Saturday, September 26, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၄


 
ဒီမိုကရေစီနိုင်ငံမှာလည်း၊ ဒီမိုကရေစီတော်လှန်ရေးဆိုတာ ရှိသည်။
(၁)
အမေရိကန် အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါး(Bernie Sander)
က ဤသို့နှယ် ဆိုလိုက်သည်။
"This is not just an election between Donald Trump and Joe
Biden.  This is an election between Donald Trump and democracy
_ and democracy must win." (The New York Times, September 24,
2020)
ယခု လာမည့် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲသည်၊ အမေရိကန်
ပြည်သူများအနေဖြင့်၊ လက်ရှီသမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရေစီတို့အကြား
ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲအဖြစ် ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ကြောင်း
ဘာနေဆန်းဒါးက ပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဘာနေဆန်းဒါးမှာ ၂၀၁၆
သမ္မတရွေးကောက်ပွဲတုန်းက၊ ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်
ရာတွင်၊ ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ သူသည် နောင်(၄)ျနှစ်
အကြာ၊ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက်၊ ဒီမိုကရက်ပါတီ သမ္မတလောင်း ရွေးရာတွင်၊ ဂျိုးဘိုင်ဒင်ကို ထပ်မံရှုံးနိမ့်ခဲ့သည်)
ဒါက ဘာကိုပြသလဲဆိုတော့၊ သူတို့ အမေရိကမှာလည်း၊ ဒီမိုကရေစီက တော်လှန်နေရတုန်း ဆိုတာကိုပြသည်။
ထရန့်တက်စက အိမ်ဖြူတော်မှာ ဖြုတ်-ထုတ်-သတ် တွေ များခဲ့သည်။
လူကို သတ်တာတော့ မဟုတ်ပါဘူး။ အဲဒီလူရဲ့နိုင်ငံရေးကို သတ်ပစ်တာပါ။
သမ္မတထရန့်က ထင်ရာစိုင်းသူဖြစ်သည်။ သူထင်ရာ သူပြောသည်။ ကိုဗစ်-
19 ကိစ္စကိုကြည့်။ သူထင်ရာ သူလုပ်သည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ထဲကထွက်ပစ်သည်။ နောက် အရေးကြီးတာတစ်ခု ရှိသေးသည်။ CLIMATE
CHANGE ဒါက်ုလည်း ထရန့်လက်မခံ။ ငြင်းဆန်သည်။ သိပ္ပံပညာကို သူ
အထင်သေးသည်။
ပြီးတော့၊ ထရန့်က ခေါင်းမာသည်။ မနေ့တစ်နေ့က နိုင်ငံတော်တရားရုံးချုပ်
တရားသူကြီးတစ်ဦးဖြစ်သူ မစ္စစ်ဂျင်းစဘတ်ဂ် (Ruth Bader Ginsburg) အသက်(၈၇)နှစ် ကွယ်လွန်သွားသည်။ ရီပတ်ဗလီကင်အမတ်တချို့နှင့်
ဒီမိုကရက်အမတ်တွေက ရွေးကောက်ပွဲပြီးမှ ဂျင်းစဘတ်ဂ်နေရာအစားထိုး
ဖို့ တားနေတဲ့ကြားက၊ ထရန့်က တရားသူကြီး အေမီကော်နီဘားရက် (Amy
Coney Barrett) ကို သူ့သဘောနှင့်သူ ရွေးချယ်လိုက်ပြီဖြစ်သည်။
ထရန့်သည် ကမ္ဘာကြီးတစ်ခုလုံး ဖတ်တလတ်တတ် မသေမရှင် ဖျတ်ဖျတ်လူး
နေရသည့် ကိုဗစ်ကပ်အတွင်းမှာ၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုလည်း
သူ မယုံ။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု CLIMATE CHANGE ကိုလည်း သူ
မယုံ။ ထရန့်သည် ငါလည်း စာမတတ်၊ ငါ့ယောက်ဖ ငညိုပြောတာလည်း ငါ
မယုံ ဆိုသည့် အစားထဲကဖြစ်သည်။
သူက တက်လာကတည်းက အညှောက်ကလေးနှင့်။ သူ့လက်ထက်မှာ
အမေရိကန်သတင်းစာတွေက "ဒီမိုကရေစီ သေဆုံးပြီလော" ဆိုပြီးရေးကြ
သည်။
ယခု၊ ဘာနေဆန်းဒါးက ဒါကိုရည်ညွှန်းလို၍၊ လာမည့် ၂၀၂၀၊ နိုသင်ဘာ(၃)
အမေရိကန်သမ္မတရွေးကောက်ပွဲသည်၊ ဒေါ်နယ်ထရန့်နှင့် ဂျိုးဘိုင်ဒင်တို့
ယှဉ်ပြိုင်သည့်ပွဲ မဟုတ်ဘဲ၊ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရေစီ တို့ အားပြိုင်ပွဲ ဖြစ်
သည်ဟု ဆိုလိုက်ခြင်းပင်။
(၂)
သူ့မြင်းသူစိုင်း၊ ဒီမိုကရေစီကို ကျောခိုင်းချင်သူ ဒေါ်နယ်ထရန့်။
သူ့မှာ ဒီမိုကရေစီ မရှိပေမဲ့၊ ကိုဗစ်ကတော့ ဒီမိုကရေစီ ရှိသည်။ လူတိုင်း လွတ်
လပ်စွာ အသက်ရှင်သန်ခွင့်ရှိသည်။ သို့သော် ... အိမ်ထဲမှာ နေပါ။ STAY-AT-
HOME အမိန့်ကို နာခံရသည်။
လူတိုင်း အသက်ရှူခွင့် ရှိသည်။ သို့သော် ... MASK တပ်ပါ။ လူမှုဆက်ဆံရေး၊
တစ်ကိုယ်ရေသန့်ရှင်းရေးတို့တွင် တစ်ဦးနှင့်တစ်ဦး ၆-ပေ ခွာ နေပါ။ လက်ကို
စင်ကြယ်အောင်ဆေးပါ။ စသည်ဖြင့် ဒါတွေက ကိုဗစ်ဒီမိုကရေစီဖြစ်သည်။
ကျောသားရင်သား မခွဲခြား။ သမ္မတသော၊ ကဗျာဆရာသော မခွဲခြား။
အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာထိပ်ဆုံး။ ကိုဗစ်-19 ရောဂါနှင့် ကူးစက်သူ၊ သေဆုံးသူစာရင်းမှာ ထိပ်ဆုံးက မဟုတ်လား။
ယနေ့ ကမ္ဘာတစ်ဝန်း ကူးစက်သူ(၃၂)သန်းကျော်(၃၂,၄၂၉,၉၆၅)။ သေဆုံးသူ
(၁)သန်းနီးပါး(၉၈၅,၈၂၃)။ အမေရိကန်ပြည်ထောင်စု ကူးစက်သူ(၇)သန်း
ကျော်(၇,၂၇၄,၈၉၁)။ သေဆုံးသူ(၂)သိန်းကျော်(၂၀၁,၆၃၄)။ ပြန်ကျန်းမာ
လာသူ(၄)သန်းခွဲကျော်(၄,၅၀၄,၃၇၄)။ (WHO covid-19 dashboard
September 26, 2020)
အမေရိကမှာ ကိုဗစ်ကပ်ကြီးအတွင်း၊ နောက်ထပ် ကပ်ဆိုက်တာတွေ ရှိသေး
သည်။ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်းတွေ
တစ်ခုပြီးတစ်ခု ဝင်ဝင်ဆောင့်နေသည်။ အမေရိကန် အနောက်ဘက်ကမ်းရိုး
တန်း(အထူးသဖြင့် ကယ်လီဖိုးနီးယား)မှာ တောမီးတွေ အကြီးအကျယ် လောင်
နေသည်။
အမေရိကန်မြို့ကြီးတွေမှာ အမေရိကန်လူမည်းထုကြီး၏ BLACK LIVES
MATTER ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း။
ကိုဗစ်ကပ်ဆိုးဘေးကြောင့် ပိန်ချုံးနေသော အမေရိကသည်၊ တောမီး- မုန်
တိုင်း- လူမည်းမှာလည်း အသက်နဲ့ပါ ဆန္ဒပြ့ပွဲ၊ ညှပ် သုံးညှပ်ကြား၊ ကင်သော
ငါးကဲ့သို့၊ ပြားကပ်ကပ်ကလေး ဖြစ်၍နေလေသည်။ ဒီကြားထဲမှာ သမ္မတက
ဒီမိုကရေစီ မဆန်ပြန်ဘူး။
ဒေါ်နယ်ထရန့်က နိုင်ငံတော်သမ္မတဆိုတော့၊ ကယ်လီဖိုးနီးယားတောမီးကို
သွားကြည့်သည်။ ဟိုက ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ
ဂေဗင်နယူးဆုမ်(Gavin Newsom) က ထရန့်ကို ထရန့်မယုံကြည်သည့်
CLIMATE CHANGE တရား ဟောလွှတ်လိုက်သည်။ ကမ္ဘာ့ရာသီဥတု
ဖောက်ပြန်မှု ဆိုးကျိုးရလဒ်အဖြစ် တောမီးလောင်တာတွေ၊ ရေကြီးတာတွေ
ရင်ဆိုင်လာရသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက သမ္မတကို ပညာပေး
လိုက်ခြင်းဖြစ်သည်။
ဒါက ဒီမိုကရေစီ ဖြစ်သည်။
(၃)
ကျနော်တို့ မြန်မာပြည်မှာကော။
ကိုဗစ်-19 ကပ်ဘေးက ဒီမိုကရေစီရှင်သန် လူးလွန့်စ ကျနော်တို့နိုင်ငံ
သေးသေးကလေးကိုလည်း ဘေးမဲ့မထား။
ပထမလှိုင်းတုန်းက မြန်မာပြည်က လူတွေက သူ့ကို မထီလေးစား လုပ်ရ
ပါ့မလားဆိုပြီး၊ ကိုဗစ်က ဒုတိယလှိုင်းလွှတ်ပြီး၊ အသေရိုက်ချလိုက်တာ၊
ကျနော်တို့မြန်မာပြည်သူတွေ ကျောကော့အောင် ခံနေရပါပြီ။
ကူးစက်(၉,၉၉၁)ဦး။ သေဆုံး(၁၉၈)ဦး။ ပြန်ကျန်းမာ(၂,၆၈၁)ဦး။ (၉-၂၆- ၂၀)
ကျနော်တို့နိုင်ငံမှာလည်း ကပ်ကြီးအတွင်း ရွေးကောက်ပွဲရှိသည်။ လာမည့်
၂၀၂၀ နိုဝင်ဘာ(၈) အထွေထွေရွေးကောက်ပွဲကကော ဘယ်သူနှင့် ဘယ်သူ့
ကြားက ယှဉ်ပြိုင်မှုလဲ။ ကြံ့ဖွတ်ပါတီနှင့် NLD ကြားက အားပြိုင်မှုလား။
သေချာပြန်သုံးသပ်ကြည့်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD က- ၇၉%
အနိုင်ရခဲ့သည်။ အစိုးရ ဖွဲ့နိုင်ခဲ့သည်။
ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း (၄၄၀+၂၂၄=
၆၆၄) နေရာတွင်၊ စစ်တပ်က (၁၁၀+၅၆=၁၆၆)နေရာ ရွေးချယ်မခံရဘဲ
အလိုအလျောက်ယူထားသည်။ NLD က (၂၅၅+၁၃၅=၄၉၀)နေရာ အနိုင်
ရသည်။ ကြံ့ဖွတ်ပါတီက (၃၀+၁၁=၄၁)နေရာသာ ရသည်။ ၆% ပဲရှိသည်။
"၄၉၀" နှင့် "၄၁" အကွာကြီး ကွာလှသည်။
သည်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲက ကြံ့ဖွတ်ပါတီနဲ့ NLD ကြားက ယှဉ်
ပြိုင်မှုလို့ ပြောလို့ရမလား။ ဝေးပါသေးတယ်။
တကယ်က မြန်မာပြည်ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ်နဲ့ NLD ကြား
က ပြင်းထန်တဲ့အားပြိုင်မှုပဲ။ တစ်နည်းအားဖြင့် မြန်မာပြည်ရွေးကောက်ပွဲဟာ
စစ်အရေခြုံနဲ့ ဒီမိုကရေစီ အားပြိုင်မှုပဲ။
ကိုဗစ်က ဒိုင်လူကြီးလို့ပဲ ဆိုပါတော့။
ဒါပဲဖြစ်သည်။ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး မပြီးဆုံးသေး။ ပြီးတော့၊ ကိုဗစ်တော်လှန်ရေးလည်း မပြီးဆုံးသေး။
မိတ်ဆွေ၊ ရွေးကောက်ပွဲနေ့မှာ သင် ကျန်းကျန်းမာမာနဲ့ မဲပေးနိုင်မယ်ဆိုရင်၊
ဒါဟာ ဒီမိုကရေစီတော်လှန်ရေးနဲ့ ကိုဗစ်တော်လှန်ရေး၊ တော်လှန်ရေးနှစ်ရပ်
စလုံးမှာ သင် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲလိုက်တာပါပဲ။
ကိုဗစ်ကိုနိုင်မှ၊ ရွေးကောက်ပွဲ နိုင်မယ်။
ကိုဗစ်သေမှ၊ ဒီမိုကရေစီ ရှင်မယ်။    ။

အောင်ဝေး
(၉- ၂၆- ၂၀)

##

မ စ္ ရွီ ဂ န္ မဲ ဇ ာ - ၂ ၄
 
ဒီမိုကေရစီႏိုင္ငံမွာလည္း၊ ဒီမိုကေရစီေတာ္လွန္ေရးဆိုတာ ရွိသည္။
(၁)
အေမရိကန္ အထက္လႊတ္ေတာ္အမတ္ ဘာေနဆန္းဒါး(Bernie Sander)
က ဤသို့ႏွယ္ ဆိုလိုက္သည္။
"This is not just an election between Donald Trump and Joe
Biden.  This is an election between Donald Trump and democracy
_ and democracy must win." (The New York Times, September 24,
2020)
ယခု လာမည့္ ၂၀၂၀ အေမရိကန္သမၼတေရြးေကာက္ပြဲသည္၊ အေမရိကန္
ျပည္သူမ်ားအေနျဖင့္၊ လက္ရွီသမၼတ ေဒၚနယ္ထရန့္ႏွင့္ ဒီမိုကေရစီတို့အၾကား
ယွဥ္ၿပိဳင္သည့္ ေရြးေကာက္ပြဲအျဖစ္ ရင္ဆိုင္ႀကံဳေတြ့ၾကရမည္ျဖစ္ေၾကာင္း
ဘာေနဆန္းဒါးက ေျပာဆိုလိုက္ျခင္းျဖစ္သည္။ (ဘာေနဆန္းဒါးမွာ ၂၀၁၆
သမၼတေရြးေကာက္ပြဲတုန္းက၊ ဒီမိုကရက္ပါတီတြင္း သမၼတေလာင္းယွဥ္ၿပိဳင္
ရာတြင္၊ ဟီလာရီကလင္တန္ကို ရွံဳးနိမ့္ခဲ့သူျဖစ္သည္။ သူသည္ ေနာင္(၄)ၽႏွစ္
အၾကာ၊ ၂၀၂၀ သမၼတေရြးေကာက္ပြဲအတြက္၊ ဒီမိုကရက္ပါတီ သမၼတေလာင္း ေရြးရာတြင္၊ ဂ်ိဳးဘိုင္ဒင္ကို ထပ္မံရွံဳးနိမ့္ခဲ့သည္)
ဒါက ဘာကိုျပသလဲဆိုေတာ့၊ သူတို့ အေမရိကမွာလည္း၊ ဒီမိုကေရစီက ေတာ္လွန္ေနရတုန္း ဆိုတာကိုျပသည္။
ထရန့္တက္စက အိမ္ျဖဴေတာ္မွာ ျဖဳတ္-ထုတ္-သတ္ ေတြ မ်ားခဲ့သည္။
လူကို သတ္တာေတာ့ မဟုတ္ပါဘူး။ အဲဒီလူရဲ့ႏိုင္ငံေရးကို သတ္ပစ္တာပါ။
သမၼတထရန့္က ထင္ရာစိုင္းသူျဖစ္သည္။ သူထင္ရာ သူေျပာသည္။ ကိုဗစ္-
19 ကိစၥကိုၾကည့္။ သူထင္ရာ သူလုပ္သည္။ WHO ကမၻာ့က်န္းမာေရးအဖြဲ့
ထဲကထြက္ပစ္သည္။ ေနာက္ အေရးႀကီးတာတစ္ခု ရွိေသးသည္။ CLIMATE
CHANGE ဒါက္ုလည္း ထရန့္လက္မခံ။ ျငင္းဆန္သည္။ သိပၸံပညာကို သူ
အထင္ေသးသည္။
ၿပီးေတာ့၊ ထရန့္က ေခါင္းမာသည္။ မေန့တစ္ေန့က ႏိုင္ငံေတာ္တရားရံုးခ်ဳပ္
တရားသူႀကီးတစ္ဦးျဖစ္သူ မစၥစ္ဂ်င္းစဘတ္ဂ္ (Ruth Bader Ginsburg) အသက္(၈၇)ႏွစ္ ကြယ္လြန္သြားသည္။ ရီပတ္ဗလီကင္အမတ္တခ်ိဳ့ႏွင့္
ဒီမိုကရက္အမတ္ေတြက ေရြးေကာက္ပြဲၿပီးမွ ဂ်င္းစဘတ္ဂ္ေနရာအစားထိုး
ဖို့ တားေနတဲ့ၾကားက၊ ထရန့္က တရားသူႀကီး ေအမီေကာ္နီဘားရက္ (Amy
Coney Barrett) ကို သူ့သေဘာႏွင့္သူ ေရြးခ်ယ္လိုက္ၿပီျဖစ္သည္။
ထရန့္သည္ ကမၻာႀကီးတစ္ခုလုံး ဖတ္တလတ္တတ္ မေသမရွင္ ဖ်တ္ဖ်တ္လူး
ေနရသည့္ ကိုဗစ္ကပ္အတြင္းမွာ၊ WHO ကမၻာ့က်န္းမာေရးအဖြဲ့ႀကီးကိုလည္း
သူ မယုံ။ ကမၻာ့ရာသီဥတုေဖာက္ျပန္မွဳ CLIMATE CHANGE ကိုလည္း သူ
မယုံ။ ထရန့္သည္ ငါလည္း စာမတတ္၊ ငါ ့ေယာက္ဖ ငညိဳေျပာတာလည္း ငါ
မယုံ ဆိုသည့္ အစားထဲကျဖစ္သည္။
သူက တက္လာကတည္းက အေညွာက္ကေလးႏွင့္။ သူ့လက္ထက္မွာ
အေမရိကန္သတင္းစာေတြက "ဒီမိုကေရစီ ေသဆုံးၿပီေလာ" ဆိုၿပီးေရးၾက
သည္။
ယခု၊ ဘာေနဆန္းဒါးက ဒါကိုရည္ညႊန္းလို၍၊ လာမည့္ ၂၀၂၀၊ ႏိုသင္ဘာ(၃)
အေမရိကန္သမၼတေရြးေကာက္ပြဲသည္၊ ေဒၚနယ္ထရန့္ႏွင့္ ဂ်ိဳးဘိုင္ဒင္တို့
ယွဥ္ၿပိဳင္သည့္ပြဲ မဟုတ္ဘဲ၊ ေဒၚနယ္ထရန့္ႏွင့္ ဒီမိုကေရစီ တို့ အားၿပိဳင္ပြဲ ျဖစ္
သည္ဟု ဆိုလိုက္ျခင္းပင္။
(၂)
သူ့ျမင္းသူစိုင္း၊ ဒီမိုကေရစီကို ေက်ာခိုင္းခ်င္သူ ေဒၚနယ္ထရန့္။
သူ့မွာ ဒီမိုကေရစီ မရွိေပမဲ့၊ ကိုဗစ္ကေတာ့ ဒီမိုကေရစီ ရွိသည္။ လူတိုင္း လြတ္
လပ္စြာ အသက္ရွင္သန္ခြင့္ရွိသည္။ သို့ေသာ္ ... အိမ္ထဲမွာ ေနပါ။ STAY-AT-
HOME အမိန့္ကို နာခံရသည္။
လူတိုင္း အသက္ရွဴခြင့္ ရွိသည္။ သို့ေသာ္ ... MASK တပ္ပါ။ လူမွဳဆက္ဆံေရး၊
တစ္ကိုယ္ေရသန့္ရွင္းေရးတို့တြင္ တစ္ဦးႏွင့္တစ္ဦး ၆-ေပ ခြာ ေနပါ။ လက္ကို
စင္ၾကယ္ေအာင္ေဆးပါ။ စသည္ျဖင့္ ဒါေတြက ကိုဗစ္ဒီမိုကေရစီျဖစ္သည္။
ေက်ာသားရင္သား မခြဲျခား။ သမၼတေသာ၊ ကဗ်ာဆရာေသာ မခြဲျခား။
အေမရိကန္ျပည္ေထာင္စုက ကမၻာမွာထိပ္ဆုံး။ ကိုဗစ္-19 ေရာဂါႏွင့္ ကူးစက္သူ၊ ေသဆုံးသူစာရင္းမွာ ထိပ္ဆုံးက မဟုတ္လား။
ယေန့ ကမၻာတစ္၀န္း ကူးစက္သူ(၃၂)သန္းေက်ာ္(၃၂,၄၂၉,၉၆၅)။ ေသဆုံးသူ
(၁)သန္းနီးပါး(၉၈၅,၈၂၃)။ အေမရိကန္ျပည္ေထာင္စု ကူးစက္သူ(၇)သန္း
ေက်ာ္(၇,၂၇၄,၈၉၁)။ ေသဆုံးသူ(၂)သိန္းေက်ာ္(၂၀၁,၆၃၄)။ ျပန္က်န္းမာ
လာသူ(၄)သန္းခြဲေက်ာ္(၄,၅၀၄,၃၇၄)။ (WHO covid-19 dashboard
September 26, 2020)
အေမရိကမွာ ကိုဗစ္ကပ္ႀကီးအတြင္း၊ ေနာက္ထပ္ ကပ္ဆိုက္တာေတြ ရွိေသး
သည္။ အေမရိကန္ အေရွ့ဘက္ကမ္းရိုးတန္းမွာ ဟာရီကိန္းမုန္တိုင္းေတြ
တစ္ခုၿပီးတစ္ခု ၀င္၀င္ေဆာင့္ေနသည္။ အေမရိကန္ အေနာက္ဘက္ကမ္းရိုး
တန္း(အထူးသျဖင့္ ကယ္လီဖိုးနီးယား)မွာ ေတာမီးေတြ အႀကီးအက်ယ္ ေလာင္
ေနသည္။
အေမရိကန္ၿမိဳ့ႀကီးေတြမွာ အေမရိကန္လူမည္းထုႀကီး၏ BLACK LIVES
MATTER ဆႏၵျပပြဲေတြ တၿခိမ္းၿခိမ္း။
ကိုဗစ္ကပ္ဆိုးေဘးေၾကာင့္ ပိန္ခ်ံဳးေနေသာ အေမရိကသည္၊ ေတာမီး- မုန္
တိုင္း- လူမည္းမွာလည္း အသက္နဲ့ပါ ဆႏၵျပ႔ပြဲ၊ ညွပ္ သုံးညွပ္ၾကား၊ ကင္ေသာ
ငါးကဲ့သို့၊ ျပားကပ္ကပ္ကေလး ျဖစ္၍ေနေလသည္။ ဒီၾကားထဲမွာ သမၼတက
ဒီမိုကေရစီ မဆန္ျပန္ဘူး။
ေဒၚနယ္ထရန့္က ႏိုင္ငံေတာ္သမၼတဆိုေတာ့၊ ကယ္လီဖိုးနီးယားေတာမီးကို
သြားၾကည့္သည္။ ဟိုက ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးျဖစ္သူ
ေဂဗင္နယူးဆုမ္(Gavin Newsom) က ထရန့္ကို ထရန့္မယုံၾကည္သည့္
CLIMATE CHANGE တရား ေဟာလႊတ္လိုက္သည္။ ကမၻာ့ရာသီဥတု
ေဖာက္ျပန္မွဳ ဆိုးက်ိဳးရလဒ္အျဖစ္ ေတာမီးေလာင္တာေတြ၊ ေရႀကီးတာေတြ
ရင္ဆိုင္လာရသည္ဟု ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက သမၼတကို ပညာေပး
လိုက္ျခင္းျဖစ္သည္။
ဒါက ဒီမိုကေရစီ ျဖစ္သည္။
(၃)
က်ေနာ္တို့ ျမန္မာျပည္မွာေကာ။
ကိုဗစ္-19 ကပ္ေဘးက ဒီမိုကေရစီရွင္သန္ လူးလြန့္စ က်ေနာ္တို့ႏိုင္ငံ
ေသးေသးကေလးကိုလည္း ေဘးမဲ့မထား။
ပထမလိွဳင္းတုန္းက ျမန္မာျပည္က လူေတြက သူ့ကို မထီေလးစား လုပ္ရ
ပါ ့မလားဆိုၿပီး၊ ကိုဗစ္က ဒုတိယလိွဳင္းလႊတ္ၿပီး၊ အေသရိုက္ခ်လိုက္တာ၊
က်ေနာ္တို့ျမန္မာျပည္သူေတြ ေက်ာေကာ့ေအာင္ ခံေနရပါၿပီ။
ကူးစက္(၉,၉၉၁)ဦး။ ေသဆုံး(၁၉၈)ဦး။ ျပန္က်န္းမာ(၂,၆၈၁)ဦး။ (၉-၂၆- ၂၀)
က်ေနာ္တို့ႏိုင္ငံမွာလည္း ကပ္ႀကီးအတြင္း ေရြးေကာက္ပြဲရွိသည္။ လာမည့္
၂၀၂၀ ႏို၀င္ဘာ(၈) အေထြေထြေရြးေကာက္ပြဲကေကာ ဘယ္သူႏွင့္ ဘယ္သူ့
ၾကားက ယွဥ္ၿပိဳင္မွဳလဲ။ ႀကံ့ဖြတ္ပါတီႏွင့္ NLD ၾကားက အားၿပိဳင္မွဳလား။
ေသခ်ာျပန္သုံးသပ္ၾကည့္။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက NLD က- ၇၉%
အႏိုင္ရခဲ့သည္။ အစိုးရ ဖြဲ့ႏိုင္ခဲ့သည္။
ျပည္သူ့လႊတ္ေတာ္ႏွင့္အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ရပ္ေပါင္း (၄၄၀+၂၂၄=
၆၆၄) ေနရာတြင္၊ စစ္တပ္က (၁၁၀+၅၆=၁၆၆)ေနရာ ေရြးခ်ယ္မခံရဘဲ
အလိုအေလ်ာက္ယူထားသည္။ NLD က (၂၅၅+၁၃၅=၄၉၀)ေနရာ အႏိုင္
ရသည္။ ႀကံ့ဖြတ္ပါတီက (၃၀+၁၁=၄၁)ေနရာသာ ရသည္။ ၆% ပဲရွိသည္။
"၄၉၀" ႏွင့္ "၄၁" အကြာႀကီး ကြာလွသည္။
သည္ေတာ့ ဒီ ၂၀၂၀ ေရြးေကာက္ပြဲက ႀကံ့ဖြတ္ပါတီနဲ့ NLD ၾကားက ယွဥ္
ၿပိဳင္မွဳလို့ ေျပာလို့ရမလား။ ေ၀းပါေသးတယ္။
တကယ္က ျမန္မာျပည္ေရြးေကာက္ပြဲက စစ္အာဏာရွင္စနစ္နဲ့ NLD ၾကား
က ျပင္းထန္တဲ့အားၿပိဳင္မွဳပဲ။ တစ္နည္းအားျဖင့္ ျမန္မာျပည္ေရြးေကာက္ပြဲဟာ
စစ္အေရၿခံဳနဲ့ ဒီမိုကေရစီ အားၿပိဳင္မွဳပဲ။
ကိုဗစ္က ဒိုင္လူႀကီးလို့ပဲ ဆိုပါေတာ့။
ဒါပဲျဖစ္သည္။ က်ေနာ္တို့ ဒီမိုကေရစီေတာ္လွန္ေရး မၿပီးဆုံးေသး။ ၿပီးေတာ့၊ ကိုဗစ္ေတာ္လွန္ေရးလည္း မၿပီးဆုံးေသး။
မိတ္ေဆြ၊ ေရြးေကာက္ပြဲေန့မွာ သင္ က်န္းက်န္းမာမာနဲ့ မဲေပးႏိုင္မယ္ဆိုရင္၊
ဒါဟာ ဒီမိုကေရစီေတာ္လွန္ေရးနဲ့ ကိုဗစ္ေတာ္လွန္ေရး၊ ေတာ္လွန္ေရးႏွစ္ရပ္
စလုံးမွာ သင္ တစ္တပ္တစ္အား ပါ၀င္ဆင္ႏႊဲလိုက္တာပါပဲ။
ကိုဗစ္ကိုႏိုင္မွ၊ ေရြးေကာက္ပြဲ ႏိုင္မယ္။
ကိုဗစ္ေသမွ၊ ဒီမိုကေရစီ ရွင္မယ္။    ။

ေ အ ာ င္ ေ ၀ း
(၉- ၂၆- ၂၀)

0 comments: