Saturday, September 5, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၁ ၆


စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေ။
(၁)
မနေ့ကထင်သည်။ တစ်နေ့ကရင်လည်း ဖြစ်မယ်။ ကဗျာဆရာ ညလယ်မိုး
ရဲ့ "သာစွလီ" ကဗျာကို FB ပေါ်မယ် ဖတ်လိုက်ရသည်။
"ဗုံးခိုကျင်းထဲမှာတော့၊ တစ်ယောက်နဲ့တစ်ယောက်၊ ၆-ပေခွာ နေလို့မရ
ဘူး" ဆိုတဲ့ ကြေကြေကွဲကွဲအသံကို၊ အခုဖြစ်နေတဲ့ ကိုဗစ်-19 ကပ်ရောဂါ
ဘေးကြီးထဲမှာ၊ သူ၏ကဗျာထဲကနေ နားနှင့်ဆတ်ဆတ် ကြားလိုက်ရ၏။
သြော် ... ကျနော်တို့တွေရဲ့ ဘဝအထွေထွေကလည်း၊ ကိုဗစ်ကြောင့်သေ၊
ပြည်တွင်းစစ်ကြောင့် ကြေနေရတာပဲ မဟုတ်လား။
ဟိုး ရှေးအတီတေကာလ ကဗျာဆရာကြီးဟိုးမားကနေ၊ ယနေ့အခါသမယ
ကဗျာဆရာမလေး မွန်းသူအိမ် အထိ။ လူ့အဖြစ်ဘဝမှာ လူတိုင်းကင်းလို့
မရတဲ့ အရာနှစ်ခု။
အချစ် နဲ့ စစ်။ LOVE & WAR.
အချစ်က ဘူးစင်စိမ်းစိမ်းကလေးပေါ်မှာ၊ ဘူးညွန့်နုနုကလေးတွေ၊ နှာမောင်းအိအိကလေးတွေနဲ့ချိတ်ပြီး၊ တဖြည်းဖြည်း ရစ်ပတ်နွယ်တက်
နေတာနဲ့ တူပါတယ်။ လှတယ်။ `
စစ်ကတော့၊ သံဆူးကြိုးခြံစည်းရိုးတန်းမှာ၊ အလေ့ကျပေါက်နေတဲ့ တောရိုင်းနွယ်ပန်းဝါဝါကလေး၊ နွားကျောင်းသားတွေလက်ချက်နဲ့ ညှိုးနွမ်း
သွားရတာနဲ့ တူပါတယ်။ မလှဘူး။
ဆရာဇော်ဂျီ ဆိုခဲ့ဖူးတယ်။ "အနိဋ္ဌာရုံကို လှအောင် ဖွဲ့နိုင်တာ အနုပညာ
ပဲ" တဲ့။ ဆရာ ညလယ်မိုးရဲ့ကဗျာက ဒီသဘောပါပဲ။ ပြည်တွင်းစစ်က မလှ
ပါဘူး။ ကိုဗစ်စစ်ကလည်း မလှပါဘူး။ အဲဒီ မလှတဲ့ အနိဋ္ဌာရုံကြီးကို ကဗျာ
ဆရာက လှအောင်(ခံစားရအောင်) ရေးဖွဲ့လိုက်တာပါ။ အဲဒါ ကဗျာပါပဲ။
လူသားတစ်ခေတ်ဟာ အချစ်နဲ့ စစ် ကြားမျာ ဗျာများနေရတယ်။ အဲဒီလို
အချစ်နဲ့စစ် ကြား ဗျာများနေရတဲ့ လူသားရဲ့ ဖြစ်တည်မှုဘဝထဲကို၊ ငရဲကို
နှစ်ခြမ်းဖြဲပြီး၊ သရဲလို အခန်းထဲဝင်လာတတ်တာက၊ ကပ်ရောဂါ ကပ်ဘေး
ဆိုးတွေ ဖြစ်နေတယ်။
အခု။ ကိုဗစ်ကာလ၊ ကိုရိုနာအခါသမယ၊ ကျနော်တို့ဟာ ငရဲနဲ့ သရဲ၊ တစ်ခု
ရွေး ဆိုတဲ့ကိန်း ဆိုက်နေတာပါ။ စစ်လား၊ ကိုဗစ်လား။ မကြိုက်လည်း
တစ်ခုခုကို ရွေးရတော့မယ့်၊ ရေလယ်မှာ လှေမှောက်တဲ့ ဘဝပါပဲ။
(၂)
ဒီ အဖြစ်မျိုးတွေက အခုမှ မဟုတ်ပါဘူး။ ဟိုး တုန်းကလည်း ရှိခဲ့ဖူး၊ ကြုံခဲ့
ဖူးတာပါ။
၁၉၁၄ ဇူလိုင်(၂၈)မှာ ပထမကမ္ဘာစစ်ကြီး စဖြစ်တယ်။ စစ်က ၁၉၁၈ နိုဝင်ဘာ(၁၁)ကျမှ ပြီးဆုံးတယ်။ အဲဒီ ပထမစစ်ကြီး မပြီးသေးခင်မီမှာကိုပဲ
စပိန်တုပ်ကွေး(SPANISH FLU/1918 FLU PANDEMIC) လို့ခေါ်တဲံ့
ကပ်ရောဂါဘေးကြီး ကမ္ဘာမှာ ဆိုက်ပါရောလား။ စပိန်တုပ်ကွေးက
၁၉၁၈ ဖေဖော်ဝါရီမှာ စဖြစ်တာ၊ ၁၉၂၀ ဧပြီကျမှပဲ ရပ်တော့တယ်။
ပထမကမ္ဘာစစ်ကြောင့် စစ်သား(၉)သန်းနဲ့ အရပ်သား(၁၃)သန်း သေတယ်
လို့ဆိုတယ်။
စပိန်တုပ်ကွေးကြောင့် လူပေါင်း သန်း(၅၀၀)(အဲဒီတုန်းက ကမ္ဘာ့လူဦးရေရဲ့
သုံးပုံတစ်ပုံ) ရောဂါပိုး ကူးစက်ခံရပြီး၊ လူပေါင်း (၁၇)သန်းနဲ့ သန်း(၅၀)ကြား
သေကြေတယ်။ တချို့ရင်းမြစ်တွေက သန်း(၅၀)နဲ့(၁၀၀)ကြားအထိ ရှိနိုင်
တယ်လို့ဆိုပါသေးတယ်။
ကဲ၊ စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေပဲ မဟုတ်လား။
ဒုတိယကမ္ဘာစစ် ကျတော့ကော။ ၁၉၃၉ စက်တင်ဘာ(၁)မှာ ဒုတိယစစ် စ
ဖြစ်တယ်။ ၁၉၄၅ စက်တင်ဘာ(၂)ကျမှ ပြီးဆုံးတယ်။ ၆-နှစ်နဲ့ တစ်ရက်
တိတိ ကြာတယ်။ စစ်သား သန်း(၂၀)၊ အရပ်သား သန်း(၄၀) သေတယ်လို့
ဆိုပါတယ်။
ဒုတိယကမ္ဘာစစ် ပြီးခါနီး(၁၉၄၅) မဟာမိတ်အင်အားစုက အမေရိကန်က ဝင်းရိုးတန်း သုံးနိုင်ငံထဲက ဂျပန်ကို အနုမြူဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ရာ
မှာ၊ ဟီရိုရှီးမား(သြဂုတ် ၆) နဲ့ နဂါးစကီး(သြဂုတ် ၉) မြို့ကြီးနှစ်မြို့မှာ လူပေါင်း (၁)သိနး(၂)သောင်း(၉)ထောင် နဲ့ (၂)သိန်း(၂)သောင်း(၆)ထောင်
ကြား အသက်ဆုံးရှုံးခဲ့ရတယ်လို့ မှတ်တမ်းရှိပါတယ်။
(၃)
ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရကတည်းက စခဲ့တဲ့ ပြည်
တွင်းစစ် (၁၉၄၈- ၂၀၂၀) အနှစ်(၇၀)ကျော်(၇၂-နှစ်)မှာ စစ်သား ဘယ်နှ
ယောက်၊ အရပ်သား ဘယ်နှယောက် သေကြေခဲ့ရပြီလဲ။
ပြည်တွင်းစစ်ဆိုတာ ဘာနဲ့တူသလဲဆိုတော့၊ ရေအောက်အနက် နွံထဲမှာ
အမြစ်ခိုင်ခိုင်တွယ်ပြီး၊ ရေပေါ်မှာ ရွက်စိမ်းပြန့်ပြန့်ဖားဖားနဲ့၊ အပွင့် ဖြူနီညို
ပြာ ခရမ်း၊ ပွင့်စွမ်းနိုင်အားတဲ့ ကြာရိုးကြာနွယ်ကို၊ ရေငုပ်သမားက တော်ပီဒို
နဲ့ ပစ်ခွင်းဖျက်ဆီးတာနဲ့ တူပါတယ်။
အောက်ခြေဘဝတွေက နွံထဲမှာ။ အဲဒီ နွံထဲကပဲ ကြာပန်းက ပွင့်ရတာပါ။
အဲဒါ လူ့အဖြစ်မှာ နုသစ်ရတဲ့ အချစ်ပွင့်တာပါပဲ။ အချစ်ကို ဖျက်ဆီးတဲ့
တော်ပီဒိုကြီးကတော့ စစ်ပေါ့လေ။
အခုတော့ အချစ်ကို ဖျက်ဆီးပစ်နေတာ၊ စစ်တစ်ခုတည်း မဟုတ်တော့ဘူး။
ကိုဗစ်က စစ်နဲ့လာပေါင်းပြီး၊ ကျနော်တို့ လူသားအချစ်ကို ယူစားပစ်နေပြီ။
ယနေ့ September 6, 2020 ကမ္ဘာတစ်ဝှမ်းလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး
ကူးစက်ခံရသူ(၂၇)သန်း(26,938,794)၊ သေဆုံးသူ(၉)သိန်နီးနီး (880,624)၊ ပြန်ကျန်းမာလာသူ (၁၈)သန်းလို့ သိရပါတယ်။
ကျနော်တို့ မြန်မာပြည်မှာ ကူးစက်ခံရသူ(၁၄၁၉)ယောက်၊ သေဆုံး(၈)
ယောက်နဲ့ ပြန်ကျန်းမာလာသူက (၃၈၅)ဦးပါ။
မထင်မှတ်ထားပဲ၊ ထင်မှတ်ထားလည်း အငိုက်မိသွားတာပါပဲ၊ ဒီ(၂၀၂၀)
သြဂုတ်နဲ့ စက်တင်ဘာ စပ်ကူးမပ်ကူးမှာ ကျနော်တို့ COVID_!9
CORONAVIRUS ဒုတ်ယလှိုင်း ရိုက်တာကို ခံလိုက်ရတာပါပဲ။ ပထမလှိုင်း
တုန်းက ကူးစက်ခံရသူ (၄၀၀)ဝန်းကျင်၊ သေဆုံးသူ(၆)ဦးနဲ့ ကျနော်တို့ (၄)လကျော် (၅)လနီးပါး မှန်မှန်ကန်ကန် ကြံ့ကြံ့ခံ
ခုခံနိုင်ခဲ့ပါသေးတယ်။
ဟော- ခုတော့ ဒုတိယလှိုင်း ရုတ်ခနဲ သုတ်သုတ်ရိုင်းရိုင်း ရိုက်ပုတ်လိုက်
လေတော့၊ ကူးစက်သူ(၁၄၀၀)ကျော်၊ သေဆုး(၈)ယောက်နဲ့၊ ကျနော်တို့
နိုင်ငံ လှိုင်းအောက် ရောက်ရချေတော့မယ်။ ဘုရား၊ ဘုရား။ တတိယလှိုင်း
ထပ်ဝင်မလာပါစေနဲ့။ ဝင်မလာပါစေနဲ့လို့ ဆိုရတာက၊ မလာဘူးလို့ ယတိ
ပြတ် မပြောနိုင်လို့ပါ။
၁၉၁၈ စပိန်တုပ်ကွေး ကပ်ဘေးတုန်းက လှိုင်းက (၄)ဆင့် နင့်နေအောင်
ရိုက်ခဲ့တာမို့ပါ။ ၁၉၁၈ အစောပိုင်းမှာ ပထမလှိုင်း၊ ၁၉၁၈ နောက်ပိုင်းမှာ
ဒုတ်ယလှိုင်း၊ တတိယလှိုင်းက ၁၉၁၉ နဲ့ နောက်ဆုံး စတုတ္ထလှိုင်းက ၁၉၂၀၊ ကျနာ်တို့ဆီမှာ ပထမတက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်တဲ့အချိန်ပေါ့။
စပိန်တုပ်ကွေးက အဲဒီလို လှိုင်း(၄)ဆင့် ရိုက်ခဲ့တဲ့ သမိုင်းရှိတာကိုး။ အခု
ကိုဗစ်-19 ကရော လှိုင်း ဘယ်နှဆင့် ရိုက်ဦးမှာလဲ။ မသိနိုင်ဘူး။
ဒီနေ့ (စက်တင်ဘာ ၆၊ ၂၀၂၀) အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့်
လူပေါင်း(၆)သန်းကျော် ကူးစက်ခံရ။ လူပေါင်း(၂)သိန်းပြည့်လု သေဆုံး။
(ပြန်ကျန်းမာ ၃-သန်း၊ ၇- သိန်းကျော်)
ကဲ၊ ကြည့်ပါဦး။ အခုပဲ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူဦးရေဟာ၊
ဟီရိုရှီးမား၊ နဂါးစကီး အနုမြူဗုံးဒဏ်နဲ့သေရတဲ့ လူဦးရေလောက် ဖြစ်နေပါ
ပြီ။ (ဟီရိုရှီးမား၊ နဂါးစကီး လူပေါင်း ၁၂၉,၀၀၀ နဲ့ ၂၂၆,၀၀၀ ကြားသေဆုံး)
အမေရိကန်မှာ ပြည်တွင်းစစ် အခု မရှိပါ။
ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် ရှိပါသည်။
ကျနော်တို့ ဒီ ပြည်တွင်းစစ်ကို မတားနိုင်ပြီလား။ ကျနော်တို့ ဒီ ကိုဗစ်စစ်
ကိုရော မတားနိုင်ပြီလား။
ကိုဗစ်က စား၊ စစ်က ဝါးရင်၊ ကျနော်တို့ ဘဝတွေ လုံးပါး ပါးရချေတော့
မည်။ အသိဥ ာဏ်နဲ့ ခံစားပါ။ နှလုံးသားနဲ့ ဆင်ခြင်ပါ။
ရောဂါပိုးကူးစက်ခံရသူတွေအပေါ် စာနာထောက်ထားပါ။ နှစ်သိမ့်ဖေးမ
ပါ။ ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာလ အမိန့်နဲ့စည်းကမ်းတွေကို အပြည့်အဝ
လိုက်နာပါ။ မိမိကိုယ်မိမိ ကာကွယ်ပါ။ သူတစ်ပါးကိုလည်း ကာကွယ်ပါ။
စိတ်ကို တည်ငြိမ်အောင်ထားပါ။ (စိတ်တည်ငြိမ်ဖို့ ကဗျာလေး ဘာလေး
ရှာဖတ်ပေး)
ရောဂါပိုးရှိသူက ရန်သူ မဟုတ်ပါ။ ရောဂါပိုးကသာ ရန်သူပါ။ ရန်သူကိုတော့ မညှာလေနဲ့။ ဆရာမြသန်းတင့် ပြောခဲ့ဖူးတာ ရှိတယ်။
ပဲခူးရိုးမကြီးပေါ်က မုဆိုးကြီး ကိုဖိုးဇုံရဲ့ အဘိဓမ္မာ။ ကိုယ်က ကျားကို မသတ်ရင်၊ ကျားက ကိုယ့်ကို သတ်သွားမှာပဲတဲ့။
ဒီတော့၊ ရန်/ငါ ပြတ်ရတော့မယ်။ စစ်ကြောင့်ကြေ၊ ကပ်ကြောင့်သေ၊ ဒီလို
အဖြစ်သနစ်တွေ ဆုံးခန်းတိုင်ဖို့။
ကိုဗစ်-19 ဟာ ရန်သူပဲ။
ပြည်တွင်းစစ် မွေးစားနေတဲ့ သေနတ်အားကိုး၊ ငါးမြွေထိုးတွေဟာလည်း
ရန်သူပဲ။
ဗိုလ်ချုပ်အောင်ဆန်းပြောသလို ပြောရတော့မယ်။
"အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ"

အောင်ဝေး
(စက်တင်ဘာ ၆၊ ၂၀၂၀)




 ##

 

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၁ ၆

စစ္ေၾကာင့္ေၾက၊ ကပ္ေၾကာင့္ေသ။
(၁)
မေန႔ကထင္သည္။ တစ္ေန႔ကရင္လည္း ျဖစ္မယ္။ ကဗ်ာဆရာ ညလယ္မိုး
ရဲ႕ "သာစြလီ" ကဗ်ာကို FB ေပၚမယ္ ဖတ္လိုက္ရသည္။
"ဗုံးခိုက်င္းထဲမွာေတာ့၊ တစ္ေယာက္နဲ႔တစ္ေယာက္၊ ၆-ေပခြာ ေနလို႔မရ
ဘူး" ဆိုတဲ့ ေၾကေၾကကြဲကြဲအသံကို၊ အခုျဖစ္ေနတဲ့ ကိုဗစ္-19 ကပ္ေရာဂါ
ေဘးႀကီးထဲမွာ၊ သူ၏ကဗ်ာထဲကေန နားႏွင့္ဆတ္ဆတ္ ၾကားလိုက္ရ၏။
ေၾသာ္ ... က်ေနာ္တို႔ေတြရဲ႕ ဘဝအေထြေထြကလည္း၊ ကိုဗစ္ေၾကာင့္ေသ၊
ျပည္တြင္းစစ္ေၾကာင့္ ေၾကေနရတာပဲ မဟုတ္လား။
ဟိုး ေရွးအတီေတကာလ ကဗ်ာဆရာႀကီးဟိုးမားကေန၊ ယေန႔အခါသမယ
ကဗ်ာဆရာမေလး မြန္းသူအိမ္ အထိ။ လူ႔အျဖစ္ဘဝမွာ လူတိုင္းကင္းလို႔
မရတဲ့ အရာႏွစ္ခု။
အခ်စ္ နဲ႔ စစ္။ LOVE & WAR.
အခ်စ္က ဘူးစင္စိမ္းစိမ္းကေလးေပၚမွာ၊ ဘူးၫြန႔္ႏုႏုကေလးေတြ၊ ႏွာေမာင္းအိအိကေလးေတြနဲ႔ခ်ိတ္ၿပီး၊ တျဖည္းျဖည္း ရစ္ပတ္ႏြယ္တက္
ေနတာနဲ႔ တူပါတယ္။ လွတယ္။ `
စစ္ကေတာ့၊ သံဆူးႀကိဳးၿခံစည္း႐ိုးတန္းမွာ၊ အေလ့က်ေပါက္ေနတဲ့ ေတာ႐ိုင္းႏြယ္ပန္းဝါဝါကေလး၊ ႏြားေက်ာင္းသားေတြလက္ခ်က္နဲ႔ ညႇိဳးႏြမ္း
သြားရတာနဲ႔ တူပါတယ္။ မလွဘူး။
ဆရာေဇာ္ဂ်ီ ဆိုခဲ့ဖူးတယ္။ "အနိ႒ာ႐ုံကို လွေအာင္ ဖြဲ႕ႏိုင္တာ အႏုပညာ
ပဲ" တဲ့။ ဆရာ ညလယ္မိုးရဲ႕ကဗ်ာက ဒီသေဘာပါပဲ။ ျပည္တြင္းစစ္က မလွ
ပါဘူး။ ကိုဗစ္စစ္ကလည္း မလွပါဘူး။ အဲဒီ မလွတဲ့ အနိ႒ာ႐ုံႀကီးကို ကဗ်ာ
ဆရာက လွေအာင္(ခံစားရေအာင္) ေရးဖြဲ႕လိုက္တာပါ။ အဲဒါ ကဗ်ာပါပဲ။
လူသားတစ္ေခတ္ဟာ အခ်စ္နဲ႔ စစ္ ၾကားမ်ာ ဗ်ာမ်ားေနရတယ္။ အဲဒီလို
အခ်စ္နဲ႔စစ္ ၾကား ဗ်ာမ်ားေနရတဲ့ လူသားရဲ႕ ျဖစ္တည္မႈဘဝထဲကို၊ ငရဲကို
ႏွစ္ျခမ္းၿဖဲၿပီး၊ သရဲလို အခန္းထဲဝင္လာတတ္တာက၊ ကပ္ေရာဂါ ကပ္ေဘး
ဆိုးေတြ ျဖစ္ေနတယ္။
အခု။ ကိုဗစ္ကာလ၊ ကို႐ိုနာအခါသမယ၊ က်ေနာ္တို႔ဟာ ငရဲနဲ႔ သရဲ၊ တစ္ခု
ေ႐ြး ဆိုတဲ့ကိန္း ဆိုက္ေနတာပါ။ စစ္လား၊ ကိုဗစ္လား။ မႀကိဳက္လည္း
တစ္ခုခုကို ေ႐ြးရေတာ့မယ့္၊ ေရလယ္မွာ ေလွေမွာက္တဲ့ ဘဝပါပဲ။
(၂)
ဒီ အျဖစ္မ်ိဳးေတြက အခုမွ မဟုတ္ပါဘူး။ ဟိုး တုန္းကလည္း ရွိခဲ့ဖူး၊ ႀကဳံခဲ့
ဖူးတာပါ။
၁၉၁၄ ဇူလိုင္(၂၈)မွာ ပထမကမာၻစစ္ႀကီး စျဖစ္တယ္။ စစ္က ၁၉၁၈ ႏိုဝင္ဘာ(၁၁)က်မွ ၿပီးဆုံးတယ္။ အဲဒီ ပထမစစ္ႀကီး မၿပီးေသးခင္မီမွာကိုပဲ
စပိန္တုပ္ေကြး(SPANISH FLU/1918 FLU PANDEMIC) လို႔ေခၚတဲံ့
ကပ္ေရာဂါေဘးႀကီး ကမာၻမွာ ဆိုက္ပါေရာလား။ စပိန္တုပ္ေကြးက
၁၉၁၈ ေဖေဖာ္ဝါရီမွာ စျဖစ္တာ၊ ၁၉၂၀ ဧၿပီက်မွပဲ ရပ္ေတာ့တယ္။
ပထမကမာၻစစ္ေၾကာင့္ စစ္သား(၉)သန္းနဲ႔ အရပ္သား(၁၃)သန္း ေသတယ္
လို႔ဆိုတယ္။
စပိန္တုပ္ေကြးေၾကာင့္ လူေပါင္း သန္း(၅၀၀)(အဲဒီတုန္းက ကမာၻ႔လူဦးေရရဲ႕
သုံးပုံတစ္ပုံ) ေရာဂါပိုး ကူးစက္ခံရၿပီး၊ လူေပါင္း (၁၇)သန္းနဲ႔ သန္း(၅၀)ၾကား
ေသေၾကတယ္။ တခ်ိဳ႕ရင္းျမစ္ေတြက သန္း(၅၀)နဲ႔(၁၀၀)ၾကားအထိ ရွိႏိုင္
တယ္လို႔ဆိုပါေသးတယ္။
ကဲ၊ စစ္ေၾကာင့္ေၾက၊ ကပ္ေၾကာင့္ေသပဲ မဟုတ္လား။
ဒုတိယကမာၻစစ္ က်ေတာ့ေကာ။ ၁၉၃၉ စက္တင္ဘာ(၁)မွာ ဒုတိယစစ္ စ
ျဖစ္တယ္။ ၁၉၄၅ စက္တင္ဘာ(၂)က်မွ ၿပီးဆုံးတယ္။ ၆-ႏွစ္နဲ႔ တစ္ရက္
တိတိ ၾကာတယ္။ စစ္သား သန္း(၂၀)၊ အရပ္သား သန္း(၄၀) ေသတယ္လို႔
ဆိုပါတယ္။
ဒုတိယကမာၻစစ္ ၿပီးခါနီး(၁၉၄၅) မဟာမိတ္အင္အားစုက အေမရိကန္က ဝင္း႐ိုးတန္း သုံးႏိုင္ငံထဲက ဂ်ပန္ကို အႏုျမဴဗုံး ႏွစ္ႀကိမ္ ႀကဲခ်တိုက္ခိုက္ရာ
မွာ၊ ဟီ႐ိုရွီးမား(ၾသဂုတ္ ၆) နဲ႔ နဂါးစကီး(ၾသဂုတ္ ၉) ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕မွာ လူေပါင္း (၁)သိနး(၂)ေသာင္း(၉)ေထာင္ နဲ႔ (၂)သိန္း(၂)ေသာင္း(၆)ေထာင္
ၾကား အသက္ဆုံးရႈံးခဲ့ရတယ္လို႔ မွတ္တမ္းရွိပါတယ္။
(၃)
က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ၁၉၄၈ လြတ္လပ္ေရးရကတည္းက စခဲ့တဲ့ ျပည္
တြင္းစစ္ (၁၉၄၈- ၂၀၂၀) အႏွစ္(၇၀)ေက်ာ္(၇၂-ႏွစ္)မွာ စစ္သား ဘယ္ႏွ
ေယာက္၊ အရပ္သား ဘယ္ႏွေယာက္ ေသေၾကခဲ့ရၿပီလဲ။
ျပည္တြင္းစစ္ဆိုတာ ဘာနဲ႔တူသလဲဆိုေတာ့၊ ေရေအာက္အနက္ ႏြံထဲမွာ
အျမစ္ခိုင္ခိုင္တြယ္ၿပီး၊ ေရေပၚမွာ ႐ြက္စိမ္းျပန႔္ျပန႔္ဖားဖားနဲ႔၊ အပြင့္ ျဖဴနီညိဳ
ျပာ ခရမ္း၊ ပြင့္စြမ္းႏိုင္အားတဲ့ ၾကာ႐ိုးၾကာႏြယ္ကို၊ ေရငုပ္သမားက ေတာ္ပီဒို
နဲ႔ ပစ္ခြင္းဖ်က္ဆီးတာနဲ႔ တူပါတယ္။
ေအာက္ေျခဘဝေတြက ႏြံထဲမွာ။ အဲဒီ ႏြံထဲကပဲ ၾကာပန္းက ပြင့္ရတာပါ။
အဲဒါ လူ႔အျဖစ္မွာ ႏုသစ္ရတဲ့ အခ်စ္ပြင့္တာပါပဲ။ အခ်စ္ကို ဖ်က္ဆီးတဲ့
ေတာ္ပီဒိုႀကီးကေတာ့ စစ္ေပါ့ေလ။
အခုေတာ့ အခ်စ္ကို ဖ်က္ဆီးပစ္ေနတာ၊ စစ္တစ္ခုတည္း မဟုတ္ေတာ့ဘူး။
ကိုဗစ္က စစ္နဲ႔လာေပါင္းၿပီး၊ က်ေနာ္တို႔ လူသားအခ်စ္ကို ယူစားပစ္ေနၿပီ။
ယေန႔ September 6, 2020 ကမာၻတစ္ဝွမ္းလုံး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး
ကူးစက္ခံရသူ(၂၇)သန္း(26,938,794)၊ ေသဆုံးသူ(၉)သိန္နီးနီး (880,624)၊ ျပန္က်န္းမာလာသူ (၁၈)သန္းလို႔ သိရပါတယ္။
က်ေနာ္တို႔ ျမန္မာျပည္မွာ ကူးစက္ခံရသူ(၁၄၁၉)ေယာက္၊ ေသဆုံး(၈)
ေယာက္နဲ႔ ျပန္က်န္းမာလာသူက (၃၈၅)ဦးပါ။
မထင္မွတ္ထားပဲ၊ ထင္မွတ္ထားလည္း အငိုက္မိသြားတာပါပဲ၊ ဒီ(၂၀၂၀)
ၾသဂုတ္နဲ႔ စက္တင္ဘာ စပ္ကူးမပ္ကူးမွာ က်ေနာ္တို႔ COVID_!9
CORONAVIRUS ဒုတ္ယလႈိင္း ႐ိုက္တာကို ခံလိုက္ရတာပါပဲ။ ပထမလႈိင္း
တုန္းက ကူးစက္ခံရသူ (၄၀၀)ဝန္းက်င္၊ ေသဆုံးသူ(၆)ဦးနဲ႔ က်ေနာ္တို႔ (၄)လေက်ာ္ (၅)လနီးပါး မွန္မွန္ကန္ကန္ ႀကံ့ႀကံ့ခံ
ခုခံႏိုင္ခဲ့ပါေသးတယ္။
ေဟာ- ခုေတာ့ ဒုတိယလႈိင္း ႐ုတ္ခနဲ သုတ္သုတ္႐ိုင္း႐ိုင္း ႐ိုက္ပုတ္လိုက္
ေလေတာ့၊ ကူးစက္သူ(၁၄၀၀)ေက်ာ္၊ ေသဆုး(၈)ေယာက္နဲ႔၊ က်ေနာ္တို႔
ႏိုင္ငံ လႈိင္းေအာက္ ေရာက္ရေခ်ေတာ့မယ္။ ဘုရား၊ ဘုရား။ တတိယလႈိင္း
ထပ္ဝင္မလာပါေစနဲ႔။ ဝင္မလာပါေစနဲ႔လို႔ ဆိုရတာက၊ မလာဘူးလို႔ ယတိ
ျပတ္ မေျပာႏိုင္လို႔ပါ။
၁၉၁၈ စပိန္တုပ္ေကြး ကပ္ေဘးတုန္းက လႈိင္းက (၄)ဆင့္ နင့္ေနေအာင္
႐ိုက္ခဲ့တာမို႔ပါ။ ၁၉၁၈ အေစာပိုင္းမွာ ပထမလႈိင္း၊ ၁၉၁၈ ေနာက္ပိုင္းမွာ
ဒုတ္ယလႈိင္း၊ တတိယလႈိင္းက ၁၉၁၉ နဲ႔ ေနာက္ဆုံး စတုတၳလႈိင္းက ၁၉၂၀၊ က်နာ္တို႔ဆီမွာ ပထမတကၠသိုလ္ေက်ာင္းသားသပိတ္ ျဖစ္တဲ့အခ်ိန္ေပါ့။
စပိန္တုပ္ေကြးက အဲဒီလို လႈိင္း(၄)ဆင့္ ႐ိုက္ခဲ့တဲ့ သမိုင္းရွိတာကိုး။ အခု
ကိုဗစ္-19 ကေရာ လႈိင္း ဘယ္ႏွဆင့္ ႐ိုက္ဦးမွာလဲ။ မသိႏိုင္ဘူး။
ဒီေန႔ (စက္တင္ဘာ ၆၊ ၂၀၂၀) အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေၾကာင့္
လူေပါင္း(၆)သန္းေက်ာ္ ကူးစက္ခံရ။ လူေပါင္း(၂)သိန္းျပည့္လု ေသဆုံး။
(ျပန္က်န္းမာ ၃-သန္း၊ ၇- သိန္းေက်ာ္)
ကဲ၊ ၾကည့္ပါဦး။ အခုပဲ အေမရိကန္ျပည္ေထာင္စုမွာ ေသဆုံးသူဦးေရဟာ၊
ဟီ႐ိုရွီးမား၊ နဂါးစကီး အႏုျမဴဗုံးဒဏ္နဲ႔ေသရတဲ့ လူဦးေရေလာက္ ျဖစ္ေနပါ
ၿပီ။ (ဟီ႐ိုရွီးမား၊ နဂါးစကီး လူေပါင္း ၁၂၉,၀၀၀ နဲ႔ ၂၂၆,၀၀၀ ၾကားေသဆုံး)
အေမရိကန္မွာ ျပည္တြင္းစစ္ အခု မရွိပါ။
က်ေနာ္တို႔ႏိုင္ငံမွာ ျပည္တြင္းစစ္ ရွိပါသည္။
က်ေနာ္တို႔ ဒီ ျပည္တြင္းစစ္ကို မတားႏိုင္ၿပီလား။ က်ေနာ္တို႔ ဒီ ကိုဗစ္စစ္
ကိုေရာ မတားႏိုင္ၿပီလား။
ကိုဗစ္က စား၊ စစ္က ဝါးရင္၊ က်ေနာ္တို႔ ဘဝေတြ လုံးပါး ပါးရေခ်ေတာ့
မည္။ အသိဥ ာဏ္နဲ႔ ခံစားပါ။ ႏွလုံးသားနဲ႔ ဆင္ျခင္ပါ။
ေရာဂါပိုးကူးစက္ခံရသူေတြအေပၚ စာနာေထာက္ထားပါ။ ႏွစ္သိမ့္ေဖးမ
ပါ။ ထုတ္ျပန္ထားတဲ့ ကိုဗစ္ကာလ အမိန႔္နဲ႔စည္းကမ္းေတြကို အျပည့္အဝ
လိုက္နာပါ။ မိမိကိုယ္မိမိ ကာကြယ္ပါ။ သူတစ္ပါးကိုလည္း ကာကြယ္ပါ။
စိတ္ကို တည္ၿငိမ္ေအာင္ထားပါ။ (စိတ္တည္ၿငိမ္ဖို႔ ကဗ်ာေလး ဘာေလး
ရွာဖတ္ေပး)
ေရာဂါပိုးရွိသူက ရန္သူ မဟုတ္ပါ။ ေရာဂါပိုးကသာ ရန္သူပါ။ ရန္သူကိုေတာ့ မညႇာေလနဲ႔။ ဆရာျမသန္းတင့္ ေျပာခဲ့ဖူးတာ ရွိတယ္။
ပဲခူး႐ိုးမႀကီးေပၚက မုဆိုးႀကီး ကိုဖိုးဇုံရဲ႕ အဘိဓမၼာ။ ကိုယ္က က်ားကို မသတ္ရင္၊ က်ားက ကိုယ့္ကို သတ္သြားမွာပဲတဲ့။
ဒီေတာ့၊ ရန္/ငါ ျပတ္ရေတာ့မယ္။ စစ္ေၾကာင့္ေၾက၊ ကပ္ေၾကာင့္ေသ၊ ဒီလို
အျဖစ္သနစ္ေတြ ဆုံးခန္းတိုင္ဖို႔။
ကိုဗစ္-19 ဟာ ရန္သူပဲ။
ျပည္တြင္းစစ္ ေမြးစားေနတဲ့ ေသနတ္အားကိုး၊ ငါးေႁမြထိုးေတြဟာလည္း
ရန္သူပဲ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာသလို ေျပာရေတာ့မယ္။
"အနီးကပ္ဆုံး ရန္သူကို ရွာၿပီးတိုက္ၾက"

ေအာင္ေဝး
(စက္တင္ဘာ ၆၊ ၂၀၂၀)



0 comments: