Wednesday, May 12, 2010

We are not iced seas

ငါတို့ ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူး
အောင်ဝေး
မေ ၁၃၊ ၂၀၁၀
နှင်းဆီပင်ကလေး
သေဆုံးသွားတဲ့အခါ
နှင်းဆီရွက်တွေ
ရာဇ၀င်သက်သေ ကျန်ရစ်တယ်။
ရနံ့ မပြယ်သေးတဲ့
နီနီစွေးစွေး
နှင်းဆီပွင့်လေးတွေ
ရင်နင့်အောင် မွှေးနေဦးတော့မယ်။
ညီလေးရေ …
ညီလေးရေ …
ကျွန်းမကြီးမှာ
တို့အတူ စီးဆင်းခဲ့ကြတယ်
ငါတို့ ဟာသံမဏိမြစ်တွေပေါ့ ။
ညီလေးရေ …
အဖြူရောင်ပဲ့တင်မှာ
တို့အတူ ရွက်လွှင့်ခဲ့ကြတယ်
ငါတို့ဟာ ဂရန်မာရွက်လှေတွေပေါ့ ။
ညီလေးရေ…
ဗန်းမော်တင်အောင်အုတ်ဂူမှာ
တို့အတူ ပျံသန်းခဲ့ကြတယ်
ငါတို့ဟာ ကမ်းကြည့်ငှက်တွေပေါ့ ။
ညီလေးရေ…
၃၃ လမ်းမှာ
တို့အတူ ဖြတ်သန်းခဲ့ကြတယ်
ငါတို့ဟာ မီထရာမြင်းတွေပေါ့ ။
ညီလေးရေ…
ရွှေဝါရောင်မှာ
တို့အတူ လှိုင်းထန်ခဲ့ကြတယ်
ငါတို့ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူး။ ။

[မေ ၁၁ ၊ ၂၀၁၀ နေ့  က ရန်ကုန်မြို့ မှာကွယ်လွန်သွားတဲ့
ပန်းချီသန်းမြင့်အောင်(ကဗျာဆရာ သင်းဝေအောင်) သို့ ]

Related Posts:

  • We are not iced seasငါတို့ ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူးအောင်ဝေးမေ ၁၃၊ ၂၀၁၀နှင်းဆီပင်ကလေးသေဆုံးသွားတဲ့အခါနှင်းဆီရွက်တွေရာဇ၀င်သက်သေ ကျန်ရစ်တယ်။ ရနံ့ မပြယ်သေးတဲ့နီနီစွေးစွေးနှင… Read More
  • on the Nov 7th နိုဝင်ဘာ(၇)ရက်နေ့ ကျရင်[ကဗျာ အပိုင်း - ၁]မိတ်ဆွေ-နိုဝင်ဘာ(၇)ရက်နေ့ ကျရင်ကမ္ဘာပျက်မယ်။နိုဝင်ဘာ(၇)ရက်နေ့ ကျရင်သံပုံးတီးမယ်၊တောထုတ်မယ်။နိုဝင်ဘာ(၇)ရက်နေ့ … Read More
  • အမဲလိုက်ပုံပြင်တစ်ရံရောကမုဆိုးနှစ်ယောက်သူတို့ အမဲလိုက်ခဲ့ပုံတွေပြန်ပြောကြတယ်။တစ်ယောက်ကကြံ့လိုက်တဲ့အကြောင်း - - -တစ်ယောက်ကဖွတ်လိုက်တဲ့အကြောင်း - - -။စကား ကောင်းနေလိုက… Read More
  • poem dayကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်အောင်ဝေးမောင်သင်းခိုင် အစရှိသဖြင့်ရင်နင့်အောင်ဝေးရငါ့ ကဗျာဆရာတွေ။ပျဉ်းမနားက၊မန္တ​လေးကတောင်ငူက၊ ရန်ကုန်ကမုံရွာက၊ မကွေးက… Read More
  • Aung Way - Motion Picture 22၂၂ ရုပ်ရှင်အောင်ဝေးသြဂုတ် ၃၊ ၂၀၁၀ေ အး မြ မြ မီး လျှံေ သွး စွ န်း ေ န တဲ့ ေ က် ာ င်း နံ ရံစိ န် ပ န်း ပွ င့် လ က် ကျ န် ။ (နောက်ခံစကာြးေ… Read More

0 comments: