစ်ဝတ္ထုကြီးလည်း မကြခင် ထုတ်ဝေ
ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
ကိုဗစ်ဟာ စစ်ပွဲကြီးတစ်ခုပါ။ လူတိုင်း တစ်ဦးချင်းပါဝင်တိုက်ခိုက်ရတဲ့
ကမ္ဘာစစ်ကြီးပါ။ ကိုယ်ကစပြီး ခုခံကာကွယ်ရတဲ့ စစ်ကြီး။
 ဒီစစ်ကြီး ပြီး
သွားတဲ့အခါ။ မသေဘဲ ကျန်ရစ်မယ့် စာပေ၊ အနုပညာလက်ရာတွေကို
ခံစားနိုင်ဖို့၊ မိတ်ဆွေ- သင် အခု ကျန်းမာနေဖို့လိုပါတယ်။
၂၀၂၀ နိုဝင်ဘာ- ၉ (11/9) ကျရင်လည်း၊ ရွေးကောက်ပွဲ အောင်ပွဲခံဖို့၊
သင် အခု ကျန်းမာနေမှဖြစ်မယ် မိတ်ဆွေ။
နီနီ ဝါဝါ ပြာပြာ စိမ်းစိမ်း၊ မြန်မာပြည်သူအားလုံး။ ကိုဗစ်ရန်ဘေး၊ ကင်း
စင်ဝေး၊ ငြိမ်းအေးကြပါစေ။    ။

အောင်ဝေး

(စက်တင်ဘာ ၁၁၊ ၂၀၂၀)


##


မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၉
 
ဒီေန့ စက္တင္ဘာ (၁၁)။ ဒိေန့ဟာ အေမရိကန္ျပည္ေထာင္စုမွာ
9/11 Attacks (၁၉)ႏွစ္ျပည္တဲ့ ႏွစ္ပတ္လည္ေန့ပါ။
လြန္ခဲ့ေသာ (၁၉)ႏွစ္က ဒီေန့ (၂၀၀၁၊ စက္တင္ဘာ- ၁၁) နံနက္ခင္းမွာ
အယ္လ္ေကဒါ (Al-Qaeda) အစၥလာမ္မစ္ အစြန္းေရာက္ စစ္ေသြးၾကြ
အၾကမ္းဖက္အဖြဲ့က၊ အေမရိကန္ျပည္တြင္းေလေၾကာင္းခရီးစဥ္(၄)ခုကို
ျပန္ေပးဆြဲၿပီး၊ အထင္ကရေနရာႀကီး(၃)ခုကို တစ္ခ်ိန္တည္း ၀င္ေရာက္
တိုက္ခိုက္ခဲ့တာျဖစ္တယ္။
အေမရိကန္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္- ၁၁ (AA 11) ေလယာဥ္နဲ့ ယူႏိုက္တက္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္-၁၇၅ (UA 175) ေလယာဥ္
ေတြက နယူးေယာက္ၿမိဳ့က ကမၻာ့ကုန္သြယ္ေရးေမွ်ာ္စင္ညီေနာင္ (World
Trade Center) (အထပ္ ၁၁၀) ကို တိုက္ခိုက္ခဲ့တယ္။
အေမရိကန္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္-၇၇ (AA 77) ေလယာဥ္နဲ့
ပင္တဂြန္စစ္ဌာနခ်ဳပ္ (The Pentagon) ကို တိုက္ခိုက္တယ္။
.ယူႏိုက္တက္ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္-၉၃ (UA 93) ေလယာဥ္
ကေတာ့၊ ၀ါရွင္တန္ ဒီ၊စီ က U.S. Capitol အေဆာက္အအုံကို တိုက္ခိုက္
ဖို့ ႀကံရြယ္ေပမဲ့၊ ေလယာဥ္ေပၚပါလာတဲ့ ခရီးသည္ေတြက ျပန္လည္ခုခံ
တိုက္ခိုက္ခဲ့လို့၊ အထမေျမာက္ခဲ့ပါဘူး။
ဒီ အၾကမ္းဖက္တိုက္ခိုက္မွဳျဖစ္စဥ္မွာ လူေပါင္း (၃)ေထာင္နီးပါး (၂,၉၇၇)
ေသဆုံၿပီး၊ (၂)ေသာင္း(၅)ေထာင္ (၂၅,၀၀၀) ဒဏ္ရာရခဲ့ပါတယ္။
(အယ္လ္ေကဒါ အၾကမ္းဖက္သမား- ၁၉ ဦးစလုံး ေသပါတယ္)
ဒီ အၾကမ္းဖက္မွဳျဖစ္စဥ္ကို September 11 Attacks ဒါမွမဟုတ္၊ 9/11
လို့ ေခၚၾကပါတယ္။ သမၼတေဂ်ာ့ဘုရွ္ လက္ထက္မွာပါ။
ဒီ လုပ္ႀကံမွဳႀကီးကို ႀကိဳးကိုင္စီစဥ္တဲ့ အယ္လ္ေကဒါအဖြဲ့ေခါင္းေဆာင္
အိုစမာဘင္လာဒင္ (Osama bin Laden) ကို၊ သမၼတအိုဘားမား
လက္ထက္၊ ၂၀၁၁ ေမလ(၂)ရက္ေန့၊ ပါကစၥတန္နယ္ေျမထဲမွာ၊ အေမရိ
ကန္အထူးတပ္ဖြဲ့က စီးနင္းသတ္ျဖတ္ႏိုင္ခဲ့ပါတယ္။
ကမၻာ့သမိုင္းစာမ်က္ႏွာမွာ 9/11 လို့ ေခၚတြင္တဲ့ အဲဒီျဖစ္ရပ္ရွိသလို၊
11/9 လို့ ေခၚဆိုတဲ့ ျဖစ္ရပ္တစ္ခုလည္း ရွိပါတယ္။
အဲဒါကေတာ့၊ ၁၉၈၉ ခုႏွစ္၊ ႏို၀င္ဘာလ(၉)ရက္ေန့မွာ၊ အေရွ့ဂ်ာမနီ
(GDR) နဲ့ အေနာက္ဂ်ာမနီ (FRG) ႏွစ္ႏိုင္ငံကို ပိုင္းျခားထားတဲ့၊ ဘာလင္
တံတိုင္းႀကီးကို ၿဖိဳလွဲခ်လိုက္တဲ့ ျဖစ္စဥ္ပါပဲ။ တည္ေဆာက္ခဲ့ၿပီး အႏွစ္(၃၀)
အၾကာမွာ ဒီတံတိုင္းႀကီး ၿဖိဳလွဲခံရတာပါ။
အဲဒီလို ကမၻာ့သမိုင္းမွာ ထင္ရွားတဲ့ျဖစ္ရပ္ေတြကို၊ စာေပ၊ ရုပ္ရွင္ အႏုပညာ
ေတြအျဖစ္ ဖန္တီးခဲ့ၾကတဲ့အေၾကာင္းကို ဒီေနရာမွာ ေျပာျပခ်င္တာပါ။
စက္တင္ဘာ-၁၁ တိုက္ခိုက္ခံရမွဳကို ၂၀၁၇ မွာ ေဟာလိ၀ုဒ္က ဒါရိုက္တာ
Martin Guigui က သရုပ္ေဆာင္ Charlie Sheen, Whoopi Goldberg
တို့နဲ့ ရုပ္ရွင္ရိုက္ခဲ့ပါတယ္။ ဇာတ္ကားနာမည္က "9/11" ပါ။
အိုစမာဘင္လာဒင္ကို စီးနင္းလုပ္ႀကံတဲ့ စစ္ဆင္ေရးကို၊ ၂၀၁၂ မွာ၊ ေဟာလိ၀ုဒ္က အမ်ိဳးသမီးဒါရိုက္တာ Kathryn Bigelow က "Zero
Dark Thirty" ဆိုတဲ့နာမည္နဲ့ ရုပ္ရွင္ရိုက္ခဲ့ပါတယ္။ ေအာ္စကာဆု(အသံ)
ရပါတယ္။
ဒီလိုပါပဲ၊ ၁၉၁၈ မွာျဖစ္ခဲ့တဲ့ စပိန္တုပ္ေကြး ကပ္ေရာဂါေဘးႀကီးအေၾကာင္း
ကိုလည္း ၀တၳဳေေတြ၊ ရုပ္ရွင္ေတြ ေရးခဲ့ၾက၊ ရိုက္ခဲ့ၾကတာပါ။
၁၉၈၅ မွာ "1918" ဆိုတဲ့ ရုပ္ရွင္။
၁၉၉၀ မွာ "Awakenings" ဆိုတဲ့ ရုပ္ရွင္။
၂၀၀၆ မွာ "The Last Town on Earth" ဆိုတဲ့ ၀တၳဳ။
၂၀၀၉ မွာ "Spanish Flu:The Forgotten Fallen" ဆိုတဲ့ ၿဗိတိသွ်
ရုပ္ျမင္သံၾကားစီးရီး။
၂၀၁၀ မွာ "Downton Abbey" ဆိုတဲ့ ၿဗိတိသွ်ရုပ္ျမင္သံၾကားသမိုင္း
မွတ္တမ္း။
အခု အခ်ိန္က ၁၉၁၈ စပိန္တုပ္ေကြး ကပ္ေဘးႀကီးျဖစ္အၿပီး၊ အႏွစ္
(၁၀၀)အၾကာ၊ ကမၻာႀကီးမွာ Covid-19 coronavirus ကပ္ေရာဂါ
ေဘးႀကီး သင့္ေနတဲ့အခ်ိန္ပါ။
ဒီေန့ 9/11 (စက္တင္ဘာ- ၁၁၊ ၂၀၂၀)မွာ ကမၻာတစ္၀န္းလုံး ေရာဂါပိုး
ကူးစက္ခံရသူ (၂၈)သန္းနီးပါး၊ ေသဆုံးသူ (၉)သိန္းေက်ာ္ ရွိေနပါၿပီ။
အေမရိကန္တစ္ႏိုင္ငံတည္း ကူးစက္ (၆)သန္းေက်ာ္၊ ေသဆုံး (၂)သိန္း
နီးနီး ရွိပါတယ္။
က်ေနာ္တို့ ျမန္မာႏိုင္ငံမွာ ကူးစက္ (၂,၂၆၅)ဦး၊ ေသဆုံး
(၁၄)ဦးပါ။ ဒါ ဒီေန့ (စက္တင္ဘာ- ၁၁၊ ၂၀၂၀) WHO ကမၻာ့က်န္းမာေရး
အဖြဲ့ႀကီးက ထုတ္ျပန္တဲ့သတင္းပါ။
ဒီ ကိုဗစ္-19 ကပ္ႀကီး ၿပီးသြားရင္ေကာ၊ ဒီကပ္ႀကီးကို ထင္ဟပ္ေဖာ္က်ဴးတဲ့
စာေပ၊ အႏုပညာေတြ ထြက္ေပၚလာဦးမွာလား။
အဂၤလန္က ဆရာခြန္ဆိုင္းရဲ့ "ကိုဗစ္ဒိုင္ယာရီ(၁)" စာအုပ္။ ကံ့ေကာ္၀တ္
ရည္က ထြက္လာတာေတြ့ရပါတယ္။
ဆရာသစၥာနီရဲ့ ကိုဗစ္ေနာက္ခံ အခ်စ္၀တၳဳႀကီးလည္း မၾကခင္ ထုတ္ေ၀
ျဖန့္ခ်ိေတာ့မယ္လို့ သိရပါတယ္။
ကိုဗစ္ဟာ စစ္ပြဲႀကီးတစ္ခုပါ။ လူတိုင္း တစ္ဦးခ်င္းပါ၀င္တိုက္ခိုက္ရတဲ့
ကမၻာစစ္ႀကီးပါ။ ကိုယ္ကစၿပီး ခုခံကာကြယ္ရတဲ့ စစ္ႀကီး။
 ဒီစစ္ႀကီး ၿပီး
သြားတဲ့အခါ။ မေသဘဲ က်န္ရစ္မယ့္ စာေပ၊ အႏုပညာလက္ရာေတြကို
ခံစားႏိုင္ဖို့၊ မိတ္ေဆြ- သင္ အခု က်န္းမာေနဖို့လိုပါတယ္။
၂၀၂၀ ႏို၀င္ဘာ- ၉ (11/9) က်ရင္လည္း၊ ေရြးေကာက္ပြဲ ေအာင္ပြဲခံဖို့၊
သင္ အခု က်န္းမာေနမွျဖစ္မယ္ မိတ္ေဆြ။
နီနီ ၀ါ၀ါ ျပာျပာ စိမ္းစိမ္း၊ ျမန္မာျပည္သူအားလုံး။ ကိုဗစ္ရန္ေဘး၊ ကင္း
စင္ေ၀း၊ ၿငိမ္းေအးၾကပါေစ။    ။

ေ အ ာ င္ ေ ၀ း
(စက္တင္ဘာ ၁၁၊ ၂၀၂၀)

0 comments: