မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၂
ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါ ဖြစ်သည်။
(၁)
ကျနော် ပြည်တွင်းမှာတုန်းက ရွေးကောက်ပွဲ မဲ မပေးခဲ့ဖူးပါ။ ၁၉၉၀ မေလ၊
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပစဉ်က ကျနော် ထောင်ထဲရောက်နေ
သည်။ ထောင်ထဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲ
အောင်နိုင်ရေးအတွက်ကိုတော့၊ ကျနော်(တို့)လျှို့ဝှက် ဆောင်ရွက်နိုင်ခဲ့ပါ
သည်။ ထိုစဉ်က ကျနော်သည် NLD ဧရာဝတီတိုင်းစည်းရုံးရေး တွဲဖက်တာဝန်
ခံဖြစ်သည်။ (တာဝန်ခံက ဒေါက်တာသက်မင်း ပါ)
ကျနော်တို့ ပုသိမ်အကျဉ်းထောင် ကြိုးတိုက်ထဲကနေ၊ ဒီမိုကရေစီလိုလားသူ
အကျဉ်းထောင်ဝန်ထမ်းတချို့၏ အကူအညီဖြင့် အပြင်နှင့်(ပုသိမ်တိုင်းရုံး၊ ရန်ကုန်ဗဟိုရုံး) အပြန်အလှန်ဆက်သွယ်နိုင်ခဲ့သည်။ ဗဟိုမှာ ကျနော်တို့နှင့်
တာဝန်ယူဆက်သွယ်သူမှာ ကဗျာဆရာမြတ်လှိုင်း ဖြစ်သည်။
"ငုနဲ့ပိတောက် နွေမှာလှိုင်တယ်။ စုနဲ့ခမောက် မေမှာနိုင်မယ်"
ဆရာမင်းသုဝဏ်လား၊ ဆရာတင်မိုးလား၊ ခွဲခြား မမှတ်မိတော့ပါ။ ထိုစဉ်က
အဖွဲ့ချုပ်ကို မဲပေးဖို့ သင်္ကေတမှာ ခမောက်ပုံဖြစ်သည်။ တကယ်လည်း အဲဒီ
၉၀ ရွေးကောက်ပွဲမှာ ခမောက်တွေ ပလူပျံ၊ NLD သောင်ပြို ကမ်းပြို အနိုင်ရ
သောအခါ၊ ကျနော်တို့ ပုသိမ်ထောင်တစ်ခုလုံး အုံးအုံးကျွက်ကျွက် အောင်ပွဲ
ခံခဲ့ကြပါသည်။ လွမ်းမိပါသေးသည်။
အခုတော့ ကျနော်က Party Veteran တစ်ယောက် ဖြစ်နေပါပြီ။ ပြည်ပြေး
တစ်ယောက်အနေနှင့် အမေရိကကို ရောက်နေပါသည်။
အမေရိကန် သမ္မတရွေးကောက်ပွဲတွေကို ကျနော် စပြီးစိတ်ဝင်းစားခဲ့တာက
ကျနော် လွတ်မြောက်နယ်မြေကို ရောက်လာတဲ့ ၂၀၀၇-၂၀၀၈ က ဖြစ်သည်။
ဒီမိုကရက်ပါတီတွင်းမှာ ပါတီသမ္မတလောင်းအဖြစ် ဘားရက်အိုဘားမားနှင့်
ဟီလာရီကလင်တန်တို့ အကြိတ်အနယ် မဲဆွယ်ယှဉ်ပြိုင်နေချိန်က ကျနော်
မဲဆောက်မှာဖြစ်သည်။ ကျောင်းသားတပ်မတော်၊ ဒေါင်းရင်ပြင် မောင်လွမ်း
ဏီအိမ်တော်မှာ နေစဉ်အချိန်။
ကျနော်က ဟီလာရီကလင်တန်ကို သဘောကျသည်။ သူ့ကို ဒီမိုကရက်ပါတီ
သမ္မတလောင်းဖြစ်စေချင်သည်။ သို့သော် ... သူ မဖြစ်။
အမေရိကန်နိုင်ငံရေးမှာ GLASS CEILING ဆိုတာကြီး ရှိသည်။ မှန်သားမျက်
နှာကျက်ဟု ပြန်ရမည်။ ထို မှန်သားမျက်နှာကျက်က အမေရိကန်လူ့အဖွဲ့
အစည်းမှာ၊ အမျိုးသမီးတစ်ယောက် "သမ္မတလောင်း" ဖြစ်ဖို့ အခက်အခဲ၊
အဟန့်အတား၊ ခွဲခြားမှုတွေရှိကြောင်းပြနေသည်။
(၂)
၂၀၀၈ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ဘားရက်
အိုဘားမား အနိုင်ရပြီး သမ္မတဖြစ်လာသည်။ ၂၀၁၂ ရွေးကောက်ပွဲမှာလည်း
အိုဘားမား ဆက်အနိုင်ရသည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊
သမ္မတသက်တမ်း(၂)ဆက်ပြည့်သွားတော့၊ အိုဘားမား အိမ်ဖြူတော်က
ထွက်ခွာရသည်။
၂၀၁၆ ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးတော့၊
ဟီလာရီကလင်တန်က ဘာနေဆန်းဒါးကို နိုင်ပြီး အရွေးခံရသည်။ ရီပတ်
ဗလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ဟီလာရီ ပြိုင်ရသည်။
ကျနော်က ဟီလာရီကလင်တန်ကို အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး
သော အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ ဟီလာရီ
ကလင်တန် ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေထဲ၊ ကျနော် ချွေးနှဲစာ
ဒေါ်လာ(၁၀၀)ထည့်ဝင်ကူညီခဲ့သည်။ (ကျနော် အမေရိကန်CITIZEN မဟုတ်
ပါ။ မဲပေးခွင့်လည်း မရှိပါ)
၂၀၁၆၊ နိုဝင်ဘာလ(၈)ရက်။ အမေရိကန်သမ္မတရွေးကောက်ပွဲနေ့။ တစ်နေ့
လုံး ကျနော်ရင်ခုန်နေသည်။ ညနက်တော့ ကျနော် စကားပင် မပြောနိုင်တော့
ပါ။ ဟီလာရီကလင်တန် ရှုံးပြန်ပါသည်။ ဒေါ်နယ်ထရန့် အနိုင်ရပြီး၊ ၂၀၁၇၊
ဇန်နဝါရီ(၂၀)ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
အမေရိကန်လူထုက ဟီလာရီကို ချစ်ပါသည်။ လူတိုင်းကပေးသည့်မဲ
(POPULAR VOTE ဟုခေါ်သည်)တွင် ဟီလာရီက ဒေါ်နယ်ထရန့်ထက်
မဲပေါင်း ၂ ဒသမ ၈၇ သန်း ပိုရသည်။ ဟီလာရီ (၆၅,၈၅၃,၅၁၄ )မဲနဲ့
၄၈ ဒသမ ၂ %။ ထရန့် (၆၂,၉၈၄,၈၂၈)မဲနဲ့ ၄၆ ဒသမ ၁%။
သို့ရာတွင်၊ အမေရိကန်သမ္မတရွေးကောက်ပုံစနစ်ဟုခေါ်သည့် ELECTORAL
VOTE အရ၊ စုစုပေါင်း (၅၃၈) မဲ (538 members of the Electoral College)
တွင် ထရန့်က (၃၀၄)၊ ဟီလာရီက (၂၂၇) ဖြင့် ဟီလာရီ ရှုံးရခြင်းဖြစ်သည်။
(ELECTORAL VOTE တွင် အနိုင်ရရန် မဲ-၂၇၀ လိုအပ်သည်)
ကျနော် ဖြစ်စေချင်သည့် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုး
သမီးသမ္မတကြီး ဟီလာရီကလင်တန် မဖြစ်တော့။
ဒီတစ်ခါလည်း GLASS CEILING ဟုခေါ်သည့် အမေရိကန်နိုင်ငံရေးတစ္ဆေကြီး
က ချောက်ပြန်သည်။ အမျိုးသမီးတစ်ယောက် "သမ္မတ" ဖြစ်ဖို့ အခက်အခဲ၊
အဟန့်အတားတွေက ရှိနေတုန်းပင်။
(၃)
ကျနော်တို့မြန်မာပြည်မှာလည်း ထို GLASS CEILING ဆိုသည့် မှန်သား
မျက်နှာကျက်ကြီး ရှိပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD
အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ
မဖြစ်ခဲ့ပါ။
စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ (နာဂစ် ခြေ/ဥ)
ဟုခေါ်ကြသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်း
စုကြည် သမ္မတဖြစ်ခွင့် မရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ထို ၂၀၀၈
နာဂစ် ခြေ/ဥ သည် မြန်မာပြည်၏ GLASS CEILING ဖြစ်သည် မဟုတ်လား။
၂၀၀၈ နာဂစ်မုန်တိုင်း မတိုင်မီ၊ န အ ဖ စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံအခြေ
ခံဥပဒေ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ်မည်ဆိုတော့၊ ကျနော်တို့က
ထိုင်းနိုင်ငံ၊ မဲဆောက်မှာ VOTE NO CAMPAIGN လုပ်ခဲ့ကြသည်။ NO
VOTE မဟုတ်ပါ။ VOTE NO ဖြစ်သည်။ လူထုက န အ ဖ ၂၀၀၈ ခြေ/ဥ ကို
ကန့်ကွက်မဲပေးဖို့ လှုံ့ဆော်တာဖြစ်သည်။
သို့သော်၊ န အ ဖ စစ်အုပ်စုက နာဂစ်အလောင်းပေါင်း (၂)သိန်းခွဲကျော်အပေါ်
ကျော်ခွပြီး၊ သူတို့၏ ၂၀၀၈ ခြေ/ဥ ကို အတည်ပြု ပြဋ္ဌာန်းလိုက်လေသည်။
၂၀၀၈ နာဂစ် ခြေ/ဥ က သက်ဆင်းလာသော ၂၀၁၀ ရွေးကောက်ပွဲသည်
စစ်အာဏာရှင်တို့ အလိုကျ အတုအယောင်ရွေးကောက်ပွဲဖြစ်သည်။ (NLD
က ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်)
၂၀၁၅ ရွေးကောက်ပွဲ NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်လာသောအခါ၊ ထို ၂၀၀၈
နာဂစ် ခြေ/ဥ သည် လူထုချဉ်ဖတ် အဟန့်အတား၊ အနှောင့်အယှက်ဖြစ်လာ
ခဲ့သည်။
လွှတ်တော်တွင်းမှာ NLD က ၂၀၀၈ ခြေ/ဥ ပြင်ဖို့ ကြိုးပမ်းသော်လည်း၊ စစ်
တပ်ကိုယ်စားလှယ် ၂၅% နှင့်၊ ကြံ့ဖွတ်နှင့်အပေါင်းပါ စစ်တပ်လိုလားသူများ
၏ နှောင့်ယှက် ဟန့်တား ပိတ်ပင်မှုကြောင့်၊ ကာယကံမြောက် ပြင်ဆင်ခွင့်
မရခဲ့။
သို့ပေမဲ့၊ ဒီ ၂၀၀၈ နာဂစ် ခြေ/ဥ ကို မဖြစ်မနေ ဆက်ပြီးပြင်နိုင်အောင် ကြိုးစား
ရမည်ဟူသော အတွေးအခေါ်စိတ်ဓာတ်အင်အား လူထုနှလုံးသားထဲ ရောက်
သွားသည်။ ဒါက အမြတ်။ လူထု မရှုံး။ NLD လည်း မရှုံး။ သို့သော် ... အကြွေးတော့ တင်သွားသည်။
ယခု ၂၀၂၀။ ၂၀၂၀ ရွေးကောက်ပွဲသည် ထိုအကြွေးကို ပြန်ဆပ်ရမည့်ပွဲ
ဖြစ်သည်။
ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါ ဖြစ်သည်။
ကျနော်တို့သည် ထိုအကြွေးကို ပြန်ဆပ်ဖို့ မဖြစ်မနေ မဲပေးကြရတော့မည်။
မဲပေးဖို့ မဲဆွယ်ကြရတော့မည်။ မဲဆွယ်စည်းရုံးရေးကလည်း ရွေးကောက်ပွဲ
နိုင်ဖို့ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။
(၄)
"ညောင်ပင်မှာနား၊ ညောင်သီးလည်းစား၊ လေးသံကြားလည်း နားထောင်"
ဆိုသည့်စကား ရှိသည်။
ယခု အချိန်အခါသည် ကိုဗစ်-19 ကပ်ရောဂါဘေးဆိုးကြီး ကမ္ဘာတစ်လွှား
ကူးစက်ပြန့်ပွားနေသော အချိန်အခါ ဖြစ်နေသည်။
အမေရိကမှာလည်း သမ္မတရွေးကောက်ပွဲ ရှိသည်။ ကိုဗစ် ရှိသည်။
မြန်မာပြည်မှာလည်း အထွေထွေရွေးကောက်ပွဲ ရှိသည်။ ကိုဗစ် ရှိသည်။
ယခု လတ်တလော မြန်မာပြည်မှာ၊ ကိုဗစ်-19 ကိုရိုနာဗီုင်းရပ်စ် ဒုတိယ
လှိုင်းက အတော်ပြင်းထန်ဆိုးဝါးလှသည်။ ကူးစက်မြန်သည်။ သေဆုံးသူ
များသည်။
ယခု ဤစာရေးနေချိန် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်
အရ၊ ကမ္ဘာတစ်ဝန်းလုံး ကူးစက်ခံရသူ သန်း(၃၀)ကျော်(၃၀,၃၆၉,၇၇၈)။
သေဆုံးသူ (၉)သိန်းကျော်(၉၄၈,၇၅၉)။
အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရသူ (၆)သန်းကျော်(၆,၆၁၃,၇၃၇)။
သေဆုံးသူ (၂)သိန်းနီးပါး(၁၉၆,၄၆၅)။
ကျနော်တို့ မြန်မာပြည်မှာ ကူးစက် (၅,၂၆၃)ဦး။ သေဆုံးသူ (၈၁)ဦး။
ကိုဗစ်က ကျနော်တို့ ရွေးကောက်ပွဲ၊ နိုဝင်ဘာစီးချင်းထိုးပွဲတွေကို ချောင်း
မြောင်းစောင့်ကြည့်နေသည်။ ကျနော်တို့ ရွေးကောက်ပွဲ မဲပေးဖို့တော့၊ မဲ
ဆွယ်ကြရမည်။
မဲတော့ ဆွယ်ပါ။ ကိုဗစ်ကိုတော့ဖြင့် မေ့မထားကြပါနှင့်။ အနည်းဆုံးတော့
MASK တပ်ပြီးမှ မဲဆွယ်ပါ။ ၆-ပေ အကွာက စည်းရုံးပါ။ လူစုလူဝေးနှင့်
ကိုဗစ်ကာလ စည်းကမ်းကန့်သတ်ချက်များကို ဖောက်ဖျက်ရာရောက်သည့်
မဲဆွယ်စည်းမှုများ လုံးဝ(လုံးဝ) မပြုလုပ်မိရန် အလွန်အရေးကြီးပါသည်။
လူထုကို ချစ်သည့်သူအပေါ်၊ လူထုက ပြန်ချစ်ပါသည်။
အဓိကမှာ လူထုချစ်နေဖို့သာဖြစ်သည်။ ယခုအခါ ကိုဗစ်အန္တရာယ်ကို အမှန်
တကယ် ထိထိရောက်ရောက် လက်တွေ့ကျကျ ခုခံကာကွယ်သူကိုသာ
လူထုက အလိုရှိပေလိမ့်မည်။ လူထုက အသိအမှတ်ပြုပေလိမ့်မည်။
ယူတတ်လျှင် ကိုဗစ်သည် အဟန့်အတား၊ အခက်အခဲ မဟုတ်။ အခွင့်အလမ်း၊ အခွင့်အရေးသာ ဖြစ်သည်။ လူထုကို ချစ်ကြောင်းပြသ
နိုင်သည့် အခွင့်ကို ကိုဗစ်က ပေးလိုက်ခြင်းဖြစ်သည်။
လူထုချစ်ရန်၊ ကိုဗစ်ရန်၊ ခုခံကာကွယ်ပါ။ ကိုဗစ်ကိုသာ အရင်ရွေးတိုက်ပါ။
ရွေးကောက်ပွဲက အဖြေထွက်ပြီးသား ဖြစ်သည်။
လူထုမဲကိုရဖို့၊ လူစုလူဝေးနှင့်မဲဆွယ်စည်းရုံးစရာ မလိုပါ။ စိတ်ချင်း ရင်းနှီး
ပြီးသား လူထုကို စိတ်နှင့်မဲဆွယ်ပါ။ စိတ်ချင်းစည်းရုံးပါ။ စိတ်ဆောင်လျှင်
အောင်ပါသည်။
ယနေ့ ဒီမိုကရေစီတော်လှန်ရေးသည်ပင်၊ စိတ်နှင့်တိုက်ရသော စိတ်ဓာတ်
တော်လှန်ရေးဖြစ်သည် မဟုတ်လား။
ကျနော်တို့ဘဝတွေ ၂၀၀၈ နာဂစ် ခြေ/ဥ အောက်မှာ ဖျတ်ဖျတ်လူး မသေမရှင်
နဲ့ ဖတ်တလတ်တတ် ဖြစ်မနေချင်ဘူးဆိုရင် ... ။ အခုလို ၂၀၀၈ နာဂစ် ခြေ/ဥ
ရန်ကို အံကြီးခဲခက် အံကြိတ်ကျော်ဖြတ်နေရသည့်အချိန်တွင် ကျနော်တို့
စိတ်ဓာတ်ခိုင်မာဖို့ လိုပါသည်။
စိတ်ဓာတ်ခိုင်မာမှ၊ အောင်လံခိုင်ပါမည်။
ယဉ်ကျေးမှုနှင့် ရိုင်းစိုင်းမှု၊ ဒီနှစ်ခုက အမြဲ ဒွန်တွဲနေသည်။
ယဉ်ကျေးသူတွေက သေနတ်ပြောင်းထဲ မေတ္တာပန်းတွေ ထိုးစိုက်ဖို့ စဉ်းစား
ကြတယ်။ လူရိုင်းတွေကတော့ သေနတ်မောင်း ညှစ်ဖို့ပဲ အစဉ်အမြဲ စဉ်းစား
နေကြတယ်လေ။ ။
အောင်ဝေး
(၉- ၁၉- ၂၀)
##
မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၂
ဒီမိုကေရစီစနစ္မွာ၊ လူသည္ ေရြးေကာက္ပြဲသတၱ၀ါ ျဖစ္သည္။
(၁)
က်ေနာ္ ျပည္တြင္းမွာတုန္းက ေရြးေကာက္ပြဲ မဲ မေပးခဲ့ဖူးပါ။ ၁၉၉၀ ေမလ၊
ပါတီစုံဒီမိုကေရစီေရြးေကာက္ပြဲ က်င္းပစဥ္က က်ေနာ္ ေထာင္ထဲေရာက္ေန
သည္။ ေထာင္ထဲကေန အမ်ိဳးသားဒီမိုကေရစီအဖြဲ့ခ်ဳပ္ ၁၉၉၀ ေရြးေကာက္ပြဲ
ေအာင္ႏိုင္ေရးအတြက္ကိုေတာ့၊ က်ေနာ္(တို့)လွ်ိဳ့၀ွက္ ေဆာင္ရြက္ႏိုင္ခဲ့ပါ
သည္။ ထိုစဥ္က က်ေနာ္သည္ NLD ဧရာ၀တီတိုင္းစည္းရံုးေရး တြဲဖက္တာ၀န္
ခံျဖစ္သည္။ (တာ၀န္ခံက ေဒါက္တာသက္မင္း ပါ)
က်ေနာ္တို့ ပုသိမ္အက်ဥ္းေထာင္ ႀကိဳးတိုက္ထဲကေန၊ ဒီမိုကေရစီလိုလားသူ
အက်ဥ္းေထာင္၀န္ထမ္းတခ်ိဳ့၏ အကူအညီျဖင့္ အျပင္ႏွင့္(ပုသိမ္တိုင္းရံုး၊ ရန္ကုန္ဗဟိုရံုး) အျပန္အလွန္ဆက္သြယ္ႏိုင္ခဲ့သည္။ ဗဟိုမွာ က်ေနာ္တို့ႏွင့္
တာ၀န္ယူဆက္သြယ္သူမွာ ကဗ်ာဆရာျမတ္လိွဳင္း ျဖစ္သည္။
"ငုနဲ့ပိေတာက္ ေႏြမွာလိွဳင္တယ္။ စုနဲ့ခေမာက္ ေမမွာႏိုင္မယ္"
ဆရာမင္းသု၀ဏ္လား၊ ဆရာတင္မိုးလား၊ ခြဲျခား မမွွတ္မိေတာ့ပါ။ ထိုစဥ္က
အဖြဲ့ခ်ဳပ္ကို မဲေပးဖို့ သေကၤတမွာ ခေမာက္ပုံျဖစ္သည္။ တကယ္လည္း အဲဒီ
၉၀ ေရြးေကာက္ပြဲမွာ ခေမာက္ေတြ ပလူပ်ံ၊ NLD ေသာင္ၿပိဳ ကမ္းၿပိဳ အႏိုင္ရ
ေသာအခါ၊ က်ေနာ္တို့ ပုသိမ္ေထာင္တစ္ခုလံုး အုံးအံုးကၽြက္ကၽြက္ ေအာင္ပြဲ
ခံခဲ့ၾကပါသည္။ လြမ္းမိပါေသးသည္။
အခုေတာ့ က်ေနာ္က Party Veteran တစ္ေယာက္ ျဖစ္ေနပါၿပီ။ ျပည္ေျပး
တစ္ေယာက္အေနႏွင့္ အေမရိကကို ေရာက္ေနပါသည္။
အေမရိကန္ သမၼတေရြးေကာက္ပြဲေတြကို က်ေနာ္ စၿပီးစိတ္၀င္းစားခဲ့တာက
က်ေနာ္ လြတ္ေျမာက္နယ္ေျမကို ေရာက္လာတဲ့ ၂၀၀၇-၂၀၀၈ က ျဖစ္သည္။
ဒီမိုကရက္ပါတီတြင္းမွာ ပါတီသမၼတေလာင္းအျဖစ္ ဘားရက္အိုဘားမားႏွင့္
ဟီလာရီကလင္တန္တို့ အႀကိတ္အနယ္ မဲဆြယ္ယွဥ္ၿပိဳင္ေနခ်ိန္က က်ေနာ္
မဲေဆာက္မွာျဖစ္သည္။ ေက်ာင္းသားတပ္မေတာ္၊ ေဒါင္းရင္ျပင္ ေမာင္လြမ္း
ဏီအိမ္ေတာ္မွာ ေနစဥ္အခ်ိန္။
က်ေနာ္က ဟီလာရီကလင္တန္ကို သေဘာက်သည္။ သူ့ကို ဒီမိုကရက္ပါတီ
သမၼတေလာင္းျဖစ္ေစခ်င္သည္။ သို့ေသာ္ ... သူ မျဖစ္။
အေမရိကန္ႏိိုင္ငံေရးမွာ GLASS CEILING ဆိုတာႀကီး ရွိသည္။ မွန္သားမ်က္
ႏွာက်က္ဟု ျပန္ရမည္။ ထို မွန္သားမ်က္ႏွာက်က္က အေမရိကန္လူ့အဖြဲ့
အစည္းမွာ၊ အမ်ိဳးသမီးတစ္ေယာက္ "သမၼတေလာင္း" ျဖစ္ဖို့ အခက္အခဲ၊
အဟန့္အတား၊ ခြဲျခားမွဳေတြရွိေၾကာင္းျပေနသည္။
(၂)
၂၀၀၈ အေမရိကန္ သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္ပါတီက ဘားရက္
အိုဘားမား အႏိုင္ရၿပီး သမၼတျဖစ္လာသည္။ ၂၀၁၂ ေရြးေကာက္ပြဲမွာလည္း
အိုဘားမား ဆက္အႏိုင္ရသည္။ အေမရိကန္ဖြဲ့စည္းပုံအေျခခံဥပေဒအရ၊
သမၼတသက္တမ္း(၂)ဆက္ျပည့္သြားေတာ့၊ အိုဘားမား အိမ္ျဖဴေတာ္က
ထြက္ခြာရသည္။
၂၀၁၆ ေရြးေကာက္ပြဲတြင္ ဒီမိုကရက္ပါတီ သမၼတေလာင္းေရြးေတာ့၊
ဟီလာရီကလင္တန္က ဘာေနဆန္းဒါးကို ႏိုင္ၿပီး အေရြးခံရသည္။ ရီပတ္
ဗလီကင္သမၼတေလာင္း ေဒၚနယ္ထရန့္ႏွင့္ ဟီလာရီ ၿပိဳင္ရသည္။
က်ေနာ္က ဟီလာရီကလင္တန္ကို အေမရိကန္ျပည္ေထာင္စု၏ ပထမဆုံး
ေသာ အမ်ိဳးသမီးသမၼတ ျဖစ္လာမည္ဟု ေမွ်ာ္လင့္ထားသည္။ ဟီလာရီ
ကလင္တန္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးရန္ပုံေငြထဲ၊ က်ေနာ္ ေခၽြးႏွဲစာ
ေဒၚလာ(၁၀၀)ထည့္၀င္ကူညီခဲ့သည္။ (က်ေနာ္ အေမရိကန္CITIZEN မဟုတ္
ပါ။ မဲေပးခြင့္လည္း မရွိပါ)
၂၀၁၆၊ ႏို၀င္ဘာလ(၈)ရက္။ အေမရိကန္သမၼတေရြးေကာက္ပြဲေန့။ တစ္ေန့
လုံး က်ေနာ္ရင္ခုန္ေနသည္။ ညနက္ေတာ့ က်ေနာ္ စကားပင္ မေျပာႏိုင္ေတာ့
ပါ။ ဟီလာရီကလင္တန္ ရွံဳးျပန္ပါသည္။ ေဒၚနယ္ထရန့္ အႏိုင္ရၿပီး၊ ၂၀၁၇၊
ဇန္န၀ါရီ(၂၀)ရက္ေန့မွာ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့သည္။
အေမရိကန္လူထုက ဟီလာရီကို ခ်စ္ပါသည္။ လူတိုင္းကေပးသည့္မဲ
(POPULAR VOTE ဟုေခၚသည္)တြင္ ဟီလာရီက ေဒၚနယ္ထရန့္ထက္
မဲေပါင္း ၂ ဒသမ ၈၇ သန္း ပိုရသည္။ ဟီလာရီ (၆၅,၈၅၃,၅၁၄ )မဲနဲ့
၄၈ ဒသမ ၂ %။ ထရန့္ (၆၂,၉၈၄,၈၂၈)မဲနဲ့ ၄၆ ဒသမ ၁%။
သို့ရာတြင္၊ အေမရိကန္သမၼတေရြးေကာက္ပုံစနစ္ဟုေခၚသည့္ ELECTORAL
VOTE အရ၊ စုစုေပါင္း (၅၃၈) မဲ (538 members of the Electoral College)
တြင္ ထရန့္က (၃၀၄)၊ ဟီလာရီက (၂၂၇) ျဖင့္ ဟီလာရီ ရွံဳးရျခင္းျဖစ္သည္။
(ELECTORAL VOTE တြင္ အႏိုင္ရရန္ မဲ-၂၇၀ လိုအပ္သည္)
က်ေနာ္ ျဖစ္ေစခ်င္သည့္ အေမရိကန္ျပည္ေထာင္စု၏ ပထမဆုံးေသာ အမ်ိဳး
သမီးသမၼတႀကီး ဟီလာရီကလင္တန္ မျဖစ္ေတာ့။
ဒီတစ္ခါလည္း GLASS CEILING ဟုေခၚသည့္ အေမရိကန္ႏိုင္ငံေရးတေစၦႀကီး
က ေခ်ာက္ျပန္သည္။ အမ်ိဳးသမီးတစ္ေယာက္ "သမၼတ" ျဖစ္ဖို့ အခက္အခဲ၊
အဟန့္အတားေတြက ရွိေနတုန္းပင္။
(၃)
က်ေနာ္တို့ျမန္မာျပည္မွာလည္း ထို GLASS CEILING ဆိုသည့္ မွန္သား
မ်က္ႏွာက်က္ႀကီး ရွိပါသည္။ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ NLD
အႏိုင္ရၿပီး အစိုးရဖြဲ့ႏိုင္ခဲ့ေသာ္လည္း၊ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ
မျဖစ္ခဲ့ပါ။
စစ္ဖြဲ့စည္းပုံအေျခခံဥပေဒ၊ နာဂစ္ဖြဲ့စည္းပုံအေျခခံဥပေဒ (နာဂစ္ ေျခ/ဥ)
ဟုေခၚၾကသည့္ ၂၀၀၈ ဖြဲ့စည္းပုံအေျခခံဥပေဒေၾကာင့္ ေဒၚေအာင္ဆန္း
စုၾကည္ သမၼတျဖစ္ခြင့္ မရျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ ထို ၂၀၀၈
နာဂစ္ ေျခ/ဥ သည္ ျမန္မာျပည္၏ GLASS CEILING ျဖစ္သည္ မဟုတ္လား။
၂၀၀၈ နာဂစ္မုန္တိုင္း မတိုင္မီ၊ န အ ဖ စစ္အုပ္စုက ၂၀၀၈ ဖြဲ့စည္းပုံအေျခ
ခံဥပေဒ ျပည္လုံးကၽြတ္လူထုဆႏၵခံယူပြဲလုပ္မည္ဆိုေတာ့၊ က်ေနာ္တို့က
ထိုင္းႏိုင္ငံ၊ မဲေဆာက္မွာ VOTE NO CAMPAIGN လုပ္ခဲ့ၾကသည္။ NO
VOTE မဟုတ္ပါ။ VOTE NO ျဖစ္သည္။ လူထုက န အ ဖ ၂၀၀၈ ေျခ/ဥ ကို
ကန့္ကြက္မဲေပးဖို့ လွံဳ့ေဆာ္တာျဖစ္သည္။
သို့ေသာ္၊ န အ ဖ စစ္အုပ္စုက နာဂစ္အေလာင္းေပါင္း (၂)သိန္းခြဲေက်ာ္အေပၚ
ေက်ာ္ခြၿပီး၊ သူတို့၏ ၂၀၀၈ ေျခ/ဥ ကို အတည္ျပဳ ျပ႒ာန္းလိုက္ေလသည္။
၂၀၀၈ နာဂစ္ ေျခ/ဥ က သက္ဆင္းလာေသာ ၂၀၁၀ ေရြးေကာက္ပြဲသည္
စစ္အာဏာရွင္တို့ အလိုက် အတုအေယာင္ေရြးေကာက္ပြဲျဖစ္သည္။ (NLD
က ထိုေရြးေကာက္ပြဲကို သပိတ္ေမွာက္ခဲ့သည္)
၂၀၁၅ ေရြးေကာက္ပြဲ NLD အႏိုင္ရၿပီး အစိုးရဖြဲ့ႏိုင္လာေသာအခါ၊ ထို ၂၀၀၈
နာဂစ္ ေျခ/ဥ သည္ လူထုခ်ဥ္ဖတ္ အဟန့္အတား၊ အေႏွာင့္အယွက္ျဖစ္လာ
ခဲ့သည္။
လႊတ္ေတာ္တြင္းမွာ NLD က ၂၀၀၈ ေျခ/ဥ ျပင္ဖို့ ႀကိဳးပမ္းေသာ္လည္း၊ စစ္
တပ္ကိုယ္စားလွယ္ ၂၅% ႏွင့္၊ ႀကံ့ဖြတ္ႏွင့္အေပါင္းပါ စစ္တပ္လိုလားသူမ်ား
၏ ေႏွာင့္ယွက္ ဟန့္တား ပိတ္ပင္မွဳေၾကာင့္၊ ကာယကံေျမာက္ ျပင္ဆင္ခြင့္
မရခဲ့။
သို့ေပမဲ့၊ ဒီ ၂၀၀၈ နာဂစ္ ေျခ/ဥ ကို မျဖစ္မေန ဆက္ၿပီးျပင္ႏိုင္ေအာင္ ႀကိဳးစား
ရမည္ဟူေသာ အေတြးအေခၚစိတ္ဓာတ္အင္အား လူထုႏွလုံးသားထဲ ေရာက္
သြားသည္။ ဒါက အျမတ္။ လူထု မရွံဳး။ NLD လည္း မရွံဳး။ သို့ေသာ္ ... အေၾကြးေတာ့ တင္သြားသည္။
ယခု ၂၀၂၀။ ၂၀၂၀ ေရြးေကာက္ပြဲသည္ ထိုအေၾကြးကို ျပန္ဆပ္ရမည့္ပြဲ
ျဖစ္သည္။
ဒီမိုကေရစီစနစ္မွာ၊ လူသည္ ေရြးေကာက္ပြဲသတၱ၀ါ ျဖစ္သည္။
က်ေနာ္တို့သည္ ထိုအေၾကြးကို ျပန္ဆပ္ဖို့ မျဖစ္မေန မဲေပးၾကရေတာ့မည္။
မဲေပးဖို့ မဲဆြယ္ၾကရေတာ့မည္။ မဲဆြယ္စည္းရံုးေရးကလည္း ေရြးေကာက္ပြဲ
ႏိုင္ဖို့ လိုအပ္ခ်က္တစ္ရပ္ျဖစ္သည္။
(၄)
"ေညာင္ပင္မွာနား၊ ေညာင္သီးလည္းစား၊ ေလးသံၾကားလည္း နားေထာင္"
ဆိုသည့္စကား ရွိသည္။
ယခု အခ်ိန္အခါသည္ ကိုဗစ္-19 ကပ္ေရာဂါေဘးဆိိုးႀကီး ကမၻာတစ္လႊား
ကူးစက္ျပန့္ပြားေနေသာ အခ်ိန္အခါ ျဖစ္ေနသည္။
အေမရိကမွာလည္း သမၼတေရြးေကာက္ပြဲ ရွိသည္။ ကိုဗစ္ ရွိသည္။
ျမန္မာျပည္မွာလည္း အေထြေထြေရြးေကာက္ပြဲ ရွိသည္။ ကိုဗစ္ ရွိသည္။
ယခု လတ္တေလာ ျမန္မာျပည္မွာ၊ ကိုဗစ္-19 ကိုရိုနာဗီုင္းရပ္စ္ ဒုတိယ
လိွဳင္းက အေတာ္ျပင္းထန္ဆိုး၀ါးလွသည္။ ကူးစက္ျမန္သည္။ ေသဆုံးသူ
မ်ားသည္။
ယခု ဤစာေရးေနခ်ိန္ WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီး၏ထုတ္ျပန္ခ်က္
အရ၊ ကမၻာတစ္၀န္းလုံး ကူးစက္ခံရသူ သန္း(၃၀)ေက်ာ္(၃၀,၃၆၉,၇၇၈)။
ေသဆုံးသူ (၉)သိန္းေက်ာ္(၉၄၈,၇၅၉)။
အေမရိကန္ျပည္ေထာင္စုမွာ ကူးစက္ခံရသူ (၆)သန္းေက်ာ္(၆,၆၁၃,၇၃၇)။
ေသဆုံးသူ (၂)သိန္းနီးပါး(၁၉၆,၄၆၅)။
က်ေနာ္တို့ ျမန္မာျပည္မွာ ကူးစက္ (၅,၂၆၃)ဦး။ ေသဆုံးသူ (၈၁)ဦး။
ကိုဗစ္က က်ေနာ္တို့ ေရြးေကာက္ပြဲ၊ ႏို၀င္ဘာစီးခ်င္းထိုးပြဲေတြကို ေခ်ာင္း
ေျမာင္းေစာင့္ၾကည့္ေနသည္။ က်ေနာ္တို့ ေရြးေကာက္ပြဲ မဲေပးဖို့ေတာ့၊ မဲ
ဆြယ္ၾကရမည္။
မဲေတာ့ ဆြယ္ပါ။ ကိုဗစ္ကိုေတာ့ျဖင့္ ေမ့မထားၾကပါႏွင့္။ အနည္းဆုံးေတာ့
MASK တပ္ၿပီးမွ မဲဆြယ္ပါ။ ၆-ေပ အကြာက စည္းရံုးပါ။ လူစုလူေ၀းႏွင့္
ကိုဗစ္ကာလ စည္းကမ္းကန့္သတ္ခ်က္မ်ားကို ေဖာက္ဖ်က္ရာေရာက္သည့္
မဲဆြယ္စည္းမွဳမ်ား လုံး၀(လုံး၀) မျပဳလုပ္မိရန္ အလြန္အေရးႀကီးပါသည္။
လူထုကို ခ်စ္သည့္သူအေပၚ၊ လူထုက ျပန္ခ်စ္ပါသည္။
အဓိကမွာ လူထုခ်စ္ေနဖို့သာျဖစ္သည္။ ယခုအခါ ကိုဗစ္အႏၱရာယ္ကို အမွန္
တကယ္ ထိထိေရာက္ေရာက္ လက္ေတြ့က်က် ခုခံကာကြယ္သူကိုသာ
လူထုက အလိုရွိေပလိမ့္မည္။ လူထုက အသိအမွတ္ျပဳေပလိမ့္မည္။
ယူတတ္လွ်င္ ကိုဗစ္သည္ အဟန့္အတား၊ အခက္အခဲ မဟုတ္။ အခြင့္အလမ္း၊ အခြင့္အေရးသာ ျဖစ္သည္။ လူထုကို ခ်စ္ေၾကာင္းျပသ
ႏိုင္သည့္ အခြင့္ကို ကိုဗစ္က ေပးလိုက္ျခင္းျဖစ္သည္။
လူထုခ်စ္ရန္၊ ကိုဗစ္ရန္၊ ခုခံကာကြယ္ပါ။ ကိုဗစ္ကိုသာ အရင္ေရြးတိုက္ပါ။
ေရြးေကာက္ပြဲက အေျဖထြက္ၿပီးသား ျဖစ္သည္။
လူထုမဲကိုရဖို့၊ လူစုလူေ၀းႏွင့္မဲဆြယ္စည္းရံုးစရာ မလိုပါ။ စိတ္ခ်င္း ရင္းႏွီး
ၿပီးသား လူထုကို စိတ္ႏွင့္မဲဆြယ္ပါ။ စိတ္ခ်င္းစည္းရံုးပါ။ စိတ္ေဆာင္လွ်င္
ေအာင္ပါသည္။
ယေန့ ဒီမိုကေရစီေတာ္လွန္ေရးသည္ပင္၊ စိတ္ႏွင့္တိုက္ရေသာ စိတ္ဓာတ္
ေတာ္လွန္ေရးျဖစ္သည္ မဟုတ္လား။
က်ေနာ္တို့ဘ၀ေတြ ၂၀၀၈ နာဂစ္ ေျခ/ဥ ေအာက္မွာ ဖ်တ္ဖ်တ္လူး မေသမရွင္
နဲ့ ဖတ္တလတ္တတ္ ျဖစ္မေနခ်င္ဘူးဆိုရင္ ... ။ အခုလို ၂၀၀၈ နာဂစ္ ေျခ/ဥ
ရန္ကို အံႀကီးခဲခက္ အံႀကိတ္ေက်ာ္ျဖတ္ေနရသည့္အခ်ိန္တြင္ က်ေနာ္တို့
စိတ္ဓာတ္ခိုင္မာဖို့ လိုပါသည္။
စိတ္ဓာတ္ခိုင္မာမွ၊ ေအာင္လံခိုင္ပါမည္။
ယဥ္ေက်းမွဳႏွင့္ ရိုင္းစိုင္းမွဳ၊ ဒီႏွစ္ခုက အၿမဲ ဒြန္တြဲေနသည္။
ယဥ္ေက်းသူေတြက ေသနတ္ေျပာင္းထဲ ေမတၱာပန္းေတြ ထိုးစိုက္ဖို့ စဥ္းစား
ၾကတယ္။ လူရိုင္းေတြကေတာ့ ေသနတ္ေမာင္း ညွစ္ဖို့ပဲ အစဥ္အၿမဲ စဥ္းစား
ေနၾကတယ္ေလ။ ။
ေ အ ာ င္ ေ ၀ း
(၉- ၁၉- ၂၀)
0 comments:
Post a Comment