Monday, September 21, 2020

မ စ် ရှီ ဂ န် မဲ ဇ ာ - ၂ ၃




ကိုဗစ်က
ကိုယ်နဲ့ နီးတော့
ခပ်ဝေးဝေး ရွှေ့နေရတယ်။
၆-ပေ မဟုတ်ဘူး
၆-ကမ္ဘာ။
ချစ်သူကို လွမ်းတာတောင်
အလင်းနှစ် ၆-သန်း အကွာက
လွမ်းရတော့မှာလား။
ကိုရိုနာ မဟုတ်ဘူး
ကိုလိုနီ။
စကြဝဠာကိုပါ
မစိုးမိုးနိုင်ဘူး
အာကာသယာဉ်မှူးတွေဆီ
မကူးစက်နိုင်ဘူး
ဘယ်သူ ပြောနိုင်မလဲ။
စိတ်တစ်ခဏလေးရယ်
ငြိမ်ငြိမ်ကလေး နေပါ
အိမ်ထဲမှာပဲ နေပါ။
တစ်သက်လုၤး ကမ္ဘာလှည့်လာတဲ့
အမေရိကန်တွေ
HOME STAY ရမယ်ဆိုတော့
ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း။
ကိုဗစ်က
ပျော်တယ်။
တစ်သက်လုံး ပါတီတက်လာတဲ့
အမေရိကန်တွေ
HOME STAY ရမယ်ဆိုတော့
ဆန္ဒပြပွဲတွေ တဂျိမ်းဂျိမ်း။
ကိုဗစ်က
ပျော်တယ်။
မစိုးရိမ်ပါနဲ့
မပုမီအောင်ရယ်။
မစ်ရှီဂန်မှာ
ကျနော် မသေပါဘူး။
ကျနော့်အသက်က
မြန်မာပြည်မှာ
ကျန်ခဲ့တယ်လေ။     ။

 အောင်ဝေး
(၉- ၂၂- ၂၀)

##

မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၃

 

ကိုဗစ်က
ကိုယ်နဲ့ နီးတော့
၆-ပေ မဟုတ်ဘူး
၆-ကမ္ဘာ။
အလင်းနှစ် ၆-သန်း အကွာက
လွမ်းရတော့မှာလား။
ကိုရိုနာ မဟုတ်ဘူး
ကိုလိုနီ။
စကြ၀ဠာကိုပါ
မစိုးမိုးနိုင်ဘူး
အာကာသယာဉ်မှူးတွေဆီ
မကူးစက်နိုင်ဘူး
ဘယ်သူ ပြောနိုင်မလဲ။
စိတ်တစ်ခဏလေးရယ်
ငြိမ်ငြိမ်ကလေး နေပါ
အိမ်ထဲမှာပဲ နေပါ။
တစ်သက်လုင်္း ကမ္ဘာလှည့်လာတဲ့
အမေရိကန်တွေ
HOME STAY ရမယ်ဆိုတော့
ကိုဗစ်က
ပျော်တယ်။
အမေရိကန်တွေ
HOME STAY ရမယ်ဆိုတော့
ကိုဗစ်က
ပျော်တယ်။
မစိုးရိမ်ပါနဲ့
မပုမီအောင်ရယ်။
မစ်ရှီဂန်မှာ
ကျနော် မသေပါဘူး။
ကျနော့်အသက်က
မြန်မာပြည်မှာ
ကျန်ခဲ့တယ်လေ။     ။

ေ အ ာ င္ ေ ၀ း

(၉- ၂၂- ၂၀)

Related Posts:

  • တောင်ပြိုကမ်းပြိုနေ့ရက်များမင်းကိုနိုင် ကတော့ဘာမှ မပြောပါဘူး။ကိုကိုကြီးကစိုးရိမ်တယ် တဲ့။မစိုးရိမ်ကြပါနဲ့အရပ်ကတို့ရေ။တစ်ပါတီအာဏာရှင်စနစ်မဟုတ်ပါဘူး။တစ်ပါတီဒီမိုကရေစီစနစ်ပါ။ဘယ်တော့… Read More
  • အောင်ဝေးပါးရိုက်ခြင်း  သေနတ်သမားလူ့ငနွား။မင်းရဲ့ပါးကိုငါစီးထားတဲ့ကျားတံဆိပ်ဖိနပ်နဲ့ ရိုက်ချင်တယ်။တစ်ချက်တည်းပါပဲကျဆုံးသွားတဲ့ငါ့ရဲဘော်အတွက်တစ်ချက်တည်းပါပဲ။ကဲ- ငါ့ဘက်ကတ… Read More
  • မစ်ရှီဂန်မဲဇာ - ၄၀ (နိဂုံး)အသက်ကို အရက်ပြန်နဲ့ ခဏခဏ ပွတ်နေရတယ်။အလင်္ကာ မဆန်လှတဲ့၊ (အူမကြီး) ကင်ဆာသံသယကြောင့်အရက်နဲ့ ရှင်ကွဲ ကွဲခဲ့ရတဲ့ ဟောဒီ အမေရိက။အခုတော့၊ ကိုဗစ်ကြီးဖြစ်လာတော့… Read More
  • စိမ်းလန်းသောဒုက္ခများ အရှုံးကို ဝန်မခံရဲသူဟာအနိုင်ကိုလည်းတစ်စက်ကလေးမှ လက်မခံရဲသူ ဖြစ်တယ်။အို- ကိုယ်ချင်းစာတရားငဲ့အာဃာတနဲ့ အမုန်းရှုံးပါစေ။ချစ်ခြင်းမေတ္တာနဲ့ ဥ ာဏ်ပညာန… Read More
  • မစ်ရှီဂန် မဲဇာ - ၃ ၉မ စ် ရှီ ဂ န် မဲ ဇ ာ - ၃ ၉ ဇာတ်သိမ်းခန်း။မဟိန်းနိုင်ဘူး။တောသုံးတောင်မှာမြက်တွေကစိမ်းလို့။ဓားမဆုံးခဲ့တယ်။     ။အောင်ဝေး(၁၁-၁၆-… Read More

0 comments: